← Chapters

သူတို့ကိုအရင်ဦးဆုံးခြောက်လှန့်ပစ်လိုက်ပါ

Vol. 10 Ch. 138

သူတို့ကိုအရင်ဦးဆုံးခြောက်လှန့်ပစ်လိုက်ပါ

Vol. 10 Ch. 138

တိုက်လေယာဉ်နှစ်စီး၊ တင့်ကားနှစ်စီးနှင့် စစ်လက်နက်အပြည့်အစုံတပ်ဆင်ထားသော သံချပ်ကာကားနှစ်စီးသည် ပြိုင်ကားတစ်စီး၏ လက်ချက်ဖြင့် အလဲလဲအပြိုပြိုဖြစ်ကုန်ကြသည်။ အမြောက်ကျည်များတပ်ဆင်ထားသော ပြိုင်ကားအကြောင်းပြောလျှင် မည်သူကများယုံနိုင်မည်နည်း။

“ဒါသုံးလိုက်တဲ့အတွက် အားအတော်ကုန်သွားမှာပဲ”

ဖန့်ကြွယ်ယွီက အားပြသည့်ဒိုင်ခွက်ကိုကြည့်သောအခါ ကား၏အားသည် ၁၀%လောက်ပဲကျန်တော့တာတွေ့ရသည်။ ဤအရာသည် ကား၏ တိုက်ခိုက်စွမ်းရည်အတွက် ကန့်သတ်ချက်တစ်ခုဖြစ်နိုင်သည်။ ပြိုင်ဘက်က လေယာဉ်များနှင့် တင့်ကားများကို ဒီ့ထက်ပိုပြီးယူလာပါက သူမထိန်းချုပ်နိုင်လောက်ပေ။

ဖန့်ကြွယ်ယွီက ကားအတွင်းမှထွက်သောအခါ ဆိုင်းလုခ်နိုင်ငံ၏ စစ်သည်များက သရဲတစ်ကောင်ကိုမြင်ရသည့်အလား အထူးအဆန်းဝိုင်းကြည့်နေကြသည်။

သူ့ခန္ဓာကိုယ်အရှေ့နှင့် အနောက်နေရာအနှံ့တွင် လေဆာအစက်အပျောက်များပေါ်နေသော်လည်း ဖန့်ကြွယ်ယွီက မကြောက်ပေ။ သူသည် ကားနှင့်တစ်မီတာအကွာမှာရှိနေသမျှ ကာလပတ်လုံး သံလိုက်လျှပ်စစ်အလင်း ဒိုင်းကာက သူ့ကိုကာကွယ်ပေးနိုင်သည်။

ထို့ပြင် ကူးရီက သူ၏ဘေးနားမှာ အဆင်သင့်ရှိနေသည်။ စစ်သည်အရေအတွက်က ဆယ်ဆဖြစ်သွားလျှင်တောင်မှ သူ့ကို အန္တရာယ်ပြုနိုင်လိမ့်မည်မဟုတ်ပေ။

“သခင်လေးရဲ့ကားက အရမ်းမိုက်တာပဲ” ကူးရီက ကား၏လုပ်ဆောင်ချက်များကို ချီးကျူးပြောဆိုသည်။

သူ့အရည်အချင်းနှင့်တောင်မှ ကား၏ ဒိုင်းကာကိုထိုးဖောက်နိုင်မည်မဟုတ်ပေ။

ဖန့်ကြွယ်ယွီမှာ သူမသိသေးသော အစွမ်းများစွာပိုင်လောက်သေးသည်။

“သာမန်ပါပဲကွာ…တစ်ကမ္ဘာလုံးမှာဆို တတိယလောက်ပဲရှိပါတယ်” ဟုဖန့်ကြွယ်ယွီက ပြန်ဖြေသည်။ သူသည်ကား၏ လုပ်ဆောင်ချက်များကို သဘောကျနှစ်ခြိုက်နေပုံရသည်။

“သခင်လေး ကျန်တဲ့သူတွေကို ဘယ်လိုရှင်းလိုက်ရမလဲ”

“သူတို့မှတ်ဥာဏ်ထဲမှာ ငါ့ကိုဖျောက်ပစ်လိုက်လို့ရလား” သူ အသုံးပြုခဲ့သော နည်းပညာသည် ဤကမ္ဘာမြေပေါ်ရှိလူများအဖို့ အလှမ်းဝေးလှသည်။ အကြောင်းမသိသောလူများက တရုတ်ပြည်တွင် လက်နက်အဆန်းများရှိသည်ဟုထင်ကြပေမည်။

“ဒီလောက်ကတော့ အသေးအဖွဲပါ”

ကူးရီ၏ မျက်လုံးအစုံသည် လစ်ဟသွားပြီးနောက် မမြင်နိုင်သောစွမ်းအားတစ်ခုက သူ့ကိုလွှမ်းခြုံသွားသည်။ ထို့နောက် ဖန့်ကြွယ်ယွီ၏မှတ်ဥာဏ်မှတစ်ပါး ကျန်သူများ၏ မှတ်ဥာဏ်ကိုဖျက်စီးပစ်လိုက်သည်။

“ပြီးပါပြီ သခင်လေး”

ချက်ချင်းဆိုသလို စစ်သည်များသည် တစ်ဦးကိုတစ်ဦး နားမလည်နိုင်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ သူတို့၏ မှတ်ဥာဏ်ထဲတွင် တစ်စုံတစ်ရာပျောက်ဆုံးသွားသလိုမျိုးခံစားနေရသည်။

“သခင်လေး သူတို့ကို မေ့လဲအောင်လုပ်ပစ်လိုက်ရမလား”

“ဟုတ်ပြီ။ လုပ်ပစ်လိုက်။ ဒါပေမဲ့ သူတို့ကို သတ်မပစ်နဲ့ဦး။ သူတို့က အမိန့်အရသာ လုပ်ကြရတဲ့လူတွေပါ။ သူတို့အခက်တွေ့အောင်မလုပ်ပါနဲ့”

“နားလည်ပါပြီ သခင်လေး” ကူးရီက ရောင်ခြည်တန်းတစ်စင်းကိုပစ်ခွင်းသောအခါ စစ်သည်များအကုန်လုံး မြေပြင်ပေါ်တွင် အတုံးအရုံးဖြစ်ကုန်ကြသည်။

“အမရီ အပြင်ကိုထွက်လာလို့ရပြီ။ အားလုံးရှင်းပြီးပြီ” ဖန့်ကြွယ်ယွီက လေယာဉ်ထဲမှာကျန်ရစ်နေသော လူများကို ခေါ်လိုက်သည်။ လေယာဉ်က ဆက်လက်ပျံသန်းဖို့ သေချာပေါက်မဖြစ်နိုင်တော့ပေ။ သို့သော်လည်း သူတို့အားလုံး ဒီနေရာမှာဆက်နေလို့မရတော့ပေ။

ခဏအကြာမှာ ကျွမ်းရီ၊ လေယာဉ်မှူးနှင့် လေယာဉ်အမှုထမ်းများက အရေးပေါ်လှေကားကို သုံးပြီးဆင်းလာကြသည်။ ကူးရီကတော့ သတိလစ်မေ့မျောနေသော ဂျတ်ကို သယ်လာသည်။

“ဘာတွေဖြစ်သွားတာပါလိမ့်” သူတို့ပတ်ပတ်လည်မှာရှိနေသော အပျက်အစီးများကိုမြင်ရသောအခါ လေယာဉ်မှူးလည်း ဆွံ့အသွားရတော့သည်။ ဤမျှလောက်ကြီးမားသော စစ်လက်နက်များကို လူနှစ်ဦးတည်းအင်အားနှင့် မည်ကဲ့သို့ ဖျက်စီးနိုင်ခဲ့ရသနည်း။

“မစ္စတာဖန့် လေယာဉ်က ဆက်ပြီးပျံသန်းလို့မရတော့ဘူး။ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ကိုဆက်သွယ်ဖို့ လိုလိမ့်မယ်။ အနီးဆုံးနိုင်ငံမှာရှိနေတဲ့ သံရုံးကိုဆက်သွယ်ပြီး အကူအညီတောင်းမှရမယ်” ဟု လေယာဉ်မှူးက အကြံပေးသည်။

“မဟုတ်ဘူး။ ဒီကောင်တွေ ငါတို့ကို ဒီမှာတိုက်ခိုက်ခဲ့တာ။ငါ့ရဲ့ဒေါ်လာသန်းပေါင်းများစွာတန် လေယာဉ်ပျံကြီးလည်း သူတို့ကြောင့် ပျက်စီးခဲ့ရတယ်။ သူတို့နဲ့ ဒီကိစ္စရှင်းဖို့လိုတယ်” ဟု ဖန့်ကြွယ်ယွီက အေးတိအေးစက်လေသံဖြင့်ပြောသည်။

“ဒါပေမဲ့ မစ္စတာဖန့် ဆိုင်းလုခ်နိုင်ငံက အင်အားကြီးနိုင်ငံထဲမှာပါတာ။ သူတို့နဲ့ ညှိနှိုင်းဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ ပြီးတော့ ဒီတိုက်ခိုက်မှုက သူတို့လုပ်တာလားဆိုတာလည်း သေချာပေါက်တပ်အပ်မပြောနိုင်ဘူးလေ”

“လေယာဉ်မှူး..ဒီ့အတွက်တော့ ဘာမှ စိတ်မပူပါနဲ့။ ခင်ဗျားကြည့်နေပါ။ သိပ်မကြာခင်မှာ ဆိုင်းလုခ်နိုင်ငံဘုရင်ကိုယ်တိုင် ရောက်ချလာပြီး ငါတို့ကို ခရီးဦးကြိုပြုလိမ့်မယ်။ သူက ဒီ့အတွက် သေချာပေါက်ပြန်ပေးဆပ်ရမယ်”

“ဒါပေမဲ့ အဲ့မတိုင်ခင်တော့ သူတို့ကိုခြောက်လှန့်ရမယ်”

မကြာသေးခင်ကပင် ဆိုင်းလုခ်နိုင်ငံ၏ ဘုရင်ဖြစ်သူ ဝီလီယံ (၁၆) သည် ရေနံတင်ပို့မှုကိစ္စနှင့် ပတ်သက်ပြီး ခေါင်းကိုက်နေရသည်။ ဆိုင်းလုခ်နိုင်ငံမှာ ဘုရင်စနစ်က အသက်ဝင်နေသော်လည်း တော်ဝင်မိသားစုက နိုင်ငံရေးကိစ္စရပ်များကို အပြည့်အဝထိန်းချုပ်နိုင်ခွင့်မရှိပေ။

ပါလီမန်ကလည်း တော်ဝင်မိသားစုအပေါ် ဖိအားပေးနေကြသည်။ ရေနံပြသနာကို မဖြေရှင်းပေးနိုင်ပါက ဘုရင်၏ ဂုဏ်သိက္ခာလည်း ကျဆင်းရတော့မည်။ ဒါတင်မကသေးဘဲ ကြီးမားသောဆုံးရှုံးမှုကို ရင်ဆိုင်ရပေလိမ့်မည်။ အခုချိန်ထိ ပြသနာကဘာကြောင့်ဖြစ်ရလဲဆိုတာ တိတိကျကျမသိရသေးပေ။

ရေနံစျေးနှစ်ဆတက်သည့်အတွက် ဒုက္ခရောက်နေချိန်တွင် စျေးက လေးဆတက်သွားသည်။ ထိုသို့စျေးတက်ပါက တစ်နိုင်ငံလုံး ဒုက္ခအတိရောက်ပေလိမ့်မည်။

“အရှင်ဘုရင်…ဆော်ဒီနိုင်ငံဘုရင် ရီဘန်းက ဖုန်းပြောခွင့်တောင်းဆိုနေပါတယ်”

“မစ္စတာရီဘန်း ဟုတ်လား။ မြန်မြန်ပေးစမ်း”

ဆိုင်းလုခ်ဘုရင်သည် ဆော်ဒီဘုရင်ကိုဆက်သွယ်ခွင့်ရရန် အကြိမ်ပေါင်းများစွာကြိုးပမ်းခဲ့သည်။ သို့သော် ဆက်သွယ်သည့်အခေါက်တိုင်း အငြင်းခံရသည်။

ဆိုင်းလုခ်နိုင်ငံက ဆော်ဒီနိုင်ငံထက် ပိုမိုသာလွန်သော်လည်း ရေနံရရှိနေမှုကြောင့် ဆော်ဒီနိုင်ငံကို ပမာမခန့်မပြုရဲပေ။

“မစ္စတာရီဘန်းနဲ့ နောက်ဆုံးတော့ စကားပြောခွင့်ရပြီ။ မစ္စတာရီဘန်း ရေနံကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းလို့ ရပါဦးမလားခင်ဗျာ၊စျေးက အရမ်းများလွန်းတယ်။ ပါလီမန်ကလည်း ဒီစျေးနှုန်းနဲ့ပတ်သပ်ပြီး အာမမခံပေးနိုင်ဘူး။

“မစ္စာဝီလီယံ ခုလိုဖုန်းဆက်လိုက်ရတာက ရေနံအကြောင်းပြောဖို့မဟုတ်ပါဘူး။ ဒါပေမဲ့ တခြားကိစ္စတော့ ပြောချင်လို့ဆက်လိုက်တာပါ”

ဖန့်ကြွယ်ယွီသည် ဂျီးနက်စ်ကိုအလဲထိုးရန် သူ့မိထွေးမှတစ်ဆင့် ဆော်ဒီဘုရင်ကို ဆက်သွယ်ခဲ့သည်။

“မစ္စတာဝီလီယံ တကယ်တော့ ရေနံစျေးကို ငါတို့နိုင်ငံကသတ်မှတ်ခွင့်မရှိပါဘူး။ တကယ်ဆုံးဖြတ်နိုင်တဲ့ လူကြီးမင်းက ယခုအချိန်မှာ ဆိုင်းလုခ်နိုင်ငံမှာရောက်နေပါတယ်”

“ငါတို့နိုင်ငံမှာဟုတ်လား။ ဘယ်မှာလဲ။ ငါသူ့ကိုသွားတွေ့ရမယ်”

“သူတို့က အခုဆိုင်းလုခ်နိုင်ငံအစွန်းပိုင်းက နင်မာဂိုဘီကန္တာရထဲမှာ ရောက်နေပါတယ်။သူတို့က ဆိုင်းလုခ်နိုင်ငံမှာ ကျင်းပမဲ့ e-sports ပွဲကိုအားပေးဖို့ရောက်လာကြတယ်လို့ကြားမိတာပဲ။ ဒါပေမဲ့ သူတို့အလာလမ်းမှာ ချုံခိုတိုက်ခိုက်ခံရတဲ့အတွက် လေယာဉ်လည်းအတင်းအကြပ်ဆင်းသက်လိုက်ရသည်။

“ဟာ ဒါကဘယ်လိုဖြစ်တာလဲ။ ငါက ဒီသတင်းကို ဘာလို့မကြားမိတာပါလိမ့်”

ဘုရင်တစ်ပါးဖြစ်နေသော်လည်း စစ်မက်ရေးရာနှင့်ပတ်သက်ပြီး မထိန်းချုပ်နိုင်ပေ။ ထို့အပြင် စစ်ရေးဆိုင်ရာလှုပ်ရှားများ မဖြစ်ပွါးရသည်မှာ ကြာပြီဖြစ်သည်။

“အဲ့တာတော့ ငါမသိဘူး။ မင်းတို့တော်ဝင်မိသားစုရဲ့ သားတော်တစ်ပါးနာမည်က ဂျီးနက်စ်မဟုတ်လား!!

“ဟုတ်ပါတယ်။”

“လာပြီပြီ ဒီတစ်ခေါက်လည်း ဂျီးနက်စ်ပဲလား။ ဆိုင်းလုခ်နိုင်ငံဘုရင်သည် ဂျီးနက်စ်၏ နာမည်ကို

ထပ်တလဲလကြားနေရသဖြင့် “မင်းသားဂျဲကို ငါ့ဆီလာဖို့ပြောလိုက်”ဟု မှာသည်။

“ပြီးတော့ ငါ့အတွက် ဟယ်လီကော်ပတာပြင်ထားပေးပါ။ အဲ့လူတွေရှိတဲ့နေရာကို ငါသွားမယ်။ အခမ်းနားဆုံး အကြီးဆုံး အကောင်းဆုံး ဟယ်လီကော်ပတာကို ပြင်ပေးပါ”

စာစဉ်ပြီး၏

All Chapters