#ငါ့ဘ၀မှာ လုပ်ဖူးသမျှအရာတွေထဲ နောက်တအရဆုံးအရာ#
Vol. 69 Ch. 974
ရှေးခေတ်ကတည်းက နဂါးနှင့် ဖီးနစ်များနှင့် ဆက်ဆံရေးရှိနေသရွေ့ ဒါက သေချာပေါက် လွယ်ကူမည်မဟုတ်။
မည်သို့ပင်ဆိုစေကာမူ နဂါးနှင့်ဖီးနစ်မျိုးနွယ်စုများက ရှေးခေတ်က နတ်သားရဲမျိုးနွယ်များဖြစ်နေကြသည် မဟုတ်ပေလော။
သူတို့က အတော်လေးအစွမ်းထက်သည်။
နဂါးဖီးနစ်ကပ်ဘေးကြောင့်သာ မဟုတ်ပါက နဂါးနှင့်ဖီးနစ်မျိုးနွယ်စုများက ဒီအဆင့်မြင့်ကြယ်နယ်မြေတွင် နတ်သခင်အဆင့်ဂိုဏ်းများထက် သာလွန်သည့် တည်ရှိမှုများဖြစ်နေလောက်သည်။
နဂါးသွေးကြောအတွက်မူ သူနဂါးတစ်ကောင်နှင့် ဆက်နွှယ်နေသရွေ့ အဆုံးမဲ့ဖြစ်နိုင်ချေများစွာရှိသည်။
ထိုနဂါးသွေးကြောက မရေမတွက်နိုင်လောက်သည့် ထိပ်တန်းနဂါးများ သေဆုံးပြီးနောက် နဂါးအရိုးများ၊ နဂါးသွေးပမာဏအများအပြားနှင့် ပြောင်းပြန်အကြေးခွံများကနေတဆင့် ဖြစ်တည်လာခြင်းပင်။
နဂါးသွေးကြောထဲတွင် သွေးအဆီအနှစ်များက အတော့်ကို ပေါကြွယ်၀သည်။
ထို့ထဲတွင် နဂါးမျိုးနွယ်စု၏ မရေမတွက်နိုင်လောက်သော လျှို့ဝှက်ရတနာများလည်းရှိသည်။
နဂါးသွေးကြောကို ရနိုင်သည့်ဂိုဏ်းက ကောင်းကင်ကိုပင် ထိုးတက်သွားနိုင်သည်ဟု ဆိုနိုင်ပေသည်။
သို့မဟုတ် နဂါးသွေးကြောပေါ်၌ ဂိုဏ်းထူထောင်သည့် ဂိုဏ်းက ဂိုဏ်း၏ ကံကြမ္မာကို ကြီးမားစွာ တိုးပွားစေမည်ဟု ဆိုပါက ပိုမှန်သည်။
အနည်းဆုံးတော့ ဂိုဏ်း၏ သက်တမ်းကြာရှည်မှုကို အာမခံနိုင်သည်။
သို့စေကာမူ ဖန်ချန်းစိတ်ရှုပ်ထွေးနေသည်။
"ဒီလိုဆိုရင် ဘာလို့နတ်ခန္ဓာဂိုဏ်းက နဂါးသွေးကြောမြေပုံကို မသိမ်းပိုက်ရတာလဲ"
မုဖူရှန်း တစ်ခဏမျှတွေးလိုက်သည်။
"ဖြစ်နိုင်ချေနှစ်ခုတည်းပဲရှိတယ်၊ နဂါးသွေးကြောက အရမ်းအန္တရာယ်များပြီး မရေမတွက်နိုင်လောက်တဲ့ အန္တရာယ်တွေရှိတာမို့ နတ်ခန္ဓာဂိုဏ်းက ဂိုဏ်းကို နဂါးသွေးကြောကို ရွေ့ဖို့အတွက် လုံလောက်အောင် အားမကောင်းဘူး"
"ဒုတိယတစ်ခုက နဂါးသွေးကြောကို မျက်စိကျနေတဲ့ ပိုအစွမ်းထက်တဲ့ဂိုဏ်းတွေ အများကြီးရှိတယ်၊ နတ်ခန္ဓာဂိုဏ်းက ၀င်ပြီး ဝေစုရယူနိုင်မှာမဟုတ်ဘူး"
ရှောင်ဟိုင်မေးသည်။
"အခုနဂါးသွေးကြောကို သွားသင့်လား"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ဒါကအခုသွားရမယ့် တစ်ခုတည်းသောနေရာပဲ၊ မင်းခွန်အားလည်း တိုးလာပြီဆိုတော့ နောက်ထပ်စိတ်ဝိဉာဉ်သုံးခုရဲ့ တည်နေရာကို ရှာလို့ရပြီပေါ့"
"နဂါးသွေးကြောကဘယ်မှာလဲ" ရှောင်ဟိုင် မုဖူရှန်းကို လှမ်းကြည့်လိုက်၏။
မုဖူရှန်းမြေပုံကို ထုတ်ယူကာ မီးတောက်နဂါးနီလေးတစ်ကောင်ရှိသည့် နေရာကို ညွှန်ပြသည်။
"ကျောက်စိမ်းရေကန်ကြယ်ပိုင်နက်"
နတ်ခန္ဓာဂိုဏ်းတွင် သူတို့လေးယောက် လေဟာနယ်ပို့ဆောင်ခြင်းအစီအရင်ကို သုံးရင်း ကျောက်စိမ်းရေကန်ကြယ်ပိုင်နက်သို့ ဦးတည်လိုက်ကြ၏။
ကျောက်စိမ်းရေကန်ကြယ်ပိုင်နက်က အတော်လေးဝေးသည်။
၁၅ရက်ကြာခရီးထွက်ပြီးနောက် သူတို့ပန်းတိုင်ကို ရောက်လာကြသည်။
ကျောက်စိမ်းရေကန်ကြယ်ဒေသကို ရောက်လာပြီးနောက်တွင် သူတို့အရင်းအမြစ်အများကြီးဆီကနေ စုံစမ်းခဲ့ကြသည်။
ကျောက်စိမ်းရေကန်ကြယ်ပိုင်နက်ကို ပထမတန်းစားဂိုဏ်းဖြစ်သည့် ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်က အုပ်ချုပ်သည်။
သို့စေကာမူ အကြောင်းရင်းတစ်ချို့ကြောင့် တခြားပထမတန်းစားဂိုဏ်းများက ကျောက်စိမ်းရေကန်ကြယ်နယ်မြေကို စတင်၀င်လာခဲ့ကြပြီး ဒီပိုင်နက်အတွင်း ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်၏ ကြီးစိုးမှုနှင့် ထိန်းချုပ်မှုက စတင်ကျဆင်းလာခဲ့သည်။
ရလဒ်အဖြစ် အပေါ်ယံ၌ ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်က အဓိကအင်အားစုဖြစ်နေသေးသော်လည်း ထိုဂိုဏ်းများက ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်၏ လျှို့ဝှက်ဆန်းကြယ်သည့် နယ်မြေအရင်းအမြစ်အများစုကို ခွဲဝေထားတယ်ဆိုတာ လူတိုင်းကောင်းကောင်းသိကြသည်။
ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်၏ ကြီးစိုးမှုက ရှေ့ဆက်မသွားတော့ဘဲ အတိတ်တွင်သာ လုံး၀ကျန်ရစ်နေခဲ့တော့သည်။
တစ်ချိန်တည်းမှာပင် မုဖူရှန်း နဂါးသွေးကြောပတ်၀န်းကျင်ကို စူးစမ်းစစ်ဆေးရန်အတွက် တစ်ယောက်တည်းသွားခဲ့သည်။
သို့စေကာမူ နဂါးသွေးကြောမြေပတ်လည်၌ မရေမတွက်နိုင်လောက်သည့် လျှို့ဝှက်အစောင့်များစွာရှိနေတာကို သူတွေ့ခဲ့သည်။ တစ်ချိန်တည်းတွင် အလွန်အမင်းအစွမ်းထက်သည့် ကျင့်ကြံသူများလည်း ရှိသည်။
သူတို့က အနည်းဆုံးတော့ နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်များ ဖြစ်ကြသည်။
ဘက်ပေါင်းစုံ၌ စူးစမ်းရှာဖွေနေကြသည့် နတ်အင်ပါယာနယ်ပယ်ကျွမ်းကျင်သူတစ်ချို့ပင် ရှိသည်။
အစီအရင်နှင့်အဆောင်များက နေရာတိုင်းတွင်ရှိသည်။
ဒီနဂါးသွေးကြောမြေကို ထိုးဖောက်၍မရနိုင်သော နံရံတစ်ခုနှင့် ၀န်းရံထားသည်ဟာ ဆို၍ရသည်။
မုဖူရှန်းပင်လျှင် အတင်းမ၀င်နိုင်သလို ခိုးကြောင်ခိုးဝှက်လည်း မ၀င်နိုင်ဘဲ အကူအညီမဲ့စွာ ပြန်လာရုံသာ တတ်နိုင်သည်။
အကယ်၍ သူသာ နက်နက်ရှိုင်းရှိုင်း စစ်ဆေးနေမည်ဆိုပါက သူ့ကိုရှာတွေ့သွားနိုင်မည့် အန္တရာယ်ရှိသည်။
.....
အိမ်ကိုပြန်လာပြီးနောက်တွင် မုဖူရှန်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို သူသိသမျှ ပြောပြလိုက်သည်။
ဒါကိုကြားသောအခါ ဖန်ချန်းမျက်မှောင်ကြုတ်သည်။
"ဒီလိုဆိုရင် ဒါက ကျွန်တော်တို့မှာ ဒီနဂါးသွေးကြောကို လက်ထဲရယူနိုင်ဖို့အတွက် နည်းလမ်းမရှိဘူးလို့ ဆိုလိုနေတာမလား"
ရှောင်ဟိုင်လည်း ခေါင်းကိုက်လာသည်။
"ကြည့်ရတာ နဂါးရေကန်ကြယ်ပိုင်နက်မှာ ဒီပထမတန်းစားဂိုဏ်းတွေ ရုတ်တရက် ၀င်လာတာက ဒီနေရာက နဂါးသွေးကြောကို ခွဲဝေဖို့ဖြစ်မယ်"
ဒီအချိန်တွင် ယဲ့ချိုးပိုင်ပြောသည်။
"ကြည့်ရတာ ဒီဂိုဏ်းတွေကို အနိုင်ရသူကို မဆုံးဖြတ်ရသေးဘူးထင်တယ်၊ ဘာပဲဆိုဆို အခုအချိန်အထိ သူတို့ နဂါးသွေးကြောကို ဘယ်သူပိုင်ဆိုင်သလဲဆိုတာ မဆုံးဖြတ်ရသေးဘူးလေ"
နဂါးသွေးကြောကို ခွဲရတ်အတွက်မူ ဂိုဏ်းတစ်ဂိုဏ်းစီက ဝေစုတစ်ခုစီ ယူရန်ဆိုတာက သေချာပေါက်မဖြစ်နိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ ဒါက နဂါးသွေးကြော ဖြစ်နေသည်မဟုတ်ပေလော။
နဂါးသွေးကြောကို ခွဲ၍မရပေ။ ဂိုဏ်းတစ်ဂိုဏ်းက နဂါးသွေးကြောပေါ်၌ ထိုင်လိုက်သောအခါ နဂါးသွေးကြော၏ ကံတရားအားလုံးက ဂိုဏ်းထဲသို့ လှိမ့်၀င်လာမည်ဖြစ်သည်။
"ဒီတော့ ငါတို့ဒါကိုတကယ်လုပ်လို့ရနိုင်တယ်" ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"ငါတို့အဲဒီဂိုဏ်းတွေကို၀င်ပြီး အဓိကတပည့်တွေဖြစ်လာဖို့ပဲလိုတယ်၊ ဒါဆို နဂါးသွေးကြောကို ၀င်ဖို့အတွက် အခွင့်အရေးတစ်ခု ရလာလိမ့်မယ်"
လက်ရှိတွင် သူတို့ကို အဆင့်မြင့်ကြယ်နယ်မြေ၌ တစ်ကိုယ်တော်ကျင့်ကြံသူများအဖြစ် မှတ်ယူ၍ရပြီး မည်သည့်ဩဇာလွှမ်းမိုးမှုမှ မရှိပါ။
ထို့ကြောင့် နဂါးသွေးကြောကြောင့် ဂိုဏ်း၏ ကံကြမ္မာတိုးတက်လာခြင်းကို သူတို့ဂရုမစိုက်ပေ။
သူတို့ဂရုစိုက်တာက နဂါးသွေးကြောက ရှားပါးသည့်ရတနာအမျိုးမျိုးနှင့် ကြောက်မက်ဖွယ်ရာ သွေးအဆီအနှစ်စွမ်းအားဖြစ်သည်။
ထို့ကြောင့် သူတို့တွင် နဂါးသွေးကြောကို ၀င်ကာ ကျင့်ကြံရန်အတွက် အခွင့်အရေးရှိနေသရွေ့ အဆင်ပြေပါသည်။
ယဲ့ချိုးပိုင်၏နည်းလမ်းကို ကြားရသောအခါ သုံးဦးစလုံး အနည်းငယ် ကြက်သေသေသွားကြ၏။
အဲဒီပထမတန်းစားဂိုဏ်းတွေကို ဝင်ပြီး အဓိကတပည့်တွေဖြစ်လာဖို့လား!
အကယ်၍ ဒီနည်းလမ်းကို အပြင်ပကမ္ဘာတွင်သာ ထားရှိမည်ဆိုပါက ဒါက အတော်လေးစိတ်မချရလောက်သည့်အရာဖြစ်ပေလိမ့်မည်။
ဒါ့အပြင် သူတို့ လူတိုင်း၏ လှောင်ပြောင်ခြင်းကို ခံရလိမ့်မည်။
သူတို့ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို မောက်မာမှုနှင့် မသိတတ်နားမလည်မှုအတွက် လှောင်ပြောင်သရော်ကြပေလိမ့်မည်။
ဒါကနည်းနည်းတော့ စိတ်မချရဟု သူတို့ခံစားနေရသော်လည်း သူတို့နှင့်ပတ်သက်လာပါက ဖြစ်နိုင်ချေတစ်ခု တကယ်ပင်ရှိပါသည်။
သူတိူ့က သူတို့၏ကိုယ်ပိုင်ပါရမီကို အကြွင်းမဲ့ယုံကြည်ကြသည်။
ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်း၏ အဓိကတပည့်တစ်ဦးဖြစ်လာရန်ဟူသည် ပြဿာနာတစ်ခုမဟုတ်ပေ။
သူတို့ယခုတွေးတောရမည့် တစ်ခုတည်းသောအရာက ထိုနေရာကို ပို၍မြန်မြန်ရောက်ရန်နှင့် ထိရောက်စွာ ဘယ်လိုလုပ်ရမလဲဆိုတာကိုပင်။
ယဲ့ချိုးပိုင်ဆက်သည်။
"ကြည့်ရတာ မင်းတို့ငါ့နည်းလမ်းကို သဘောတူပုံပဲ၊ ဒီတော့ ငါနည်းနည်းထပ်ဖြည့်လိုက်မယ်၊ ဂိုဏ်းတိုင်းမှာ နဂါးသွေးကြောကို ၀င်နိုင်တဲ့ တပည့်အရေအတွက် ကန့်သတ်ချက်ရှိတယ်၊ ဒါကြောင့် ဘေးကင်းစေဖို့အတွက် ငါတို့ မတူညီတဲ့ဂိုဏ်းတွေကို ၀င်ဖို့လိုတယ်"
ဖန်ချန်းခေါင်းညိတ်သည်။
"ကျွန်တော်ဒါကို သဘောတူတယ်"
မုဖူရှန်း သဘောတူသည့်အသွင် ခေါင်းညိတ်သည့် ရှောင်ဟိုင်ကို လှမ်းကြည့်လိုက်၏။
ဒါကိုမြင်သော် မူလက မုဖူရှန်းခွဲထွက်ရန်အတွက် ပြောဆိုချင်ခဲ့သော်လည်း ယခုတွင်မူ သူဒါကို စွန့်စားမှုအများဆုံးနည်းနှင့် လုပ်ရပေတော့မည်။
"ဒီလိုဆိုမှတော့" ယဲ့ချိုးပိုင် ရုတ်တရက် ပြုံးသည်။
"နဂါးသွေးကြောကို အမြန်ဆုံး၀င်ဖို့အတွက် အရည်အချင်းတွေကို ဘယ်သူရနိုင်မလဲဆိုတာ ကြည့်ကြရအောင်"
ဖန်ချန်းပြုံးသည်။
"လောင်းကြေးတစ်ချို့တော့ရှိသင့်တယ်မလား"
ရှောင်ဟိုင်ရုတ်တရက်ပြောသည်။
"ဒါဆိုရင် ဘယ်သူအရင်ဆုံးရနိုင်မလဲ၊ သူက ငါ့ကို ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ သင်ပေးစရာမလိုဘူး"
"တကယ်လို့ ငါသာ နဂါးသွေးကြောအရည်အချင်းတွေကို ပထမဆုံးရခဲ့တယ်ဆိုရင်တော့ သုံးယောက်စလုံး ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ ငါ့ကို တစ်လှည့်စီ သင်ပေးရမယ်"
ယဲ့ချိူးပိုင်နှင့် မုဖူရှန်းတို့၏ မျက်လုံးများက ပြူးကျယ်သွားကြပြီး မကောင်းသည့် အရာတစ်ခုခုကို သတိရသွားကြသည့်အလား သူတို့မျက်နှာများက ဖြူရော်သွားကြ၏။
တခြားတစ်ဘက်တွင် ဖန်ချန်းဇဝေဇဝါဖြစ်နေပြီး စိတ်ရှုပ်ထွေးစွာမေးသည်။
"ချက်ပြုတ်တာလား၊ ဒါဘယ်လိုဆုကြေးမျိုးလဲ၊ ဒီဆုကြေးကို မသုံးဘူးဆိုရင်တောင် ကျွန်တော် စီနီယာအစ်ကိုကို သင်ပေးနိုင်ပါသေးတယ်"
ရှောင်ဟိုင်၏ မျက်လုံးများက လင်း၀င်းသွားပြီး ဖန်ချန်းပခုံးကို ခပ်ပြင်းပြင်း ပုတ်လိုက်၏။
"မင်းပြောတာကို ငါကြားလိုက်ပြီ၊ ကိုယ့်စကားကိုယ် ပြန်မရုပ်သိမ်းရဘူးနော်"
ဖန်ချန်းအပြုံးဖြင့် ရင်ဘတ်ကို ပုတ်ကာ ယုံကြည်မှုအပြည့်ဖြင့်ပြုံးသည်။
"ဘာများဖြစ်လို့လဲ၊ ကျွန်တော့်အတွက် ထားလိုက်၊ ကျွန်တော့်စကားလုံးတွေကို မရုပ်သိမ်းဘူးဆိုတာ ကတိပေးတယ်"
သူမသိသည့်အရာတစ်ခုက စံအိမ်တော် အမြင့်ဆုံးအဆင့်ကိုရောက်သွားပြီး ပြိုင်ဘက်ကင်းလာသောါခါ ဖန်ချန်း၏ တပည့်များက သူ့ကိုမေးကြသည်။
"ဆရာ၊ ဆရာဘာကို နောင်တရအရဆုံးလဲ"
ဖန်ချန်းခေါင်းမော့ကာ ငိုချင်သော်လည်း မျက်ရည်မရှိပါ။
"ဆရာ....နောင်တအရဆုံးအရာက မင်းတို့အန်ကယ်ဆရာရှောင်ဟိုင်ကို ဘယ်လိုချက်ပြုတ်ရမလဲဆိုတာကို သင်ပေးဖို့အတွက် သဘောတူမိခဲ့တာကိုပဲ"
အပိုင်း(975) coming။