#ရှောင်ဟိုင်၊ ဘာလို့ငါ့အတွက် မကြွားဝါကြတာလဲ#
Vol. 69 Ch. 979
နဂါးသွေးကြောပေါ်လာတာနှင့် ဂိုဏ်းတိုင်းက တိုက်ခိုက်မည့်နေရာတစ်ခု ဖြစ်လာပေလိမ့်မည်။
နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းတို့ကလည်း နဂါးသွေးကြော၌ တည်ရှိသည်။
အကယ်၍ ကြာရှည်ခံလိုသည့် အင်အားစုတစ်ခုဖြစ်လိုပါက နဂါးသွေးကြောကို ရရှိပိုင်ဆိုင်ခြင်းက ကြီးမားသည့် အကူအညီ ဖြစ်ပေလိမ့်မည်။
ဒါကလည်း အဓိကအကြောင်းရင်းများထဲက တစ်ခုပင်။
နဂါးငွေ့တန်းကြယ်ဒေသတွင် နဂါးသွေးကြောပေါ်လာပြီးနောက် သတင်းများကို လက်ခံရရှိပြီးနောက်တွင် ဒီပထမတန်းစားဂိုဏ်းများက တန်ဖိုးကြီးပေးဆပ်ပြီး တခြားကြယ်ဒေသများကနေ ဒီနေရာသို့ တိုက်ရိုက်ပင် ပြောင်းရွေ့လာခဲ့ကြသည်။
ထို့ကြောင့်လည်း ဒီနတ်သခင်အဆင့်ဂိုဏ်းငါးဂိုဏ်းက နဂါးသွေးကြောအတွက် နှစ်များစွာ တိုက်ခိုက်လာခဲ့ကြခြင်းပေတည်း။
အဆုံးသတ်တွင် အဓိကဂိုဏ်းငါးဂိုဏ်းက ဂိုဏ်းများကြားက ကြီးမားသည့်သေဆုံးမှုနှင့် ပျက်စီးမှုများကို ဖြစ်စေသည့် ပရမ်းပတာတိုက်ပွဲများမှ တားဆီးကာကွယ်ရန်အတွက် သဘောတူညီချက်တစ်ခု လုပ်ခဲ့ကြသည်။
နဂါးသွေးကြောအတွက် ပြိုင်ပွဲတွင်မူ သူတို့က သေချာပေါက် နတ်အင်ပါယာနယ်ပယ် ကျွမ်းကျင်သူများကို စေလွှတ်မည်မဟုတ်ပေ။ သူတို့ နဂါးသွေးကြောအရင်းအမြစ်များကို ဖြန့်ဝေခြင်းနှင့် အမှတ်များကို လုယက်ခြင်းများကို ဆုံးဖြတ်ရန်အတွက် နတ်အင်ပါယာနယ်ပယ်အောက်က တပည့်များကို အပြည့်အ၀အာဏာပေးထားသည်။
နဂါးသွေးကြောကို လုံး၀သိမ်းပိုက်ချင်သည့် အချက်ကရော!
ဒီအတွက်မူ ယခုအချိန်အထိ ပထမတမ်းစားဂိုဏ်းငါးဂိုဏ်းအနက် မည်သည့်ဂိုဏ်းကမှ ဒါကို မလုပ်ရဲသေးပါ။
အရင်ဆုံးခုန်ထွက်ပြီး နဂါးသွေးကြောတစ်ခုလုံးကို သိမ်းပိုက်ချင်သူက သေချာပေါက် တခြားဂိုဏ်းလေးဂိုဏ်း၏ ဆူးချွန်များအဖြစ် ရှုမြင်ခံရပြီး တိုက်ခိုက်ခံရပေလိမ့်မည်။
ဒီလိုဆိုပါက ဂိုဏ်းတစ်ဂိုဏ်းက ဒါကို ခံနိုင်ရည်ရှိတော့မည်မဟုတ်။
နဂါးသွေးကြောမြေက တောင်တန်းတစ်ခုပင်။
တောင်တန်းထဲတွင် သွေးအဆီအနှစ်စွမ်းအားက အလွန်အမင်းမြင့်တက်နေသည်။
သွေးချီစွမ်းအင်က လေထဲတွင် တောင်တန်းထဲက ဝိဉာဉ်ချီနှင့် ပေါင်းစပ်သွားပြီး သွေးရောင်ချီအဖြစ် သိပ်သည်းသွားကြ၏။
၎င်းကရုပ်လုံးပေါ်လာပြီး သွေးရောင်ပုလဲများအဖြစ် သိပ်သည်းကျစ်လျစ်သွားပုံရသည်။
ဒီတောင်တန်းကို မရေမတွက်နိုင်လောက်သည့် နဂါးအရိုးများကနေတဆင့် ဖွဲ့စည်းထားခြင်းပင်။
အထဲက နဂါးအော်ရာက တောင်တန်းထဲတွင် အမြဲလိုလိုရစ်ဝဲနေသည်။ ဒါက အလွန်အမင်း ထူထဲပြီး နဂါးဟိန်းသံက ကောင်းကင်၌ တစ်ကြိမ်ပြီးတစ်ကြိမ် ပဲ့တင်ထပ်နေသည်။
တောင်တမ်းအထက်က လေထဲတွင် ဂိုဏ်းငါးဂိုဏ်း၏ ကျွမ်းကျင်သူများက စုစည်းနေကြလေပြီ။
ဂိုဏ်းတစ်ဂိုဏ်းစီကို ဂိုဏ်းချူပ်များက ကိုယ်တိုင်ဦးဆောင်ကြသည်။
ဂိုဏ်းတစ်ဂိုဏ်းစီတွင် နဂါးသွေးကြောကို ၀င်ရန်အတွက် တပည့်လေးဦးစီရှိသည်။
"မင်း ဒီတစ်ကြိမ်လည်း ပုံမှန်အတိုင်းပဲ လာဦးမှာလား" ငွေရောင်ဆံပင်နှင့်အဖိုးအိုက ထူးမခြားနားသည့်အသွင်မေးသည်။
ငွေရောင်ဆံပင်နှင့်အဖိုးအိုက ငွေနဂါးစံအိမ်သခင်ဖြစ်သည်။
ငွေနဂါးစံအိမ်သခင်၏ စကားလုံးများကို ကြားသောအခါ ကောင်းကင်ဘုံစံအိမ်ဂိုဏ်းချုပ် ပြုံးသည်။
"ဘာလို့လဲ၊ မင်းစည်းမျဉ်းတွေကို ပြောင်းချင်လို့လား၊ ဒါမှမဟုတ် မင်းရဲ့ငွေနဂါးစံအိမ်က ဒါကို မခံနိုင်တော့တာလား၊ မင်းနဂါးသွေးကြောကို လုချင်တာလား"
ဒါကိုကြားသောအခါ ငွေနဂါးစံအိမ်သခင် နှာခေါင်းရှုံ့ရင်း အဖြေမပေးပေ။
ကြက်သွေးရောင်မီးတောက်အိမ်တော်သခင်က ဘေးကနေ နှာခေါင်းရှုံ့သည်။
"ဒါဆိုရင်တော့ သူ့မှာသတ္တိရှိဖို့ လိုတာပေါ့"
ဒီအခိုက်အတန့်၌ ကျိလျိုချီ ထူးမခြားနားစွာပြောသည်။
"အချိန်မဖြုန်းနဲ့တော့၊ မြန်မြန်စကြတော့"
ရွှေတောင်ပံဂဠုန်ကလန်ခေါင်းဆောင် လက်အစုံကိုပိုက်ရင်း နှာခေါင်းရှုံ့သည်။
"မင်းတို့က အပြင်လူတစ်စုပဲလေ၊ ဘာလို့ စည်းမျဉ်းတွေပြောင်းဖို့ကို လာပြောနေတာလဲ"
ကျိလျိုချီနှင့် ရွှေတောင်ပံဂဠုန်ကလန်ခေါင်းဆောင်တွင် ဒီအဓိကဂိုဏ်းသုံးဂိုဏ်းအပေါ် အမြင်ကောင်းမရှိပါ။
သူတို့အတွက် ထိုသူတို့က အပြင်လူများဖြစ်သလို ဓားပြများသာဖြစ်သည်။
"ဂိုဏ်းချုပ်တို့၊ အရမ်းစိတ်မဆိုးကြပါနဲ့၊ ဒီမှာ မရင်းနှီးတဲ့မျက်နှာတစ်ချို့ရှိတယ်လို့ ကျုပ်ထင်တယ်၊ သူတို့ကိုပိုပြီး ရှင်းပြဖို့ မလိုဘူးလား"
မရင်းနှီးသောမျက်နှာများက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများဖြစ်သည်။
ဂိုဏ်းကြီးအသီးသီးက တပည့်များ စူးစမ်းလိုသည့်အသွင် ကြည့်လိုက်ကြ၏။
တစ်ဘက်လူက နတ်ဗိုလ်ချုပ်နယ်ပယ်သာ ရှိသေးတယ်ဆိုတာကို သဘောပေါက်သွားသောအခါ သူတို့ထူးဆန်းသည့် အမူအရာများကို ထုတ်ဖော်ပြသကြသည်။
ဒီအခိုက်အတန့်၌ ကျိလျိုချီပြောသည်။
"ဒီလိုဆိုမှတော့ ထပ်ပြောမယ်"
"နဂါးသွေးကြောထဲမှာ အရာတိုင်းကို အမှတ်တွေနဲ့ ဆုံးဖြတ်မယ်"
"အားလုံး နဂါးသွေးကြောကို ၀င်ဖို့အတွက် အရည်အချင်းပြည့်မီထားတာဆိုတော့ နဂါးသွေးကြောထဲမှာ ဘယ်လိုအရင်းအမြစ်တွေ ရှိသလဲဆိုတာကို သိကြမှာပါ"
"ချီနဲ့သွေးစွမ်းအားတင်မဟုတ်ဘဲ မရေမတွက်နိုင်လောက်တဲ့ နဂါးအမျိုးအစား လျှို့ဝှက်ရတနာတွေလည်း ရှိတယ်၊ နဂါးပုံသဏ္ဍာန်လျှို့ဝှက်ရတနာကို ရရှိတာက အမှတ်တွေကို ရဖို့အတွက် နည်းလမ်းတွေထဲက တစ်ခုပဲ"
"နဂါးရှေးဟောင်းပစ္စည်းတွေကို အဆင့်လေးဆင့်ခွဲခြားထားတယ်၊ ကောင်းကင်၊ မြေ၊ အနက်နဲ့ အဝါရောင်တို့ပဲ၊ အစိမ်းရောင်အဆင့်ပစ္စည်းတွေက တစ်မှတ်စီရမယ်၊ ဆန်းကြယ်အဆင့်ပစ္စည်းတွေက ငါးမှတ်စီရမယ်၊ မြေအဆင့်ပစ္စည်းတွေက ဆယ်မှတ်စီရပြီး ကောင်းကင်အဆင့်ပစ္စည်းတွေက အမှတ်နှစ်ဆယ်စီရမယ်"
"အမှတ်တွေကို တုံကင်တစ်ခုစီထဲမှာ ထည့်ပေးထားမယ်၊ တကယ်လို့ တခြားတစ်ယောက်က တုံကင်ကို ယူသွားမယ်ဆိုရင် အမှတ်တွေကိုလည်း ယူသွားခံရလိမ့်မယ်"
"အဆုံးမှာ အမှတ်အများဆုံးရှိတဲ့ဂိုဏ်းက နောက်နှစ်တစ်၀က်အတွင်းမှာ နဂါးသွေးကြောအရင်းအမြစ်တွေကို အများဆုံး သိမ်းပိုက်နိုင်မယ်"
"ကောင်းပြီ" ငွေနဂါးစံအိမ်သခင် လက်ဝှေ့ယမ်းသည်။
"နေ့လယ်ကျရင် မင်းတို့ နဂါးသွေးကြောကို တရား၀င်၀င်လို့ရမယ်၊ မင်းတို့မှာ အချိန်ဆယ့်ငါးရက်ပဲရှိတယ်၊ ဆယ့်ငါးရက်အကြာမှာ မင်းတို့အတင်းထုတ်ခံရလိမ့်မယ်၊ နားလည်လား"
နားထောင်ပြီးနောက် လူတိုင်းခေါင်းညိတ်သည်။
ထို့နောက် ဂိုဏ်းချုပ်များက ပြောဆိုနေတာကို ရပ်လိုက်ကြပြီး တပည့်သားများကမူ စတင်စကားစမြည်ပြောကြသည်။
ငွေနဂါးစံအိမ်ဘက်တွင် တစ်ယောက်က မေးသည်။
"ဒါတကယ်ပဲထူးဆန်းတယ်၊ ဘာလို့အဲဒီအသစ်၀င်လာသူက နတ်ဗိုလ်ချုပ်နယ်ပယ်မှာပဲ ရှိနေရသေးတာလဲ"
ကောင်းကင်ဘုံစံအိမ်ဂိုဏ်းဒါကို ကြားသောအခါ သူတို့နှာခေါင်းရှုံ့သည်။
"ဘာလို့လဲ၊ မင်းတို့ရဲ့တပည့်အသစ်ကလည်း နတ်ဗိုလ်ချုပ်နယ်ပယ်ပဲလေ"
"ဂျူနီယာညီလေးယဲ့က မင်းတို့နဲ့မတူဘူး၊ သူက နတ်ဗိုလ်ချုပ်နယ်ပယ်က ဆိုပေမယ့် နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်သလို ငွေနဂါးဓားရဲ့ အသိအမှတ်ပြုမှုကိုလည်း ရခဲ့တယ်"
ငွေနဂါးဓားစံအိမ်က စကားလုံးများကို ကြားသောအခါ လူတိုင်းကြက်သေသေသွားကြ၏။
ငွေနဂါးဓားက ဘာကို ကိုယ်စားပြုသလဲဆိုတာ သူတို့သိကြပါသည်။
ကောင်းကင်ဘုံစံအိမ်ဂိုဏ်းကလည်း အနိမ့်ကျမခံပေ။
"ဒီတော့ဘာဖြစ်လဲ၊ ငါတို့ရဲ့ဂျူနီယာညီလေးမုကလည်း အကြီးအကဲဖုရဲ့ အသိအမှတ်ပြုမှုကို ရခဲ့တာပဲလေ"
အကြီးအကဲဖုက ကောင်းကင်ဘုံစံအိမ်ဂိုဏ်းရှိ အဆောင်ဂိုဏ်းကို ဦးဆောင်သူဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူက အလွန်အမင်းကျော်ကြားသည့် အဆောင်ဘိုးဘေးလည်းဖြစ်သည်။
မုဖူရှန်းနားထောင်နေရင်း သူ့မျက်ခုံးများ ရှုံ့တွသွား၏။
ဘာလိို့ ဒီလူတွေက ဒီလောက်ကြွားဝါနေရတာတုန်း၊ သူတို့ဟန်တောင် ဆောင်လိုက်ကြသေးတယ်!
ကြက်သွေးရောင်မီးတောက်အိမ်တော်က လူများကမူ ပြုံးလိုက်ကြသည်။
"ကြည့်ရတာ ဒီကလူသစ်တွေက မရိုးရှင်းပုံပဲ၊ ငါတို့နဂါးသွေးကြောကိုရောက်မှ သူတို့ရဲ့ အစစ်အမှန်ခွန်အားကို မြင်ရတော့မယ်"
ရှောင်ဟိုင် ကျင်းဝူကျင်းဘေးတွင် ရပ်နေသည်။ ဒီမြင်ကွင်းကိုမြင်သောအခါ သူမေးလိုက်မိသည်။
"ခင်ဗျားဘာလို့သူတို့နဲ့ ပြိုင်ပြီးမကြွားဝါတာလဲ"
ကျင်းဝူကျင်းနှာခေါင်းရှုံ့သည်။
"နတ်ဆိုးဖြစ်ဖြစ်၊ မဖြစ်ဖြစ် တိုက်ခိုက်ပြီးရင် သိရမှာပဲလေ၊ ဒီမှာ ငြင်းခုံနေတာက ဘာအကျိုးရှိလို့လဲ"
ရှောင်ဟိုင်စိတ်ပျက်စွာ ခေါင်းညိတ်သည်။
ဟူး....!
ငါ့အစ်ကို၊ ညီတွေကကျ အကြွားခံနေရပြီး ငါကျတော့ရော!
ရှောင်ဟိုင် ကြွားဝါခံရတာကို ကြိုက်သောသူတစ်ယောက် မဟုတ်သော်လည်း ယခု သူ့စီနီယာဂျူနီယာအားလုံးက ယခုလိုဆက်ဆံမှုမျိုးကို ရရှိသော်လည်း သူကမရပေ။
ဒီမညီမျှသည့်ခံစားချက်က ချက်ချင်းဆိုသလို ကြီးထွားလာသည်။
ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်၌ ကျိချန်းယောင်ဘေးက သူမနှင့် ထပ်တူညီစွာ လှပသည့်အမျိုးသမီးပြောသည်။
"သူတော်စင်မိန်းမပျို၊ ကြည့်ရတာ သူတို့က မရိုးရှင်းပုံပဲ၊ ကျွန်မတို့သတိထားသင့်လား"
ဒါကိုကြားသောအခါ ကျိချန်းယောင် ခေါင်းခါယမ်းသည်။ မျက်နှာဖုံးနှင့် လုံး၀ဖုံးအုပ်ထားသည့် သူမ၏ ပြိုင်ဘက်ကင်းမျက်နှာလေးက အလွန်အမင်း အေးစက်နေသည်။
"ဒါကအရေးမကြီးဘူး၊ ကျွန်မတို့ ကျင်းဝူကျင်း၊ ယင်ချီ၊ တင်းကျန်းနဲ့ ဝူဟင်တို့ကိုလည်း အာရုံစိုက်ထားဖို့လိုတယ်"
ပြောဖို့မလိုစွာပင် ကျင်းဝူကျင်းက ရွှေတောင်ပံဂဠုန်ကလန်၏ ပါရမီရှင်ဖြစ်သည်။
ယင်ချီက ငွေနဂါးစံအိမ်ကို ကိုယ်စားပြုသည်။
တင်းကျန်းက ကောင်းကင်ဘုံစံအိမ်ဂိုဏ်းမှဖြစ်ပြီး ဝူဟင်က ကြက်သွေးရောင်မီးတောက်အိမ်တော်သခင်၏ သားဖြစ်သည်။
သူတို့အားလုံးက နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်နေကြလေပြီ။
သူမ၏လက်ရှိပန်းတိုင်က နဂါးသွေးကြောကို၀င်ပြီး သူမ၏ကျင့်ကြံခြင်းအတွက် အသုံး၀င်သည့် လျှို့ဝှက်ရတနာများကို ရယူရန်ဖြစ်သည်။
ဒီနည်းလမ်းဖြင့် သူမခွန်အားကို အလျင်အမြန်တိုးတက်အောင် လုပ်နိုင်ပေလိမ့်မည်။
အကြောင်းရင်းကတော့ရော!
ကျိလျိုချီ၏အဆိုအရ ယခုကျိချန်းယောင်စိတ်ထဲတွင် လူတစ်ယောက်တည်းသာရှိသည်။
ကျင့်ကြံခြင်း၊ လေ့ကျင့်ခြင်းနှင့် နဂါးသွေးကြော၌ အခွင့်အရေးဖမ်းဆုပ်မိခြင်းအားလုံးတို့က သူမခွန်အားကို တိုးတက်စေရန်ဖြစ်ပြီး ထိုလူ၏ဘေးတွင် ရပ်တည်နိုင်ရန်ဖြစ်သည်။
ထိုလူက သူမကိုပင် ကျောပေးထားပြီမဟုတ်ပေလော။
အပိုင်း(980) coming။