#နဂါးသွေးကြောလှုပ်ရှားလာခြင်း#
Vol. 69 Ch. 978
ရှောင်ဟိုင်၏ တိုက်ခိုက်ရေးစွမ်းအားက သူတို့စိတ်ကူးထက် လုံး၀သာလွန်နေခဲ့သည်။
နတ်ဗိုလ်ချုပ်နယ်ပယ် အလယ်အလတ်အဆင့်ခွန်အားဖြင့် သူနတ်ဘုရင်နယ်ပယ်အောက်က လူတစ်ချို့ကို မည်သည့်အားစိုက်ထုတ်မှုမှမပါဘဲ အတင်းအနိုင်ယူခဲ့သည်။
ဒါကဘာမှမဖြစ်ပျက်ခဲ့သည့်အလားပင်။
သူ့ကိုယ်ခန္ဓာ၌ ဒဏ်ရာဒဏ်ချက်ရမည်ကိုထား၊ သူ့အသက်ရှုသံပင်လျှင် အလွန်ညီမျှနေပြီး အတော်လေးတည်ငြိမ်နေသည်။
တစ်ခုတည်းသောပြောင်းလဲမှုက မြင့်တက်လာသည့် တိုက်ပွဲဆန္ဒပင်။
တိုက်ပွဲကပိုပို၍ပြင်းထန်လာသည်။
နတ်ဘုရင်နယ်ပယ်အောက်က မည်သူမှ ရှောင်ဟိုင်ကို ခြိမ်းခြောက်မှုမပေးနိုင်တော့ဟု ဆို၍ရသည်။
"နတ်ဘုရင်နယ်ပယ်ကလူတွေ၊ တက်လာကြ"
ရှောင်ပြုံးရင်း အောက်ကလူများကို ငုံ့ကြည့်သည်။ သူက သူတို့ကို လှောင်ပြောင်နေပုံရသော်လည်း တမင်တကာသရော်နေသည့်အသွင်။
"ရွှေတောင်ပံဂဠုန်ကလန်ကို ဘယ်သူမှမကျန်တော့တဲ့အထိ ငါ့ကိုရယ်ရအောင် မလုပ်နဲ့"
"နတ်ဘုရင်နယ်ပယ်ကလူတွေ၊ တက်လာကြ"
ရွှေတောင်ပံဂဠုန်ကလန် ဒါကို ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း။
မူလက သူတို့အတွက် ဒီတိုက်ပွဲကို အနိုင်ရခဲ့လျှင်ပင် ဒါက ဂုဏ်ယူရမည့်အရာတစ်ခုမဟုတ်ပါ။
ဒီလိုအခြေအနေရပ်မျိုးတွင် သူတို့တိုက်ခိုက်နေသည့် အနေအထား၌ သူတို့၏ ကျင့်ကြံခြင်းနယ်ပယ်က တစ်ဘက်လုထက် မြင့်မားလေရာ အနိုင်ရလျှင်ပင် ဒါက မျှတသည့်အောင်ပွဲတစ်ခု မဟုတ်သဖြင့် သူတို့ရှက်သလို ခံစားရမည်သာ။
သို့စေကာမူ ရှောင်ဟိုင်၏ စကားလုံးများကို ကြားပြီးနောက်တွင် တစ်ချို့လူများက ဂရုမစိုက်ကြတော့ပါ။
နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့်ကျွမ်းကျင်သူတစ်ဦး စင်ပေါ်သို့ ခုန်တက်လာသည်။
ထိုလူ၏ အမူအရာက အနည်းငယ်ကြည့်ရဆိုးနေသည်။
"ငါ့နယ်ပယ်က မင်းထက်အများကြီးမြင့်တယ်ဆိုပေမယ့် မင်းက ပဏာမခြေလှမ်းလှမ်းပြီး တောင်းဆိုလာတော့ ငါတို့ရွှေတောင်ပံဂဠုန်ကလန်က တိုက်ပွဲအတွက် မင်းရဲ့စိတ်အားထက်သန်မှုကို လျော့သွားအောင် မလုပ်နိုင်တော့ဘူးလို့ ငါထင်တယ်"
သို့စေကာမူ ရှောင်ဟိုင်အရမ်းကြီးဂရုမစိုက်ပါ။
သူ့အတွက်မူ သူယခုလိုနေတာက ရုပ်ခန္ဓာများကြားက ပြင်းထန်သည့် ထိပ်တိုက်တွေ့ဆုံမှုတစ်ခုပင်။
သူစိတ်ကြိုက်တိုက်ခိုက်ချင်သည်။
မည်သည့်စကားမှမဆိုဘဲ ရှောင်ဟိုင် နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူထံ ဦးတည်လိုက်၏။
ရှောင်ဟိုင်၏ကိုယ်၌ လိုင်းများက ဆက်တိုက် လင်း၀င်းလာပြီး တစ်ချိန်တည်းမှာပင် နတ်ဆိုးနက်ချီနှင့် သွေးကြောစွမ်းအားက ပေါက်ကွဲသွားခဲ့သည်။
ဒါက ရှောင်ဟိုင်၏ အော်ရာနှင့် ရုပ်ခွန်အားကို ထိုးတက်သွားစေသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့်ကျွမ်းကျင်သူမှာ ထိတ်လန့်တုန်လှုပ်သွား၏။
ဒီလူက တကယ်ပဲအများကြီး ဖုံးကွယ်ထားတာလား!
သူ့ရုပ်ခန္ဓာခွန်အားက အမှန်တကယ်ပင် ထပ်ပြီး တိုးတက်လာနိုင်သည်။
ဒါ့အပြင်သူ့ကို အယုံရအခက်ဆုံးအရာက သူ့သွေးကြောက ရှောင်ဟိုင်၏ သွေးကြောစွမ်းအားကြောင့် လုံး၀ဖိနှိပ်ခံထားရခြင်းပင်။
သို့စေကာမူ ဒါကပုံမှန်သာ။
ရှောင်ဟိုင်၏ နတ်ဆိုးဘုရင်သွေးကြောက ဒီအဆင့်မြင့်ကြယ်နယ်မြေတွင် ထိပ်တန်းသွေးကြောများအနက် တစ်ခုဖြစ်သည် မဟုတ်ပေလော။
ယခုတွင်မူ လုချန်ရှန်းသွေးတစ်စက်ပင်လျှင် ရှိသည်။
ဒါက အဆင့်မြင့်ကြယ်နယ်မြေ၌ ထိပ်တန်းသွေးကြောတစ်ခုဖြစ်လာသည်မှာ သံသယရှိစရာပင်မလို။
ထို့ကြောင့် ကျင်းဝူကျင်းကိုယ်ထဲက အသန့်စင်ဆုံး ရွှေတောင်ပံဂဠုန်သွေးကြောပင်လျှင် ရှောင်ဟိုင်၏ အညှာအတာကင်းမဲ့စွာ ဖိနှိပ်ခြင်းခံလိုက်ရပေလိမ့်မည်။
ဒီလူအများကြီး မတွေးနိုင်ခင်မှာပင် ရှောင်ဟိုင်ရှေ့သို့ပြေး၀င်လာပြီဖြစ်လေရာ နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့်ကလည်း အတောင်ပံများကို ဖြန့်ကြက်ရင်း ရှေ့သို့ပြေးပြီး တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်မျက်နှာဆီသို့ လက်သီးတစ်ချက် ပစ်ကျွေးလိုက်သည်။
ထို့နောက် ရှေ့ဆက်ရမည့်အစား သူနောက်ဆုတ်ရင်း တိုက်ခိုက်မှုကို ကာကွယ်မှုအဖြစ်သုံးလိုက်သည်။
တဟူးဟူးမြည်ဟီးနေသည့် လေပြင်းနှင့်အတူ ပြင်းထန်ထက်ရှလှသည့်အားက လေဟာနယ်ကို အဆက်မပြတ် ဆုတ်ဖြဲပစ်သည်။
လက်သီးမရောက်လာသေးခင်မှာပင် သူ့မျက်နှာအား ဆန့်ကျင်တိုက်ခတ်လာသည့် လေပြင်းကို ရှောင်ဟိုင် ရှင်းရှင်းလင်းလင်း ခံစားနေရသည်။
ရှောင်ဟိုင် မျက်စိတစ်ချက်မှိတ်လိုက်ပြီး တစ်ဘက်ကို လက်သီးထိုးလိုက်၏။
ဘန်းခနဲ့ ကျယ်လောင်သည့်အသံတစ်သံ ထွက်လာခဲ့သည်။
လူတိုင်း၏ လေးနက်နေသည့်အကြည့်များအောက်တွင် လက်သီးချက်နှစ်ချက်က ရုတ်တရက် တိုက်မိသည်။
ဘန်း......!
ရွှေသစ်ရွက်စင်မြင့်တွင် လေဟာနယ်က လျင်မြန်စွာပင် ဖိသိပ်ခံရပြီး တုန်ခါသည့် လှိုင်းများ ထုတ်လွှတ်ကာ ပတ်၀န်းကျင်၌ အဆက်မပြတ်ပျံ့သွားသည်။
သို့စေကာမူ ရလဒ်က စင်မြင့်အောက်က လူတိုင်းကို ထိတ်လန့်သွားစေသည်။
ဒါကမကျေနပ်စရာဖြစ်ပုံရသည်။
ပြောစရာပင်မလို ရှောင်ဟိုင် ထိုလူ၏ လက်သီးချက်ကြောင့် နောက်သို့အတင်းတွန်းခံရပြီး နောက်သို့ခြောက်လှမ်းခန့် ဆုတ်လိုက်ရသည်။
တခြားတစ်ဘက်တွင် နတ်ဘုနင်နယ်ပယ် အလယ်အလတ်အဆင့်ကရော!
သူညာခြေဖြင့် အမှန်တကယ်ပင် တစ်လှမ်းဆုတ်လိုက်ပြီးမှ ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် လုပ်နိုင်ခဲ့သည်။
နတ်ဗိုလ်ချုပ်နယ်ပယ်အလယ်အလတ်အဆင့်တစ်ဦးက နတ်ဘုရင်နယ်ပယ်အလယ်အလတ်အဆင့်တစ်ဦးနှင့် တိုက်ခိုက်နေခဲ့သည်။
ဒီထဲတွင် စကားလုံးတစ်လုံးတည်းသာ ခြားနားချက်ရှိသော်လည်း ခြားနားချက်က မိုးနှင့်မြေပမာပင်။ ဒါ့အပြင် ခြားနားချက်က ရှောင်ဟိုင်အတွက် အရမ်းကြီး ကြီးမားပုံမပေါ်ပါ။
နှစ်ယောက်စလုံး အဆက်မပြတ် ထိပ်တိုက်တွေ့ဆုံကြသည်။
လက်သီးချက်တိုင်းက ကိုယ်ပိုထိပြီး တစ်ချိန်တည်းမှာပင် ထိပ်တိုက်တွေ့ဆုံမှုကြောင့် ရလာသည့် ရှောင်ဟိုင်၏ ဒဏ်ရာများက အနှီမျက်စိနှင့် မြင်နိုင်သည့် အမြန်နှုန်းတစ်ခုဖြင့် ပျောက်ကင်းသွားသည်။
ရုပ်ခန္ဓာကောင်းမွန်လာပြီးနောက်တွင် ရှောင်ဟိုင်၏ ရုပ်ခွန်အားက ဖြည်းဖြည်းချင်း တိုးလာသဖြင့် နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့်ကျွမ်းကျင်သူမှာ ပို၍ပင် ထိတ်လန့်လာသည်။
အောက်က ရွှေသစ်ရွက်တပ်မှူးကလည်း အံ့ဩနေသည့် အမူအရာတစ်ခုကို ဖော်ပြသည်။ ထိုနတ်ဆိုးသခင်ဆိုသည့်အတိုင်းပင် သူ့သွေးကြောစွမ်းအားက တကယ်ပင် လျှို့ဝှက်ဆန်းကြယ်သည်။
လက်ထောက်တပ်မှူးများတွင်လည်း ရှုပ်ထွေးနေသည့် အမူအရာများရှိနေကြ၏။
တခြားကလန်၀င်များကမူ သူတို့၏ မထီမဲ့မြင်အမူအရာများကို ဖယ်ထားကြပြီး သူတို့ရှောင်ဟိုင်ကို ဖြည်းဖြည်းချင်း အသိအမှတ်ပြလာကြသည်။
သူက ရွှေသစ်ရွက်စစ်တပ်၏ လက်ထောက်တပ်မှူးအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။
ရှောင်ဟိုင်၏ လက်ရှိနယ်ပယ်က လုံလောက်အောင် မမြင့်မားသေးသော်လည်း သူပြသသည့်ပါရမီ၊ နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်သည့် စွမ်းရည်နှင့် သူ့၏ အကြောက်အရွှံမဲ့တိုက်ခိုက်ဟန်က မကြာသေးခင်အနာဂတ်တွင် သူ့ခွန်အားက တခြားလက်ထောက်တပ်မှူးများနှင့် တန်းတူဖြစ်လာနိုင်မယ်ဆိုတာကို ပြနေသည်မှာ ရှင်းနေသည်။
စင်မြင့်ပေါ်၌ ရှောင်ဟိုင် နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်ကို သုံးရန် အစီအစဉ်မရှိသလို သူ့သွေးကြောစွမ်းအားကိုလည်း အပြည့်အ၀ အသက်မသွင်းခဲ့ပေ။
သူ့ကိုယ်သူလေ့ကျင့်ရန်အတွက် သူ့၏ အစစ်အမှန်ရုပ်ခွန်အားကို သူသုံးချင်သည်။
ဒီတိုက်ပွဲက တစ်နေ့တာကြာသွားခဲ့သည်။
အဆုံးသတ်တွင် ရှောင်ဟိုင်ရော နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့်ကျင့်ကြံသူပါ ဒဏ်ရာများနှင့် ပြည့်နှက်သွား၏။
တစ်ခုတည်းသောကွာခြားချက်က ရှောင်ဟိုင်၏ ဒဏ်ရာများက ပြန်လည်ကောင်းမွန်လာခြင်းပင်။
ဒီလိုသာဆက်ဖြစ်နေပါက အရှုံးသမားက နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူဖြစ်လာပေလိမ့်မည်။
ဒီကာလအတောအတွင်း ရှောင်ဟိုင်ကလည်း နတ်ဗိုလ်ချုပ်နယ်ပယ် နောက်ပိုင်းအဆင့်ကို ချိုးဖျက်သွားခဲ့သည်။
ဒီမြင်ကွင်းကိုမြင်သောအခါ နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့်ကလူက ခါးသီးစွာပြုံးရင်း ထရပ်ကာ လက်သီးဆုပ်သည်။
"ငါတို့သာ ဆက်တိုက်နေမယ်ဆိုရင် ငါရှုံးရလိမ့်မယ်၊ မင်း ဒီနေရာမှာထိုင်ဖို့အတွက် အရည်အချင်းရှိပါတယ်"
ထို့နောက်သူခုန်ဆင်းသွားသည်။
စင်မြင့်ပေါ်၌ နောက်ထပ်စိန်ခေါ်သူမရှိတော့ပါ။
ဆက်လက်တိုက်ခိုက်နေတာက အဓိပ္ပာယ်မရှိဘူးဆိုတာကို သူတို့သိကြသည်။
ရွှေသစ်ရွက်တပ်မှူးကလည်း ရှောင်ဟိုင်ဘေးသို့ အပြုံးဖြင့်ရောက်လာသည်။
"အခုတော့ ကန့်ကွက်စရာမရှိတော့ဘူးမလား"
အောက်က ကလန်၀င်များက ခေါင်းခါယမ်းကြသည်။
"ကောင်းပြီ၊ ဒါဆိုကိုယ့်အလုပ်ကိုယ်လုပ်ကြတော့၊ နဂါးသွေးကြောကို ၀င်ဖို့ နေရာတွေအတွက် ပြိုင်ပွဲက စတင်နေပြီ၊ ကျန်တဲ့နေရာတွေအတွက် သွားတိုက်ခိုက်ကြ"
ထိုသို့ဆိုပြီးနောက်တွင် ကလန်၀င်များ ပြန့်ကြဲသွားကြသည်။
ရွှေသစ်ရွက်တပ်မှူးခေါင်းဆောင် ရှောင်ဟိုင်အား ကြည့်ရင်းမေးသည်။
"နောက်ရက်အနည်းငယ်အတွင်းမှာ မင်းမှာ ဘာအစီအစဉ်တွေရှိလဲ"
ရှောင်ဟိုင်တစ်ခဏမျှ တွေးပြီးနောက် မေးလိုက်သည်။
"ရွှေသစ်ရွက်စစ်တပ်ရဲ့ လေ့ကျင့်ရေးနည်းလမ်းကဘာလဲ"
ရွှေသစ်ရွက်စစ်တပ်ခေါင်းဆောင်ပြုံးသည်။
"မင်းတွေ့ကြုံခံစားကြည့်ချင်လို့လား၊ ငါတို့ရွှေသစ်ရွက်စစ်တပ်ရဲ့ လေ့ကျင့်ရေးနည်းလမ်းကို ငါတို့ကလန်သားတွေကတော့ ငရဲလို့ခေါ်ကြတယ်"
ရှောင်ဟိုင်ပခုံးတွန့်သည်။
"စမ်းကြည့်တာပေါ့"
......
တခြားတစ်ဘက်တွင် ငွေနဂါးစံအိမ်၊ ကြက်သွေးရောင်မီးတောက်အိမ်တော်နှင့် ကောင်းကင်ဘုံစံအိမ်ဂိုဏ်းတို့တွင်လည်း အလားတူအရာများ ဖြစ်ပျက်ခဲ့သည်။
အချိန်က ဖြည်းဖြည်းချင်းကုန်သွား၏။
နဂါးသွေးကြောကို ၀င်နိုင်ရန်အတွက် နှစ်ရက်တည်းသာ ကျန်တော့သည်။
လွန်ခဲ့သောနှစ်ရက်အတွင်း နဂါးငွေ့တန်းကြယ်ဒေသက ပထမတန်းစားဂိုဏ်းအားလုံးက နဂါးသွေးကြော၌ စတင်စုစည်းလာခဲ့ကြသည်။
နဂါးသွေးကြောက အရင်းအမြစ်များကိုမူ မျှတစေရန်အတွက် ဂိုဏ်းကြီးအသီးသီးက တပည့်များက ဆုံးဖြတ်ခဲ့ကြသည်။
ဥပမာအားဖြင့် နဂါးလျှို့ဝှက်ရတနာများကို စုစည်းပြီးနောက်တွင် လျှို့ဝှက်ရတနာအဆင့်အလိုက် အမှတ်များကို ရရှိမည်ဖြစ်သည်။
အမှတ်များကို လုယက်၍လည်းရသည်။
ဒီနေ့မှာပင် ဂိုဏ်းကြီးအသီးသီး၏ ပါရမီရှင်များပေါ်ပေါက်လာခဲ့ကြသည်။
ဥပမာအားဖြင့် ရွှေတောင်ပံဂဠုန်ကလန်က ကျင်းဝူကျင်းပင်။
နောက်ထပ်ဥပမာတစ်ခုက ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်မှ ကျောက်စိမ်းရေကန်သူတော်စင်မိန်းမပျို ကျိချန်းယောင်ဖြစ်သည်။
အပိုင်း(979) coming။