← Chapters

#‌ကိစ္စရပ်များကို နားလည်လာခြင်း၊ အနက်ရောင်ချပ်၀တ်ပြန်လာခြင်း#

Vol. 69 Ch. 972

#‌ကိစ္စရပ်များကို နားလည်လာခြင်း၊ အနက်ရောင်ချပ်၀တ်ပြန်လာခြင်း#

Vol. 69 Ch. 972

နတ်ဆိုးဘုရင်ပိုင်နက်တွင် ရုတ်တရက် နယ်မြေအလယ်ဗဟိုမှ ဧရာမပေါက်ကွဲသံတစ်ခုက နတ်ဆိုးဘုရင်ပိုင်နက်တစ်ခုလုံးအတွင်း ပဲ့တင်ထပ်သွားပြီး နတ်ဆိုးနက်ချီက အလျင်အမြန်ပင် ပျံ့သွားသည်။ 

နတ်ဆိုးဘုရင်ပိုင်နက်က လူတိုင်း အလယ်ဗဟိုသို့ ထိတ်လန့်စွာ ကြည့်လိုက်ကြ၏။ 

ဒါက.... နတ်ဆိုးသခင်ရဲ့အော်ရာလား!

ဘာကတကယ်ပဲ နတ်ဆိုးသခင်ကို ဒီလောက်ထိ ဒေါသထွက်စေရတာလဲ!

ဒီအချိန်တွင် နတ်ဆိုးသခင်ခန်းမ၌ မိုဂျီ၏ အမူအရာက ကြောက်မက်ဖွယ်ရာကောင်းစွာ မည်းမှောင်နေပြီး သူ့ပါးစပ်ထောင့်စွန်း၌ သွေးများရှိနေသေးသည်။ 

သူ နတ်ဆိုးဘုရင်ခန်းမနံရံကို လက်နှင့် ရိုက်လိုက်ပြီးနောက် ပြင်းထန်စွာပြောသည်။ 

"ငါသာ အဲဒီပစ္စည်းကို ရနိုင်မယ်ဆိုရင် အဲဒီနတ်သခင်တွေနဲ့ တန်းတူရပ်တည်နိုင်မှာ၊ အဲဒီအချိန်ကျရင် သူတို့ငါ့ကို အခုလို အထင်သေးပြီးကြည့်ရဲဦးမှာလား"

ထို့နောက်သူအော်ဟစ်သည်။ 

"နတ်ဆိုးဘုရင်ပိုင်နက်က နတ်ဘုရင်နယ်ပယ်က လူတိုင်းပဲ၊ နတ်ဆိုးဘုရင်ခန်းမမှာ ငါ့ကိုအမြန်လာတွေ့ကြ"

တခြားတစ်ဘက်တွင် နတ်ဆိုးဘုရင်ပိုင်နက် အလင်းမရှိဘဲ မှောင်မိုက်နေသည့် အကျဉ်းထောင်တစ်ခုတွင် ကိုယ်ခန္ဓာနှင့်မျက်နှာက ဆံပင်ရှည်များနှင့် ဖုံးအုပ်နေသည့် အမျိုးသမီးတစ်ဦး မရေမတွက်နိုင်လောက်သည့် သံကြိုးများဖြင့် ချည်နှောင်ခံထားရသည်။ 

သူမ၏အော်ရာက အလွန်အမင်းကျဆင်းနေပြီး တစ်၀က်သေနေသည့်အလား ထင်ရသည်။ 

သို့စေကာမူ မိုဂျီ၏ ဒေါသတကြီးအော်သံကို ကြားသောအခါ သူမ‌အနည်းငယ် ခေါင်းမော့လိုက်မိသည်။ 

သူမ၏ဆံပင်များအကြားမှ ကွက်လပ်လေးအနည်းငယ်ရှိနေသည်။ 

အကယ်၍ အကျဉ်းထောင်ထဲတွင် အလင်းရောက်သာရှိနေမည်ဆိုပါက ဒီကွက်လပ်လေးကနေ ထိတ်လန့်ဖွယ်ရာ ဖြူစင်မှုကို မြင်နိုင်ပေလိမ့်မည်။ 

အချိန်ကာတစ်ခုအကြာတွင် အမျိုးသမီးက သူမ၏ခေါင်းမော့နေသည့် အနေအထားကို ထိန်းသိမ်းထားရင်း မလှုပ်မယှက် ဆက်ရှိနေသည်။ 

ရုတ်တရက် ပြန့်ကြဲနေသည့်ဆံပင်နက်များထဲကနေ ပေါ့ပါးသော်လည်း အလွန်အမင်းအားနည်းသည့် ရယ်မောသံတစ်သံ ထွက်လာခဲ့သည်။ 

"နောက်ဆုံးတော့ ဒီကိုရောက်လာပြီ...."

ထိုစကားလုံးများကို ပြောပြီးနောက် အမျိုးသမီးခေါင်းမော့ပြီး သူမ၏ဆံနွယ်စများကို မြေကြီးပေါ်ကျဆင်းသွားစေသည်။ 

အကျဉ်းထောင်ကလည်း နဂိုတိတ်ဆိတ်မှုသို့ ပြန်ရောက်သွားခဲ့သည်။ 

......

တခြားတစ်ဘက်တွင် နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသ၌ အရှင်သခင်ဂိုဏ်းနှစ်ဂိုဏ်းမှ နတ်ခန္ဓာဂိုဏ်းတစ်ခုလုံးက နတ်သခင်ဟောင်တျန်း၏ စကားလုံးများကြောင့် သုတ်သင်ရှင်းလင်းခံရပြီး အမွေးတိုင်လေးတစ်တိုင်ပင် မကျန်ခဲ့ပါ။ 

တစ်ချိန်တည်းမှာပင် အခြေခံအုတ်မြစ်ကိုလည်း ဒေါင်ချန်၀မ်ရယူခဲ့သည်။ 

နတ်သခင်ဟောင်တျန်းထံမှ ညွှန်ကြားချက်ကို မေးမြန်းပြီးနောက် ဒေါင်ချန်၀မ် နတ်ခန္ဓာဂိုဏ်း၏ အခြေခံအုတ်မြစ်အားလုံး ပါ၀င်သည့် ဟင်းလင်းပြင်လက်စွပ်ကို ယဲ့ချိုးပိုင်အား လက်ဆင့်ကမ်းပေးသည်။ 

"ဒါကိုယူထားလိုက်၊ ဒါတွေက နည်းနည်းတော့ အသုံး၀င်မှာပါ"

နတ်အစီအရင်ဂိုဏ်းနှင့် ကျန်သောဂိုဏ်းမှ လူများ ဒေါင်ချန်၀မ်၏ စကားလုံးများကို ကြားရသောအခါ သူတို့မျက်မှောင်ကြုတ်လိုက်ကြ၏။ 

နတ်ခန္ဓာဂိုဏ်းက ဘယ်လောက်ပင် ဆိုးနေပါစေ ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်း ဖြစ်နေဆဲပင်။ 

ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းရဲ့ အရင်းအမြစ်အားလုံးက နတ်စစ်သည်နယ်ပယ်က ဂျူနီယာလေးတစ်ယောက်အတွက် နည်းနည်းပဲအသုံး၀င်တာလား!

သို့စေကာမူ ဒေါင်ချန်၀မ်၏ စကားလုံးများနောက်ကွယ်မှ ပုန်းလျှိုနေသည့်အဓိပ္ပာယ်ကို သူတို့ဘယ်လိုလုပ် သိနိုင်မည်နည်း။ 

စီနီယာလုကဲ့သို့ နက်နဲလှသောဆရာတစ်ယောက်ရှိပါက အပြင်ပကမ္ဘာတွင် ရှိသည့် အရင်းအမြစ်များကို သူတို့ဘယ်လိုလုပ် မရနိုင်ဘဲနေမည်နည်း။ 

အပြင်ပကမ္ဘာတွင် မရှိခဲ့လျှင်ပင် စီနီယာလု၌ ဒါကို ရယူရန်အတွက် စွမ်းရည်ရှိသည်။ 

ဥပမာအားဖြင့် အာကာသနှလုံးသားဖြစ်သည်။ 

သူ နတ်သခင်နယ်ပယ်ဂိုဏ်းခုနှစ်ဂိုဏ်း၏ နှာခေါင်းအောက်တွင် ဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုပင် မဖော်ထုတ်ခဲ့ဘဲ အလွယ်တကူ ယူဆောင်သွားနိုင်သည်။ 

အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးတွင် ဒါကို ဘယ်သူကများ လုပ်နိုင်မည်နည်း။ 

နတ်သခင်ဟောင်တျန်းပင်လျှင် ဒါကို မလုပ်နိုင်ပေ။ ဒါကိုမြင်သော် ယဲ့ချိုးပိုင်ငြင်းလိုက်သည်။ 

"ကျွန်တော် စီနီယာတို့ကို အများကြီး ကူညီပေးဖို့ တောင်းဆိုခဲ့ပြီးပြီလေ၊ ကျွန်တော်တို့ ဒါကို လက်မခံနိုင်ပါဘူး"

ဒေါင်ချန်၀မ်တစ်ခုခုပြောချင်သော်လည်း နတ်သခင်ဟောင်တျန်း အပြုံးဖြင့် ကြားဖြတ်ပြောသည်။ 

"ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းရဲ့ အရင်းအမြစ်တွေက ငါတို့အတွက် အသုံး၀င်မယ်လို့ မင်းထင်လား"

နတ်သခင်ဟောင်တျန်း၏ စကားလုံးများက အနည်းငယ်မောက်မာသည်။ 

သို့စေကာမူ နတ်သခင်ဟောင်တျန်းတွင် ဒီလောက်ထိ မောက်မာရန်အတွက် အခွင့်အရေးရှိပါသည်။ 

ယဲ့ချိုးပိုင်ငြင်းချင်သေးသော်လည်း သူမုဖူရှန်း၏ တားဆီးခြင်းကို ခံလိုက်ရသည်။ မုဖူရှန်း ဒေါင်ချန်၀မ်ဆီက ဟင်းလင်းပြင်လက်စွပ်ကို လှမ်းယူပြီး ကျေးဇူးတင်ရန် လက်နှစ်ဖက်ဆုပ်သည်။ 

"ဒီလိုဆိုမှတော့ ကျေးဇူးပါ၊ စီနီယာတို့"

ယခုအချိန်ဒါကိုလက်ခံတာက ကျေးဇူးကြွေးတစ်ခုတင်လိုက်ခြင်းမဟုတ်ပါ။ 

ဟောင်တျန်းနတ်ဂိုဏ်း၏ လုပ်ရပ်များက သူတို့ဆရာနှင့် ပိုနီးကပ်ရန်အတွက် ဆက်တိုက် လုပ်ဆောင်နေတယ်ဆိုတာ သံသယမရှိပေ။ 

သူမဖြေသရွေ့ အဆင်ပြေပါသည်။ 

ဒါ့အပြင် သူတို့သာဆက်သွားနိုင်ပါက ပို၍ပျော်ရမည်သာ။ 

တစ်ခါတစ်ရံ လူတစ်ယောက်၏ လက်ဆောင်တွင် လက်ခံမလား၊ လက်မခံဘူးလားဆိုသော ဘက်နှစ်ဘက်ရှိသည်။ 

တစ်ခါတစ်လေ သူတို့လက်ခံပါက ဆိုးရွားသည့်သက်ရောက်မှုတစ်ခု ရှိလာပေလိမ့်မည်။ 

သို့စေကာမူ တစ်ခါတစ်‌လေ ဆက်လက်ငြင်းနေပါက ပို၍ပင်ဆိုးရွားသည့် အကျိုးဆက်များရှိလာနိုင်သည်။ 

ဒါကိုမြင်သော် နတ်သခင်ဟောင်တျန်း အနည်းငယ် ခေါင်းညိတ်ရင်း ဝှေ့ယမ်းကြည့်လိုက်စဉ် နတ်အစီအရင်ဂိုဏ်းကို တွေ့လိုက်ရသည်။ 

နတ်အစီအရင်ဂိုဏ်းချုပ်၏နှလုံးသားက တင်းကြပ်သွားရပြီး အလျင်အမြန်လက်သီးဆုပ်ကာ လေးစားစွာဦးညွတ်သည်။ 

"နတ်အစီအရင်ဂိုဏ်းက နတ်သခင်ဟောင်တျန်းကို နှုတ်ဆက်ပါတယ်"

နတ်သခင်ဟောင်တျန်း သူ့ကိုလျစ်လျုရှုပြီး ယင်းအစား ယဲ့ချိုးပိုင်တို့ကို ကြည့်လိုက်၏။ 

"သူတို့ရော မင်းတို့ကိုတိုက်ခိုက်ခဲ့လား"

"သူတို့ကိုလည်းဖျက်ဆီးလိုက်ကြရအောင်လေ"

နတ်သခင်အဆင့်ဂိုဏ်းအောက်က ဂိုဏ်းတိုင်းက ပုရွက်ဆိတ်များပမာသာဖြစ်ပြီး ဖျက်ဆီးခံရလျှင်ပင် အဆင်ပြေသည်။ 

နတ်အစီအရင်ဂိုဏ်း နတ်သခင်ဟောင်တျန်း၏ စကားလုံးများကို ကြားသောအခါ ကြောက်လွန်းသဖြင့် သူတို့၏မျက်နှာများပင် သွေးဆုတ်ဖြူရော်သွားကြ၏။ 

နတ်အစီအရင်ဂိုဏ်းချုပ် အလျင်အမြန် လက်ဝှေ့ယမ်းသည်။ 

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ဒီဖြစ်စဉ်တစ်ခုလုံးမှာ ကျွန်တော်တို့ရဲ့ နတ်အစီအရင်ဂိုဏ်းက တစ်ခါမှ မပါ၀င်ခဲ့ဖူးပါဘူး"

သူက နတ်သခင်ဟောင်တျန်း သူ့ကို မယုံဘဲ တစ်ချက်တည်းနှင့် သတ်ပစ်မည်ကို ကြောက်နေသည့်အလားပင်။ 

သူအလျင်အမြန်ပင် ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့် ကျန်သောသူများကို ကြည့်ရင်း စိုးရိမ်ပူပန်စွာပြောသည်။ 

"ညီလေးတို့၊ ငါတို့ရဲ့နတ်အစီအရင်ဂိုဏ်းက အခုအချိန်ထိ ဘာမှမလှုပ်ရှားသေးဘူးဆိုတာ မင်းတို့လည်းသိတယ်မလား၊ ဒါပေမယ့် အောက်က တစ်ယောက်ယောက်က ဒီကိစ္စထဲမှာ ပါ၀င်ခဲ့မယ်ဆိုရင် ငါ့ကိုပြောလိုက်ပါ၊ ငါသူ့ကိုသေတဲ့အထိ ချက်ချင်း ရိုက်သတ်ပစ်မယ်"

ဒါ့အပြင် သူက ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်နေသည်။ 

ယခုတွင်မူ သူက ခွင့်လွှတ်ပေးရန်အတွက် တောင်းဆိုနေသည့် ရာဇ၀တ်သားတစ်ဦးအသွင် သူ့အ၀တ်အစားများက ချွေးအေးများကြောင့် စိုရွှဲနေလေပြီ။ 

နတ်သခင်ဟောင်တျန်း ခေါင်းညိတ်သည်။ 

နတ်အစီအရင်ဂိုဏ်းချုပ်မှာ ဂိုဏ်းသားများမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။ 

"ကောင်းပြီ၊ ဒီကိစ္စကပြီးသွားပြီဆိုတော့ ငါတို့အရင်သွားတော့မယ်"

နတ်သခင်ဟောင်တျန်း ရှောင်ဟိုင်ကို ကြည့်လိုက်သည်။ 

"နတ်ဘုရင်နယ်ပယ်အောက်က လူတွေကိုတောင် မင်းတို့ကိုယ်တိုင် ကိုင်တွယ်ရမယ်၊ နတ်ဘုရင်နယ်ပယ်အထက်က လူတွေအတွက်တော့ သူတို့မှာ နတ်ဘုရင်နယ်ပယ်အထက်က ကျင့်ကြံသူတွေကို ဆော်ဩဖို့အတွက် သတ္တိမရှိဘူး၊ သူတို့တကယ်လာခဲ့ရင် ငါ့ဆီကို အချိန်မရွေး အသံပို့လိုက်"

ရှောင်ဟိုင်ခေါင်းညိတ်ရင်း လက်သီးဆုပ်သည်။ 

"ကျေးဇူးပါ စီနီယာ"

နတ်သခင်ဟောင်တျန်းပြုံးရင်း မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။ 

တစ်ချိန်တည်းမှာပင် နတ်သခင်နယ်ပယ်၏ ကြောက်မက်ဖွယ်ရာအော်ရာကလည်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ 

လူတိုင်း ဧရာမတောင်ကြီးတစ်လုံးက သူတို့ကိုယ်ပေါ်ကနေ အဝေးကိုရွေ့သွားသည့်အလား သူတို့ကိုယ်ခန္ဓာများ ပြေလျော့သွားသလို ခံစားလိုက်ကြရသည်။ 

နတ်သခင်ဟောင်တျန်းနှင့် ဒေါင်ချန်၀မ်ထွက်သွားတာကို မြင်ရသောအခါ နတ်အစီအရင်ဂိုဏ်းချုပ် စိတ်သက်သာရာရစွာ သက်ပြင်းချပြီးနောက် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား ကြည့်ကာပြုံးသည်။ 

"အားလုံးပဲ၊ တစ်ခုခုလိုတယ်ဆိုရင် ငါ့ကိုပြောရုံပဲ၊ ငါတို့နတ်အစီအရင်ဂိုဏ်းက လုပ်နိုင်သရွေ့ မင်းတို့ကို ကျေနပ်စေဖို့အတွက် ငါတို့သေချာပေါက် အကောင်းဆုံး လုပ်ဆောင်မှာပါ"

ယခုလိုအစွမ်းထက်နောက်ခံကို မဆိုထားနဲ့၊ ဒီလိုကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ပါရမီနှင့်ပင် သူတို့ကို ချည်နှောင်ထားရန် ထိုက်တန်ပါသည်။ 

ရှောင်ဟိုင်သူ့ကိုစိုက်ကြည့်ရင်း တည်ငြိမ်စွာပြောသည်။ 

"ကျုပ်တို့ကို မနှောင့်ယှက်ရင်ရပါပြီ"

နတ်အစီအရင်ဂိုဏ်းချုပ် ဒါကိုကြားသော် ချက်ချင်းပင်ပြောသည်။ 

"ဒါကိုငါတို့အရင်ထွက်သွားပါမယ်"

ထို့နောက် သူနတ်အစီအရင်ဂိုဏ်းက တပည့်များ၊ အကြီးအကဲများနှင့်အတူ ထွက်သွားလေတော့သည်။ 

ကျန်သောဂိုဏ်းများက ကျွမ်းကျင်သူများကလည်း တစ်ဦးပြီးတစ်ဦးထွက်သွားကြသည်။ 

လူတိုင်းထွက်သွားပြီးနောက် ရှောင်ဟိုင်ပြောသည်။ 

"ကျွန်တော့်ကို ကာကွယ်ပေးဖို့အတွက် ဒုက္ခပေးရပြန်တော့မယ်"

ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက်ခေါင်းညိတ်ပြီး ၀န်းရံထားလိုက်ကြ၏။ 

ရှောင်ဟိုင် နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်ကို ကြည့်လိုက်၏။ နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်က သူ့ဘက်ကို ပြန်လာခဲ့သော်လည်း ရှောင်ဟိုင်၏ သွေးကြောက ကမ္ဘာတုန်လှုပ်ဖွယ် ပြောင်းလဲမှုတစ်ခုကို ကြုံကြိုက်ခဲ့ရသည်။ သူဆက်သွယ်မှုအသစ်တစ်ခုကို တည်ဆောက်ရန် လိုအပ်နေဆဲပင်။ 

အပိုင်း(973) coming။ 

All Chapters