စျေးနှစ်ဆတက်လိုက်ပါ
Vol. 10 Ch. 125
“မားမား” ဟု ခေါ်ခံရခြင်းက ဟိုက်ဝေ့စိတ်ထဲ အလွန်ပင်ပီတိဖြစ်မိသည်။ ဒါက ဖန့်ကြွယ်ယွီဘက်က ပထမဆုံးအကြိမ်အဖြစ် သူမကိုဆက်သွယ်လာခြင်းဖြစ်သည်။ဟိုက်ဝေ့က ဖန့်ကြွယ်ယွီအရွယ်ရောက်ပြီး ကြီးပြင်းလာသည်ကို မြင်ခဲ့ရသူမို့ သူမကို မားမားဟု ခေါ်လိုက်ခြင်းက အစိမ်းသက်သက်မဖြစ်နေပေ။
ဖန့်ဟွိုက်က သာမန်လူသားတစ်ဦးထက် သာလွန်ပြီး စွမ်းအားရှင်တစ်ဦးဖြစ်နေသည်။သို့သော် သဘာဝတရားကြီးက မျှတစွာဖြင့် သူ၏မျိုးပွါးနိုင်စွမ်းကို နှေးကွေးအောင် ဖန်တီးထားပေးသည်။ ဖန့်ဟွိုက်နှင့် သူ၏ ဇနီးဖြစ်သူသည် အသက်ရှည်ရှည်၊ အစွမ်းမြင့်မြင့်နှင့် နေနိုင်သော်လည်း သားသမီးယူသည့်အချိန်တွင် အခက်တွေ့ကြသည်။
ဖန့်ဟွိုက်၏ မျိုးပွါးနှုန်းက အဆင်မပြေခြင်းကြောင့်မဟုတ်ပေ။ အဆင့်မြင့်မျိုးပွါးဆဲလ်များ အလုံအလောက် ထုတ်လုပ်နိုင်ဖို့ နှစ်ပေါင်းနှစ်ဆယ်အချိန်ယူရသည်။ ချောင်လန်နှင့် ဖန့်ဟွိုက်တို့သည် ငယ်လင်ငယ်မယားဖြစ်ပြီး သူတို့၏ပထမဆုံးကလေးအဖြစ် ဖန့်ကြွယ်ယွီကို မွေးဖွားခဲ့သည်။
သို့သော် ထိုကိစ္စက တခြားအမျိုးသမီးလေးဦးက ဖန့်ကြွယ်ယွီပေါ်ထားရှိသော ခံစားချက်များကို မပြောင်းလဲပစ်နိုင်ပေ။ ဖန့်ကြွယ်ယွီကို သူတို့သားတစ်ဦးသဖွယ်ယူဆကြသည်။ ဖန့်ကြွယ်ယွီစိတ်ထိခိုက်မည်ဆိုးပြီး သူ၏ရှေ့ကို ထွက်မလာကြခြင်းဖြစ်သည်။
ထို့ကြောင့်ပင် ဖန့်ဟွိုက်က သူတို့လက်ထဲကို ဖန့်ကြွယ်ယွီအားအပ်ခဲ့ပြီး ဤကမ္ဘာမြေမှ ထွက်သွားခြင်းဖြစ်သည်။
“ရှောင်းယွီ..ဘာတွေအဆင်မပြေဖြစ်လို့လဲ။ မားမားကိုပြောလေ”
ဖန့်ကြွယ်ယွီကို သူတို့လက်ထဲယုံယုံကြည်ကြည်အပ်နှံခဲ့တာမို့ ဖန့်ကြွယ်ယွီမှာ ကိစ္စတစ်စုံတစ်ရာရှိလာပါက ကူညီပေးရန်တာဝန်ရှိသည်။ သူတို့သာ မကူညီနိုင်ပါက ဖန့်ဟွိုက် ဤကမ္ဘာမြေကို ပြန်လာသည့်အချိန်တွင် မျက်နှာမပြဝံ့တော့ပေ။
“ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ ဒီနေ့ ဘုရင်မကြီးရဲ့ မိတ်ဆုံစားပွဲကိုတက်တော့ဆိုင်းလုခ်နိုင်ငံက မင်းသားတစ်ပါးရဲ့ သားတော်က ကျွန်တော့်ကိုစော်ကားလို့။ကျွန်တော်က ဖန့်မိသားစုဝင်မဟုတ်လား။ ကျွန်တော်တို့လည်းသူများကို အလကားသက်သက် အနိုင်မကျင့်သလို ကျွန်တော်တို့ကို အနိုင်ကျင့်လည်း မခံဘူး”
“မင်းကို စော်ကားတယ်ဟုတ်လား။ မစ္စကျွမ်းက သက်တော်စောင့် မစီစဉ်ပေးဘူးလား” ဖန့်ကြွယ်ယွီက စော်ကားခံလိုက်ရသည်ဟု ပြောသည့်အပေါ် ဟိုက်ဝေ့ဒေါသထွက်သွားရရှာသည်။
“ဆိုင်းလုခ်မင်းသားရဲ့ အိမ်တော်ကို အစိတ်စိတ်အမွှာမွှာကြေသွားအောင် လုပ်လိုက်ရမလား”
“ဟာ အဲ့လောက်လုပ်ပစ်ဖို့ မလိုပါဘူး”
သူ၏ မိထွေးဖြစ်သူကို ထိုမျှလောက် ဒေါသကြီးလိမ့်မည်ဟု မထင်ထားပေ။ တကယ်လို့ ထိုအတိုင်းသာ ပြုမူလိုက်ပါက နောက်တစ်နေ့သတင်းခေါင်းစဉ်တွင် အထူးသတင်းတစ်ရပ်အဖြစ် တင်ဆက်ခံရပေလိမ့်မည်။
“ကျွန်တော်တို့က ဥပဒေမဲ့ နေထိုင်ကြတာမဟုတ်ဘူးလေ။ ရန်လိုဖို့ မလိုပါဘူး။ စည်းဘောင်ထဲကပဲ သူတို့ကို ပညာပြန်ပေးလိုက်မယ်လေ”
“အင်း.. မင်းဘယ်လိုလုပ်ချင်လဲ”
ဖန့်ကြွယ်ယွီမှာ အကြံရှိသည်ဟုဟိုက်ဝေ့ ခံစားမိသည်။
“မားမားလုပ်ပေးနိုင်တာရှိတယ်ဆို ပွင့်ပွင့်လင်းလင်းပြောပါ။ မင်းအတွက် ဖြစ်အောင်လုပ်ပေးမယ်”
“ဆိုင်းလုခ်နိုင်ငံက ပြည်ပက နှစ်ရေနံဆီတင်ပို့မှုကို မှီခိုနေရတာလို့ ကြားတယ် ဟုတ်လား” ဖန့်ကြွယ်ယွီက ရေနံတွင်းနှင့်ပတ်သက်ပြီး နည်းနည်းနားလည်သည်။ ဆိုင်းလုခ်လို ဖွံ့ဖြိုးပြီးနိုင်ငံများက ပြည်တွင်းကထုတ်လုက်သောရေနံအပြင် ပြည်ပကတင်သွင်းသော သဘာဝအရင်းအမြစ်များကိုပါ မှီခိုအားထားနေရသည်။
“ဟုတ်တယ်။ အရင်တုန်းကတော့ အီရန် နိုင်ငံဘက်ကယူတာလေ။ ခုကျ အမေရိကန်ဘက်က စီးပွါးရေးပိတ်ဆို့လိုက်တော့ ဆော်ဒီနိုင်ငံဘက်က ၅၀% ကျော်ယူတယ်။ ကျန်တာတွေကတော့ တခြားနိုင်ငံတွေဆီက ရတာပေါ့”
“မားမား သူတို့နိုင်ငံကို ရေနံတင်ပို့တဲ့ရှယ်ယာကို ထိန်းချုပ်လို့ရမလား”
“ဟား ရှောင်းယွီ မင်းက ဖန့်မိသားစုရဲ့ စီးပွါးရေးပါဝါကို မသိသေးလို့ကိုး။ မားမားက “နိုး” လို့ပြောတာနဲ့ ဘယ်သူမှ မလှုပ်ရဲဘူး”
“မင်းက ဆိုင်းလုခ်နိုင်ငံကိုတင်ပို့တဲ့ရေနံပမာဏကို ထိန်းချုပ်ချင်လို့မလား”
ဟိုက်ဝေ့က ဖန့်ကြွယ်ယွီ၏ ဆိုလိုရင်းကို နားလည်သည်။
ဟိုက်ဝေ့သည် စီးပွါးရေးလုပ်ငန်းများကို စီမံရသည့်အပေါ်ပျင်းရိလာသည်။ သူမက ဖန့်ဟွိုက်နှင့်အတူ အခြားကမ္ဘာများကို သွားလည်ပတ်ချင်တော့သည်။
သူမက ဖန့်ကြွယ်ယွီကို စောင့်ရှောက်ရန် နှင့် စီးပွါးရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရန် ဤကမ္ဘာမြေမှာ ကျန်နေခဲ့ရသည်။ နိုင်ငံတကာစစ်ပွဲများနှင့် ကုန်သွယ်ရေးစစ်ပွဲများက သူမအတွက် ကလေးကစားစရာလိုဖြစ်နေသည်။
နိုင်ငံတစ်နိုင်ငံ၏ ရေနံတင်ပို့မှုကို ထိန်းချုပ်ပါက နိုင်ငံတကာစျေးကွက်အပေါ်လည်း သက်ရောက်မှုရှိနိုင်သည်။ သို့သော် ဖန့်ကြွယ်ယွီ အဆင်ပြေဖို့က ပိုပြီး အရေးကြီးသည်။
“အခုက ဆော်ဒီနိုင်ငံမှာရောက်နေတာ။ ဆော်ဒီဘုရင်နဲ့ တိုက်ရိုက်ပြောကြည့်ပါ့လား။မင်းတို့မိသားစုအတွက် ကူညီပေးနေတဲ့ မှော်ဝင်လူသားလေးတွေရှိတယ်မလား။ သူတို့အကူအညီနဲ့ဆို ဘယ်ဘာသာစကားမဆိုနားလည်နိုင်တယ်မလား။ ပုံမှန်ပြောဆိုဆက်ဆံဖို့အတွက် အခက်အခဲမရှိဘူးမို့လား”
“မားမားက ဒါလဲသိတာပဲလား” သူ၏ဖခင်ဖြစ်သူက သူ၏ အမျိုးသမီးများကို အကုန်ပြောပြထားပုံရသည်။ ထို့ကြောင့် ရှောင်းရီအကြောင်းကိုတောင်သိနေခြင်းဖြစ်သည်။
“မစ္စတာ ရီဘန်း…ရှင့်အကူအညီကျွန်မလိုလာပြီ” ဟိုက်ဝေ့က ဆော်ဒီဘုရင်ကို ပွင့်ပွင့်လင်းလင်းပြောသည်။
“ရပါတယ်။ မစ္စစ်ဟိုက်ဝေ့က ဆော်ဒီနိုင်ငံရဲ့ အထူးဧည့်သည်တော်ပဲလေ။ဘာလိုအပ်လဲသာပြောပါ။ ကျွန်တော်တို့ အတတ်နိုင်ဆုံးကူညီပါ့မယ်”
“အင်း..အဲ့တာဆို ကျွန်မသားလေးက ပြသနာတက်နေတာ။အဲ့တာ မစ္စတာရီဘန်းရဲ့ အကူအညီလိုနေတာပါ”
ဟိုက်ဝေ့က ထိုသို့ပြောပြီး ရီဘန်းကို ဖုန်းပေးလိုက်သည်။
ရီဘန်းရင်တွေတုန်နေသည်။ မစ္စစ်ဟိုက်ဝေ့သည် မြေပိုင်ရှင်၏ အထူးကိုယ်စားလှယ်ဖြစ်သည်။ သူနှင့် ယခုစကားပြောရမည့် ကောင်လေးက ထိုမြေပိုင်ရှင်၏သားဖြစ်တာမို့ မစ္စစ်ဟိုက်ဝေ့ထက်ပိုပြီး အာဏာရှိသည်မဟုတ်ပါလော။
“မစ္စတာဖန့်..ကျွန်တော်က ဆော်ဒီဘုရင် ရီဘန်းပါ။ ကျွန်တော်ဘာများကူညီပေးရမလဲခင်ဗျာ”
“မိုက်လှချည်လား”
သူ့မိထွေးနှင့် ဖုန်းပြောနေရင်းမှ ဆော်ဒီဘုရင်နှင့် တိုက်ရိုက်ဆက်သွယ်ခွင့်ရမည်ဟု မထင်မိပေ။
“မစ္စတာရီဘန်းတို့ နိုင်ငံကနေ ဆိုင်းလုခ်နိုင်ငံကို တစ်နှစ်မှာ ရေနံဘယ်လောက်တင်ပို့လဲ”
“၅၀% ကျော်လောက် တင်ပို့ပါတယ်..ကျွန်တော်တို့ဘက်က လုပ်ပေးရမဲ့ ကိစ္စရှိလား”
“ဆိုင်းလုခ်မင်းသားရဲ့ သားတော်တစ်ပါးက ကျွန်တော့်ကို စော်ကားမော်ကားပြောနေလို့ပါ”
“အဲ့လိုလုပ်တယ်ဆို ကျွန်တော်တို့ဘက်က ရေနံတင်ပို့တာရပ်ပစ်လိုက်ရမလား”
ရီဘန်းကမဆိုင်းမတွ ပြန်ဖြေသည်။ ဤကဲ့သို့ပြုလုပ်ပေးရခြင်းက ရီဘန်းအတွက် မခက်ပေ။
“ရေနံတင်ပို့တာကို လုံးဝရပ်ပစ်မလို့လား” ဖန့်ကြွယ်ယွီက ထိုမျှလောက်ထိ လုပ်မည်ဟု မမှန်းထားပေ။
ဆိုင်းလုခ်နိုင်ငံက ရေနံပမာဏများစွာလိုအပ်နေသည်။ ဆော်ဒီဘက်က ရေနံတင်ပို့မှုကို ရပ်လိုက်ပါက ဆိုင်းလုခ်နိုင်ငံ၏ စီးပွါးရေးနှင့် စက်မှုဖွံ့ဖြိုးမှုအတွက် အကြီးအကျယ်အထိနာပေလိမ့်မည်။
“အဲ့လောက်ထိ ကိုယ့်ကျိုးစီးပွါးပျက်ခံပြီး လုပ်ဖို့မလိုပါဘူး”
“သူတို့အပြစ်က ကိုယ့်အပြစ်မဖြစ်စေနဲ့။ စျေးမြှင့်လိုက်ရင်ရောဘယ်လိုလဲ”
“ဟုတ်ကဲ့ပါ မစ္စတာဖန့် သွင်းကုန်တန်ဖိုးကို ၅၀%လောက် ထပ်မြှင့်လိုက်ပါ့မယ်။ အဆင်ပြေလားခင်ဗျာ”
“မရဘူး။ နှစ်ဆမြှင့်လိုက်။ အကယ်၍ ဆိုင်းလုခ်နိုင်ငံက စျေးဘာကြောင့်မြှင့်ရလဲလို့ မေးလာခဲ့လျှင် ဂျီးနက်စ်လို့ခေါ်တဲ့ကောင်ကို အကြောင်းစုံမေးကြည့်လို့ ပြောလိုက်”
“မစ္စတာဖန့် သဘောကျအတိုင်းဖြစ်စေရပါ့မယ်”
“ကောင်းပါပြီ” ဖန့်ကြွယ်ယွီက ယခုမှစိတ်ကျေနပ်သွားရသည်။ ထိုအကြောင်းသာ ဂျီးနက်စ်သိရလျှင် ဖြစ်ပျက်သွားမည့် အမူအရာကို သိချင်လှသည်။
ရီဘန်းက ဟိုက်ဝေ့ထံ ဖုန်းပြန်ပေးသည်။ ထို့နောက် ဖန့်ကြွယ်ယွီဖြစ်စေချင်သည့်အတိုင်း လုပ်ဆောင်ပေးရန် သူ့တပည့်ကို ညွှန်ကြားသည်။
“ရှောင်းယွီ အားလုံးအဆင်ပြေပြီလား”
“ဟုတ်ကဲ့ မစ္စတာရီဘန်းကို ရေနံစျေးနှစ်ဆမြင့်ခိုင်းလိုက်တယ်။ အဲ့ကောင်သိပ်မကြာခင် နောင်တအကြီးအကျယ်ရပြီး သူ့ကိုခွင့်လွှတ်ပေးဖို့ ပြောလာလိမ့်မယ်”
“မင်းက မင်းအဖေလိုပဲ လူဆိုးလေးပါလား”
“ဟုတ်ပြီ။ ခဏနေဆို မားမားမှာ လုပ်စရာတွေပေါ်လာတော့မယ်။ မားမားက ဒူဘိုင်းမှာနေတယ်။ ဘယ်ကိုမှ သိပ်မသွားဖြစ်ပါဘူး။ တစ်ခုခုလိုတာရှိရင်အချိန်မရွေးဆက်သွယ်နော်”
“ဟုတ်ကဲ့ခင်ဗျ။ ကျန်းမာရေးလည်းဂရုစိုက်ပါ မားမား” ဟိုက်ဝေ့နှင့် သူက မစိမ်းနေပေ။ သူနှင့်ပတ်သက်ခဲ့ဖူးသမျှ အမျိုးသမီးတိုင်းကို သူ့အပေါ်သစ္စာခံနေရန် သူ့အဖေ မည်သို့စီမံခန့်ခွဲလဲဆိုတာ နားမလည်နိုင်ပေ။
ဖန့်ကြွယ်ယွီက ဖုန်းပြောနေသည်မှာ ဆယ်မိနစ်ကြာမြင့်ခဲ့ပြီဖြစ်သည်။ဂျီးနက်စ်က သူ့ကိုစောင့်နေရင်း ပျင်းလာသည်။
ဖန့်ကြွယ်ယွီက သူ့ကိုတုံ့ပြန်လိမ့်မည်ဟု တွေးထားသော်လည်း ဖန့်ကြွယ်ယွီက ဖုန်းပဲပြောနေသည်။
“တရုတ်ကောင်..မင်းမိသားစုကိုတိုင်နေတာမလား”
ဖန့်ကြွယ်ယွီက သူ၏ ခွက်ကိုမြှောက်ပြပြီး
“လကိုရော မင်းသားလေးကိုရော ဆန္ဒပြုပြီး သောက်ပါတယ်” ဟု ဆိုသည်။