← Chapters

ငါက လူကောင်းပါ…

Vol. 10 Ch. 127

ငါက လူကောင်းပါ…

Vol. 10 Ch. 127

ဘုရင်မကြီးပိုင်ဆိုင်သောနေရာက ကြီးမားလှသည်။ တစ်ကျွန်းလုံးကို မပိုင်ဆိုင်သော်လည်း ကျန်းနန်တက္ကသိုလ်ဧရိယာလောက်တော့ ကြီးမားသည်။ ဧရိယာအလယ်တည့်တည့်တွင် ရဲတိုက်လို အဆောက်အဦများရှိနေပြီး ဘေးနားပတ်လည်တွင် ဥယျာဉ်များ၊ တောအုပ်များဖြင့်ဝိုင်းရံထားသည်။

ပွဲကျင်းပရာနေရာသည် လင်းထိန်တောက်ပနေသည်။ ဟာရှီမိုတို ကနကိုသည် အရပ်ပုတဲ့ထဲပါသည်။ ဖန့်ကြွယ်ယွီ၏ ဘေးနားမှာရပ်နေပါက အဖေနှင့် သမီးလိုဖြစ်နေသည်။ ပုရိသယောကျာ်းများ၏ အသည်းစွဲဖြစ်သော ဟာရှီမိုတိုက ရင်ခုန်စရာမကောင်းဘူးဟု ဆိုပါက အဓိပ္ပါယ်မရှိပေ။

“မစ္စတာဖန့်က တရုတ်ပြည်ရဲ့ နာမည်ကြီး ပရဟိတသမားဆို” ဟာရှီမိုတိုသည် တရုတ်ပြည်တွင်စီးပွါးရေး လုပ်ငန်းများလုပ်ဖူးသဖြင့် တရုတ်လူမျိုးမိတ်ဆွေများစွာရှိသည်။သူမ၏ မိတ်ဆွေများထံမှ လူငယ်သူဌေးအကြောင်း ကြားဖူးနေသည်မှာကြာပြီဖြစ်သည်။ ယခုမှသာဖန့်ကြွယ်ယွီကို မြင်ဖူးခြင်းဖြစ်သည်။

အနုပညာရှင်သမားဖြစ်ပါက မည်သည့်နိုင်ငံကဖြစ်နေပါစေ လူမှုအဆင့်တန်းက အလွန်မမြင့်ပေ။ သူဌေးကြီးများ၏ မျက်လုံးထဲတွင် အမျိုးသမီးအနုပညာရှင်များကို ကစားစရာဟုသာ မြင်သည်။ အနုပညာရှင်များက သူဌေးများနှင့် တစ်ဝိုင်းထဲထိုင်ပြီး အရက်ငှဲ့ပေးရသလို တစ်ခါတရံသူတို့မငြင်းဆန်နိုင်သော အလုပ်များလည်း လုပ်ပေးရသေးသည်။

ဟာရှီမိုတိုသည် ကလေးဘဝထဲက သရုပ်ဆောင်အလုပ်လုပ်ခဲ့သူဖြစ်သည်။ သူမ အသက် ၂အရွယ်ရောက်သည်အထိ ပွဲအခမ်းအနားများစွာ မတက်ဘူးပေ။ သို့သော် အနုပညာလောကတွင် အချိန်အကြာကြီးကျင်လည်ခဲ့သူမို့ ထိုအကြောင်းအရာများစွာကို သိနေသည်။

ဘုရင်မကြီးဖိတ်ကြားသောပွဲကိုလာတက်ရာတွင် သူမကို အထောက်အပံ့ကောင်းကောင်းပေးနိုင်သော သူဌေးကြီးတစ်ဦးကို ရှာတွေ့ရန် မျှော်လင့်ထားသည်။ တခြားမင်းသမီးများမှာလည်း ထိုရည်ရွယ်ချက်များကိုယ်စီရှိနေသည်။

အံ့အားသင့်စွာဖြင့်ပင် သူမက အာရှဘီလီယံနာတစ်ဦးဖြစ်သူ ဖန့်ကြွယ်ယွီနှင့် ဆုံခဲ့ရသည်။ဟာရှီမိုတို ကိုယ်တိုင်ကလည်း ဖန့်ကြွယ်ယွီနှင့် နီးစပ်လိုသည်။

“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို ငါ့ကိုယ်ငါ ပရဟိတသမားလို့ မခံယူပါဘူး။ ငါဘာပဲလှူလှူ လူသိများဖို့ လုပ်ခဲ့တာမှမဟုတ်တာ”

“တကယ်တော့ ငါ့ကို လူတစ်စုက ဂုဏ်သိက္ခာကျအောင်ပြောဆိုလို့ ငါလှူခဲ့တဲ့ ပရဟိတအဖွဲ့တွေက ငါ့ဘက်ကလိုက်ပြောပေးရင်းနဲ့ လူတွေသိသွားကြတာ”

“ဒါကပိုတောင် ထူးဆန်းသေးတယ်။ နာမည်ကြီးဖို့အတွက်မဟုတ်ဘဲနဲ့ ဘယ်သူမှ ဒီလောက်အများကြီးမလှူချင်ကြဘူးလေ”

“မစ္စတာဖန့်က အရမ်းကောင်းတဲ့လူဆိုတော့ မိန်းကလေးတွေဝိုင်းနေမှာပဲပေါ့”

ဖန့်ကြွယ်ယွီက သူမကိုတစ်ချက်လှမ်းကြည့်ရင်းတွေးမိသည်။ သူမမှာဘာအကြံရှိနေလို့ ငါ့ကို ဒီနေရာထိဆွဲခေါ်လာတာလဲ။ပြီးတော့ ဒီမေးခွန်းကို ဘာကြောင့်ရုတ်တရက် ထမေးတာလဲ။

“ငါ့မှာရည်းစားရှိတယ်လေ။ ဒါကြောင့်မို့ ဘယ်သူ့ကိုမှ စိတ်မဝင်စားဘူး”

ပြောရမည်ဆို သူလည်း သာမန်ယောကျာ်းတစ်ဦးဖြစ်သည်။ ကောရှင်းယွီနှင့်ဆုံပြီးနောက်မှာ ကောင်လေးတစ်ဦးမှ ယောကျာ်းတစ်ဦးအဖြစ်ပြောင်းလဲလာခဲ့သည်။ အသက်ငယ်ရွယ်ချိန်မှာ အားအင်ပြည့်ဝနေသော ယောကျာ်းလေးက မိန်းမလှလေးတစ်ဦးကို တွေ့ပါက သဘောကျသည်မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲဖြစ်သည်။

သူက သူတော်စင်တစ်ဦးမဟုတ်ပေ။ သူသာ အခုချိန်မှာ ရည်းစားမရှိပါက ဟာရှီမိုတိုရော အခြားသူများကိုပါ သူစိတ်ဝင်စားပေလိမ့်မည်။ ရှောင်းရီက သူ့စိတ်ပြောင်းလဲလာလိမ့်မည်ဟု ပြောထားသော်လည်း

အခုထိတော့ ဖန့်ကြွယ်ယွီက အရင်အတိုင်းဖြစ်သည်။

“အင်း…စိတ်တောင်မကောင်းဘူး” ဖန့်ကြွယ်ယွီ၏ အဖြေကိုကြားပြီး သူမ စိတ်ပျက်သွားရှာသည်။ သို့သော် သူမက လက်လျှော့မည့်ပုံမပေါ်ပေ။

ဖန့်ကြွယ်ယွီက သာမန်လူတစ်ဦးမဟုတ်ပေ။ ဥပမာအားဖြင့် မစ္စတာဟီတန်မှာ တရားဝင် ပွဲတက်ဇနီးတစ်ဦးသာရှိသော်လည်း အမြှောင်မယားများစွာလည်းရှိသည်။

ဟာရှီမိုတိုက အလွန်လောဘမကြီးပေ။ သူမအတွက် အထောက်အပံ့ပေးနိုင်မည့် လူကိုသာလိုအပ်ခြင်းဖြစ်သည်။

“မစ္စတာဖန့်..ဂျပန်က ကောင်မလေးတွေကို ဘယ်လိုမြင်လဲ”

ဟာရှီမိုတိုက မျှော်လင့်တကြီးမေးသည်။

“ဂျပန်ကောင်မလေးတွေ…အင်း” ဖန့်ကြွယ်ယွီက ဂျပန်မလေးတွေကို သဘောကျသည်။

“ငါ့အဖေပြောဖူးတာရှိတယ်။တရုတ်စာဖိုမှူး၊အင်္ဂလိပ်အိမ်တော်ထိန်းနဲ့ ဂျပန်ဇနီးမယားကိုရွေးပါတဲ့”

“မစ္စတာဖန့် အဖေက တကယ်တော်တာပဲ”

“မတော်ပါဘူးဗျာ။ ကျွန်တော်ကတော့ သူပြောသလောက်မလိုပါဘူး”

ဟာရှီမိုတိုက ဘာမပြောညာမပြောပဲ သူ့ကိုလာဖက်သည်။

“ဘာလဲဟ ရဲတင်းလှချည်လား”သူ၏ပေါင်ပေါ် သူမ၏လက်ရောက်လာသောအခါ ဖန့်ကြွယ်ယွီ အံ့အားသင့်မိသည်။

“ကျွန်မတို့တခြားနေရာသွားကြမလား”

“ဒါ ဒါက” ဖန့်ကြွယ်ယွီက ဘယ်လိုရုန်းထွက်ရမှန်းမသိတော့ပေ။သူက ထွက်ပြေးပါကလည်း အခြောက်ဟု ထင်ခံရနိုင်သလို မပြေးဘဲ ဆက်နေပါကလည်းရှင်းယွီကို သစ္စာဖောက်မိသလိုဖြစ်ပေလိမ့်မည်။

“ကူးရီရေ ငါ့ကိုကယ်ပါဦး”ဟု စိတ်ထဲမှ တိုးတိုးလေး ရေရွတ်မိသည်။ ကူးရီက ဒိအချိန်မှာ ပေါ်လာပြီး သူ့ကိုကူညီပေးဖို့ စိတ်ထဲမှ မျှော်လင့်နေမိသည်။

ထူးဆန်းစွာဖြင့် ဟာရှီမိုတိုက မူးလဲပြီး သူ့ရင်ခွင်ထဲပုံကျလာသည်။ သူနှင့် မျက်နှာချင်းဆိုင်မှာလည်း ကူးရီပေါ်လာသည်။

“ဘုရားရေ မင်းဘယ်လိုသိပြီးရောက်လာတာလဲ”

“ဘာမှမခက်ပါဘူး။ သခင်လေး ကျွန်တော့်ကိုလိုအပ်လာပြီဆို ကျွန်တော်သိတယ်လေ”

“အို ဘုရားရေ မင်းက ငါ့စိတ်ကိုဖတ်နိုင်တာပေါ့။ ဒါဆို ငါ့လျှို့ဝှက်ချက်တွေအကုန်ပေါ်ကုန်ပြီပေါ့”

“စိတ်ချပါ သခင်လေး။ သခင်လေးခွင့်မပြုဘဲ စိတ်ထဲဝင်မကြည့်ပါဘူး။သခင်လေးက ကျွန်တော့်ကိုလိုအပ်တဲ့အချိန်မှာ စိတ်ကထုတ်လွှတ်တဲ့လှိုင်းကိုသာ အာရုံခံမိတာပါ။ ဒါမှ သခင်လေးရှေ့ကို ချက်ချင်းရောက်လာနိုင်မှာပေါ့”

“ဟူး တော်ပါသေးရဲ့” ထိုသို့ကြားမှသာ ဖန့်ကြွယ်ယွီက သက်ပြင်းချနိုင်သည်။

“ဒါပေမဲ့ သခင်လေးကို မိန်းမချောလေးကိုယ်တိုင်က ရေလာမြောင်းပေးလုပ်နေတာ။ ဘာမှမလုပ်တော့ဘူးလား”

“ငါက လူကောင်းပါကွ။ ငါ့အဖေလို မျက်နှာမများချင်ဘူး”

“မစ္စရှင်းယွီကို ဘာမှ ပြန်မပြောဘူး စိတ်ချပါ။ သခင်လေးအပေါ် သစ္စာစောင့်သိပါ့မယ်”

“ဒါလည်း မဟုတ်သေးဘူးလေ”

ဖန့်ကြွယ်ယွီက ဟာရှီမိုတိုကို ချီလိုက်သည်။

“အရင်ဆုံး သူနားနိုင်ဖို့ နေရာကောင်းကောင်းတစ်ခုရှာပေးလိုက်ပါ”

“ဒါဆို သခင်လေးကရော””ငါက ပွဲပြန်တက်မယ်လေ”ဟုဆိုကာ ဥယျာဉ်ဘက် လမ်းလျှောက်သွားသည်။

“သခင်လေး ပွဲကျင်းပတာက ဒီဘက်လေ”

“ငါသိတယ်။ ဒါပေမဲ့ ဒီလိုပြန်သင့်ပါ့မလား။ ဒီအချိန်ပြန်သွားရင် မစ္စတာဟီတန်တို့က ငါ့ကိုငါးစက္ကန့်ကောင်လို့ ဝိုင်းပြီးလှောင်လိမ့်မယ်”

“ဒါဆို”

“ငါ ဒီနားမှာ နာရီဝက် မဟုတ်ဘူး တစ်နာရီလောက် ဟိုဟိုဒီဒီလျှောက်ကြည့်မလို့။ ငါသွားနေတဲ့အချိန် သူ့ကိုမနိုးစေနဲ့”

(စာစစ်သူ၏ အားမရစွာမှတ်ချက် - သောက်ခြောက်ကောင်ဖန့်ကြွယ်ယွီ)

All Chapters