#နတ်သခင်တိုက်ပွဲ#
Vol. 69 Ch. 968
အလင်းထဲက ပုံရိပ်ပေါ်လာသောအခါ သူချက်ချင်းပင် ရှောင်ဟိုင်ကို ကြည့်လိုက်၏။ ပုံရိပ်၏မျက်သူငယ်အိမ်များက ရုတ်တရက်ကျုံ့သွားပြီးနောက် သူနှာခေါင်းရှုံ့သည်။
"အစ်ကိုကြီး၊ မင်းတကယ်ပဲ အဆင့်မြင့်ကြယ်နယ်မြေကို ရောက်လာတာပဲ..."
ရှောင်ဟိုင် ထိုပုံရိပ်ကို မော့ကြည့်သည်။
"မိုဂျီ...."
မိုဂျီတစ်ခုခုပြောရန်ပြင်လိုက်စဉ် သူ့မျက်လုံးထောင့်စွန်းကနေ ဒေါင်ချန်၀မ် ရှောင်ဟိုင်ရှေ့တွင် ရပ်နေတာကိုမြင်သွားသဖြင့် ချက်ချင်းမျက်မှောင်ကြုတ်လိုက်၏။
"ဟောင်တျန်းနတ်ဂိုဏ်းရဲ့ မဟာအကြီးအကဲလား၊ စီနီယာဒေါင် ဒီမှာဘာလို့ ရှိနေရတာလဲ"
ဒေါင်ချန်၀မ်၏ နယ်ပယ်နှင့် အတွေ့အကြုံအရ မိုဂျီ သူ့ကို စီနီယာဟုခေါ်သည်မှာ အံ့ဩသင့်စရာမရှိပါ။
ဒေါင်ချန်၀မ်ပြုံးသည်။
"ငါဒီမှာရှိနေရင် မင်းဒီလူကို ခေါ်သွားလို့ မရတော့ဘူးလေ"
ဒေါင်ချန်၀မ်၏ စကားလုံးများကို ကြားရသောအခါ မိုဂျီ ဝေခွဲမရဖြစ်နေသည့် အမူအရာဖြင့် မျက်မှောင်ကြုတ်သည်။
ဘေးက မိုကော ချက်ချင်းဆိုသလို ဒီကိစ္စ၏ အကြောင်းရင်းကို ရှင်းပြလိုက်၏။
ရှင်းပြပြီးနောက်တွင် မိုဂျီတင်မဟုတ်ဘဲ နတ်ခန္ဓာဂိုဏ်းနှင့် နတ်အစီအရင်ဂိုဏ်းက အဆင့်မြင့်ပုဂ္ဂိုလ်များပင် ထိတ်လန့် တုန်လှုပ်သွားကြသည်။
ကျုံ့ချန်ကောင်း၏မျက်နှာကလည်း ဖြူရော်နေသည်။
သူတို့ကိုတကယ်ပဲ ဟောင်တျန်းနတ်ပိုင်နက်က ကာကွယ်ပေးထားတာလား!
ဒီလိုဆိုငါဘယ်လိုလုပ် လက်စားချေနိုင်တော့မှာလဲ!
ဘေးတွင်ရပ်နေသည့် လန်ဟိုင်လည်း သဘောပေါက်လာရသည်။ သူတို့တွင် ယခုလိုပါရမီမျိုးရှိနေသည်မှာ အံ့ဩသင့်စရာမရှိတော့။ သူ့တွင် ထိုအဆင့်ကဓားမျိုး ရှိနေသည်မှာ အံ့ဩသင့်စရာမရှိတော့။
တကယ်တမ်းတွင် သူတို့က ဟောင်တျန်းနတ်ပိုင်နက်ကပင် ကာကွယ်ပေးချင်သော ကျင့်ကြံသူများဖြစ်နေခဲ့သည်။
ဒီလိုဆိုပါက အရာတိုင်းက အဓိပ္ပာယ်ရှိသွားလေပြီ။
မိုဂျီ ဇာတ်လမ်းတစ်ခုလုံးကို ကြားရပြီးနောက်တွင် ဒေါင်ချန်၀မ်အား လေးနက်သည့် အမူအရာဖြင့်ကြည့်သည်။
"ဟောင်တျန်းနတ်ပိုင်နက်နဲ့ သူ့ကြားက ဆက်ဆံရေးကဘာလဲ"
"ဒါမှမဟုတ် သူဟောင်တျန်းနတ်ပိုင်နက်ကို ၀င်ပြီးနောက်မှာ သူ့ကိုအရမ်းအမြင့်ကြီး တွေးနေကြတာလား"
"နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းရဲ့ ဖိအားကိုရင်ဆိုင်ရပြီး ကြီးမားတဲ့တန်ဖိုးတစ်ခုကို ပေးဆပ်ရမယ်ဆိုရင်တောင် ဟောင်တျန်းနတ်ပိုင်နက်က လက်လျှော့ဖို့အတွက် ဆန္ဒမရှိသေးဘူးလား" မိုဂျီအေးစက်စွာပြောသည်။
"ကျုပ်တို့ဒီလူကို ခေါ်သွားရမယ်ဆိုတာကို ခင်ဗျားလည်း သိသင့်ပါတယ်"
ဒေါင်ချန်၀မ်ပြန်ဖြေသည်။
"ဒီတော့ဘာဖြစ်လဲ"
မိုဂျီခေါင်းညိတ်သည်။သူ ဝိဉာဉ်စွမ်းအားအမျှင်စတစ်ခုကို ချက်ချင်းပင် ထုတ်လွှတ်ကာ အမည်မသိနေရာတစ်ခုသို့ ပို့ဆောင်လိုက်၏။
ဒီမြင်ကွင်းကို မြင်သောအခါ ဒေါင်ချန်၀မ်ကလည်း ပြုံးရင်း နတ်ဝိဉာဉ်အသံပို့လွှတ်မှုတစ်ခုက ကောင်းကင်ပေါ်သို့ တိုက်ရိုက်ပင် ထိုးတက်သွားသည်။
လူတိုင်း ကောင်းကင်အား မော့ကြည့်လိုက်စဉ် နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသအထက်ကောင်းကင်က ဒီတဒင်္ဂ၌ စတင်တုန်ခါလာတာကို တွေ့လိုက်ကြရသည်။
မုန်တိုင်းတစ်စင်း တိုက်ခတ်လာပြီး မြေကြီးကလည်း တုန်ခါနေသည်။
ကြောက်မက်ဖွယ်ရာအော်ရာသုံးခုက ဒီကြယ်ဒေသသို့ ဆင်းသက်လာခဲ့သည်။ နတ်ခန္ဓာဂိုဏ်းနှင့် နတ်အစီအရင်ဂိုဏ်းမှ နတ်အင်ပါယာနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် အသက်ရှူကျပ်သလို ခံစားလိုက်ကြရသည်။
ဒီအော်ရာက နတ်သခင်နယ်ပယ်ကျွမ်းကျင်သူတစ်ဦး ပိုင်ဆိုင်သည့်အော်ရာပေတည်း။
ဒါ့အပြင် နတ်သခင်နယ်ပယ်ကျွမ်းကျင်သူ သုံးဦးရှိနေခဲ့သည်။
ပထမဆုံးပေါ်လာသောသူက အလွန်အမင်း သေးသွယ်သည့် အမျိုးသမီးတစ်ဦးပင်။
သို့စေကာမူ ပတ်၀န်းကျင်ကလူများက ဒီသေးသွယ်သည့်အမျိုးသမီးကို လျှော့မတွက်ရဲကြပေ။ မည်သို့ပင်ဆိုစေကာမူ သူမက အဆင့်မြင့်ကြယ်နယ်မြေ၌ အားအကောင်းဆုံးတည်ရှိမှုနှစ်ခုထဲက တစ်ခုဖြစ်ပြီး ယင်ယန်နတ်ဂိုဏ်းချုပ် ယင်ယန်နတ်သခင်ပေတည်း။
တစ်ချိန်တည်းမှာပင် လျှိုရှန်ပုဘေးတွင် လူရှည်ကြီးတစ်ယောက် ကမ္ဘာကြီးထဲသို့ ဆင်းသက်လာခဲ့သည်။
သူက အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်း၏ အဖော်မဲ့နတ်သခင်ပေတည်း။
ရှောင်ဟိုင် သူတို့နှစ်ယောက်ကို လှမ်းကြည့်လိုက်စဉ် သူ့အမူအရာက အနည်းငယ် မည်းမှောင်သွားခဲ့သည်။
အရင်က မိုဂျီနှင့်ကျန်နှစ်ယောက်က သူ့ကို ဆန့်ကျင်ရန်အတွက် ကြံစည်ရန် ယင်ယန်ဂိုဏ်း၊ အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတို့နှင့် ပူးပေါင်းခဲ့သည်။
သို့စေကာမူ ယင်ယန်နတ်သခင်နှင့် အဖော်မဲ့နတ်သခင်တို့က ရှောင်ဟိုင်ကို မကြည့်ပေ။
သူတို့အတွက် ယခုကိုမဆိုထားနဲ့၊ အမြင့်ဆုံးအဆင့်တွင် ရှိနေသည့် ရှောင်ဟိုင်ကိုပင်လျှင် နောက်တစ်ခါကြည့်မည်မဟုတ်။
နတ်သခင်နယ်ပယ်အောက်က လူတိုင်းက ပုရွက်ဆိတ်များပမာသာဖြစ်သည်။
ဒီစကားလုံးများက အခြေအမြစ်မရှိခြင်းတော့မဟုတ်ပါ။
နတ်သခင်နှစ်ဦး၏အကြည့်အောက်တွင် လူရှည်ကြီးတစ်ဦးက သူတို့ရှေ့တွင် ဆင်းသက်လာခဲ့သည်။
ဒေါင်ချန်၀မ် ဒီလူရှည်ကြီးကို မြင်သောအခါ အနည်းငယ်ဦးညွတ်လိုက်၏။
"နတ်သခင်ကို နှုတ်ဆက်ပါတယ်"
ဒီလူရှည်ကြီးက နတ်သခင်ဟောင်တျန်းပေတည်း။
နတ်သခင်ဟောင်တျန်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကိုကြည့်ရင်း ခေါင်းညိတ်သည်။
ထို့နောက် သူ ယင်ယန်နတ်သခင်နှင့် အဖော်မဲ့နတ်သခင်တို့ကို ကြည့်ပြီးပြုံးသည်။
"ဘာလို့လဲ၊ မင်းတို့နှစ်ယောက်က မျက်နှာအဖတ်အဆယ်ချင်ကြတော့ဘူးလား၊ မင်းတို့ ဂျူနီယာလေးတစ်ယောက်ကို ဖမ်းဖို့အတွက် တကယ်ပဲ ကိုယ်တိုင်လာခဲ့ကြတယ်ပေါ့"
ယင်ယန်နတ်သခင် သူမ၏ သေးသွယ်သည့်ခန္ဓာနှင့် မကိုက်ညီသည့် နားကွဲလုနီးပါးရယ်မောသံကို ထုတ်လွှတ်သည်။
"နတ်သခင်ဟောင်တျန်း၊ နင်ဒီကိစ္စမှာ ၀င်မစွက်ဖက်တာပိုကောင်းလိမ့်မယ်၊ ငါတို့မှာလည်း ကိုယ်ပိုင်ရည်မှန်းချက်တွေရှိတယ်"
အဖော်မဲ့နတ်သခင်ကလည်း မျက်မှောင်ကြုတ်သည်။
"မင်းကအတော်လေးစွက်ဖက်တတ်တာပဲ၊ မင်းငါ့တို့ကို အာကာသနှလုံးသားကနေ တားဆီးချင်ခဲ့သလို အခုလည်း ငါတို့ကို တားဆီးချင်နေတုန်းပဲလား၊ ငါတို့မင်းကို ကြောက်နေတယ်လို့ မင်းတကယ်ထင်နေတာလား"
ဒါကိုကြားသော် နတ်သခင်ဟောင်တျန်း နှာခေါင်းရှုံ့ရင်း အဖော်မဲ့နတ်သခင်ကို ကြည့်လိုက်သည်။
"ဒါဆိုတိုက်ကြတာပေါ့"
"ဒီလူက နင်နဲ့တကယ်ပဲဘာများ သက်ဆိုင်နေတာလဲ၊ နင်ဘာလို့ဒီလောက် အကာအကွယ်ပေးနေရတာလဲ၊ ငါတို့နတ်သခင်ဂိုဏ်းနှစ်ဂိုဏ်းနဲ့ စစ်ပွဲတစ်ခုစဖို့ကိုတောင် နင်စိတ်ထဲမထားဘူး"
သို့စေကာမူ နတ်သခင်ဟောင်တျန်း အော်ဟစ်သည်။
"နတ်ဆိုးမ၊ မင်းတိုက်ချင်ရင် တိုက်ကြမယ်၊ ဘာလို့ လေတွေဖြုန်းတီးနေရတာလဲ၊ မင်းတိုက်ခိုက်ချင်တယ်ဆိုရင် ငါတို့ဟောင်တျန်းနတ်ဂိုဏ်းက လက်ခံမယ်"
ကျုံ့ချန်ကောင်းနှင့် ကျန်သောသူများ ရှောင်ဟိုင်တို့ကို အထိတ်တလန့် ကြည့်လိုက်ကြ၏။
သူတို့ရဲ့ ကိုယ်ပိုင်အထောက်အထားတွေကဘာလဲ!
ဟောင်တျန်းနတ်ဂိုဏ်းက နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းနဲ့ တိုက်ခိုက်ရမယ်ဆိုရင်တောင် သူတို့ကို ကာကွယ်ချင်သေးတာလား!
"နတ်သခင်နယ်ပယ်အထွတ်အထိပ်အဆင့်ကို ရောက်ပြီးနောက်မှာ မင်းဘယ်လောက်ထိ အားကောင်းလာသလဲဆိုတာ ငါမြင်ချင်သေးတယ်"
အဖော်မဲ့နတ်သခင် ဒေါသတကြီးအော်ဟစ်ရင်း သူ့အော်ရာက ပေါက်ကွဲသွားခဲ့သည်။
ရုတ်ချည်းဆိုသလို နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသတစ်ခုလုံးက တုန်ခါသွားခဲ့သည်။
အဖော်မဲ့နတ်သခင် လက်ဖဝါးနှင့်ရိုက်လိုက်စဉ် လေဟာနယ်ထဲက ပန်းများခြောက်သွေ့နေသည့်အလား အရေးအကြောင်းများ ပေါ်လာခဲ့သည်။
အဖော်မဲ့အော်ရာက လေဟာနယ်ထဲတွင် ပြည့်နှက်သွားခဲ့သည်။
ခွန်အားလုံလုံလောက်လောက်မရှိသည့် တစ်ချို့လူများကမူ မထွက်ပြေးနိုင်ခင်မှာပင် သက်ရောက်ခံရသည်။ သူတို့ကိုယ်များက သူတို့အဆီအနှစ်၊ ချီနှင့် ဝိဉာဉ်က ခြောက်သွေ့သည်အထိ စုပ်ယူခံလိုက်ရသည့်အလား လျင်မြန်စွာပင် အိုမင်းလာပြီး ဆွေးမြေ့ကာ သေဆုံးသွားကြရသည်။
ကျုံ့ချန်ကောင်းနှင့် ကျန်သောသူများကမူ နတ်ခန္ဓာဂိုဏ်းချုပ်၏ အကာအကွယ်အောက်တွင် လွတ်မြောက်ခဲ့ကြသည်။
ဒီအဖော်မဲ့ဆွေ့မြေ့ခြင်းမုန်တိုင်းအောက်က နတ်သခင်ဟောင်တျန်း လှုပ်ရှားခြင်းမရှိဘဲ သူ့မျက်နှာ၌ ဆိုးယုတ်သည့်အပြုံးတစ်ပွင့် ပေါ်လာပြီး သူ့ကြွက်သားများ ဖောင်းလာသည်။
သူအနှီမျက်စိနှင့် လုံး၀မြင်နိုင်စွမ်းမရှိသည့် အမြန်နှုန်းတစ်ခုနှင့်အတူ အဖော်မဲ့နတ်သခင်ရှေ့တွင်ပေါ်လာပြီး သူ့ညာခြေထောက်က လေဟာနယ်ကို ရုတ်တရက် တက်နင်းပစ်သည်။
သူ အဖော်မဲ့နတ်သခင်ရှေ့တွင် ပေါ်လာသည့်အခိုက်အတန့်၌ အဖော်မဲ့နတ်သခင်၏ လက်ဖဝါးချက်ကလည်း ကြေမွပျက်စီးသွားပြီဖြစ်သည်။
အဖော်မဲ့နတ်သခင်၏ အမူအရာက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။
သူရင်ဘတ်ရှေ့တွင် လက်ပိုက်ကာ ဒါကို တားဆီးကာကွယ်ချင်သော်လည်း နောက်တဒင်္ဂ၌ လွင့်စင်သွားရတော့သည်။
သူနောက်သို့ လွင့်စင်သွားစဉ် လေဟာနယ်က တစ်လက်မချင်းပြိုကွဲနေသည်။
နတ်သခင်ဟောင်တျန်း အဖော်မဲ့နတ်သခင် ယခုလေးတင်ရှိနေသည့် နေရာတွင်ရပ်ပြီး ဒီမြင်ကွင်းကို ဆိုးယုတ်သည့်အပြုံးဖြင့် ကြည့်နေခဲ့သည်။
"ဘာလဲ၊ မင်းငါ့ကို ပျော်စရာနည်းနည်းလောက် ဖန်တီးပေးလို့မရဘူးလား"
နတ်သခင်ခုနှစ်ဦးထဲတွင် နတ်သခင်ဟောင်တျန်းက ရုပ်ခန္ဓာကို အဓိကထားကျင့်ကြံပြီး တစ်ချိန်တည်းမှာပင် သူအပါအ၀င် ဟောင်တျန်းနတ်ဂိုဏ်းက လူများကို စိတ္တဇများဟုပင် ခေါ်ကြသည်။
ကျန်သောဂိုဏ်းများက ပေးဆပ်ရမည့် တန်ဖိုးများကို ဂရုစိုက်ကြမည်ဖြစ်သော်လည်း ဟောင်တျန်းနတ်ပိုင်နက်က မလိုပါ။
မင်းတို့စစ်တိုက်ချင်လား!
ဒါဆိုရင် စစ်တိုက်ကြတာပေါ့!
မင်းတို့တိုက်ခိုက်ချင်လား!
ဒါဆိုရင် ငါကဂိမ်းထဲမှာအဆင်သင့်ပဲ!
ယင်ယန်နတ်သထင် ဒါကိုမြင်သောအခါ သူမ၏အမူအရာက ကြည့်ရဆိုးသွားသည်။
သူတို့က ယခုနတ်သခင်နယ်ပယ် နောက်ပိုင်းအဆင့်ဖြစ်ကြပြီး နတ်သခင်ဟောင်တျန်းကမူ နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းသွားပြီဖြစ်သည်။
နယ်ပယ်အသေးလေးတစ်ခု ခြားနားချက်ဟု ဆို၍ရသော်လည်း တကယ့်တိုက်ခိုက်ရေးစွမ်းရည်ကွာခြားချက်က အတော်လေးကြီးမားသည်။
ဒါ့အပြင် နတ်သခင်ဟောင်တျန်း၏ အသွင်အပြင်ကို ကြည့်ရမည်ဆိုပါက သူတို့ ရှောင်ဟိုင်ကို ယူသွားလိုပါက သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုကို ဆင်နွှဲရပေမည်။
ဒီလိုဆိုပါက သူတို့အသက်ကိုပင် ပေးဆပ်ရကောင်း ပေးဆပ်ရနိုင်သည်။
"မင်းသူ့ကိုကာကွယ်ဖို့အတွက် တကယ်ပဲ အသက်ကိုတောင် စွန့်စားတော့မှာလား" ဒီအချိန်တွင် အဖော်မဲ့နတ်သခင် ကြည့်ရဆိုးသည့် အမူအရာဖြင့် ထရပ်လာသည်။
နတ်သခင်ဟောင်တျန်းရယ်မောသည်။
"မင်းတို့လူအိုကြီးတွေက တကယ်အရှက်မဲ့တာပဲ၊ သေချာပေါက် ငါသူ့ကို ကာကွယ်ရမှာပေါ့"
ယင်ယန်နတ်သခင် ကြက်သေသေသွား၏။ သူမက နတ်သခင်ဟောင်တျန်း၏ စကားလုံးများကနေ အဓိပ္ပာယ်နှစ်ခွထွက်နေတာကို ဖမ်းဆုပ်မိသွားပုံရပြီး မေးသည်။
"တ်လို့ သူနဲ့နယ်ပယ်တူက ကျင့်ကြံသူတစ်ယောက်သာဆိုရင် နင်၀င်မစွက်ဖက်ဘူးမလား"
နတ်သခင်ဟောင်တျန်းပြုံးသည်။
"သေချာတာပေါ့၊ အဓိကနယ်ပယ်ကြီးနှစ်ခုကို မကျော်လွန်နေသရွေ့ မင်းတို့ ကြိုက်တာလုပ်လို့ရတယ်"
ဒါက ရှောင်ဟိုင်၏ ကျင့်ကြံခြင်းလမ်းကြောင်းအတွက် ဖြစ်သည်။
အကယ်၍ သူသာ သူ့ကို အမှန်တကယ် ကာကွယ်ပေးနေမည်ဆိုပါက ဒါက ရှောင်ဟိုင်၏ ကျင့်ကြံခြင်းကို သေချာပေါက် သက်ရောက်ပေလိမ့်မည်။
ခန္ဓာသန့်စင်သူတစ်ယောက်က တိုက်ပွဲအတွေ့အကြုံမရှိဘဲ ဘယ်လိုလုပ် ကြီးထွားလာနိုင်မည်နည်း။
အပိုင်း(969) coming။