#ကျေးဇူးတင်ခြင်း၊ ကလန်ခေါင်းဆောင်၏အော်ရာ#
Vol. 69 Ch. 976
နတ်ဆိုးနက်ချီကို နတ်ဆိုးဘုရင်ပိုင်နက်၏ သင်္ကေတတစ်ခုဟု ဆို၍ရသည်။
တစ်ချိန်တည်းမှာပင် သူ့တွင် အစွမ်းထက်ရုပ်ခန္ဓာတစ်ခုလည်းရှိသည်။
နတ်ဆိုးဘုရင်ပိုင်နက်က ခန္ဓာသန့်စင်သူမှ လွဲ၍ သူတခြားမည်သူဖြစ်နိုင်ဦးမည်နည်း။
ကျင်းဟုန်၏ အစီအရင်ခံစာကနေတဆင့် ရွှေသစ်ရွက်စစ်တပ်ခေါင်းဆောင်က အရာအားလုံးကို နားလည်ထားပြီးဖြစ်သည်။
ရှောင်ဟိုင်အံ့ဩသင့်ခြင်းမရှိပါ။
ရွှေတောင်ပံဂဠုန်ကလန်က အားအကောင်းဆုံးစစ်တပ်၏ ခေါင်းဆောင်တဖြစ်လဲ သူက ဘယ်လိုလုပ် ဦးနှောက်မဲ့သူ ဖြစ်နိုင်မည်နည်း။
ထို့ကြောင့် ရှောင်ဟိုင် ဒါကိုမငြင်းဘဲ ခေါင်းညိတ်သည်။
"ကျုပ်လက်ရှိနတ်ဆိုးဘုရင်ပိုင်နက်ကို မခုခံနိုင်ဘူး"
"အိုး"
ရွှေသစ်ရွက်စစ်တပ်ခေါင်းဆောင်က မေးစေ့ကို ပွတ်သပ်ရင်း ရှောင်ဟိုင်အား အတွေးနက်စွာကြည့်နေပြီး သူတစ်ခုခုကို တွေးတောနေပုံရသည်။
ရုတ်တရက် ရွှေသစ်ရွက်စစ်တပ်ခေါင်းဆောင် အံ့ဩသင့်တကြီးမေးသည်။
"မင်းက နတ်ဆိုးဘုရင်ပိုင်နက်ရဲ့ အရင်က နတ်ဆိုးသခင်ဟောင်းမလား"
သူ့တွင် နတ်ဆိုးဘုရင်ပိုင်နက်၏ ခန္ဓာသန့်စင်သူအဖြစ် နတ်ဆိုးနက်ချီရှိသလို သွေးကြောကလည်း အလွန်အမင်း အစွမ်းထက်သည်။
ဒါ့အပြင် သူ့တွင် နတ်ဆိုးဘုရင်ပိုင်နက်နှင့် အာဃာတအမုန်းတရားပင် ရှိနေသည်။
ဒီလိုဆိုပါက ဘယ်သူဖြစ်နိုင်သနည်း။ သူက နတ်ဆိုးဘုရင်ပိုင်နက်၏ အရင်နတ်ဆိုးသခင်ဟောင်းကလွဲ၍ တခြားသူမဟုတ်ပေ။
ဤသည်သာမက နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသက သတင်းများက ဒီပထမတန်းစားဂိုဏ်းများ၏ နားထဲကိုပင် ပျံ့နှံ့နေလေပြီ။
ထို့ကြောင့် မသိရန်ဟူသည်ခက်ခဲသည်။
ရှောင်ဟိုင်ဒါကိုမငြင်းပေ။ အကယ်၍ သူသာ အခုငြင်းလိုက်မည်ဆိုပါက တစ်ဘက်လူကို အရူးတစ်ယောက်ပမာ ဆက်ဆံသလို ဖြစ်သွားပေလိမ့်မည်။
"ဒါပေမယ့် မင်းရဲ့ပါရမီနဲ့ အခြေခံအရဆိုရင် မင်းရွှေတောင်ပံဂဠုန်ကလန်ကို မှီခိုအားကိုးနေစရာမလိုပါဘူး၊ ဒါ့အပြင် မင်းကို တိတ်တဆိတ်ကူညီပေးနေတဲ့ နတ်သခင်တစ်ယောက်လည်း ရှိတယ်မလား"
"ဒီတော့ မင်းရဲ့ရည်ရွယ်ချက်ကဘာလဲ"
တစ်ဘက်လူက အားလုံးနီးပါးကို သိနေတာကို မြင်ရသောအခါ ရှောင်ဟိုင် ဖုံးကွယ်ထားရန် ဆန္ဒမရှိတော့သဖြင့် သူ့ရည်ရွယ်ချက်ကို တိုက်ရိုက်ပင် ဖော်ပြသည်။
"နဂါးသွေးကြော"
နဂါးသွေးကြော!
ရွှေသစ်ရွက်စစ်တပ်ခေါင်းဆောင် ထိတ်လန့်သွား၏။
"ဒီနဂါးသွေးကြောအကြောင်း သတင်းအချက်အလက်တွေကို မင်းဘယ်နေရာကနေ ရခဲ့တာလဲ"
ရှောင်ဟိုင်တည်ငြိမ်စွာပြောသည်။
"ခင်ဗျားဒါကို သိစရာမလိုပါဘူး"
"ဒါဆို မင်း နဂါးသွေးကြောကို နတ်ဆိုးဘုရင်ပိုင်နက်ကို ပြန်ယူဖို့အတွက် သုံးချင်တာလား" ရွှေသစ်ရွက်စစ်တပ်ခေါင်းဆောင် လေးနက်သည့်အမူအရာဖြင့် ပြောသည်။
"ဒီလိုဆိုရင်တော့ ကျေးဇူးပြုပြီး ပြန်သွားပါ၊ နဂါးသွေးကြောအကြောင်း မင်းသိထားမှတော့ နဂါးသွေးကြောက ငါတို့ရွှေတောင်ပံဂဠုန်ကလန် တိုက်ခိုက်ရမယ့် နေရာတစ်ခုဆိုတာ မင်းနားလည်မှာပါ"
သို့စေကာမူ ရှောင်ဟိုင်ခေါင်းခါယမ်းသည်။
"ကျုပ်နဂါးသွေးကြောကို မသိမ်းပိုက်ချင်ပါဘူး"
"အိုး" ရွှေသစ်ရွက်စစ်တပ်ခေါင်းဆောင် အံ့ဩသင့်တကြီးမေးသည်။
"အသေးစိတ်ကိုသိချင်တယ်"
"ကျုပ်လိုတာက နဂါးသွေးကြောကို ၀င်ဖို့အတွက် အရည်အချင်းမီတာပါပဲ၊ နဂါးသွေးကြောက ကျုပ်အတ္ပ် ကျင့်ကြံခြင်းနေရာတစ်ခုပဲ"
နဂါးသွေးကြောထဲက သွေးချီက အလွန်အမင်းထူထဲလေရာ ခန္ဓာကျင့်ကြံသူများအတွက် သူတော်စင်မြေတစ်ခုဟု ဆို၍ရသည်။
ထို့ကြောင့် ရွှေသစ်ရွက်စစ်တပ်ခေါင်းဆောင်က ရှောင်ဟိုင်၏ စကားလုံးများကို သံသယမဖြစ်ခဲ့ပေ။
"ဒါက ငါဆုံးဖြတ်နိုင်တဲ့ အရာတစ်ခုမဟုတ်ဘူး" ရွှေသစ်ရွက်စစ်တပ်ခေါင်းဆောင် ခေါင်းခါယမ်းရင်း ပြောသည်။
"ငါညွှန်ကြားချက်တွေကို မေးဖို့လိုသေးတယ်"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
နဂါးသွေးကြော၏ အရေးပါမှုကိုကား သံသယဖြစ်စရာပင်မလို။
ရွှေသစ်ရွက်စစ်တပ်ခေါင်းဆောင်က နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ဖြစ်ပြီး ရွှေတောင်ပံဂဠုန်ကလန်၌ အလွန်အမင်းမြင့်မားသည့် အဆင့်ရှိသော်လည်း ဒီလိုရွေးချယ်မှုမျိုးကို သူမလုပ်နိုင်ပေ။
ညွှန်ကြားချက်များကို မေးမြန်းပြီးနောက်တွင် ရွှေသစ်ရွက်စစ်တပ်ခေါင်းဆောင်ပြောသည်။
"ခေါင်းဆောင် မင်းကိုဖိတ်ခေါ်လိုက်တယ်၊ ငါ့နောက်ကလိုက်ခဲ့"
ရှောင်ဟိုင်၏ ကိုယ်ပိုင်အထောက်အထားကို သိပြီးနောက်တွင် ရွှေသစ်ရွက်စစ်တပ်ခေါင်းဆောင်၏အသံက သိမ်မွေ့ကာ လေးစားမှုရှိလာသည်။
ရှောင်ဟိုင်၏ လက်ရှိပါရမီနှင့် ခွန်အားကို မဆိုထားနဲ့၊ သူ့တွင် ကျောထောက်နောက်ခံအဖြစ် နတ်သခင်ဟောင်တျန်းရှိသည်ကို မဆိုထားနဲ့၊ အရင်က နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းကို ခုခံရန်အတွက် သူနတ်ဆိုးဘုရင်ပိုင်နက်ကို တစ်ဦးတည်းကိုယ်တိုင် ဦးဆောင်ခဲ့သည်။
ဒါကပင် မောက်မာသည့် ရွှေတောင်ပံဂဠုန်ကလန်ကို သူ့အား လေးစားလာစေရန်အတွက် လုံလောက်နေလေပြီ။
ရွှေတောင်ပံဂဠုန်ကလန်၏ အလယ်ဗဟိုတွင် အလွန်အမင်းမာကျောသည့် ရွှေရောင်သစ်မွှေးများနှင့် ပြုလုပ်ထားသော ခန်းမတစ်ခုရှိသည်။
အဆောက်အဦးထိပ်တွင် ရွှေရောင်တောင်ပံဂဠုန် ရွှေရုပ်တုတစ်ခုရှိသည်။ ၎င်းက အတောင်ပံများကို ဖြန့်ကျက်လျက် ကောင်းကင်အား မော့ကြည့်နေသည်။
အကြည့်တစ်ချက်သာ ဖြစ်သည့်တိုင် ရှောင်ဟိုင်သူ့အပေါ် ဖိနှိပ်ကျဆင်းလာသည့် အင်မတန် ပြင်းထန်သောဖိအားကို ခံစားနေရသည်။
ထက်ရှသည့်ရွှေရောင်အလင်းတစ်ခုက ရှောက်ဟိုင်၏မျက်လုံးများမား ဖြတ်သန်းသွား၏။ တစ်ချက်ကြည့်ခြင်းကပင် ရွှေတောင်ပံဂဠုန်အား ဆန့်ကျင်စော်ကားနေသည့်အသွင်။
သို့စေကာမူ ရှောင်ဟိုင် ရှေ့သို့တည့်တည့်ကြည့်ပြီး သူ့မျက်လုံးများက ပြတ်သားနေကာ လုံး၀တုန်ယင်ခြင်းမရှိပေ။
သူထက်ရှသည့် ရွှေရောင်အလင်းကို သူ့မျက်လုံးများအား ဖြတ်သန်းခွင့်ပြုထားသည်။
သိသာသည့်ထိခိုက်မှုမရှိသည့်တိုင် လူဘယ်လောက်များများကများ ဒီလိုဖိအားအောက်တွင် ဒါကို လုပ်နိုင်သနည်း။
"မင်းကတကယ်ပဲ ဒါကိုလုပ်နိုင်စွမ်းရှိတဲ့ နတ်ဆိုးသခင်ပဲ၊ ကျေးဇူးပြုပြီး ၀င်လာပါ"
ရုတ်တရက် ခန်းမတံခါးက ဖြည်းညင်းစွာ ပွင့်သွားပြီး အထဲကနေ အင်မတန်နက်ရှိုင်းသည့်အသံတစ်သံထွက်လာခဲ့သည်။
ရှောက်ဟိုင်၀င်သွားစဉ် သူ့ရှေ့၌ ထီးနန်းကြီးပေါ်တွင် ထိုင်နေသည့် လူရှည်ကြီးတစ်ယောက် ပေါ်လာသည်။ အော်ရာက အလွန်အမင်း ကြောက်စရာကောင်းသည်။
နတ်အင်ပါယာနယ်ပယ်အထွတ်အထိပ်အဆင့်!
ရွှေတောင်ပံဂဠုန်ကလန်ဘိုးဘေး!
ဘေးတွင် လူငယ်တစ်ယောက်ရပ်နေပြီး ဒဏ္ဍာရီလာ နတ်ဆိုးသခင်ဟောင်းဖြစ်သည့် ရှောင်ဟိုင်အား သိချင်စိတ်ဖြင့် ကြည့်နေသည်။
ရှောင်ဟိုင် မျိုးနွယ်စုခေါင်းဆောင်ကို တိုက်ရိုက်ပင်ကြည့်သည်။
"ကျုပ်က နတ်ဆိုးသခင်မဟုတ်တော့ပါဘူး"
သို့စေကာမူ ကလန်ခေါင်းဆောင် နှာခေါင်းရှုံ့သည်။
"အခုနတ်ဆိုးသခင်ကို ငါဂရုကိုမစိုက်တာ၊ သူသာခေါင်းမာချင်တယ်ဆိုရင်လည်း အဲဒီနတ်သခင်ဂိုဏ်းနှစ်ဂိုဏ်းအတွက် ခွေးတစ်ကောင်ဖြစ်ပေးမှာပဲလေ"
ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ခွေးတစ်ကောင်ဖြစ်ပေးခြင်းက မတူညီသည့် အရာနှစ်ခုပင်။
ပူးပေါင်းခြင်းက တစ်ဘက်နှင့် အပြန်အလှန်အကျိုးရှိသည့် ဆက်ဆံရေးတစ်ခုပင်။
ခွေးတစ်ကောင်ဖြစ်ပေးခြင်းအတွက်မူ လက်ရှိနတ်ဆိုးသခင်မိုဂျီက ထိုနတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်း၏ လက်အောက်ခံလုံးလုံးဖြစ်လာပြီး တစ်ချိန်တည်းမှာပင် သူဘာစွပ်ပြုတ်ရည်မှ မသောက်နိုင်ခဲ့ပါ။
သူက ချီးမွမ်းရန်နှင့် တစ်ဘက်လူအား နားထောင်ရန် လိုအပ်ပါသေးသည်။
"ဒီအကြောင်းကိုမပြောကြရအောင်" ကလန်ခေါင်းဆောင် ရှောင်ဟိုင်အား သိချင်စိတ်ဖြင့် ကြည့်သည်။
"မင်းရဲ့စရိုက်ကို ငါအတော်လေးသဘောကျတယ်ဆိုပေမယ့် ဒါကမင်းကို အခမဲ့ကူညီမယ့်အတိုင်းအတာတော့ မဟုတ်သေးပါဘူး"
ဒါကိုတွေးမိစဉ် ရှောင်ဟိုင်အရမ်းကြီး မစဉ်းစားတော့ဘဲ တိုက်ရိုက်ပင်ပြောသည်။
"ကျုပ် နတ်ဆိုးဘုရင်နယ်မြေကို ပြန်ရယူနိုင်မယ်ဆိုတာ ယုံကြည်ချက်ရှိတယ်"
"ဒါကြောင့် ကျုပ်နတ်ဆိုးဘုရင်ပိုင်နက်ကို ပြန်သိမ်းတဲ့အခါကျရင် ကျုပ်အားကောင်းလာရုံတင်မဟုတ်ဘဲ အဆင့်မြင့်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်မယ်၊ လျှို့ဝှက်နယ်မြေတွေကို အချင်းချင်းချိတ်ဆက်ပြီး အရင်းအမြစ်တွေကိုလည်း ဝေမျှလို့ရမယ်"
သို့စေကာမူ ကလန်ခေါင်းဆောင်ပြုံးသည်။
"မင်းငါ့ကို မင်းအပေါ် အလောင်းအစား လုပ်စေချင်ပုံပဲ"
ရှောင်ဟိုင်ပခုံးတွန့်ရင်း ထူးမခြားနားစွာပြောသည်။
"ဒါက ကလန်ခေါင်းဆောင်ရဲ့ ရဲတင်းမှုအပေါ် မူတည်ပါတယ်"
"တကယ်လို့ ငါသာမှန်ကန်တဲ့ လောင်းကြေးကို လုပ်ခဲ့တာဆိုရင်တော့ ဒါက ရွှေတောင်ပံဂဠုန်ကလန်အတွက် ကြီးမားတဲ့အခွင့်အလမ်းတစ်ခုပဲ"
"ဒါပေမယ့် ငါမှားယွင်းစွာ လောင်းကြေးထပ်မိရင်ရော"
ခေါင်းဆောင်မှာ ရှောင်ဟိုင်၏ အဖြေကိုပင် စောင့်မနေတော့ဘဲ သူ့မေးခွန်းကို သူကိုယ်တိုင်ပင် ပြန်ဖြေသည်။
"ငါတို့ကိုသာ ရှာတွေ့သွားရင် ငါတို့ တခြားနတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းရဲ့ ပစ်မှတ်ထားခြင်းကို ခံရလိမ့်မယ်"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
ကလန်ခေါင်းဆောင်တစ်ခဏမျှ တွေးနေပြီးနောက် သူ့မျက်လုံးများက တဖြည်းဖြည်း ခိုင်မာလာပြီး ရှောင်ဟိုင်အား ကြည့်ရင်း တစ်လုံးချင်းပြောသည်။
"ငါလောင်းကြေးထပ်မယ်"
"ဒါပေမယ့် မင်းရဲ့ကိုယ်ပိုင်အထောက်အထားကို မင်းဖုံးကွယ်ထားရမယ်၊ မင်းစိတ်ထဲမထားဘူးမလား"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"သေချာတာပေါ့"
"ဒါပေမယ့် ငါမင်းကို နဂါးသွေးကြောကို ၀င်ခွင့်ပေးတဲ့အခါကျရင် ဒါက တခြားကလန်၀င်တွေကို သေချာပေါက် မကျေမနပ်ဖြစ်စေလိမ့်မယ်၊ အဲဒီအချိန်ကျရင် ဒါကို မင်းကိုယ်တိုင်ကိုင်တွယ်ရမယ်"
ဒါကိုကြားသော် ရှောင်ဟိုင်ပြုံးလိုက်၏။
"တိုက်ဆိုင်စွာပဲ ကျုပ်လည်း တိုက်ခိုက်ရတာကို သဘောကျတယ်"
နှစ်ယောက်လုံး အချင်းချင်းကြည့်လိုက်ကြပြီးနောက် ရယ်မောလိုက်ကြ၏။
.....
ရွှေသစ်ရွက်စစ်တပ်ခေါင်းဆောင် ရှောင်ဟိုင်အား ခေါ်သွားပြီးနောက် ခေါင်းဆောင်ဘေးတွင် ရပ်နေသည့် ကျင်းဝူကျင်း စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် မေးလိုက်၏။
"အဖေ၊ ဘာလို့သူ့အပေါ် လောင်းကြေးထပ်ရတာလဲ၊ ဒါကနည်းနည်းအန္တရာယ်များပုံရတယ်....."
ကလန်ခေါင်းဆောင်ပြုံးသည်။
"သူအရမ်းယုံကြည်မှုရှိနေတာကို မင်းပြောနိုင်တယ်မလား"
ကျင်းဝူကျင်း ကြက်သေသေသွားသည်။
"ဒီလိုလူတစ်ယောက်မှာ အပြည့်အ၀ယုံကြည်မှုရှိပြီဆိုတာနဲ့ ဒါက သူ့ကိုယ်သူ အပြည့်အ၀ယုံကြည်တယ်လို့ ဆိုလိုနေတာပဲ"
ခေါင်းဆောင်ဆက်ပြောသည်။
"ဒါ့အပြင် သူ့မှာ နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းရဲ့ ထောက်ခံမှုရှိသလို နတ်သခင်ဟောင်တျန်းရဲ့ ကူညီမှုကိုလည်း ရထားတဲ့ တည်ရှိမှုတစ်ခုပဲ"
"နတ်ဆိုးဘုရင်ပိုင်နက်ကို ပြန်သိမ်းတာက သူ့အတွက် စမ်းသပ်မှုတစ်ခု ဖြစ်လောက်တယ်"
"ဒီတော့ ဒီလောင်းကြေးက မထိုက်တန်ဘူးလို့ မင်းထင်နေတုန်းလား"
ကျင်းဝူကျင်းအံ့ဩသင့်သွားခဲ့သည်။
နတ်ဆိုးဘုရင်ပိုင်နက်ကို ပြန်သိမ်းခြင်းက စမ်းသပ်မှုတစ်ခုသာဖြစ်သည်။
ဒီလိုဆိုပါက လက်ရှိနတ်ဆိုးသခင်ဟောင်း၏ လမ်းကြောင်းက ဒီမှာတင်ရပ်မသွားဘဲ အနည်းဆုံးတော့ သူနတ်သခင်တစ်ဦး ဖြစ်လာပေလိမ့်မည်။
အပိုင်း(977) coming။