#ကောင်လေး၊ မင်းခွန်အားကို ဖုံးကွယ်ထားတာလား#
Vol. 69 Ch. 967
အားကောင်းသူများက အားနည်းသူများကို အမဲလိုက်ကြသည်။
လူသားများက စည်းစိမ်ကြောင့် သေကြရပြီး ငှက်များကအစာကြောင့် သေကြရသည်။ ဒါက ကျင့်ကြခြင်းကမ္ဘာ၏ သံမဏိစည်းမျဉ်းတစ်ခုပင်။
အရင်းအမြစ်များအတွက် တိုက်ခိုက်ကြသည်။
အမွေအနှစ်များကို ခိုးယူလုယက်ကြသည်။
အခွင့်အရေးများကို အသက်နှင့်တမျှ တိုက်ခိုက်ရယူကြသည်။
အကယ်၍ ဒီရက်စက်သည့်ကမ္ဘာကြီးတွင် အမြင့်ဆုံးအဆင့်ကို ရောက်လိုပြီး နေရာတစ်ခုရယူလိုပါက သာမန်လူများ မတတ်နိုင်သည့် တန်ဖိုးတစ်ခုကို ပေးဆပ်ရပေမည်။
တခြားသူများ၏ အမြင်အရ မိုကော၊ မိုလီနှင့် မိုဂျီတို့၏ လုပ်ရပ်များက ဒီရက်စက်သည့်ကမ္ဘာကြီးထဲတွင် အသေးစားတစ်ခုသာဖြစ်သည်။ ဒီလိုအရာများက နေ့တိုင်းနီးပါးဆိုသလို ဖြစ်ပျက်နေသည်။
သို့စေကာမူ နတ်ဆိုးဘုရက်ပိုင်နက်က ဆက်သွယ်ခဲ့သည့်ဂိုဏ်းက အလွန်အမင်း အစွမ်းထက်သလို နတ်ဆိုးဘုရင်ပိုင်နက်ကိုယ်တိုင်ကပင် အစွမ်းထက်ဂိုဏ်းတစ်ဂိုဏ်းဖြစ်နေသည်။
ဒါကလည်း သူတို့က အဆင့်မြင့်ကြယ်နယ်မြေ၌ အဆုံးမဲ့ချဲ့ထွင်ခဲ့ရသည့်အကြောင်းရင်းပင်။
ရှောင်ဟိုင် မိုကောနှင့်မိုလီတို့ကို အေးစက်စွာကြည့်ရင်း ခေါင်းခါယမ်းသည်။
"မင်းတို့ နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်ကို အတင်းယူသွားမယ်ဆိုရင်တောင် ဒါကို သုံးလို့ရမှာမဟုတ်ဘူး"
သို့စေကာမူ မိုကောပြောသည်။
"ဒါကမင်းအခုဂရုစိုက်နိုင်တဲ့ အရာတစ်ခု မဟုတ်ဘူး၊ မင်းဒီကိုလာခြင်းရဲ့ အကျိုးဆက်တွေကို ဂရုစိုက်တာက ပိုကောင်းတယ်"
"အမြင့်ဆုံးအခြေအနေကို ပြန်မရောက်သေးခင် မင်းအဆင့်မြင့်ကြယ်နယ်မြေကို ပြန်လာရဲတယ်ပေါ့" မိုလီခေါင်းခါယမ်းရင်း ပြုံးသည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ မင်းစရိုက်က မပြောင်းလဲသေးဘူးဘဲ"
ဒါကိုကြားသော် ရှောင်ဟိုင်ပြောသည်။
"ငါဒီနေရာကို ပြင်ဆင်မှုတွေမရှိဘဲ လာမယ်လို့ မင်းတို့အဲလောက်တောင် ယုံကြည်ချက် ပြင်းပြနေကြတာလား"
သူတို့တွင် ဆရာ၏ကျောက်စိမ်းဆွဲသီးမျိုးစုံအပြင် နတ်သခင်ဟောင်တျန်းနှင့် မဟာအကြီးအကဲတို့ဆီကလည်း ရှိသေးသည်။
ဒါ့အပြင် ဒါကိုကိုင်တွယ်ရန်အတွက် မုဖူရှန်း သူ့တွင် နည်းလမ်းတစ်ခုရှိသည်ဟု ပြောဆိုခဲ့သည်။
ဂျူနီယာညီလေးမု ဒီလိုစကားလုံးတွေကို ပြောကတည်းက သူ့တွင် ယုံကြည်မှု ဘယ်လောက်ပင် ရှိလေသနည်း။
အနည်းဆုံးတော့ ရှောင်ဟိုင်သူ့ကိုယုံသည်။
သို့စေကာမူ မိုလီနှာခေါင်းရှုံ့သည်။
"မင်းရုပ်ခန္ဓာက နတ်စစ်သည်နယ်ပယ်မှာပဲရှိသေးသလို မင်းဘေးက လူသုံးယောက်ကို မင်းအားကိုးချင်တာလား၊ သူတို့ကလည်း နတ်စစ်သည်နယ်ပယ်ကပဲမလား"
မိုကောလှောင်ပြောင်သည်။
"ဒါ့အပြင် မင်းအခု တခြားသူတွေနဲ့ ကျင့်ကြံရဲသေးတာလား"
မိုကော၊ မိုလီနှင့် မိုဂျီတို့က ရှောင်ဟိုင်၏ ညာလက်ရုံးများဖြစ်ကြပြီး တစ်ဦးကိုတစ်ဦး ညီအစ်ကိုများအဖြစ် မှတ်ယူထားကြသည်။
သို့စေကာမူ ယင်းနောက်တွင် ဘာဖြစ်ပျက်ခဲ့လေသနည်း။
မိုကော၏စကားလုံးများကို ကြားသောအခါ ရှောင်ဟိုင် တုံ့ဆိုင်းမနေဘဲ ခေါင်းခါယမ်းကာ အေးစက်စွာပြောသည်။
"အစ်ကိုကြီးနဲ့ ဂျူနီယာညီလေးတို့က မင်းတို့နဲ့မတူဘူး"
သူ့အသံကအေးစက်နေသည့်တိုင် ပုံမှန်ထက် ပိုခိုင်သည်။ ဒီစကားလုံးများက မိုကောနှင့် မိုလီ၏နားထဲတွင် မိုးကြိုးစင်းများအလားပင်။
"မင်းဆရာတစ်ယောက်ကို အသိအမှတ်ပြုခဲ့တာလား"
ဒီလူ၏စရိုက်အရ အရင်ဘ၀က အလွန်အမင်း အစွမ်းထက်တာကို မဆိုထားနဲ့၊ မည်သည့်အတွက်ကြောင့် သူတခြားတစ်ယောက်ကို သူ့ဆရာအဖြစ် အသိအမှတ် ပြုခဲ့ရလေသနည်း။
ဒီလိုဆိုပါက ယခုသူ့ဆရာက အတိအကျ မည်သူပင်ဖြစ်လေသနည်း။
"ဒါဆို မင်းရဲ့လက်ရှိဆရာကို ဘာလို့မင်းနဲ့အတူ လိုက်ပါခွင့်မပေးရတာလဲ"
ရှောင်ဟိုင်နှာခေါင်းရှုံ့သည်။
"မင်းတို့က ငါ့ဆရာအကူအညီပေးရတဲ့အထိ မထိုက်တန်သေးဘူး"
ရှောင်ဟိုင်၏စကားလုံးများကို ကြားရသောအခါ နှစ်ယောက်စလုံး မထီမဲ့မြင်ပြုံးသည်။
"အခုအချိန်က ခေါင်းမာနေရမယ့်အချိန် မဟုတ်ဘူး"
"ငါတို့နားလည်မှုအရဆိုရင် မင်းက အဆင့်နိမ့်ကြယ်နယ်မြေမှာ ပြန်လည်ရှင်သန်ခဲ့တာပဲ၊ အနည်းဆုံးတော့ မင်းဆရာကို အလယ်အလတ်အဆင့်ကြယ်နယ်မြေလိုမျိုး ကျက်တီးကုန်းမြေမှာ မင်းတွေ့ခဲ့တာပဲလေ၊ ဒီလိုကျက်တီးကုန်းနေရာတစ်ခုက ငါတို့နဲ့ ဘယ်လိုလုပ်နှိုင်းယှဉ်နိုင်မှာလဲ"
"အမှိုက်တွေထပ်မပြောနဲ့တော့" မိုလီလက်ဝှေ့ယမ်းသည်။
"ခုခံတာကို လက်လျှော့ပြီး ငါတို့နဲ့အတူ နာနာခံခံလိုက်လာတာက အကောင်းဆုံးပဲ၊ ဒီလိုဆိုရင် မင်းအနည်းဆုံးတော့ ပိုမြန်မြန် သေလို့ရတာပေါ့"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် မိုလီလက်ဝှေ့ယမ်းသောအခါ ပတ်၀န်းကျင်က နတ်ဆိုးဘုရင်ပိုင်နက်မှ ကျွမ်းကျင်သူများက ရှောင်ဟိုင်ရှိရာဘက်သို့ ပြေးလွှားသွားကြ၏။
ဒီမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင် မျက်မှောင်ကြုတ်သည်။
"ညီလေးမု၊ မင်းရဲ့ဖြေရှင်းနည်းကဘာလဲ"
မုဖူရှန်းပြုံးသည်။
"ကျွန်တော်တို့ဘာမှ လုပ်စရာမလိုပါဘူး"
မုဖူရှန်းစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ၀န်းရံနေသည့် နတ်ဆိုးဘုရင်ပိုင်နက်က ကျွမ်းကျင်သူများကလည်း ရှေ့သို့ ပြေး၀င်သွားကြပြီဖြစ်သည်။
ဒီအခိုက်အတန့်မှာပင် နတ်ဆိုးဘုရင်ပိုင်နက်က ကျွမ်းကျင်သူများထံ လေပြင်းတစ်ချက် တိုက်ခတ်သွား၏။
ဒီလေပြင်းကြောင့် နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူများနှင့် နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်တစ်ချို့ပင်လျှင် လွင့်စင်သွားပြီး ပတ်၀န်းကျင်ကို ရုတ်တရက်၀င်တိုက်ကာ သွေးများ စီးကျလာကြသည်။
"ကြည့်ရတာ ငါ့ရဲ့အစောပိုင်းအသိက မမှားဘူးဘဲ၊ ကောင်လေး၊ မင်းငါ့ကို ဘယ်လို ရှာတွေ့သွားတာလဲ၊ ဒါမှမဟုတ် မင်းခွန်အားကို မင်းဖုံးကွယ်ထားတာလား"
ရှောင်ဟိုင်နှင့်ကျန်သောသူများရှေ့တွင် ဆံပင်ဖြူနှင့် အဖိုးအိုတစ်ဦး ပေါ်လာခဲ့သည်။
မိုလီနှင့် မိုကောတို့၏ မျက်သူငယ်အိမ်များက ရှုံ့တွသွားပြီး ထိတ်လန့်စွာနှင့် ဒေါသတကြီးမေးလိုက်သည်။
"ခင်ဗျားကဘယ်သူလဲ"
ထိုအဖိုးအိုက ဟောင်တျန်းနတ်ဂိုဏ်း၏ မဟာအကြီးအကဲပေတည်း။
ဆံပင်ဖြူအဖိုးအို တည်ငြိမ်စွာပင် လှမ်းကြည့်ရင်း မယုံနိုင်စရာကောင်းလွန်းသည့် အဖြေတစ်ခုကို ပေးလာသည်။
"ဟောင်တျန်းနတ်ဂိုဏ်း၊ ဒေါင်ချန်၀မ်"
ဒေါင်ချန်၀မ်!
မိုလီနှင့်မိုကောတို့က ဘယ်လိုလုပ် ဒီနာမည်ကို မကြားဖူးဘဲနေမည်နည်း။ ဒါ့အပြင် ဒီလူက ဟောင်တျန်းနတ်ပိုင်နက်က ဖြစ်သည်။
အဖြေက သိသာထင်ရှားနေလေပြီ။
ဟောင်တျန်းနတ်ဂိုဏ်း၏ မဟာအကြီးအကဲတဖြစ်လဲ နတ်သခင်နယ်ပယ်ကို ခြေလှမ်းတစ်၀က် ၀င်ရောက်နေပြီဖြစ်သည့် တည်ရှိမှုမျိုးက နတ်သခင်နယ်ပယ် ကျွမ်းကျင်သူနှင့်ယှဉ်ပါက ဒုတိယနေရာတွင်ရှိသည်။
သို့စေကာမူ ယခုလိုကျွမ်းကျင်သူတစ်ယောက်က ဘယ်လိုလုပ် ရှောင်ဟိုင်ကို ကူညီနိုင်ရလေသနည်း။
"မင်းဆရာက ဟောင်တျန်းနတ်ပိုင်နက်မှာ ရှိနေတာများလား" မိုလီရုတ်တရက် ရှောင်ဟိုင်ကို လှည့်ကြည့်သည်။
ရှောင်ဟိုင်မဖြေရသေးခင်မှာပင် ဒေါင်ချန်၀မ်ရယ်မောသည်။
"သူက ဟောင်တျန်းရဲ့တပည့်မဟုတ်သလို ငါတို့ကလည်း သူ့ကို မသင်ကြားပေးနိုင်ပါဘူး"
သူတို့ ထိုစီနီယာ၏တပည့်ကို ဘယ်လိုလုပ် သင်ကြားပေးနိုင်မည်နည်း။ နတ်သခင်ဟောင်တျန်းကိုယ်တိုင် သင်ကြားမည်ဆိုလျှင်ပင် ယခုလိုသက်ရောက်မှုမျိုး သေချာပေါက်ရှိမည်မဟုတ်ပေ။
မိုကောမျက်မှောင်ကြုတ်သည်။
"ဟောင်တျန်းနတ်ဂိုဏ်းက သူ့ကို ကာကွယ်ပေးချင်တာလား"
"သေချာတာပေါ့" ဒေါင်ချန်၀မ် တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်သည်။
"ဒါကနတ်သခင်ရဲ့ ကိုယ်ပိုင်အမိန့်ပဲ"
ဒီအချိန်တွင် မိုလီကလည်း ခြိမ်းခြောက်လာသည်။
"သူက တခြားနတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းက အထူးလိုချင်နေတဲ့လူတစ်ယောက်ပဲ၊ ဟောင်တျန်းနတ်ဂိုဏ်းမှာ သိက္ခာစောင့်စည်းမှုတစ်ခုခု ရှိလို့ရမလား"
"ဒါ့အပြင် နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းနဲ့ တစ်ချိန်တည်းမှာ ရန်သူဖြစ်လာဖို့အတွက် ဒီလောက်ကြီးမားတန်ဖိုးမျိုးကို ဟောင်တျန်းနတ်ပိုင်နက်ကတောင် မတတ်နိုင်ဘူးမလား"
ဒေါင်ချန်၀မ်ပြုံးသည်။
"ဒီတော့ဘာဖြစ်လဲ"
ဒီတော့ဘာဖြစ်လဲ!
ဒီစကားလုံးများက သာမန်ပုံပေါ်သော်လည်း မိုလီနှင့်မိုကောတို့ဟ နားထဲတွင် အလွန်အမင်းပြတ်သားပုံရသည်။
မိုလီ၏ အမူအရာက အင်မတန်ပင် ကြည့်ရဆိုးသွားသည်။
အကယ်၍ ဒေါင်ချန်၀မ်အဆင့်က ကျွမ်းကျင်သူတစ်ယောက်ကသာ ဒီအချိန်တွင် ရှောင်ဟိုင်ကို အမှန်တကယ်ကာကွယ်လိုပါက သူတို့တွင် တကယ်ပင် ရွေးချယ်စရာမရှိပါ။
ဒီအခိုက်အတန့်မှာပင် နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ် ရှောင်ဟိုင်လက်ထဲကို ရောက်လာပြီးနောက်တွင် နတ်ဆိုးနက်ချီက စတင်ငြိမ်သက်လာသည်။
ပတ်၀န်းကျင်က နတ်ဆိုးနက်ချီများကလည်း မြင်နိုင်သည့်အမြန်နှုန်းတစ်ခုဖြင့် နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်ဆီသို့ စတင်ပြန်၀င်ရောက်သွားကြ၏။
နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသတစ်ခုလုံး၏ ကောင်းကင်ကလည်း ထပ်မံအပြာရောင် ပြောင်းသွားခဲ့သည်။
သားရဲအုပ်ကိုတွေ့ကြုံခံစားခဲ့ရပြီး ခါးသီးစွာ ခုခံကာကွယ်ခဲ့ရသည့် မြို့များကလည်း ထိုမှော်သားရဲများက အသိစိတ်ပြန်၀င်လာကာ သူတို့ပိုင်နက်ဆီသို့ ဖြည်းဖြည်းချင်း ပြန်သွားနေကြတာကို အံ့ဩသင့်တကြီး တွေ့လိုက်ရတော့သည်။
ဘာဖြစ်ပျက်သွားတာလဲ!
ဒါပြီးသွားပြီလား!
မူလက နတ်ဆိုးနက်ချီကိုစောင့်ဆိုင်းနေကြသည့် ကျုံ့ချန်ကောင်းနှင့် ကျန်သောသူများသာမက နတ်ခန္ဓာဂိုဏ်းနှင့် နတ်အစီအရင်ဂိုဏ်းက အဆင့်မြင့်ပုဂ္ဂိုလ်များ၏ အမူအရာများပင် ပြောင်းသွားကြသည်။ သူတို့ချက်ချင်းဆိုသလို ဗဟိုချက်ဆီသို့ ပြေးသွားကြ၏။
သူတို့ရောက်လာသောအခါ နတ်ဆိုးဘုရင်ပိုင်နက်က လူများက အဖိုးအိုတစ်ယောက်ကို ရင်ဆိုင်နေတာကို တွေ့လိုက်ရသည်။
ကျုံ့ချန်ကောင်း၏ မျက်လုံးများကလည်း နီရဲသွားပြီး ယဲ့ချိုးပိုင်နှင့် ကျန်သောသူများထံ ပြေး၀င်တိုက်ခိုက်တော့မည့်အချိန်တွင် မိုလီ ကျောက်စိမ်းဆွဲသီးတစ်ခုကို ထုတ်ယူပြီး ဒေါင်ချန်၀မ်ဆီ အော်ဟစ်လိုက်သည်။
"ဒီလိုဆိုမှတော့ ခင်ဗျားရဲ့ ဟောင်တျန်းနတ်ပိုင်နက်က နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းရဲ့ ဖိအားကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ကြတာပေါ့"
ထို့နောက်တွင် ကျောက်စိမ်းဆွဲသီးက တောက်ပသည့် အလင်းကို ထုတ်လွှတ်လာသည်။
ဒေါင်ချန်၀မ်ခေါင်းမော့ရင်း အလင်းကို ထူးမခြားနားစွာကြည့်နေသည်။
အလင်းထဲကနေတဆင့် ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်းပေါ်လာခဲ့သည်။
အပိုင်း(968) coming။