#ကိုယ်ပိုင်အထောက်အထားကို ထုတ်ဖော်ခြင်း၊ ရှောင်ဟိုင် တိုက်ခိုက်သည်#
Vol. 69 Ch. 969
အဓိကနယ်ပယ်ကြီးနှစ်ခုထက် မပိုရဘူးလား!
နတ်သခင်ဟောင်တျန်း၏ စကားလုံးများက မိုဂျီ၊ ယင်ယန်နတ်သခင်နှင့် အဖော်မဲ့နတ်သခင်တို့အား သံသယမရှိ ကြက်သေသေသွားစေသည်။
ဒီလိုဆိုပါက နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက် တိုက်ခိုက်လာမည်ဆိုလျှင်ပင် နတ်သခင်ဟောင်တျန်း ဂရုစိုက်မည်မဟုတ်။
အဖော်မဲ့နတ်သခင်နှာခေါင်းရှုံ့သည်။
"မင်းသူတို့အပေါ် အဲလောက်တောင် ယုံကြည်မှုရှိတာလား"
နတ်သခင်ဟောင်တျန်းခပ်မှိန်မှိန်ပြုံးသည်။
"သေချာတာပေါ့"
ဒါကိုကြားသောအခါ မုဖူရှန်း အတိဆွံအနေသည်။
အဓိကအဆင့်ကြီးနှစ်ဆင့်ထက် မပိုရတာလား၊ ဒီလောက်ထိ ရက်စက်စရာလိုလို့လား...!
တစ်ဘက်က နတ်ဘုရင်နယ်ပယ် ကျွမ်းကျင်သူတွေ အများကြီးစေလွှတ်လိုက်ရင် ငါတို့ပြီးသွားပြီမလား!
ဘေးက ဖန်ချန်းကမူ လေးနက်စွာခေါင်းညိတ်သည်။
"ဒါကအရမ်းကို ယုတ္တိတန်ပါတယ်၊ ဒီလိုဆိုမှ ကျွန်တော်တို့စွမ်းရည်တွေကို ဖျစ်ညှစ်ထုတ်နိုင်တော့မှာလေ"
ယဲ့ချိုးပိုင်ပြုံးရင်း သာမန်ကာလျှံမျှအသွင်ဖြင့် ခေါင်းညိတ်သည်။
"အကာအကွယ်တွေ အရမ်းများလွန်းတာက ငါတို့ခွန်အားအတွက် အတားအဆီးတစ်ခုလည်းဖြစ်တယ်"
ရှောင်ဟိုင် အေးစက်သည့်အမူအရာဖြင့် သဘောတူသည့်အသွင် ခေါင်းညိတ်သည်။
သူ့အတွက်မူ ပြိုင်ဘက်ပိုများလေလေ၊ ပိုကောင်းလေလေပင်။ ဒီလိုဆိုမှ သူ့တွင် တိုက်ခိုက်ရန် အချိန်ကောင်းတစ်ခု ရှိလာနိုင်မည်မဟုတ်ပေလော။
ဒါက သူ့သွေးကြောစွမ်းအားကို ပိုမြန်မြန်ပင် တိုးလာစေနိုင်သည်။
မုဖူရှန်းနှလုံးသားထဲကနေ ဟစ်ကြွေးနေလေသည်။
ဘာလားဟ!
ယုတ္တိတန်တာလား!
ဒါက ဘယ်လိုယုတ္တိတန်တာလဲ!
ပြီးတော့ အစ်ကိုကြီးလည်းရှိသေးတယ်၊ အစ်ကိုကြီးရဲ့ တိုးတက်မှုကို ဒါက အဟန့်အတားဖြစ်စေတာလား!
အဲဒီအချိန်ကျရင် ငါတို့အဖမ်းခံရပြီး တစ်ဘက်လူရဲ့ သတ်ပစ်ခြင်းကို ခံရမှာပဲလေ!
ပြီးတော့ လမ်းခရီးတစ်၀က်မှာပဲရှိသေးတယ်!
မုဖူရှန်း ရုတ်တရက် အနည်းငယ် မျှော်လင့်ချက်မဲ့နေသည့်ပမာ ခံစားလိုက်ရသည်။ သူအစ်ကိုကြီးတို့နှင့်အတူ အဆင့်မြင့်ကြယ်နယ်မြေကို မလိုက်သွားသင့်ဘူးဟု ခံစားနေရသည်။
စီနီယာအစ်မဟုန်ရင်၊ စီနီယာအစ်ကိုနင်းတို့နှင့် ဆော့ကစားရတာက လုံလောက်တာထက် ပိုကောင်းသည်။
အနည်းဆုံးတော့ ဒီလောက်ထိ စိတ်လှုပ်ရှားစွာ ဆော့ကစားနေစရာမလိုပါ။
ဒေါင်ချန်၀မ်ဒါကို ကြားသောအခါ နတ်သခင်ဟောင်တျန်းကို သူစိုးရိမ်တကြီး ကြည့်လိုက်မိသည်။
နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူကလည်း တိုက်ခိုက်နိုင်တာလား!
အဓိကနယ်ပယ်ကြီးနှစ်ခုကို ဖြတ်ကျော်ပြီးနောက်မှာ သူတို့က ပြိုင်ဘက်ဖြစ်နိုင်ဦးမှာလား!
အဲဒီလူရဲ့တပည့်တွေက နည်းနည်းမဆီလျော်ပုံပေါ်ပေမယ့် ဒါကမဖြစ်နိုင်ဘူးလေ!
ဒီအခိုက်အတန့်၌ မိုဂျီ မိုလီနှင့် မိုကောတို့ကို ကြည့်လိုက်၏။
"နတ်သခင်ဟောင်တျန်း ဒီလိုပြောလာပြီဆိုမှတော့ စမ်းကြည့်ဖို့အတွက် နတ်ဘုရင်နယ်ပယ် ကျွမ်းကျင်သူတစ်ချို့ကို စေလွှတ်လိုက်"
သူတို့နှစ်ယောက် ဒါကိုကြားသောအခါ ဆိုးယုတ်စွာပြုံးရင်း ခေါင်းညိတ်ပြီး လက်ကို ဝှေ့ယမ်းလိုက်ကြသည်။
နတ်ဆိုးဘုရင်ပိုင်နက်မှ နတ်ဆိုးဘုရင်နယ်ပယ် ကျွမ်းကျင်သူဆယ်ဦးကျော်က ချက်ချင်းထရပ်လိုက်ကြ၏။
သူတို့တိုက်ခိုက်တော့မည့်အချိန်တွင် နတ်သခင်ဟောင်တျန်း၏ စကားလုံးများက ဖိနှိပ်ကျဆင်းလာခဲ့သည်။
"ဒါပေမယ့် နတ်ဘုရင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်က တိုက်ခိုက်မယ်ဆိုရင်တော့ တစ်ကြိမ်ကို တစ်ယောက်ပဲ ပေါ်လာလို့ရမယ်"
ယင်ယန်နတ်သခင်နှင့် အဖော်မဲ့နတ်သခင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
မိုဂျီလေးနက်သည့်အသံဖြင့်ပြောသည်။
"ဒါဆိုရင် ကျုပ်တို့ နတ်သခင်ဟောင်တျန်းပြောသလိုလုပ်ပါမယ်"
နတ်ဘုရင်နယ်ပယ်ကျင့်ကြံသူတစ်ဦးက သူတို့ကို ကိုင်တွယ်နိုင်တာထက်ပိုနေလေပြီ။
ဒီအချိန်တွင် နတ်ဘုရင်နယ်ပယ် အစောပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်က ရှောင်ဟိုင်ရှေ့သို့ ရောက်လာသည်။
ရှောင်ဟိုင်ပခုံးတွန့်ရင်း လျှောက်သွားသည်။
နှုတ်ရေးအရထိပ်တိုက်ရင်ဆိုင်နေစရာမလိုပါ။
နတ်ဆိုးဘုရင်ပိုင်နက်မှ နတ်ဘုရင်နယ်ပယ် ကျွမ်းကျင်သူကလည်း ရှောင်ဟိုင်အား တိုက်ရိုက်ပင် တိုက်ခိုက်သည်။
ရှောင်ဟိုင် ဒီမြင်ကွင်းကိုမြင်သောအခါ ကြောက်သွားခြင်းမရှိဘဲ ကိုယ်ထဲတွင် ထာ၀ရနတ်ဆိုးခန္ဓာနှင့် ပုံစံကွက်ခြောက်ခုကို တစ်ချိန်တည်းတွင် အသက်သွင်းလိုက်၏။
တစ်ချိန်တည်းမှာပင် သွေးကြောစွမ်းအားနှင့် နတ်ဆိုးနက်ချီကလည်း ဒီတဒင်္ဂ၌ လုံး၀ပေါက်ကွဲသွားပြီး ကြီးမားသည့် နတ်ဆိုးဆန္ဒက ဒီလေဟာနယ်ထဲတွင် သိပ်သည်းသွားခဲ့သည်။
ရှောင်ဟိုင်နောက်တွင် နတ်ဆိုးဘုရင်ပုံရိပ်ယောင်တစ်ခု သိပ်သည်းသွားပြီး ဆင်းသက်လာခဲ့သည်။
ဒီနတ်ဆိုးဘုရင်ပုံရိပ်ယောင်က ရှောင်ဟိုင်နှင့် ဘာမှမခြားနားပါ။
အနီး၀န်းကျင်ကလူများ ဒါကိုမြင်သောအခါ အားလုံးထိတ်လန့်သွားကြ၏။
ဒီလူက တကယ်ပဲ အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးကိုတောင် တုန်လှုပ်သွားစေခဲ့တဲ့ အရမ်းပါရမီရှိတဲ့ နတ်ဆိုးဘုရင်ပိုင်နက်က နတ်ဆိုးသခင်လား!
ဒီလိုလူမျိုးကို တကယ်ပဲ လက်စားချေနိုင်မှာလား!
သူတို့အရင်က ယဲ့ချိုးပိုင်နှင့် တခြားသူများအကြောင်းကို တွေးနေခဲ့သည်မှာ ဘယ်လောက်ပင် ရယ်စရာကောင်းလေသနည်း။ လက်ရှိအခြေအနေကို သူတို့တွေးမိဖူးသည်လား။
လက်ရှိနတ်ခန္ဓာဂိုဏ်းက သူတို့နှင့် ရန်ငြိုးတစ်ခု လုံး၀ဖန်တီးထားခဲ့လေပြီ။
နတ်ခန္ဓာဂိုဏ်းချုပ်၏ မျက်နှာထက်တွင် ကြည့်ရဆိုးနေသည့် အမူအရာတစ်ခု ရှိနေသည်။
ဒီလူက အရင်က နတ်ဆိုးသခင်ဖြစ်သည်သာမက ဟောင်တျန်းနတ်ဂိုဏ်းနှင့်လည်း အင်မတန်ရင်းနှီးသည့် ဆက်ဆံရေးတစ်ခုရှိသည်။
သူတို့တွင် ယင်ယန်ဂိုဏ်း၊ အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတို့နှင့် အာဃာတရှိလျှင်ပင် ဒါက နတ်ခန္ဓာဂိုဏ်းလို အသေးစားဂိုဏ်းတစ်ဂိုဏ်း ထိတွေ့နိုင်သည့် အရာတစ်ခုမဟုတ်ပါ။
"မင်းနတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်ကို မသုံးဘူးလား" မိုကော ဒီမြင်ကွင်းကို နောက်ကနေ မြင်ရသောအခါ ကြက်သေသေသွားသည်။
"မင်းကအရမ်းကို မောက်မာနေတုန်းပဲ..."
နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူကလည်း မျက်မှောင်ကြုတ်သည်။
"မင်းက အဲဒီတုန်းက နတ်ဆိုးသခင်မဟုတ်တော့ဘူး၊ လက်ရှိမင်းမှာ မင်းနယ်ပယ်နဲ့ ငါ့ကြားက ဒီလိုကြီးမားတဲ့ ကွာဟချက်တစ်ခုတောင်ရှိတယ်၊ မင်းခွန်အားအပြည့် မသုံးဘူးလား"
ရှောင်ဟိုင်မည်သည့်စကားမှမဆိုဘဲ လက်သီးမြှောက်ကာ ထိုလူအား ထိုးနှက်ပစ်သည်။
သူလက်သီးပစ်လွှတ်လိုက်သည့်အချိန်တွင် သွေးကြောစွမ်းအားက အဆုံးမဲ့သွေးချီအဖြစ် ပြောင်းလဲသွားပြီး သူ့လက်မောင်းကို လွှမ်းခြုံသွား၏။
သို့စေကာမူ ဂရုတစိုက်ကြည့်မည်ဆိုပါက ဒီသွေးနီရောင်ချီထဲတွင် ရေချိုငါးကလေးများပမာ စီးဆင်းနေသည့် ရွှေရောင်အော်ရာအမျှင်စများရှိနေသည်။
ဒါကမထင်ရှားသော်လည်း ရှိနေသောသူတိုင်းကို ထိတ်လန့်သွားစေသည်။
ယင်ယန်နတ်သခင်နှင့် အဖော်မဲ့နတ်သခင်တို့ပင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
ဒီသွေးကြောစွမ်းအားက....!
ဒါက အဲဒီတုန်းက လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်တဲ့ နတ်ဆိုးဘုရင်သွေးကြောလား!
နတ်သခင်ဟောင်တျန်းတစ်ဦးတည်းကသာ ဒါကိုနားလည်သည်။
ရှောင်ဟိုင်၏ သွေးက စီနီယာလုအော်ရာဖြင့် ပြည့်နှက်နေသည်။
ဒါက စီနီယာလု၏ သွေးကြောစွမ်းအားအားဖြည့်မှုကြောင့်ဖြစ်လေရာ အံ့ဩသင့်စရာမလိုတော့။
ဒါကလည်း ရှောင်ဟိုင် နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်ကို မသုံးလိုသည့် အကြောင်းရင်းဖြစ်သည်။
သူ့ဆရာသူ့ကိုပေးခဲ့သည့် သွေးအဆီအနှစ်က တကယ်တမ်းတွင် ၁၀ရာခိုင်နှုန်းသာ ပေါင်းစပ်ထားသေးသည်။ သူ့ကိုယ်သူ ဖိနှိပ်ထားရန်အတွက် သူပြင်းထန်သည့် တိုက်ပွဲတစ်ခုကို လိုအပ်သည်။
ပြင်းထန်သည့်တိုက်ပွဲများတွင်သာ သူဒီသွေးအဆီအနှစ်လေးကို ကိုယ်ထဲတွင် ပေါင်းစပ်ရန်အတွက် အလျင်အမြန်ခွင့်ပြု၍ ရပေလိမ့်မည်။
လူတိုင်း၏အကြည့်အောက်တွင် သူတို့၏ လက်သီးများက တိုက်မိသွားကြ၏။
နတ်သခင်နယ်ပယ်အော်ရာက ပေါက်ကွဲသွားသည်။
တခြားတစ်ဘက်တွင် သွေးကြောစွမ်းအားနှင့် ရုပ်ခွန်အားက အာကာသကိုပင် အပြင်းအထန် တုန်ခါသွားစေသည်။
သို့စေကာမူ နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူ၏ အော်ရာက ပိုအားကောင်းပုံရသည်။
မြေပြိုကျမှုတစ်ခုပမာ ဒါက သွေးကြောစွမ်းအားကို အလျင်အမြန်ဖိနှိပ်ပစ်သည်။
ဒီအခိုက်အတန့်မှာပင် ရှောင်ဟိုင်၏ပုံရိပ်က လွင့်စင်သွားပြီး မြေကြီးထဲသို့ အမြောက်ဆန်တစ်ခုပမာ ပစ်၀င်သွား၏။
ဂျုန်း....!
ဒီအချိန်တွင် မြေကြီးက အရူးအမူးပြိုကျလာပြီး အက်ကြောင်းများက အဆက်မပြတ် ကျယ်ပြောနေသည်။
ဒါကိုမြင်သောအခါ လူတိုင်းအနည်းငယ် ခေါင်းခါယမ်းလိုက်မိကြသည်။
နတ်စစ်သည်နယ်ပယ်တစ်ဦး၏ ရုပ်ခွန်အားနှင့် နတ်ဘုရင်နယ်ပယ်ကို ဆန့်ကျင်ခြင်းက အတော်လေးများနေသေးသည်။
သို့စေကာမူ အမြင်စူးရှသောမည်သူမဆို နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူ၏ လက်မောင်းက အမှန်တကယ်ပင် အနည်းငယ်တုန်ယင်သွားတာကို ပြောနိုင်ပေသည်။
တကယ်တမ်းတွင် သူ့အရေပြားကနေ အဆက်မပြတ် စီးတွေလာသည့် သွေးစီးကြောင်းတစ်ခုရှိသည်။
ထိုလူ၏ မျက်သူငယ်အိမ်များက ကျုံ့သွားပြီး သူ့လက်မောင်းကို မယုံနိုင်စွာ စိုက်ကြည့်နေမိသည်။
ဒါဘယ်လိုဖြစ်ပျက်သွားတာလဲ!
သူအဓိကနယ်ပယ်ကြီးနှစ်ခု သာနေသည့်တိုင် ရှောင်ဟိုင်ကသူ့ကို ဘယ်လိုလုပ် နာကျင်အောင် လုပ်နိုင်လေသနည်း။
ဒါ့အပြင် သူနှင့်တခြားသူများကို ပိုထိတ်လန့်စေတာက အရမ်းကြီးမကြာသေးခင်မှာပင် အဆုံးမဲ့သွေးစွမ်းအင်နှင့် နတ်ဆိုးနက်ချီဖြင့် ၀န်းရံထားသည့် ကိုယ်ခန္ဓာတစ်ခုက ပြိုကျနေသည့် မြေကြီးကနေ ချိုးဖျက်ထွက်လာခြင်းပင်။
သူထိုလူရှေ့သို့ပြေးသွားပြီး နောက်ထပ် လက်သီးတစ်ချက် ပစ်လွှတ်လိုက်၏။
နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူတွင် အံ့ဩသင့်နေသည့် အမူအရာတစ်ခုရှိနေပြီး သူလည်း ချက်ချင်းရှေ့သို့ ထိုးနှက်လိုက်သည်။
လက်သီးချက်နှစ်ချက်က ထပ်မံတိုက်မိသွားပြန်သည်။
သို့စေကာမူ ဒီတစ်ကြိမ်တွင် ရှောင်ဟိုင်လွင့်စင်မသွားဘဲ ယင်းအစား သူနောက်လက်တစ်ဖက်ကို ဝှေ့ယမ်းကာ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ထိုလူ၏ရင်ဘတ်ပေါ်သို့ ကျဆင်းစေသည်။
လူတိုင်းဒီမြင်ကွင်းကို အထိတ်တလန့် ကြည့်နေမိကြသည်။
ဒါကရှောင်ဟိုင်၏ တန်ပြန်တိုက်ခိုက်နိုင်စွမ်းကြောင့်တင်မဟုတ်ဘဲ နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူကို သိသာသည့် ထိခိုက်မှုကို ဖြစ်စေသောကြောင့်ပင်။
သူတို့ကို ပို၍အံ့ဩသင့်စေတာက ရှောင်ဟိုင်ကိုယ်ပေါ်က ဒဏ်ရာများက ရွှေရောင်အလင်းတန်းများ၏ လည်ပတ်မှုအောက်တွင် လျင််မန်စွာပျောက်ကွယ်နေခြင်းပေတည်း။
တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်၏ ရုပ်ခွန်အားနှင့် အော်ရာက အရင်ကထက် အများကြီးပိုအားကောင်းလာသည်။
ဒါက သွေးကြောစွမ်းအားကြောင့် ဖြစ်လာတဲ့ အထူးစွမ်းရည်တစ်ခုလား!
အပိုင်း(970) coming။