← Chapters

မင်းက ဘာမှမစွမ်းဆောင်နိုင်ဘူးမလား။

Vol. 10 Ch. 126

မင်းက ဘာမှမစွမ်းဆောင်နိုင်ဘူးမလား။

Vol. 10 Ch. 126

“မင်းသား ဂျီးနက်စ်..ငါ့အကူအညီလိုအပ်လာရင် အချိန်မရွေးလာပြောလေ” ဖန့်ကြွယ်ယွီက ထိုစကားကိုပြောပြီး လက်တစ်ဖက်က ဝိုင်ခွက်ကိုကိုင်ရင်း ထွက်သွားသည်။

သူတို့ဘေးနားမှာရှိနေသောလူများက ပါးစပ်အဟောင်းသားဖြစ်ပြီးကျန်ခဲ့ကြသည်။

သူတို့နှစ်ဦးက ရန်အကြီးအကျယ်ဖြစ်ကြလိမ့်မည်ဟု တွေးထားသော်လည်း ဘာကြောင့် ဒီလိုမျိုးအဆုံးသတ်သွားသနည်း။

“မင်းကိုများအကူအညီတောင်းရမယ် ဟမ်” ဂျီးနက်စ်က ခနဲ့တဲ့တဲ့ပြောသည်။

သူက ဖန့်ကြွယ်ယွီ၏ ဆိုလိုရင်းကို သေချာနားမလည်ပေ။ ဖန့်ကြွယ်ယွီ နှင့် ဆော်ဒီဘုရင်ကြားအချင်းချင်းပြောဆိုမှုများကို သူမသိလိုက်တာလည်းဖြစ်ရမည်။

ထိုအချိန်မှာ မင်းသမီးဆီယက်တယ်ကလည်း ဂျီနက်စ်နှင့် စကားဆက်မပြောဘဲ ထွက်လာခဲ့သည်။ သူမက ဖန့်ကြွယ်ယွီနောက်ကိုအမီလိုက်ရင်း ခုနက ပြောသည့် ဖုန်းခေါ်ဆိုမှုအကြောင်းကို သိချင်နေသည်။

“ဖန့်ကြွယ်ယွီ..ရှင် အာရပ်ဘာသာစကားနဲ့ ဖုန်းပြောနေတာ ကျွန်မကြားလိုက်မိတယ်”

“ဟုတ်တယ်လေ”

“ရှင်က အာရပ်ဘာသာစကားလည်းပြောတတ်တာပဲလား။ ပြီးတော့ ဖုန်းဆက်တာကလည်း ဘာအကြောင်းပြောကြတာလဲ။ပြီးတော့ ဂျီးနက်စ်ကိုလည်း ရှင့်အကူအညီလိုအပ်လျှင် အချိန်မရွေးလာရှာလို့ ပြောသွားတယ်မလား။ ရှင်တစ်ခုခုလုပ်လိုက်တာမလား”

“ဘာမှ မဟုတ်ပါဘူး။ ဆိုင်းလုခ်နိုင်ငံကိုရောင်းချနေတဲ့ ရေနံစျေးကို နှစ်ဆတက်ဖို့ပဲ ဆော်ဒီဘုရင်ကို တောင်းဆိုလိုက်တာပါ”

“ရှင်နောက်နေတာလား” ဖန့်ကြွယ်ယွီက အဆက်အသွယ်ကောင်းများရှိသည်ဆိုတာ သေချာပေါက်သိသည်။ သို့သော် ရေနံစျေးကိုကစားခြင်းက ပေါ့ပေါ့တန်တန်ကိစ္စရပ်မဟုတ်ပေ။

ဒါ့အပြင် ဆော်ဒီဘုရင်ကလည်း သူ့စကားကို ဘာကြောင့်နားထောင်ရသနည်း။

“ငါ နောက်ပြောတာလား အတည်လားဆိုတာ မင်းမကြာခင်သိလာလိမ့်မယ်”

“ငါ့ကို စော်ကားပြောဆိုနေတာကို ငြိမ်ခံပြီးလှည့်ပြန်သွားမဲ့အထဲမပါဘူး”

ဆိုင်းလုခ်နိုင်ငံ၏ စွမ်းအင်ဝန်ကြီးဖြစ်သူ လူဒီဝီ ထံ ဆော်ဒီအာရေဗျမှ ဖုန်းဝင်လာသည်။

နှစ်နိုင်ငံကြားအချိန်ကွာခြားမှုကကြီးမားသည်။ ဒီအချိန်ကြီးကျမှ ဆော်ဒီဘက်မှ ဖုန်းခေါ်လာခြင်းက သာမန်ကိစ္စအတွက်တော့မဖြစ်နိုင်ပေ။

“ဟဲလို လူဒီဝီပြောနေပါတယ်”

“မစ္စတာလူဒီဝီကို ပြောစရာလေးရှိလို့ပါ။ ဒီနေ့ဒီအချိန်ကစပြီး ဆော်ဒီအာရေဗျဘက်ကတင်ပို့တဲ့ ရေနံစျေးနှုန်းတွေကို နှစ်ဆတက်လိုက်ပါပြီ”

“ဘယ်လို” လူဒီဝီက ထိုစကားကိုကြားလိုက်သောအခါ အိပ်ချင်နေသောစိတ်များ ရုတ်တရက် ပျောက်သွားတော့သည်။

ဆိုင်းလုခ်နိုင်ငံ၏ ရေန လိုအပ်​ချက် ၅၀%ကို ဆော်ဒီအာရေဗျနိုင်ငံဘက်မှ ဖြည့်တင်းပေးသည်။ ရေနံစျေးနှုန်းကို နှစ်ဆတက်လိုက်ခြင်းက စွမ်းအင်ဝန်ကြီးဌာနကိုသာမက ဆိုင်းလုခ်တစ်နိုင်ငံလုံးကို အကြပ်အတည်းဖြစ်စေသည်။

“ရေနံတွင်းတွေ တစ်ခုခုဖြစ်လို့များလား” ရေနံတွင်းများမှာ ပြသနာတစ်စုံတစ်ရာတက်သဖြင့် စျေးကိုမြှင့်လိုက်ရခြင်းဟု လူဒီဝီက တွေးမိသည်။

ထိုကဲ့သို့ ဖြစ်ရပ်မျိုး အရင်ကလည်းဖြစ်ဖူးသည်။ သို့သော် ရေနံစျေးနှစ်ဆတက်ရသည်အထိ အခြေအနေမဆိုးဘူးပေ။

“မင်းသား ဂျီးနက်စ်ကိုပဲ အကြောင်းစုံမေးကြည့်ပါလို့ မှာလိုက်ပါတယ်။ ငါလည်း ကျန်တာဘာမှ မသိပါဘူး” ဟု ဆော်ဒီကိုယ်စားလှယ်က ပြောသည်။

“ခင်ဗျားတို့ဘက်က စျေးတက်သွားလို့ဆိုပြီး မယူလို့ရပါတယ်။ အဲ့တာဆို ခင်ဗျားတို့နိုင်ငံရဲ့ ရေနံလိုအပ်ချက်အတွက် ဖြည့်တင်းပေးမဲ့ လမ်းကြောင်းအသစ်ကိုရှာရတော့မှာပေါ့”

လူဒီဝီ က နားမလည်ခြင်းများစွာဖြင့် ဖုန်းချလိုက်သည်။

“မင်းသားဂျီးနက်စ်က ဆော်ဒီမင်းသားနဲ့ စကားအ‌ေချအတင်ဖြစ်လာတာလား”

သူက အချိန်အတော်ကြာစဉ်းစားသော်လည်းအဖြေမထွက်သဖြင့် သမ္မတအိမ်တော်ဘက်ကို ဖုန်းဆက်သည်။ ဤကိစ္စသည် အရေးကြီးသဖြင့် သမ္မတကိုယ်တိုင် ဆုံးဖြတ်ပေးဖို့လိုသည်။

“မစ္စတာဖန့် ပြန်ရောက်လာပြီပေါ့။ ခင်ဗျားက မင်းသမီးဆီယက်တယ်နဲ့ စကားတွေဖောင်ဖွဲ့နေကြမယ်ထင်နေတာ””

စောနက သူတို့အချင်းများသည့်ကိစ္စကို ဟီတန်က သတိမပြုမိပေ။

“ဘယ်ကသာ။ မိတ်တောင်ပျက်​တော့မလို့”

“တစ်ယောက်ယောက်နဲ့ အချေအတင်ဖြစ်လာတာလား မစ္စတာဖန့်”

ဘယ်သူနဲ့ ဘာအ​ကြောင်းကြောင့်ဖြစ်လာသည်ဆိုတာ ဟီတန်အနေနှင့် မသိသော်လည်း ဖန့်ကြွယ်ယွီနှင့် အချင်းများသည့် တစ်ဖက်လူကတော့ ကံကောင်းနိုင်တော့မည်မဟုတ်ပေ။

“လာပါ ဒီလိုကြီးဖြစ်မနေနဲ့။ ငါ့ မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးမယ်လေ”

“မစ္စတာအာနိုးနဲ့ မစ္စတာစလင်း..သူတို့လည်း ကမ္ဘာ့အချမ်းသာဆုံးဆယ်ဦးထဲမှာပါတယ်လေ။ ငါတို့က စီးပွါးရေးတွေ စပ်တူလုပ်ကိုင်ခဲ့ကြတော့ ရင်းနှီးနေကြတာ”

“မိတ်ဆွေတို့..ဒါကတော့ တရုတ်ပြည်က မိတ်ဆွေ ဖန့်ကြွယ်ယွီ ပါ။ သူ့ကိုတော့ သိကြမှာပါ။သူက မကြာသေးခင်ကမှ ဒေါ်လာ ၃၀ဘီလီယံလှူဒါန်းထားပါတယ်”

“မစ္စတာဖန့်က ငယ်ငယ်လေးရှိသေးတာပဲ”

ဖန့်ကြွယ်ယွီက သူတို့ထက်ငယ်သော်လည်း ချမ်းသာကြွယ်ဝမှုအရတော့ သူတို့ကို ကျော်လွန်သည်။

“မစ္စတာအာနိုး..မတွေ့ရတာကြာပြီနော်”

သူတို့အချင်းချင်း စကားပြောနေကြချိန်တွင် ရေမွှေးနံ့သင်းသင်းလေးက နှာခေါင်းနားဝင်လာသည်။

ဖန့်ကြွယ်ယွီ တွေ့ခဲ့သော အာရှအမျိုးသမီးသရုပ်ဆောင်များက

သူတို့အဖွဲ့နားကိုချဉ်းကပ်လာသည်။ အံ့ဩဖို့ကောင်းသည်မှာ သူတို့၏ အင်္ဂလိပ်စကားပြောစွမ်းရည်များ အလွန်ကောင်းမွန်နေခြင်းဖြစ်သည်။

“အို.. မစ္စမီဇူဟာရာပါလား။ ဟား”

“အားလုံးက မစ္စမီဇူဟာရာကို သိကြမယ်ထင်ပါတယ်။ သူမက ငါတို့ ကုမ္ပဏီရဲ့ ဘရန်းကိုယ်စားလှယ်ပါ”

“ဟား.မစ္စတာအာနိုးရဲ့ ကူညီစောင်မပေးမှုကြောင့် ရခဲ့တာပါ”

“ကျွန်မတို့က ဒီနေရာနဲ့ အစိမ်းသက်သက်ဖြစ်နေတော့ ဒီနေရာမှာလူကြီးမင်းတို့နဲ့ အတူလာဝိုင်းလို့ရမလား”

“သိပ်ရတာပေါ့ဗျာ..မိန်းမလှလေးတွေနဲ့ အတူသောက်ရတော့ ပိုပြီးကောင်းတာပေါ့”

ဟီတန်က အာရဆဲဟီရူကာကို တောက်လျှောက်ကြည့်နေတာကို ဖန့်ကြွယ်ယွီသတိထားမိသည်။

“မစ္စတာဖန့်တို့အားလုံးက အာရှလူမျိုးတွေဆိုတော့ ပိုပြီးသိကြမှာပေါ့။ တစ်ယောက်အကြောင်း တစ်ယောက်သိရဖို့လည်း လွယ်တာပေါ့”ဟီတန်က ဖန့်ကြွယ်ယွီနှင့် ဟာရှီမိုတို ကနကို အားချိတ်ပေးနေသည်။

မိန်းကလေးများက စကားဝိုင်းထဲပါလာသဖြင့် စီးပွါးရေးအကြောင်းမပြောတော့ဘဲ ထွေရာလေးပါး ပြောဆိုကြသည်။

“မင်းတို့စကားဆက်ပြောနေကြဦး။ မစ္စအာရဆဲက ဟိုနားဒီနား လမ်းလျှောက်ချင်တယ်ပြောလို့ အဖော်လိုက်ပေးလိုက်ဦးမယ်”ဟု ဟီတန်က ပြောသည်။

“မစ္စတာဖန့် ကျွန်မလည်း ဟိုနားဒီနား လျှောက်ပတ်ကြည့်ချင်တယ်” ဟုမစ္စ ဟာရှီမိုတိုက အနားနားကပ်ကာပြောသည်။

“ကျွန်မက အမှောင်ထဲ တစ်ယောက်ထဲသွားရမှာကြောက်လို့ ရှင်လိုက်ခဲ့ပေးပါလား”

“ဒါက” အခုလိုမျိုး သိသိသာသာကြီးဖိတ်ကြားမှုအပေါ် ဖန့်ကြွယ်ယွီက အံ့အားသင့်ရသည်။

“ဟားဟားမစ္စတာဖန့် ခင်ဗျားဒီလိုဖြစ်လို့မရဘူးလေ”

ဖန့်ကြွယ်ယွီက ရှက်ရွံ့နေသည့်အပေါ် မစ္စတာအာနိုးတို့က စနောက်ကြသည်။

“မင်း မစွမ်းဆောင်နိုင်တာတော့ မဟုတ်ဘူးမလား”

“ခင်ဗျားတို့ကမှ မစွမ်းဆောင်နိုင်နေတာ။ ဒီနားဟိုနားသွားကြည့်တာပဲဟာ”

All Chapters