#မယုံနိုင်စရာကောင်းလောက်အောင် မောက်မာခြင်း....#
Vol. 69 Ch. 977
ရှောင်ဟိုင်အပြင် ဖန်ချန်းကလည်း တစ်ချိန်တည်းမှာပင် ကြက်သွေးရောင်မီးတောက်အိမ်တော်၏ အားအကောင်းဆုံးအစီအရင်ကို ဖြတ်ကျော်နိုင်ခဲ့သည်။ ကြက်သွေးရောင်မီးတောက်နတ်အစီအရင်၏ ပထမစမ်းသပ်မှုသုံးခုက ကြက်သွေးရောင်မီးတောက်အိမ်တော်၏ အားအကောင်းဆုံးပါရမီရှင်၏ စံချိန်ကို ချိုးဖျက်ခြင်းပင်။ ထိုအချိန်တွင် ဖန်ချန်းပထမအဆင့်ကိုသာ ဖြတ်ကျော်ခဲ့သည်။
ရလဒ်အဖြစ် သူကခြွင်းချက်အနေနှင့် ကြက်သွေးရောင်မီးတောက်အိမ်တော်သခင်၏ အတွင်းဂိုဏ်းတပည့်တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရသည်။
ဖန်ချန်း သူ့ကို သူ့ဆရာအဖြစ် အသိအမှတ်ပြုရန် ဆန္ဒမရှိသည်မှာ ၀မ်းနည်းစရာပင်။ မဟုတ်ပါက အိမ်တော်သခင်က ဖန်ချန်းကို သူ့ကိုယ်ပိုင်တပည့်အဖြစ် လက်ခံပေလိမ့်မည်။
ကောင်းကင်ဘုံစံအိမ်ဂိုဏ်းတွင် မုဖူရှန်း အဆောင်ရေးထွင်းရာ၌ သူ့၏ အကြွင်းမဲ့ပါရမီနှင့်အတူ ကောင်းကင်ဘုံစံအိမ်ဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုသို့ ၀င်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် တာအိုအဆောင်ဂိုဏ်းခွဲ၏ တာ၀န်ရှိသူက မုဖူရှန်းဆီကနေ တာအိုအဆောင်များနှင့် ပတ်သက်ပြီး အများကြီး သင်ယူခဲ့သောကြောင့်ပင်။
တခြားတစ်ဘက်တွင် ငွေနဂါးစံအိမ်ကနေ ထိတ်လန့်ဖွယ်ရာသတင်းတစ်ခု ထွက်လာခဲ့သည်။
ငွေနဂါးစံအိမ်သခင် သေဆုံးသွားသည့်အချိန်မှစ၍ မည်သူမှ ငွေနဂါးဓားကနေ ထိတ်လန့်ဖွယ်ရာဓားအလင်းကို ထွက်လာအောင် မလုပ်နိုင်ပေ။
သို့စေကာမူ ယဲ့ချိုးပိုင် ငွေနဂါးစံအိမ်ကို ၀င်လိုက်သည်နှင့်တစ်ပြိုင်နက် ငွေနဂါးဓားက ကြောက်မက်ဖွယ်ရာ ဓားအလင်းကို ထုတ်လွှတ်သည်။
ဓားဟိန်းသံကလည်း ငွေနဂါးစံအိမ်တစ်ခုလုံးအတွင်း ပဲ့တင်ထပ်သွားပြီး အချိန်အတန်ကြာ မရပ်ခဲ့ပေ။
.....
ဒီအချိန်တွင် ရွှေတောင်ပံဂဠုန်ကလန်၌ ရှောင်ဟိုင်ထွက်သွားပြီးနောက် ကလန်ခေါင်းဆောင် ရှောင်ဟိုင် ရွှေတောင်ပံဂဠုန်ကလန်ကို ဝင်ပြီး ရွှေသစ်ရွက်စစ်တပ်၏ လက်ထောက်တပ်မှူးတစ်ဦးဖြစ်လာသည်ဟု ကြေညာခဲ့သည်။
တစ်ချိန်တည်းမှာပင် နောက်တစ်ကြိမ် နဂါးသွေးကြောထဲကို ၀င်ရန်အတွက် သူက အရည်အချင်းပြည့်မီသည်။
ဒီသတင်းပျံ့သွားသည်နှင့်တစ်ပြိုင်နက် ရွှေတောင်ပံဂဠုန်ကလန်တစ်ခုလုံး ထိတ်လန့်သွားကြ၏။
ရွှေတောင်ပံဂဠုန်ကလန်က အားကောင်းသူကို လေးစားသည်။ ထိပ်တိုက်ရင်ဆိုင်ပြီး အနိုင်မယူသေးသရွေ့ ဘယ်သူ့ကိုမှ အညံ့ခံစရာမလို။
ကလန်၀င်တိုင်းတွင် တူညီသည့်ပင်ကိုယ်စရိုက်ရှိပြီး ဒါက မောက်မာခြင်းပင်။
ဒါကလည်း ရွှေတောင်ပံဂဠုန်ကလန်၏ စွမ်းအား၊ အရင်းအမြစ်များနှင့် ပုံရိပ်အားလုံးကို ရရှိစေခဲ့သည်။
သူတို့က လမ်းကြောင်းတစ်လျှောက်တွင် တိုက်ခိုက်ရန်အတွက် လက်သီးများကို မှီခိုအားကိုးကြသည်။
ကလန်ခေါင်းဆောင်၏သား ကျင်းဝူကျင်းဖြစ်နေလျှင်ပင် သူ့တွင်ပါရမီ သို့မဟုတ် ခွန်အားမရှိသရွေ့ တခြားကလန်၀င်များကို စည်းရုံးသိမ်းသွင်းနိုင်မည်မဟုတ်။
ဒါ့အပြင် ကလန်ခေါင်းဆောင်ကလည်း လက်ရှိနေရာ၌ ရပ်တည်ခွင့်ပေးမည်မဟုတ်ပေ။
သို့စေကာမူ သူတို့အရင်က တခါမှ မမြင်ဖူးသည့် ဒီရှောင်ဟိုင်က ဘယ်နေရာကနေ ရောက်လာသနည်း။
ရွှေတောင်ပံဂဠုန်ကလန်၌ အားအကောင်းဆုံးဟုယူဆ၍ရသည့် ရွှေသစ်ရွက်စစ်တပ်ပင်လျှင် ရရှိရန်အကောင်းဆုံး ကြိုးစားရသော နေရာကို ရှောင်ဟိုင်အား အလွယ်တကူပင် ၀င်ရောက်ခွင့်ပေးပြီး အလွန်မြင့်မားသည့် အာဏာရှိသည့် လက်ထောက်တပ်မှူးပင်ဖြစ်လာစေသည်။
ဒါ့အပြင် သူ့တွင် နဂါးသွေးကြော၌ ၀င်ရန်အတွင်လည်း အရည်အချင်းများ ပြည့်မီသေးသည်။
သူတို့ဒါကို ဘယ်လိုလုပ် လက်ခံနိုင်မည်နည်း။
ချက်ချင်းဆိုသလို မရေမတွက်နိုင်လောက်သည့် ကလန်သားများ ရွှေသစ်ရွက်စစ်တပ်၏ တပ်စခန်းဆီသို့ ပြေးသွားကြသည်။
ရွှေတောင်ပံဂဠုန်ကလန်၀င်များတင် မဟုတ်ဘဲ ရွှေသစ်ရွက်စစ်တပ်နှင့် တခြားလက်ထောက်တပ်မှူးများကည်း ဒေါသထွက်သွားကြသည်။ သူတို့ ရွှေသစ်ရွက်စစ်တပ်၏ တပ်မှူးခေါင်းဆောင်ကိုရှာဖွေပြီး မေးခွန်းထုတ်ကြသည်။
တပ်မှူး၏တဲရှေ့တွင် လူများစွာရှိနေပြီး သူ့ကို ခေါင်းကိုက်စေသည်။
"မင်းတို့တစ်ယောက်မှ မယုံဘူးလား"
အောက်ကလူများ ချက်ချင်းအော်ဟစ်သည်။
"သေချာတာပေါ့၊ ကျွန်တော်တို့မယုံဘူး"
"ဒီလူရဲ့ခွန်အားကိုတောင် ကျွန်တော်တို့ မမြင်ရသေးဘူး၊ ဘာအရည်အချင်းမှမပြဘဲ သူ့ကို ဘယ်လိုလုပ် လက်ထောက်တပ်မှူးဖြစ်လာဖို့ ကျွန်တော်တို့ခွင့်ပြုနိုင်မှာလဲ"
ကျန်းဟုန်တစ်ယောက်သာလျှင် နှုတ်ဆိတ်နေခဲ့သည်။
ရှောင်ဟိုင်၏ခွန်အားနှင့် ပါရမီကို သူမြင်ခဲ့သည်။
ဒါ့အပြင် တပ်မှူး၏စကားလုံးများကနေ ဒီလူ၏ ကိုယ်ရေးအချက်အလက်ကို သူသိခဲ့သည်။
ရှောင်ဟိုင်အတွက် လက်ထောက်တပ်မှူးတစ်ဦးဖြစ်လာရန်ဟူသည် လုံး၀ပြဿာနာမရှိဟု ဆို၍ရသည်။
တပ်မှူး နဖူးကိုပွတ်သပ်ရင်း အကူအညီကင်းမဲ့စွာပြောသည်။
"ဒီလိုဆိုမှတော့ ငါမင်းတို့အတွက် ပြိုင်ကွင်းတစ်ခုစီစဉ်ပေးမယ်"
"မင်းတို့ထဲက တစ်ယောက်ယောက်က စိန်ခေါ်ချင်တယ်ဆိုရင် စင်ပေါ်တက်လာလို့ရတယ်၊ ဒါပေမယ့် လက်ထောက်တပ်မှူးရှောက်ဟိုင်က နတ်ဗိုလ်ချုပ်နယ်ပယ် အလယ်အလတ်အဆင့်ပဲ ရှိသေးတယ်၊ ဒါကြောင့် နတ်ဗိုလ်ချုပ်နယ်ပယ်က လူတွေပဲ သူ့ကို စိန်ခေါ်လို့ရမယ်၊ နားလည်လား"
နတ်ဗိုလ်ချုပ်နယ်ပယ်ပဲလား!
လူတိုင်းနှာခေါင်းရှုံ့လိုက်ကြ၏။
ယခုလိုလူတစ်ယောက်က လက်ထောက်တပ်မှူးနေရာတွင် ထိုင်ရန်အတွက် ဘယ်လိုလုပ် အရည်အချင်းရှိနိုင်မည်နည်း။
တခြားလက်ထောက်တပ်မှူးများက နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ကိုပင် ရောက်နေကြလေပြီ။
"လက်ထောက်တပ်မှူးရှောင်ဟိုင်၊ မင်းမှာ ကန့်ကွက်စရာရှိလား" တပ်မှူး သူ့နောက်က တိတ်ဆိတ်နေသည့် ရှောင်ဟိုင်ကို လှမ်းကြည့်သည်။
သို့စေကာမူ ရှောင်ဟိုင်၏ နောက်ထပ်စကားလုံးများက တခြားကလန်၀င်များကို ဒေါသထွက်သွားစေသည်။
"နတ်ဘုရင်နယ်ပယ်ကလူများလည်း လာနိုင်တယ်၊ ကျုပ်မှာ ဘာပြဿာနာမှမရှိဘူး"
သူ့အသံက ဂရုမစိုက်သည့်အသွင် ရှိသော်လည်း မောက်မာမှုနှင့် အဆုံးမဲ့ဂုဏ်ယူမှုဖြင့် ပြည့်နှက်နေသည်။
တပ်မှူးကလည်း အနည်းငယ်ကြက်သေသေသွားသည်။ သို့စေကာမူ ရှောင်ဟိုင်၏ ကိုယ်ရေးအထောက်အထားကို တွေးပြည့်ပြီးနောက်တွင် သူရယ်မောလိုက်မိသည်။
အရင်နတ်ဆိုးသခင်ဟောင်းရှောင်ဟိုင်သာ ဆိုပါက သူ့တွင် တကယ်ပင်ဒီလိုပြောရန်အတွက် ယုံကြည်ချက်ရှိပေသည်။
"ဒီလိုဆိုမှတော့ ရွှေသစ်ရွက်စင်မြင့်ကို သွားကြရအောင်"
ရွှေတောင်ပံဂဠုန်ကလန်၏ မောက်မာသည့်စရိုက်အရ သဘောထားကွဲလွဲမှုများက ရှောင်လွှဲ၍မရပေ။
ထို့ကြောင့်သူတို့မကြာခဏ ဆိုသလို ခိုက်ရန်ဖြစ်ပွားကြပြီး တစ်ဦးကိုတစ်ဦး အညံ့ခံရန် ငြင်းကြသည်။ ထို့နောက် သူတို့ ကောင်းကင်ကြီး မှောင်မိုက်သွားသည့် အချိန်အထိ တိုက်ခိုက်ကြသည်။
ယခုလိုအရာမျိုးက ရွှေတောင်ပံဂဠုန်ကလန်တွက်သာ ပိုကောင်းမွန်သည်။
ငြိမ်းအေး၍မရနိုင်သည့် ပဋိပက္ခများ ရှိလာသည်ဖြစ်စေ သို့မဟုတ် မယုံကြည်သောအခါဖြစ်စေ၊ နေရာကို အစားထိုးချင်သောအခါဖြစ်စေ သူတို့အရာအားလုံးကို ရွှေသစ်ရွက်စင်မြင့်တွင် ကိုင်တွယ်ရင်ဆိုင်ကြသည်။
လူတိုင်း တပ်မှူးနောက်ကနေတဆင့် ဗလာကွင်းပြင်တစ်ခုဆီသို့ လိုက်သွားကြ၏။
ပွင့်နေသည့်လေဟာနယ်တစ်ခု၌ စက်လုံးကဲ့သို့ ကွင်းပြင်တစ်ခုက မြေကြီးကနေ မြင့်တက်နေသည်။
တစ်ချိန်တည်းမှာပင် စက်လုံးကွင်းပြင်၏ ဘက်ပေါင်းစုံ၌ ကျောက်ရုပ်တုကြီးတစ်ခုစီ ရှိသည်။
၎င်းတွင် ရွှေတောင်ပံဂဠုန်ရုပ်တုကဲ့သို့ ထက်ရှသည့်ဖိအားမရှိသော်လည်း အတော်လေးကို ကျက်သရေရှိပေသည်။
ဒီအခိုက်အတန့်၌ တပ်မှူး စင်မြင့်ကို လက်ညိုးထိုးပြသည်။
"အပေါ်တက်တော့"
ရှောင်ဟိုင်ခေါင်းညိတ်ပြီး ခုန်တက်သွားကာ အောက်သို့ငုံ့ကြည့်သည်။
"စမယ်"
ရှောင်ဟိုင်၏ အမူအရာကိုကြည့်ရင်း နတ်ဗိုလ်ချုပ်နယ်ပယ် အလယ်အလတ်အဆင့်တစ်ဦးက အတောင်ပံများကိုဖြန့်ကျက်ရင်း ခုန်တက်သွားပြီး အေးစက်စွာ နှာခေါင်းရှုံ့သည်။
"ဒီနေရာမှာ ထိုင်ဖို့ အရည်အချင်းမှီလောက်အောင် မင်းမှာဘယ်လိုခွန်အားမျိုးတွေ ရှိသလဲဆိုတာ ကြည့်ကြရအောင်"
ထို့နောက် သူတခြားမည်သည့်စကားမှ မဆိုဘဲ ရှောင်ဟိုင်ထံတည့်တည့်ဦးတည်သွား၏။
ဒါကိုမြင်ရသောအခါ ရှောင်ဟိုင်စိတ်၀င်စားပုံမရဘဲ ရပ်နေပြီး လက်သီးတစ်ချက် ထိုးလိုက်သည်။
လက်သီးမရောက်လာသေးသော်လည်း သူ့ရုပ်ခွန်အားက လေဟာနယ်ကို ချက်ချင်းဆိုသလို ဖိသိပ်ပစ်သည်။
ဒီကလန်၀င်မှာ ရှောင်ဟိုင်၏ လက်သီးချက်နှင့် မထိခိုက်မှာပင် လေဟာနယ်ဖိသိပ်မှုကြောင့် တိုက်ရိုက်ပင် နှောင့်နှေးသွားရသည်။
ထိုစဉ် လက်သီးချက်က ရောက်လာပြီး သူ့၏လက်သီးကို ထိတ်လန့်နေစဉ်မှာပင် တိုက်ပစ်သည်။
ခရက်ခ်.....!
အရိုးကျိုးသံများက နေရာတိုင်းတွင် ပဲ့တင်ထပ်သွားပြီး တစ်ချိန်တည်းမှာပင် ထိုကလန်၀င်ကလည်း ရွှေသစ်ရွက်စင်မြင့်ကနေ လွင့်စင်သွားပြီး အပြင်သို့ကျသွားကာ တစ်ခဏကြာမျှ မရွေ့လျားနိုင်တော့ပါ။
ဒီမြင်ကွင်းကို မြင်သောအခါ လူတိုင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြ၏။
သူ့ကနယ်ပယ်တူက ပြိုင်ဘက်ကိုပင် အလွယ်တကူ အနိုင်ယူပစ်ခဲ့သည်။ ကြည့်ရသည်မှာ သူ့ပါရမီက ထူးခြားပြီး နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်ခြင်းက ပြဿာနာမရှိပုံပင်။
ဒီအချိန်တွင် ရှောင်ဟိုင်လက်ဝှေ့ယမ်းရင်း မျက်မှောင်ကြုတ်ကာပြောသည်။
"ပိုအားကောင်းအောင်လုပ်ဦး၊ ငါ့ကို ငြီးငွေ့အောင်မလုပ်နဲ့"
"မျှော်လင့်ထားတဲ့အတိုင်းပဲ နတ်ဆိုးသခင်က နတ်ဆိုးသခင်ဖြစ်နေတုန်းပဲ၊ ဘယ်လောက်တောင် မောက်မာလိုက်သလဲ" တပ်မှူးအောက်ကနေ ဒီမြင်ကွင်းကို မြင်သောအခါ ရယ်မောလိုက်သည်။
ရှောင်ဟိုင်စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် နတ်ဗိုလ်ချုပ်နယ်ပယ် အထွတ်အထိပ်အဆင့်တစ်ဦးက စင်မြင့်ပေါ် ပျံသန်းသွား၏။
ထိုပြင်းထန်သည့် စကားလုံးများအပြီးတွင် ရှောင်ဟိုင်ဆီက လက်သီးချက်အနည်းငယ်ရပြီးနောက် ဒီလူက တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိတော့ပေ။
ရှောင်ဟိုင်ရှေ့တစ်လှမ်းတိုးပြီး ထပ်ထိုးလိုက်စဉ် အရင်ကလူကဲ့သို့ပင် သူက လေထဲတွင် လွင့်စင်သွားပြီး စင်မြင့်အပြင်ဘက်တွင် တိုက်ရိုက်ကျသွားသည်။
"နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူတွေလာကြ"
ရှောင်ဟိုင် လက်ကောက်၀တ်ကို လိမ်ကွေ့ရင်း စိတ်လှုပ်ရှားသည့်အပြုံးကို ပြသသည်။
"မင်းတို့ရဲ့နတ်ဗိုလ်ချုပ်နယ်ပယ်က အရမ်းနိမ့်ကျလွန်းတယ်"
တစ်နည်းပြောရပါက ပိုပြင်းထန်ရပေမည်။
အောက်က လက်ထောက်တပ်မှူးများ ဒီမြင်ကွင်းကိုမြင်သောအခါ သူတို့မျက်လုံးများမှ မထီမဲ့မြင်ပြုမှုများက လျော့သွားခဲ့သည်။
လက်ထောက်တပ်မှူးတစ်ယောက်မေးသည်။
"တပ်မှူး၊ ဒီလူကတကယ်ပဲဘယ်သူလဲ"
သို့စေကာမူ တပ်မှူးပြုံးလိုက်သည်။
"မင်းတို့ကိုယ်တိုင်စမ်းကြည့်လို့ရတယ်၊ သူ့ခွန်အားနဲ့ဆိုရင် သူမင်းတို့နဲ့ အကြိမ်ရေ အနည်းငယ်လောက် တိုက်ခိုက်နိုင်သေးတယ်"
တပ်မှူး၏စကားလုံးများကို ကြားပြီးနောက် လက်ထောက်တပ်မှူးများ ထိတ်လန့်သွားကြ၏။
သူတို့က နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်များဖြစ်ကြသည်။
နတ်ဗိုလ်ချုပ်နယ်ပယ် အလယ်အလတ်အဆင့်က ဂျူနီယာတစ်ယောက်မှာ တကယ်ပဲ သူတို့ကို ခုခံနိုင်တဲ့ စွမ်းရည်ရှိတာလား!
ဒါကရှက်စရာကောင်းပေလိမ့်မည်။
အပိုင်း(978) coming။