← Chapters

#‌သွေးကြောပေါက်ကွဲခြင်း၊ နတ်ဆိုးဘုရင်ပုံရိပ်ယောင်နှင့် ပေါင်းစည်းခြင်း#

Vol. 69 Ch. 970

#‌သွေးကြောပေါက်ကွဲခြင်း၊ နတ်ဆိုးဘုရင်ပုံရိပ်ယောင်နှင့် ပေါင်းစည်းခြင်း#

Vol. 69 Ch. 970

ရှောင်ဟိုင်၏ တိုက်ခိုက်ရေးစွမ်းရည်က နတ်ခန္ဓာဂိုဏ်းနှင့် နတ်အစီအရင်ဂိုဏ်းတို့ကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ 

မိုဂျီနှင့် နတ်ဆိုးဘုရင်ပိုင်နက်က ကျန်နှစ်ယောက်တွင်လည်း လေးနက်သည့် အမူအရာများ ရှိနေကြသည်။ 

တကယ်တမ်းတွင် ဒီအရင်နတ်ဆိုးသခင်ဟောင်းအတွက် ဒါက အခြေခံလုပ်ဆောင်ချက်တစ်ခုသာ။ 

အရင်က သူကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ပါရမီရှိခဲ့ပြီး နောက်ထပ်နတ်သခင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာစေရန်အတွက် အလားအလားအရှိဆုံး တည်ရှိမှုတစ်ခုဟုပင် လူသိများခဲ့သည်။ 

သို့သော် သူတို့ကိုအံ့ဩသင့်စေတာက လက်ရှိရှောင်ဟိုင်၏ သွေးကြောစွမ်းအား၌ တစ်ခုခုပြောင်းလဲသွားခဲ့ခြင်းပင်။ 

မိုဂျီ၊ မိုကောနှင့် မိုလီတို့က ရှောင်ဟိုင်နောက်ကနေ နှစ်တစ်ထောင်ကျော်ကြာ လိုက်ခဲ့ကြသလို သူတို့က သူ့၏ ညာလက်ရုံးများလည်းဖြစ်ကြသည်။ 

ထို့ကြောင့် ရှောင်ဟိုင်၏ စွမ်းရည်နှင့် သွေးကြောစွမ်းအားတစ်ချို့နှင့် ပတ်သက်၍ လက်ရှိတွင် ရှောင်ဟိုင်၏ သွေးကြောစွမ်းအား ပေါက်ကွဲသွားစဉ် ထို့ထဲတွင် ရွှေရောင်အလင်းတန်းတစ်ခုရှိနေသည်။ 

ဒီအလင်းတန်းက သူတို့နှလုံးများကိုပင် တုန်ခါစေသည့် ကြောက်မက်ဖွယ်ရာအော်ရာတစ်ခုကို ထုတ်လွှတ်သည်။ 

ဒီအော်ရာက ရှေးဆန်ပြီး အလွန်လျှို့ဝှက်ဆန်းကြယ်ပုံရသည်။ 

အော်ရာက အလွန်ပင်သေးငယ်သော်လည်း ဂရုတစိုက်အာရုံခံကြည့်မည်ဆိုပါက အထဲတွင် ကမ္ဘာကြီးထဲက မဟာတာအို၃၀၀၀ပါ၀င်တာကို ခံစားနိုင်ပေသည်။ 

ဒီအခိုက်အတန့်မှာပင် ရှောင်ဟိုင်၏ အမူအရာက အေးစက်နေသည့်တိုင် သူရူးသွပ်သွားသည့် အခြေအနေထဲတွင် ကျရောက်သွားပုံရသည်။ 

သူ သူ့အသက်ကိုပင် ဂရုမစိုက်တော့သည့်အလား နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူကို တစ်ချက်ပြီးတစ်ချက် ထိုးနှက်လေတော့သည်။ 

သူတို့ထိပ်တိုက်တွေ့ဆုံတိုင်း ရှောင်ဟိုင်၏ လက်မောင်းကနေ ကျယ်လောင်သည့် အက်သံများထွက်ပေါ်နေသည်။ 

သူ့လက်မောင်းတစ်ခုလုံးကနေ သွေးပမာဏအများအပြား စီးတွေလာကြ၏။ 

တစ်ချိန်တည်းမှာပင် သူလွင့်စင်သွားရသည်။ သို့စေကာမူ သူလုံး၀မရပ်သွားခဲ့ပေ။ နောက်သို့လွင့်စင်သွားသည့် ဖြစ်စဉ်အတွင်း သူ့ခန္ဓာကို သူအတင်းပြန်လှည့်ပစ်သည်။ ဒါက သူ့ကိုယ်အား ကြီးမားသည့် ၀န်ထုပ်၀န်ပိုးတစ်ခုပမာဖြစ်စေသော်လည်း သူမနှောင့်နှေးခဲ့ပေ။ 

သူရှေ့သို့ဆက်ပြေးပြီး နတ်သခင်နယ်ပယ်ကျွမ်းကျင်သူနှင့် ထိပ်တိုက်တွေ့ဆုံနေဆဲပင်။ 

သူ့ကိုယ်ခန္ဓာက ဒဏ်ရာရနေသော်လည်း သွေးကြောစွမ်းအားကို ပြန်လည်သိုလှောင်သောအခါ သူ့ရုပ်ခန္ဓာကလည်း အားကောင်းလာသည်။ 

သူအံ့ဩသင့်ဖွယ်ရာအမြန်နှုန်းဖြင့် ဒဏ်ရာများကနေ သက်သာလာတိုင်း ရှောင်ဟိုင်၏ ရုပ်ခွန်အားက ပိုပို၍ပင် အားကောင်းလာလေ့ရှိသည်။ 

တဖြည်းဖြည်းနှင့် ရှောင်ဟိုင်ကို တိုက်ခိုက်နေသည့် နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူမှာ တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။ 

ခွန်အားအရာ၌ဖြစ်စေ ရုပ်ခွန်အားတွင်ဖြစ်စေ ရှောင်ဟိုင်က တဖြည်းဖြည်း တိုးလာနေသည်မှာ ရှင်းနေသည်။ 

ရှောင်ဟိုင် ရုတ်တရက် နောက်ထပ်လက်သီးတစ်ချက် ထိုးနှက်လိုက်စဉ် သူအမှန်တကယ်ပင် နောက်သို့နှစ်လှမ်း ဆုတ်လိုက်ရသည်။ 

ဒီမြင်ကွင်းက မျှော်လင့်မထားသည့် အရာတစ်ခုပင်။ 

ရလဒ်အဖြစ် ပတ်၀န်းကျင်ကလူများ ထိတ်လန့်သွားကြ၏။ 

နတ်စစ်သည်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်က တကယ်ပဲ နတ်ဘုရင်နယ်ပယ် ကျွမ်းကျင်သူကို ခုခံနိုင်တာလား!

မိုဂျီ တစ်ခုခုမှားနေတာကို သတိထားမိသွားပုံရပြီး ချက်ချင်းအော်ဟစ်သည်။ 

"အစွမ်းကုန်တိုက်ခိုက်၊ လုံး၀ထိန်မချန်ထားနဲ့"

ဒီလိုသာဆက်ဖြစ်နေပါက ဒါက ရှောင်ဟိုင်၏ ဓားသွေးကျောက်ပမာဖြစ်လာပေလိမ့်မည်။ 

ဒါကိုကြားသောအခါ နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူခေါင်းညိတ်ပြီးနောက် သူ့ကိုယ်ခန္ဓာက တုန်ယင်သွားစဉ် ကိုယ်ထဲကနေ နတ်ဆိုးနက်ချီပမာဏအများအပြား ထွက်လာခဲ့သည်။ 

နတ်ဆိုးနက်ချီအမျှင်တန်းများက နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူ၏ကိုယ်ကို ဝိုင်းရံသွားပြီး သူ့အော်ရာက ရုတ်ချည်း ထိုးတက်သွား၏။ 

ဒီအချိန်မှာပင် နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူ ရှောင်ဟိုင်ထံသို့ ပြေး၀င်သွားသည်။ 

သူလက်သီးကျစ်ကျစ်ဆုပ်ရင်း ရှောင်ဟိုင်အား အပေါ်ကနေအောက်ထိ ထိုးနှက်ပစ်သည်။ 

ဒီလက်သီးချက်မရောက်လာသေးခင်မှာပင် ရှောင်ဟိုင် ကောင်းကင်ပြိုကျလာသည့်အလား အလွန်အမင်းပြင်းထန်သည့်ဖိအားကို ခံစားနေရသည်။ 

ရှောင်ဟိုင်၏ အမူအရာက အနည်းငယ် လေးနက်သွား၏။ 

သူ့နောက်က နတ်ဆိုးဘုရင်ပုံရိပ်ယောင်က ပိုပို၍အားကောင်းလာပြီး လက်သီးအစုံကို အနည်းငယ်ဆုပ်လိုက်စဉ် သွေးကြောစွမ်းအားက အစွမ်းကုန်ပေါက်ကွဲသွားသည်။ 

မရေမတွက်နိုင်လောက်သည့် သွေးစွမ်းအင်များက နတ်ဆိုးဘုရင်ပုံရိပ်ယောင်ရှိရာသို့ ကျယ်ပြောသွားပြီး နတ်ဆိုးဘုရင်ပုံရိပ်ယောင်၏ ခြေလက်အင်္ဂါများနှင့် အရိုးများ၌ သွေးကြောများပမာ ဆက်နွှယ်သွားကြသည်။ 

ဒီအချိန်မှာပင် ရှောင်ဟိုင်အပေါ်သို့ ထိုးနှက်ပစ်သည်။ 

သူ့နောက်က နတ်ဆိုးဘုရင်ပုံရိပ်ယောင်ကလည်း ရှောင်ဟိုင်လက်ဝှေ့ယမ်းစဉ် အပေါ်က နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူအား ထိုးနှက်သည်။ 

လူတိုင်း၏အကြည့်အောက်တွင် သူတို့၏ လက်သီးချက်များက တိုက်မိကြသည်။ 

ဒီတဒင်္ဂမှာပင် လက်သီးများအကြား၌ ဝဲဂယက်တစ်ခုဖြစ်တည်လာပြီး လေဟာနယ်က အဆက်မပြတ်ဖိသိပ်ခံနေရကာ လွှမ်းမိုးခံနေရသည့် အသံများကို ထုတ်လွှတ်သည်။ 

သို့စေကာမူ ဒီအချိန်တွင် ရှောင်ဟိုင် တခြားသူများထင်သကဲ့သို့ တိုက်ရိုက်ဖိနှိပ်မခံရဘဲ ဆန့်ကျင်ဘက်ပင် နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူက နတ်ဆိုးဘုရင်ပုံရိပ်ယောင်၏ လက်သီးချက်နှင့် ထိတွေ့ပြီးနောက်တွင် သွေးကြောကနေ အကြွင်းမဲ့ဖိနှိပ်မှုကို အမှန်တကယ်ခံစားနေရသည်။ 

ဒါကသူ့ခွန်အားကို သက်ရောက်နေသည်သာမက ဝိဉာဉ်၏ အနက်ရှိုင်းဆုံးအပိုင်းကနေ ထွက်လာသည့် အကြောက်တရားကိုပင် ခံစား‌ရစေသည်။ 

ဒီတဒင်္ဂမှာပင် ရှောင်ဟိုင် နောက်တစ်ချက် ထိုးနှက်လိုက်၏။ 

နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူ အမှန်တကယ်ပင် ခုခံနိုင်စွမ်းမရှိပုံရပြီး နောက်သို့ သုံးလှမ်းဆုတ်လိုက်ရသည်။ 

ရှောင်ဟိုင်ကလည်း သက်သာရာမရခဲ့ပါ။ 

သူ့ကိုယ်ခန္ဓာအစိတ်အပိုင်းတိုင်းက စတင်အက်ကွဲလာပြီး မရေမတွက်နိုင်လောက်သည့် အရေပြားအောက်က သွေးကြောများက တစ်ခုပြီးတစ်ခုကျိုးပဲ့ကာ သွေးအများအပြားကို စိမ့်ထွက်လာစေသည်။ 

လက်ရှိရှောင်ဟိုင်က မကြာမီမှာပင် သွေးများနှင့် ဖုံးလွှမ်းသွား၏။ 

ဖန်ချန်းဒီမြင်ကွင်းကိုမြင်သောအခါ စိုးရိမ်တကြီးမေးလိုက်သည်။ 

"စီနီယာအစ်ကိုအဆင်ပြေပါ့မလား"

ယဲ့ချိုးပိုင် ဒါကိုကြားသော် ခေါင်းခါယမ်းသည်။ 

"စံအိမ်တော်တစ်ခုလုံးမှာ မင်းစီနီယာအစ်ကိုရှောင်ဟိုင်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အားအကောင်းဆုံးလို့ ယူဆလို့ရတယ်"

"သူအစွမ်းထက်ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားရုံတင်မကဘဲ ဖျက်ဆီးလို့မရနိုင်တဲ့ စိတ်စွမ်းအားကိုလည်း ပိုင်ဆိုင်ထားသေးတယ်၊ သူ့ရဲ့မဆင်မခြင်တိုက်ခိုက်ရေးပုံစံနဲ့ သွေးကြောစွမ်းအားကိုသာ ပေါင်းလိုက်မယ်ဆိုရင် ဒါက ခြိမ်းခြောက်နိုင်လောက်တဲ့အထိ အရမ်းအားကောင်းတယ်"

မုဖူရှန်းစကားမပြောပေ။ 

စီနီယာအစ်ကိုရှောင်ဟိုင်၏ ခွန်အားကို သူလုံး၀သံသမရှိသော်လည်း ကူညီထောက်ပံ့ပေးသည့် အခန်းကဏ္ဍတွင် သူပါ၀င်ရန် လိုအပ်သည်။ 

သူ့လက်ထဲကအဆောင်စွမ်းအားနှင့် မျက်ခုံးကြားက ဝိဉာဉ်ဖြူမီးတောက်က ကိုယ်ခန္ဓာတင်းမာသွားသည်နှင့်တစ်ပြိုင်နက် လင်း၀င်းသွားခဲ့သည်။ 

ရှောင်ဟိုင်ထံတွင် တစ်ခုခုမှားသွားသရွေ့ သူချက်ချင်းတိုက်ခိုက်မည်ဖြစ်သည်။ 

"ဒီကလေးရဲ့ခွန်အားက နည်းနည်းတော့ ပုံမှန်မဟုတ်ဘူး" အဖော်မဲ့နတ်သခင် လေးနက်သည့်အသံဖြင့်ပြောသည်။ 

"ကြည့်ရတာ သူ့မှာ အထူးအခွင့်အရေးတစ်ချို့ရှိခဲ့ပုံပဲ"

နတ်သခင်ဟောင်တျန်း မည်သည့်စကားမှမဆိုဘဲ ပြုံးနေသည်။ 

မင်းနားမလည်ဘူးမလား!

မင်းနားမလည်တာကောင်းတယ်!

လက်ရှိငါတောင် စီနီယာလုရဲ့စွမ်းရည်ကို နားလည်နိုင်စွမ်းမရှိဘူး!

မင်းတို့ဆိုရင် ပြောနေစရာကိုမလိုတော့တာ!

မိုဂျီနှင့် ကျန်နှစ်ယောက်က နောက်ဆုံးတွင် နားလည်သွားကြသည်။ 

မည်သည့်အတွက်ကြောင့် နတ်သခင်ဟောင်တျန်း သူ့ကို ဒီမျှထိ ယုံကြည်နေရလေသနည်း။ 

မည်သည့်အတွက်ကြောင့် နယ်ပယ်ကြီးနှစ်ခုမြှင့်လျှင်ပင် တိုက်ခိုက်နိုင်သည်ဟု သူပြောခဲ့လေသနည်း။ 

ဒီလိုအထက်စီးဆန်လွန်းသည့်ခွန်အားအရ ဆိုပါက နတ်ဗိုလ်ချုပ်နယ်ပယ်က လူများက သူ့အတွက် ပြိုင်ဘက်မဟုတ်ဘဲ နတ်ဘုရင်နယ်ကယ် ကျွမ်းကျင်သူကသာ သူ့၏ ဓားသွေးကျောက်ဖြစ်လာနိုင်သည်။ 

သူ နတ်ဆိုးဘုရင်ပိုင်နက်က နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူနှင့် တိုက်မိစဉ် ရှောင်ဟိုင်၏ ခန္ဓာက အဆက်မပြတ် ပြိုကွဲနေသော်လည်း သူအဆက်မပြတ် ကောင်းမွန်လာနေပြီး သူ့ခွန်အားက အရင်ကထက်ပို၍ပင် ကြီးမားလာသည်။ 

ဒီအချိန်မှာပင် နတ်ဆိုးဘုရင်ပုံရိပ်ယောင်၏ အဆက်မပြတ် ထိုးနှက်မှုအောက်တွင် အရိုးကျိုးနေသည့် အသံများကို လေဟာနယ်ထဲတွင် ကြားနေရပြီး အသံက လူတိုင်းနားထဲ စွဲကျန်နေသည်။ 

အရိုးကွဲအက်နေသည့်အသံများ ပျောက်ကွယ်သွားသောအခါ နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူ၏ လက်မောင်းက သဘာ၀မကျဘဲ ကွေးသွားခဲ့ပြီး သူ့ပါးစပ်ကနေ လတ်ဆန်သောသွေးများ စီးကျလာကာ လွင့်စင်သွားလေတော့သည်။ 

ရှောင်ဟိုင်၏အမူအရာက အေးစက်နေသည်။ ဒဏ်ရာများကို ပြန်လည်ကုသပြီးနောက်တွင် သူနတ်ဗိုလ်ချုပ်နယ်ပယ် အစောပိုင်းအဆင့် ရုပ်ခွန်အားဖြင့် ပေါက်ကွဲသွားပြီး အောင်ပွဲကို ရယူရန်အတွက် ချက်ချင်းဆိုသလို ထိုလူအပေါ်သို့ ရောက်သွားကာ လက်သီးက အောက်ကနေ ကျဆင်းလာခဲ့သည်။ 

ဧရာမလက်သီးကြီးက နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူ၏ ခြေလက်အင်္ဂါများနှင့် အရိုးများကို လုံး၀ထိမှန်သည်။ 

သူပါးစပ်အပြည့်သွေးတစ်လုပ်အန်လျက် အမြောက်ဆန်တစ်ခုပမာ မြေကြီးပေါ်သို့ တိုက်ရိုက်ကျသွားသည်။ 

ဘန်း......!

ဒီအခိုက်အတန့်၌ ကြေမွနေသည့်မြေကြီးက ချက်ချင်းပြိုကွဲသွားသည်။ 

သူအာရုံခံမိသောအခါ အသက်ရှင်နေတာကို သဘောပေါက်လိုက်သည်။ သို့စေကာမူ သူ့အော်ရာက အလွန်အမင်းအားနည်းနေလေပြီ။ သူထပ်ပြီး မတိုက်ခိုက်နိုင်တော့သည်မှာ သိသာထင်ရှားနေလေပြီ။ 

ဘေးက နတ်ခန္ဓာဂိုဏ်းချုပ်၏မျက်နှာက ဖြူရော်နေခဲ့သည်။ 

ကျန်သောသူများကမူ ပို၍ပင် ထိတ်လန့်နေကြသည်။ 

နတ်သခင်ဟောင်တျန်း အထက်ကနေ ကျယ်လောင်စွာပြောသည်။ 

"မင်းတို့နှစ်ယောက်စလုံး ဒီမြင်ကွင်းကို ကြည့်ပြီးပြီဆိုမှတော့ ဂိုဏ်းကို ပြန်သွားသင့်ပြီလို့ ငါထင်တယ်"

အပိုင်း(971) coming။ 

All Chapters