#ဘက်ပေါင်းစုံက သံသယများ၊ နဂါးသွေးကြောမြေ#
Vol. 69 Ch. 973
နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသက အဆင့်မြင့်ကြယ်နယ်မြေတွင် မထင်ရှားသော ကြယ်ဒေသတစ်ခုဖြစ်သည်။
သို့စေကာမူ ထိုသို့ဆိုလျှင်ပင် ယင်ယန်နတ်သခင်၊ အဖော်မဲ့နတ်သခင်နှင့် နတ်သခင်ဟောင်တျန်း၊ အစရှိသည့် နတ်သခင်သုံးဦး၏ ပါ၀င်မှုနှင့်အတူ ဖြစ်ရပ်များက အဆုံးမဲ့ပုံကြီးချဲ့သွားခဲ့သည်။
သို့သော် အားလုံးကို မပြောရဲသဖြင့် အရာများစွာ ကျန်ရစ်နေခဲ့သည်။
အကယ်၍ ယခုလိုကျွမ်းကျင်သူများ၏ သတင်းအချက်အလက်များကို အဆင်အခြင်မဲ့ထုတ်ဖော်ပြီး နတ်သခင်များကို ဒေါသထွက်စေပါက သူတို့အညှာတာကင်းမဲ့စွာ အသတ်ခံရပေလိမ့်မည်။
သို့တိုင် အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေသည့် သတင်းအပိုင်းအစတစ်ခုရှိပါသေးသည်။
ထိုအချိန်က နတ်ဆိုးဘုရင်ပိုင်နက်မှ အလွန်အမင်းပါရမီရှိသည့် နတ်ဆိုးသခင်က နတ်သခင်နယ်ပယ်ကျွမ်းကျင်သူနှစ်ဦး၏ တိုက်ခိုက်မှုအောက်တွင် အမှန်တကယ်ရှင်ကျန်ခဲ့ပြီး ပြန်လည်မွေးဖွားလာခဲ့သည်။
ရှောင်ဟိုင်က ထိုခေတ်က အဆင့်မြင့်ကြယ်နယ်မြေ၏ ကျော်ကြားသည့်တည်ရှိမှုတစ်ခုဖြစ်သည်။
တကယ်တမ်းတွင် မျက်စိအဖမ်းစားဆုံးသတင်းက နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသမှ ယဲ့ချိူးပိုင်၊ မုဖူရှန်း၊ ဖန်ချန်း၊ ရှောင်ဟိုင်တို့ကဲ့သို့ အံ့ဖွယ်ပါရမီရှင်များ နောက်တွင် ဆရာတစ်ယောက် ရပ်တည်နေခြင်းပင်။
ဒီဆရာဆိုသူက နတ်သခင်ဟောင်တျန်း သူတို့ရှေ့တွင်ရပ်ပြီး သူတို့ကိုကူညီပေးရသည့် အဓိကအကြောင်းရင်း ဖြစ်ပုံရသည်။
ဒီအခိုက်အတန့်တွင် ဒီသတင်းကို ရခဲ့ကြသည့် အဆင့်မြင့်ပုဂ္ဂိုလ်အားလုံးက နတ်သခင်ဟောင်တျန်းကိုပင် ကိုယ်တိုင်ကူညီအောင် လုပ်နိုင်သည့် ဒီတန်ခိုးရှင်က ဘယ်သူလဲဆိုတာ သိချင်နေကြသည်။
ရွှေတောင်ပံဂဠုန်ကလန်ခေါင်းဆောင် ဒီသတင်းကို ရရှိသောအခါ ထူးဆန်းသည့် အမူအရာဖြင့် ပြောသည်။
"နတ်သခင်ဟောင်တျန်းကိုတောင် ဒီလိုကိုယ်တိုင်ကိုယ်ကျ ကူညီရအောင် လုပ်နိုင်တဲ့သူက ဘယ်သူများလဲ"
"ကျန်တဲ့နတ်သခင်တွေကတော့ သေချာပေါက် မဖြစ်နိုင်ဘူး၊ နတ်သခင်ဟောင်တျန်းရဲ့ မောက်မာတဲ့စရိုက်နဲ့ အခုသူ့ရဲ့အဆင့်ချိုးဖျက်သွားပုံအရဆိုရင် တခြားနတ်သခင်တွေကို သူအရမ်းကြီး တွေးမှာမဟုတ်ဘူး"
"နတ်သခင်ဟောင်တိန်းထက်တောင် ပိုအစွမ်းထက်တဲ့ တန်ခိုးရှင်တစ်ယောက် ရှိနေတာများလား"
ကျင်းဝူကျင်းတိတ်ဆိတ်နေသည်။
သို့စေကာမူ လူတစ်ယောက်က သူ့စိတ်ထဲတွင် ရုတ်တရက်ပေါ်လာခဲ့သည်။
သေမျိုးကျေးရွာတွင် ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းကို ဖျက်ဆီးခဲ့သည့် ခန့်မှန်း၍ မရလောက်အောင် နက်ရှိုင်းသည့် ထို၀တ်စုံဖြူလူ.....!
တကယ်ပဲ သူများလား!
ဒါပေမယ့်သူမဟုတ်ဘူးဆိုရင် ဘယ်သူဖြစ်နိုင်သေးလို့လဲ!
.....
ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်တွင် ကျိချန်းယောင်၏ ဆရာဖြစ်သည့် ကျိလျိုချီမှာ ကျိချန်းယောင်အား ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး သင်ကြားပေးနေသည်။
ရုတ်တရက် မဟာအကြီးအကဲရောက်လာပြီး သူတို့နှစ်ယောက်ကို သတင်းများအား ပြောပြလိုက်၏။
ကျိလျိုချီအနည်းငယ် အံ့ဩသင့်သွားပြီးနောက် စိတ်၀င်စားသွားပုံရသည်။
"နတ်သခင်ဟောင်တျန်းကို ဒီလိုလုပ်စေနိုင်တဲ့ လူတွေက အများကြီးမရှိဘူး..."
တစ်ခဏတာစိတ်ရှုပ်ထွေးနေပြီးနောက် ကျိချန်းယောင် ရုတ်တရက်ပျော်သွားပုံရသည်။
"ဆရာ၊ စီနီယာလုများလား"
စီနီယာလု!
ဒါကိုကြားပြီးနောက် ကျိလျိုချီတစ်ခဏမျှ တွေးလိုက်သည်။ ဒါက တကယ်တမ်းတွင် ဖြစ်နိုင်ပေသည်။
သူတို့လုချန်ရှန်း၏ တကယ့်ခွန်အားစစ်စစ်ကို မသိသော်လည်း ကျိလျိုချီပင် မမြင်နိုင်သလို ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းကို ချက်ချင်းဖျက်ဆီးပစ်နိုင်သည့် သူတစ်ယောက်က အနည်းဆုံးတော့ နတ်သခင်နယ်ပယ်တွင် ရှိရပေမည်။
ဒါ့အပြင် နတ်သခင်ဟောင်တျန်းကို အဆင့်ချိုးဖျက်ရန်အတွက် တစ်ယောက်ယောက် လမ်းညွှန်ပေးခဲ့သည်ဟု ကောလဟာလလည်းရှိသေးသည်။
ဒါကိုတကယ်ပဲ စီနီယာလုလုပ်ခဲ့တာလား!
ဒီလိုဆိုပါက အရာအားလုံး အဓိပ္ပာယ်ရှိသွားလေပြီ။
သို့စေကာမူ ကျိချန်းယောင်၏ ပျော်နေသည့်အမူအရာကို ကြည့်ပြီးနောက်တွင် ဒါက သူမကျင့်ကြံခြင်းအတွက် အရေးပါသော ကာလတစ်ခုဆိုတာ ကျိလျိုချီနားလည်လာသည်။
ကျိလျိုချီ သူမအား အာရုံမပြောင်းစေချင်သဖြင့် ပြုံးကာပြောသည်။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ပုန်းလျှိုနေတဲ့ကျွမ်းကျင်သူတွေက နေရာတိုင်းမှာရှိတယ်၊ သူတို့က အမည်မသိရသလို ဆန်းကြယ်ပြီး အင်မတန်အစွမ်းထက်တဲ့ စွမ်းရည်တွေရှိကြတယ်"
"နင်က ကောင်းကောင်းကျင့်ကြံ၊ အာရုံမပြောင်းနဲ့၊ အရမ်းကြီးမတွေးနဲ့၊ နင်အရမ်းမြင့်မားတဲ့ နယ်ပယ်တစ်ခုအထိ ကျင့်ကြံပြီးတဲ့အခါကျရင် သူနဲ့ ဘေးချင်းယှဉ်ပြီး ရပ်ဖို့အတွက် အခွင့်အရေးတစ်ခုရလိမ့်မယ်၊ နားလည်လား"
"မဟုတ်ဘူးဆိုရင် နင်သူ့ကျောကိုတောင် မမှီဘူးဆိုရင် သူ့ကိုဘယ်လိုလုပ်မှီနိုင်မှာလဲ"
ဒါကိုကြားသောအခါ ကျိချန်းယောင် ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ သူမဆရာက အမှန်တရားကို ပြောဆိုနေခြင်းပင်။
သူတို့နှစ်ယောက်အကြားက ခွန်အားအရာ၌ ကွာခြားချက်က အရမ်းကြီးမားလွန်းသည်။
အတိတ်က ကျိချန်းယောင် သူမဆရာ၏ အတွေးများအတိုင်းလိုက်နာပြီး နန်းတော်သခင်အဖြစ် ရာထူးကိုသာ ယူချင်ခဲ့သည်။
လက်ရှိသူမအစီအစဉ်က လုချန်ရှန်းကို အမီလိုက်နိုင်ရန်အတွက် နတ်သခင်တစ်ဦးဖြစ်လာရန်ပင်။
ဒါကိုတွေးမိသောအခါ ကျိချန်းယောင် သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်ရင်း ဆက်လက်ကျင့်ကြံလိုက်သည်။
ဒီမြင်ကွင်းကိုမြင်သော် ကျိလျိုချီပြုံးရင်း အနည်းငယ်ခေါင်းညိတ်သည်။
ယခုလိုပန်းတိုင်နှင့် ဒါကို လှုံ့ဆော်မှုတစ်ခုအဖြစ် ပြောင်းလဲပစ်ခြင်းဖြင့် ဒါက ကျိချန်းယောင် အထက်အကန့်အသတ်အဆင့်ကို ချိုးဖျက်ရန်အတွက် အဓိကလက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။
.....
တစ်ချိန်တည်းမှာပင် နတ်သခင်အဆင့်ဂိုဏ်းများ၏ မှန်းဆချက်များက အံ့ဩစရာကောင်းလောက်အောင်ပင် တူညီနေခဲ့သည်။
ထိုဂျူနီယာလေးယောက်၏ ဆရာက နတ်သခင်ဟောင်တျန်းကို အဆင့်ချိုးဖျက်ရန်အတွက် ညွှန်ကြားပေးခဲ့သည့် ဆန်းကြယ်သည့်တန်ခိုးရှင်ဖြစ်နိုင်ချေများသည်။
နတ်သခင်ဂိုဏ်းအသီးသီးက နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသတွင် သူလျှိုများ စိုက်ပျိုးထားကြပြီး ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြသည်။
ခေးအောစ့်အနှစ်သာရဓားဘိုးဘေးတွင်သာ မည်သည့်လှုပ်ရှားမှုမှ မရှိသည့်အလား ထင်ရသည်။
.....
နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသတွင် ရှောင်ဟိုင် သူ့သွေးအဆီအနှစ်ကို နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်ပေါ် သွန်းထည့်ပြီး ဆက်သွယ်မှုတစ်ခု ထပ်မံစတင်တည်ဆောက်သည်။
မည်သို့ပင်ဆိုစေကာမူ လုချန်ရှန်း၏ သွေးအဆီအနှစ်အကူအညီဖြင့် ရှောင်ဟိုင်၏ သွေးကြောက ကမ္ဘာတုန်လှုပ်ဖွယ်ရာ အပြောင်းအလဲတစ်ခုကို ကြုံကြိုက်ခဲ့ရသည်။
တကယ်တမ်းတွင် နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်နှင့် ပြန်ဆက်သွယ်ရန်ဟူသည် အတော်လေးလွယ်ကူနေဆဲပင်။
မူလက ရှောင်ဟိုင်၏သွေးကြောစွမ်းအားဖြင့် သူဒါကိုအလွယ်တကူ လုပ်နိုင်သည်။
ယခုတွင်မူ လုချန်ရှန်း၏ သွေးအဆီအနှစ်တစ်စက်ကိုလည်း ပေါင်းထည့်ခဲ့လေရာ သူ့အတွက် ပြန်ရယူရန်ဟူသည် အရမ်းကြီး မလွယ်ကူတော့ပါ။
သွေးအဆီအနှစ်ကို နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်ပေါ်သို့ သွန်ထည့်ပြီးနောက်တွင် ကြောက်စရာကောင်းသည့် နတ်ဆိုးနက်ချီက မုန်တိုင်းတစ်စင်းအဖြစ် ပြောင်းသွားပြီး လေဟာနယ်ကို ချက်ချင်းနီးပါးဆိုသလို ဖြတ်သန်းတိုက်ခတ်လာသည်။
ဒါက ရှောင်ဟိုင်ကို မုန်တိုင်းမျက်စိပမာ ချက်ချင်းဝိုင်းရံပစ်သည်။
နတ်ဆိုးနက်ချီကလည်း ရှောင်ဟိုင်ကိုယ်ထဲတွင် အဆက်မပြတ်ပေါင်းစပ်နေပြီး သူ့ကိုယ်ကို အားဖြည့်နေသည်။
နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်ကလည်း ရှောင်ဟိုင်ကိုယ်ထဲတွင် ပေါင်းစပ်နေသည်။
နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်က သာမန်ချပ်၀တ်တစ်ခုမဟုတ်ပေ။
ဒီထဲတွင် လျှို့ဝှက်ဆန်းကြယ်သည့် ရှုထောင့်များစွာရှိသည်။ ထို့ထဲကတစ်ခုက ၀တ်ဆင်ရန်မလိုအပ်ခြင်းပင်။ ၎င်း၏ အသိအမှတ်ပြုမှုကို ရပြီးနောက်တွင် နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်က ပိုင်ရှင်၏ ခန္ဓာနှင့် အလိုအလျောက် ပေါင်းစပ်သွားပေလိမ့်မည်။ ပိုင်ရှင်၏ ခန္ဓာကို အားဖြည့်ရင်း ပိုင်ရှင်တွင် အတွေးတစ်ချက် ရှိနေသရွေ့ ဒါက ချက်ချင်းပင် ရုပ်ခန္ဓာတစ်ခုအဖြစ်ပြောင်းပြီး ပိုင်ရှင်ခန္ဓာ၌ ၀တ်ဆင်ပြီးသားဖြစ်သွားပေလိမ့်မည်။
မကြာမီ နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်က ရှောင်ဟိုင်၏ကိုယ်ထဲတွင် အောင်မြင်စွာ ပေါင်းစပ်သွားခဲ့သည်။
နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်၏ အကူအညီနှင့်အတူ သူ့ရုပ်ခွန်အားက နတ်ဗိုလ်ချုပ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်သွားခဲ့သည်။
ရှောင်ဟိုင်၏ လက်ရှိခွန်အားဖြင့် သူနတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်၏ စွမ်းအားကို အပြည့်အ၀ မထုတ်လွှတ်နိုင်သေးပါ။
သို့စေကာမူ ဒါကလည်း သူ့ခွန်အားကို အကြီးအမားတိုးလာစေနိုင်သည်။
ဒီအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ရှောင်ဟိုင်မျက်လုံးဖွင့်ကာ ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက်ကို ကြည့်ရင်း ပြုံးသည်။
"ကျွန်တော်ပြီးသွားပြီ"
ယဲ့ချိုးပိုင်ခေါင်းညိတ်ပြီး တိမ်ပြာဓားကို သိမ်းဆည်းလိုက်၏။
"ကြည့်ရတာ ဒီခရီးမှာ မင်းအတော်များများရခဲ့ပုံပဲ"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"ကျွန်တော့်ခွန်အားတွေ ထပ်တိုးလာခဲ့သလို ထပ်ပြီး အရေးကြီးတဲ့ သတင်းအချက်အလက်တွေကိုလည်း ရခဲ့တယ်"
"အို"
ဖန်ချန်းသိချင်စိတ်နှင့်မေးသည်။
"ဘာသတင်းအချက်လဲ"
ရှောင်ဟိုင်ရှင်းပြသည်။
"အရင်က ငါ့စိတ်ဝိဉာဉ်သုံးခုထဲက သုံးခုနဲ့ ဝိဉာဉ်ခုနှစ်ခုထဲက ခြောက်ခုဆုံးရှုံးခဲ့ရတယ်မလား၊ ငါအရင်ကရှာတွေ့ခဲ့တာက ဝိဉာဉ်ခြောက်ခုစလုံးပဲ၊ နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်က ငါ့ကိုပေးတဲ့သတင်းအချက်အလက်က စိတ်ဝိဉာဉ်သုံးခုထဲက တစ်ခုဖြစ်တဲ့ သန္ဓေသားအလင်းပဲ"
ရှောင်ဟိုင်ပြန်လည်မွေးဖွားလာပြီးနောက် စိတ်ဝိဉာဉ်သုံးခုနှင့် ဝိဉာဉ်ခြောက်ခု ဆုံးရှုံးခဲ့ပြီး ဝိဉာဉ်တစ်ခုတည်းသာ ကျန်ခဲ့သည်။
"အဲဒါဘယ်မှာလဲ"
"အဲဒါကအဆင့်မြင့်ကြယ်နယ်မြေမှာပဲ" ရှောင်ဟိုင်မျက်မှောင်ကြုတ်သည်။
"ဒါပေမယ့် အဲဒီနေရာနဲ့ပတ်သက်ပြီး ငါ့မှာ မှတ်ဉာဏ်တွေသိပ်မရှိဘူး၊ ဒါ့အပြင် ငါ့လက်ရှိခွန်အားအရဆိုရင် ဒါကို စုပ်ယူဖို့ မလုံလောက်မှာကို စိုးရိမ်မိတယ်၊ အနည်းဆုံးတော့ ငါနတ်ဗိုလ်ချုပ်နယ်ပယ်အထွတ်အထိပ်အဆင့်ကို ရောက်ဖို့လိုတယ်"
မုဖူရှန်းပြုံးသည်။
"အဆင်ပြေပါတယ်၊ နတ်ခန္ဓာဂိုဏ်းရဲ့ ဟင်းလင်းပြင်လက်စွပ်ထဲမှာ ရှေးဟောင်းတုံကင်တစ်ခုနဲ့ မြေပုံတစ်ခုရှိနေတာပဲ"
"အဲဒီနေရာက နဂါးသွေးကြောတစ်ခုဖြစ်ပုံရတယ်"
အပိုင်း(974) coming။