#ရွှေသစ်ရွက်တောင်တန်း၊ လက်လျှော့တဲ့အထိ တိုက်မယ်#
Vol. 69 Ch. 975
နဂါးငွေ့တန်းကြယ်ဒေသတွင် ရွှေတောင်ပံဂဠုန်ကလန်နှင့် ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်တို့ဦးဆောင်သည့် ပထမတန်းစားဂိုဏ်းများ ရှိသည်သာမက တစ်ချို့ဂိုဏ်းများက အထူးလမ်းကြောင်းများကနေတဆင့် နဂါးသွေးကြောသတင်းများကို ရရှိပြီးနောက်တွင် သူတို့နဂါးငွေ့တန်းကြယ်ဒေသသို့ စတင်အတင်း လမ်းကြောင်းဖွင့်လာကြပြီး သူတို့ဂိုဏ်းများကိုပင် ဒီနေရာသို့ ရွေ့လာခဲ့ကြသည်။
အကယ်၍ ဂိုဏ်းတစ်ဂိုဏ်း၊ နှစ်ဂိုဏ်းသာဆိုပါက ရွှေတောင်ပံဂဠုန်ကလန်နှင့် ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်တို့က ခုခံနိုင်ကြဦးမည်။
သို့စေကာမူ ပထမတန်းစားဂိုဏ်းသုံးဂိုဏ်း၏ ပူးပေါင်းမှုအောက်တွင် သူတို့အတင်းခုခံမည်ဆိုပါက ရွှေတောင်ပံဂဠုန်ကလန်နှင့် ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်တို့ ပူးပေါင်းလျှင်ပင် သူတို့ တန်ဖိုးကြီးတစ်ခုကို ပေးဆပ်ရပေလိမ့်မည်။
ထိုအင်အားစုသုံးခုက ကြက်သွေးရောင်မီးတောက်အိမ်တော်၊ ငွေနဂါးစံအိမ်နှင့် ကောင်းကင်ဘုံစံအိမ်ဂိုဏ်းတို့ဖြစ်သည်။
ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်က အမျိုးသမီးတပည့်များကိုသာ လက်ခံသဖြင့် ဒါကရွေးချယ်မှုမဟုတ်ပါ။
ဆွေးနွေးမှုအပြီးတွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း သူတို့၀င်ချင်ကြသည့် ဂိုဏ်းများကို အတည်ပြုခဲ့ကြသည်။
အရာတစ်ခုနှင့်ပတ်သက်ပြီး သံသယမရှိပေ။
ရွှေတောင်ပံဂဠုန်ကလန်က သူတို့ခန္ဓာများကို အဓိကကျင့်ကြံကြလေရာ ရှောင်ဟိုင် ရွှေတောင်ပံဂဠုန်ကလန်သို့ ၀င်မည်သာ။
ကောင်းကင်ဘုံစံအိမ်ဂိုဏ်းတွင် အဆောင်ဂိုဏ်းတစ်ခုရှိလေရာ မုဖူရှန်း ဒီနေရာကို ၀င်ရန်အတွက် ရွေးချယ်ခဲ့သည်။
ကြက်သွေးရောင်မီးတောက်အိမ်တော်က မီးဂုဏ်သတ္တိအစီအရင်များနှင့် ကျော်ကြားသဖြင့် ဒီနေရာက ဖန်ချန်း၏ ရွေးချယ်မှုဖြစ်သည်။
ယဲ့ချိုးပိုင်ကလည်း ငွေဓားစံအိမ်ကို ရွေးချယ်ခဲ့သည်။
ငွေနဂါးဓားစံအိမ်တွင် အစောင့်အကြပ်ပစ္စည်းတစ်ခုအဖြစ် ငွေနဂါးဓားတစ်လက်ရှိသည်။
ဒါကလည်း ငွေနဂါးစံအိမ် နာမည်ရလာသည့် အကြောင်းရင်းပင်။
သူတို့၏ ပန်းတိုင်အသီးသီးကို အတည်ပြုပြီးနောက် လေးယောက်စလုံး ဂိုဏ်းလေးဂိုဏ်းရှိရာ နေရာသို့ ဦးတည်သွားကြ၏။
ရွှေတောင်ပံဂဠုန်ဂိုဏ်းက နဂါးငွေ့တန်းကြယ်ဒေသရှိ ရွှေသစ်ရွက်တောင်တန်းတွင်ရှိသည်။
ရွှေသစ်ရွက်တောင်တန်းကို ရွှေဝတ်ရုံသစ်ဟုခေါ်သည့် သစ်ပင်ကြီးတစ်ပင်က ဖုံးထားသဖြင့် ရွှေသစ်ရွက်တောင်တန်းတစ်ခုလုံးကို ရွှေရောင်အလင်းနှင့် လွှမ်းခြုံထားစေသည်။
တစ်ချိန်တည်းမှာပင် ရွှေ၀တ်ရုံသစ်က အလွန်ပင် ခိုင်ခံ့သည့် အဆင့်မြင့်ပစ္စည်းတစ်ခုဖြစ်ပြီး ချပ်၀တ်များနှင့် လက်နက်များကို သန့်စင်ရန်အတွက် အသုံးပြုနိုင်သည်။
ရွှေတောင်ပံဂဠုန်ကလန်က ရွှေသစ်ရွက်စစ်တပ်၏ ပစ္စည်းကိရိယာများကို ရွှေ၀တ်ရုံသစ်ဖြင့် ပြုလုပ်ထားလေရာ ဒါက အတော်လေးပင် ကြီးစိုးနိုင်စွမ်းရှိသည်။
ဒါကလည်း ရွှေတောင်ပံဂဠုန်ကလန် ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းဖြစ်လာပြီး နဂါးငွေ့တန်းကြယ်ဒေသ၏ အရှင်သခင်တစ်ဦး ဖြစ်လာနိုင်သည့် အဓိကအကြောင်းရင်းများအနက် တစ်ခုဟု ဆို၍ရသည်။
ရှောင်ဟိုင် ရွှေသစ်ရွက်တောင်တန်းကို ရောက်လာသောအခါ ရွှေသစ်ရွက်စစ်တပ်၏ ရှေးတန်းကင်းစခန်းက သူ့ကို ချက်ချင်းတားဆီးသည်။
"မင်းဘယ်သူလဲ" လက်ထဲတွင် ရွှေရောင်လှံတစ်ချောင်းကို ကိုင်ထားပြီး ကျော၌ ခေါက်ထားသည့် ရွှေရောင်တောင်ပံနှစ်ခုပါရှိသော ရွှေချပ်၀တ်နှင့် လူရှည်တစ်ယောက်က အော်ဟစ်သည်။
"ဒါက ရွှေတောင်ပံပဠုန်ကလန်ရဲ့ပိုင်နက်ပဲ၊ မင်းကို၀င်ခွင့်မပြုထားဘူး"
ရွှေတောင်ပံဂဠုန်ကလန်က တကယ်ပင် ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းဟု ဆို၍ရသည်။
ဒီတောင်တံခါးကို စောင့်ကြပ်နေသည့် ရှေးတန်းအစောင့်ပင်လျှင် နတ်ဘုရင်နယ်ပယ် တစ်၀က်အဆင့်ကို ရောက်နေသည်။
ဒါကိုမြင်သော် ရှောင်ဟိုင်ပြောသည်။
"ကျွန်တော် ရွှေတောင်ပံဂဠုန်ကလန်ကို ၀င်ချင်လို့ပါ"
"အိုး"
ကျင်းဟုန်နှာခေါင်းရှုံ့ရင်း ရှောင်ဟိုင်ခန္ဓာကို ခေါင်းကနေခြေဖျားအထိ စစ်ဆေးကြည့်လိုက်၏။
"ရွှေတောင်ပံဂဠုန်ကလန်က ခန္ဓာကို လေ့ကျင့်ထားတဲ့ သူတွေကိုပဲ လက်ခံတယ်၊ မင်းရဲ့ရုပ်ခွန်အားက စံနှုန်းကို ရောက်နိုင်ပါ့မလား"
"ရွှေတောင်ပံဂဠုန်ကလန်က မဟုတ်တဲ့ အပြင်ပလူတွေကို ကိုင်တွယ်တဲ့ စံနှုန်းကလည်း ကြီးကြီးမားမား တိုးတက်လာလိမ့်မယ်"
"ဒါ့အပြင် အခုအချိန်က ရွှေတောင်ပံဂဠုန်ကလန်က တပည့်သစ်စုဆောင်းနေတဲ့ အချိန်မဟုတ်ဘူး"
ဒါကိုကြားသောအခါ ရှောင်ဟိုင်ပြုံးသည်။
"ကျွန်တော့်ရုပ်ခွန်အားက ရွှေတောင်ပံဂဠုန်ကလန်ကို ခြွင်းချက်တစ်ခုလုပ်နိုင်တဲ့အထိ လုံလောက်ကောင်းလုံလောက်နိုင်တာပဲလေ"
"ဒီမောက်မာတဲ့စရိုက်က ငါတို့ကလန်နဲ့ အတော်လေးကိုက်ညီတယ်" ကျင်းဟုန် အံ့ဩသင့်စွာပြုံးသည်။
"ဒါပေမယ့် မင်းမှာသာခွန်အားမရှိဘူးဆိုရင် ဒီမောက်မာတဲ့စရိုက်က ဗလာကျင်းနေတဲ့ ထပ်ခိုးတစ်ခုလိုပါပဲ"
"ဒါဆိုရင်တော့ တိုက်ပွဲပြီးရင်သိရမှာပဲလေ"
ရှောင်ဟိုင်ပခုံးတွန့်ရင်း ရှေ့တစ်လှမ်းတိုးကာ တည်ငြိမ်စွာပြောသည်။
"ခင်ဗျားကိုအနိုင်ယူသရွေ့ ကျွန်တော့်ကို အကြံပြုပေးဖို့အတွက် ခင်ဗျားဆီကနေ အခွင့်အရေးတစ်ခု ရယူနိုင်မှာပဲလေ၊ ဟုတ်တယ်မလား"
ရှောင်ဟိုင်၏ မောက်မာသောစကားလုံးများကို ကြားသောအခါ ကျင်းဟုန်ကြက်သေသေသွားသည်။
"ငါ့ကိုအနိုင်ယူမှာလား"
စကားပြောနေရင်း ကျင်းဟုန် သူ့ကိုယ်သူ လက်ညိုးထိုးကာ နှာခေါင်းရှုံ့သည်။
"မင်းက နတ်ဗိုလ်ချုပ်နယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ပါပဲ၊ ကိုယ့်ကိုကိုယ်တွန်းအားမပေးတာ အကောင်းဆုံးပဲ၊ ခန္ဓာသန့်စင်သူတွေက သူတို့ခွန်အားကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ မသိဘူး၊ မင်းအသက်ကို အချည်းနှီးဆုံးရှုံးသွားရင် စိတ်မကောင်းစရာဖြစ်နေဦးမယ်"
ရှောင်ဟိုင်မည်သည့်စကားမှမဆိုဘဲ ထာ၀ရနတ်ဆိုးခန္ဓာကို အသက်သွင်းလိုက်စဉ် နတ်ဆိုးနက်ချီက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့သည်။ သူ့သွေးကြောစွမ်းအားကလည်း ဒီအခိုက်အတန့်၌ လုံး၀ပေါက်ကွဲသွားပြီး သူကျင်းဟုန်ဆီသို့ ပြေး၀င်ကာ ရင်ဘတ်အား ထိုးနှက်သည်။
ဒါကိုမြင်သော် ကျင်းဟုန်နှာခေါင်းရှုံ့သည်။
"မဆိုးဘူး"
ထို့နောက် သူကလည်း ရှောင်ဟိုင်ထံ လက်သီးတစ်ချက် ထိုးလိုက်သည်။
သို့စေကာမူ ရှောင်ဟိုင်၏ လက်သီးက ကျင်းဟုန်လက်သီးပေါ်သို့ ကျရောက်လာသောအခါ သူအမှားတစ်ခုလုပ်မိသွားတာကို ကျင်းဟုန်နားလည်သဘောပေါက်သွား၏။
အမှားကြီးတစ်ခုပေတည်း!
တစ်ဘက်လူ၏ရုပ်ခွန်အားက နတ်ဗိုလ်ချုပ်နယ်ပယ် အလယ်အလတ်အဆင့်သာ ဖြစ်သည့်တိုင် ရှောင်ဟိုင့်လက်သီးက သူ့လက်သီးပေါ်သို့ ကျရောက်လာသောအခါ စွမ်းအားနှင့် ရုပ်ခွန်အားအရာ၌ သူတကယ် အသားစီးမရတာကို ကျင်းဟုန်ရှာတွေ့သွားသည်။
ရှောင်ဟိုင့်လက်သီးချက်ကနေ ထွက်လာသည့်အားက သူ့ကို ဒါကို ခံနိုင်ရည်မရှိသည့် ခံစားချက်ကို ရစေသည်။
နောက်အခိုက်အတန့်၌ ကျင်းဟုန် အမှန်တကယ်ပင် ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။
ရှောင်ဟိုင်နှင့် လက်သီးချင်းဖလှယ်သည့် လက်မောင်းကလည်း အဆက်မပြတ် တုန်ယင်နေခဲ့သည်။
ကျင်းဟုန် ရှောင်ဟိုင်အား အထိတ်တလန့်ကြည့်ရင်း အော်ဟစ်လိုက်သည်။
"မင်းဘယ်လိုလုပ်လိုက်တာလဲ"
ရှောင်ဟိုင်လက်ဝှေ့ယမ်းရင်းမေးသည်။
"ကျွန်တော်အရည်အချင်းပြည့်မီပြီလား"
ကျင်းဟုန်၏ အမူအရာက ကြည့်ရဆိုးနေသည်။
"မင်းငါ့ကိုမနိုင်သေးပါဘူး"
ဒါကိုကြားသော် ရှောင်ဟိုင်မည်သည့်စကားမှမဆိုဘဲ ညာခြေနှင့် မြေကြီးကို တစ်ချက် တက်ဆောင့်စဉ် မြေကြီးက အနည်းငယ် တုန်ခါသွားသည်။
သူ့ကိုယ်ခန္ဓာက ကျင်းဟုန်ထံသို့ အမြောက်ဆံတစ်ခုပမာ ပစ်၀င်သွား၏။
ဒီလိုဆိုမှတော့ ကျင်းဟုန်ကို အယုံသွင်းနိုင်သည်အထိ သူတိုက်ခိုက်ရပေမည်။
လက်သီးများက တစ်ချက်ပြီးတစ်ချက် ကျင်းဟုန်ကိုယ်ပေါ်သို့ ဆင်းသက်နေသည်။
အစပိုင်းက ကျင်းဟုန် ဒါကို ခုခံနိုင်သေးသော်လည်း ရှောင်ဟိုင် အရူးအမူး တိုက်ခိုက်လာသောအခါတွင်မူ သူ့ကိုယ်ခန္ဓာက အပြင်းအထန်ဒဏ်ရာရလာသည်။
ဒီအချိန်မှာပင် ကျင်းဟုန်ကို တွန်းလှန်နိုင်မည့် အချိန်အခါလေးတစ်ခုကို ရှောင်ဟိုင် တွေ့သွားသဖြင့် ရှေ့သို့ထပ်မံပြေး၀င်ကာ ရွှေသစ်ရွက်ချပ်၀တ်ဖြင့် ဖုံးထားသည့် ကျင်းဟုန်၏ ရင်ဘတ်ကို ထိုးနှက်လိုက်၏။
ရွှေသစ်ရွက်ချပ်၀တ်၏ အကာအကွယ်နှင့်ပင် သူ့ကို မိုးကြိုးတစ်စင်း ရိုက်ခတ်လာသည့်အလား ကျင်းဟုန်ခံစားလိုက်ရပြီး ချပ်၀တ်က ကွေးသွားကာ အက်ကြောင်းများ ဆက်တိုက်ပေါ်လာသည်။
သူပါးစပ်အပြည့်သွေးတစ်လုပ်အန်လိုက်ရပြီး လွင့်စင်သွားလေတော့သည်။ ထို့နောက် ရွှေ၀တ်ရုံသစ်ကို တိုက်မိသွား၏။
ဒီအခိုက်အတန့်၌ ရှောင်ဟိုင်ရပ်လိုက်ပြီး ရွှေ၀တ်ရုံသစ်အား တိုက်မိသည့် ကျင်းဟုန်အား ကြည့်ရင်း အေးစက်စွာပြောသည်။
"ဒါကလုံလောက်ပြီလား"
ကျင်းဟုန် လဲကျသွားသည့် သစ်ပင်တစ်ပင်ကို ကိုင်ပြီး တုန်ယင်စွာထရပ်ရင်း ရှောင်ဟိုင်အား စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ကြည့်နေခဲ့သည်။
တစ်ဘက်လူ၏ ပါရမီနှင့် ရုပ်ခွန်အားက သူ့စိတ်ကူးထက်ပင် ကျော်လွန်နေတာကို သူသိပါသည်။
နောက်ဆုံးလက်သီးချက်က သူ့ကို သတ်ရန်အတွက် မဟုတ်ခဲ့ပုံရသည်။
သူ့ထက်ကျင့်ကြံခြင်းနယ်ပယ် နိမ့်ကျသည့် သူတစ်ယောက်ကို သူရှုံးနိမ့်သဖြင့် အရှက်ရသလို ခံစားရသော်လည်း သူလက်နှစ်ဖက်ဆုပ်ကာ ပြောသည်။
"သေချာတာပေါ့၊ ငါသူတို့ကို အသိပေးလိုက်ပါမယ်"
ထို့နောက် ကျင်းဟုန် အသံလွှင့်ကျောက်စိမ်းဆွဲသီးတစ်ခု ထုတ်ယူပြီး သတင်းပို့လိုက်သည်။
မကြာမီ သူရှောင်ဟိုင်အား ကြည့်လိုက်၏။
"ငါ့နောက်ကလိုက်ခဲ့"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
သူကျင်းဟုန်နှင့်အတူ ရွှေတောင်ပံဂဠုန်ကလန်ရှိရာသို့ ၀င်သွားခဲ့သည်။
သူတို့တင်းကျပ်သည့် စစ်ဆေးရေးဂိတ်များစွာကို ဖြတ်ကျော်ပြီး ရွှေချပ်၀တ်နှင့် ရွှေရောင်လှံများနှင့် ပြည့်နှက်နေသည့် စခန်းတစ်ခုကို ရောက်လာကြသည်။
ဒီနေရာက ရွှေသစ်ရွက်စစ်တပ်ရှိသည့်နေရုပင်။
ကျင်းဟုန် ရှောင်ဟိုင်ကို ရွှေသစ်ရွက်စစ်တပ်၏ စောင့်ကြည့်နေသည့် မျက်လုံးများအောက်တွင် တဲတစ်လုံးထဲသို့ ခေါ်သွားပြီး သူ့ရှေ့က လူရှည်ကြီးကိုကြည့်ကာ လေးစားစွာပြောသည်။
"ခေါင်းဆောင်၊ ကျွန်တော်သူ့ကို ခေါ်လာပါပြီ"
လူရှည်ကြီးခေါင်းညိတ်ပြီး ရှောင်ဟိုင်အား ကြည့်ရင်း တိုက်ရိုက်ပင်မေးသည်။
"ဘာလို့ နတ်ဆိုးဘုရင်ပိုင်နက်က လူတွေက ရွှေတောင်ပံဂဠုန်ကလန်ကို လာ၀င်ကြရတာလဲ"
အပိုင်း(976) coming။