ငါ့မှာအချိန်မရှိဘူး
Vol. 10 Ch. 128
“ဟူး..ပိုက်ဆံချမ်းသာတဲ့လူတွေရတဲ့ပျော်ရွှင်မှုက မှန်းလို့တောင်မရပါ့လား”
အများက “အလှနတ်ဘုရားမ” ဟု တင်စားခြင်းခံရသူက သူ၏ ရှေ့မှောက်တွင် တန်ဖိုးမဲ့စွာနေထိုင်သည့်ပုံစံကို မြင်ရသောအခါ အမှန်တကယ် အံ့ဩမိသည်။ ထိုကဲ့သို့ဖြစ်ရပ်မျိုး ကြုံရဖန်များလာသောအခါ သူ့အတွက် အထူးအဆန်းမဟုတ်နိုင်တော့ပေ။
ဥယျာဉ်ထဲတွင် တစ်နာရီကြာ လေညှင်းခံပြီးနောက် ဖန့်ကြွယ်ယွီက ပွဲအခမ်းအနားဘက်ကိုပြန်လှည့်လာသည်။ အားလုံးက သောက်စားပျော်ပါးနေကြသဖြင့် မေးခွန်းထုတ်ဖို့အချိန်အခါကောင်းမဟုတ်သေးပေ။ ဟီတန်၊ အာနိုးနှင့် စလင်းတို့သုံးဦးလည်း အတူတကွရှိနေကြပြီး တစ်စုံတစ်ရာအပေါ် သဘောကျနေသည့်ပုံပေါ်သည်။
“မစ္စတာဖန့် ခင်ဗျားပြန်လာပြီပေါ့” သူတို့သုံးဦးသား ဖန့်ကြွယ်ယွီကို တစ်စုံတစ်ရာပြောချင်နေသော အကြည့်များဖြင့် လှမ်းကြည့်သည်။
ဖန့်ကြွယ်ယွီက သူတို့ကို အလုံးစုံရှင်းပြလိုစိတ်မရှိပေ။ သူတို့မျက်လုံးထဲမှာ ထိုဖြစ်ရပ်များက ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်နေသည်။
“ခစ်ခစ်ခစ်” “လူငယ်တွေကအမြဲသာပါတယ်ကွာ”
“ငါ မင်းအရွယ်လိုမျိုးဖြစ်ချင်လိုက်တာ” ဟု ဟီတန်က ဆိုသည်။
“ဟားဟား..ကဲ ဂိုဂျီဘယ်ရီလက်ဖက်ရည်ပြန်သောက်ပြီး အားဖြည့်လိုက်ဦးလေ။ ဒါမျိုးက တရုတ်လူမျိုးတွေ ကျန်းမာရေးကို ပြန်လည်ထိန်းသိမ်းတဲ့ပုံမလား”ဟု အာနိုးက ရယ်မောရင်းဆိုသည်။
“မင်းဘာလို့ ငါ့ကိုကြည့်ပြီး ရယ်နေရတာလဲ..အရင်ဆုံးပြန်လာတာမင်းမဟုတ်လား”
ဖန့်ကြွယ်ယွီက လိမ်ညာထားမိသဖြင့် အပြစ်ရှိသလို ခံစားရသည်။ သူက ဥယျာဉ်ထဲမှာ တစ်နာရီကြာ လမ်းလျှောက်နေသည်ကို ထိုသုံးဦးသိပါက ဘယ်လောက်တောင် လှောင်ပြောင်နေကြမည်နည်း။
ထိပ်တန်းသူဌေးကြီးများ၏ စကားဝိုင်းတွင် မိန်းကလေးများအကြောင်းသာ ပြောနေခြင်းမဟုတ်ပေ။ သူတို့ဘဝတစ်သက်တာ သက်တောင့်သက်သာနေနိုင်မည့် ငွေပမာဏကိုရရှိထားပြီးဖြစ်သည်။ သူတို့၏ စီးပွါးရေး အမြော်အမြင်ကြီးမှုသည် ကြောက်ခမန်းလိလိဖြစ်သည်။ စီးပွါးရေးအကြောင်း ဘာမှမသိသော ဖန့်ကြွယ်ယွီက သူတို့အနားမှာထိုင်ပြီး ပညာများစွာရရှိသည်။
ရဲတိုက်ထဲရှိ အခန်းတစ်ခန်းထဲတွင် မင်းသားဂျီးနက်စ်က ဥရောပအနုပညာရှင်တစ်ဦးနှင့် အတူရှိနေသည်။ သူက မင်းသမီးဆီယက်တယ်နှင့် အဆင်မပြေခဲ့သော်လည်း ယာယီပျော်ရွှင်မှုကို လက်လွှတ်မခံနိုင်ပေ။
“တွီ တွီ တွီ”
စားပွဲခုံပေါ်တင်ထားသော သူ၏ဖုန်းတုန်ခါလာသည်။
“မင်းသားဂျီးနက်စ် ဖုန်းလာနေတယ်””နောက်မှကိုင်မယ်”
မည်သူဖုန်းဆက်သည်ဖြစ်ပါစေ အချိန်ကောင်းမှာ လာနှောင့်ယှက်တာမို့ မကိုင်လိုပေ။
သူ၏ ကိစ္စများ ခပ်မြန်မြန်ပြီးဆုံးပြီးသည့်နောက် ဖုန်းကိုစစ်ကြည့်သောအခါ သူ၏ ဖခင်ဖြစ်သူမင်းသားဂီအာထံမှ ဖုန်းခေါ်ဆိုမှုဖြစ်နေသည်။
“ထူးဆန်းလိုက်တာ..အဖေက ဒီအချိန်ကြီးကျမှ ဘာလို့ခေါ်တာပါလိမ့်”
ဂျီးနက်စ်က အရွယ်ရောက်သောအခါ အိမ်ခွဲနေလိုက်သည်။ သူ့မိသားစု၏ စီးပွါးရေးလုပ်ငန်းတစ်ချို့ကို စီမံခန့်ခွဲပေးပြီး မိသားစုနှင့် လက်ပွန်းတတီးမနေထိုင်ပေ။
“အဖေ..ဘာများဖြစ်လို့လဲ ခင်ဗျာ”
မင်းသား ဂီအာသည် စစ်မှုထမ်းတစ်ဦးဖြစ်တာမို့ စည်းကမ်းတင်းကြပ်သည်။
“မင်းက ငါ့ကို ဒီမေးခွန်းပြန်မေးတယ် ဟုတ်လား”
“မင်း ဒီနေ့ ဘယ်တွေသွား ဘာတွေလုပ်ပြီး ဘယ်သူတွေနဲ့ ရန်ဖြစ်လာခဲ့လဲ” ဟု မင်းသား ဂီအာက ဒေါသတကြီးမေးသည်။
ယခုလေးတင်ပဲ မင်းသားဂီအာကို ဆိုင်းလုခ်ဘုရင်က ဖုန်းဆက်လာပြီး ဘာကြောင့်ဖြစ်ပျက်တာလဲဟု မေးသည်။
ဆော်ဒီဘက်မှ တင်ပို့နေသော ရေနံစျေးနှုန်းက ညတွင်းချင်း နှစ်ဆတက်ခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ သူ၏သား ဂျီးနက်စ်နှင့် တစ်မျိုးတစ်ဖုံပတ်သက်နေရမည်။
ဆော်ဒီဘက်က အကြောင်းစုံသေချာမပြောသွားသော်လည်း ခန့်မှန်းကြည့်ရုံနှင့် သိနိုင်သည်။
“ကျွန်တော် ဒီနေ့ အင်္ဂလန်ဘုရင်မကြီးကျင်းပတဲ့ ပွဲအခမ်းအနားကိုတက်ရောက်နေပါတယ်။ ဒါ့အပြင် ဖန့်ကြွယ်ယွီက တရုတ်ပြည်တွင်းမှာသာ ဩဇာအာဏာရှိသော သူဌေးတစ်ဦးဟုသာ ထင်နေသည်။
“ဘာဖြစ်လို့ ဒေါသတွေထွက်နေရတာလဲ အဖေ”
“မင်း ဘာလုပ်ခဲ့လဲ ဆိုတာ မသိဘူးလား။ ဆိုင်းလုခ် ဘုရင်ကြီးက ခုလေးတင်ငါ့ကိုဖုန်းဆက်ခဲ့တာ။ငါတို့နိုင်ငံကို ဆော်ဒီဘက်က တင်ပို့နေတဲ့ ရေနံစျေးနှုန်းကို နှစ်ဆမြှင့်လိုက်ပြီ။ ဆော်ဒီနိုင်ငံက တစ်ယောက်ယောက်နဲ့များ အချင်းများသေးလား”
“ဆော်ဒီနိုင်ငံဘက်က?? မဟုတ်ပါဘူး။ ဆော်ဒီဘက်က ဘယ်သူနဲ့မှ ရန်မဖြစ်ပါဘူး”
ယနေ့ပွဲတွင် ဆော်ဒီဘက်မှ တက်ရောက်သူတစ်ချို့ရှိသော်လည်း ဂျီးနက်စ်က ဆော်ဒီဘက်က မည်သူနဲ့မှ စကားပင်မပြောဖူးပေ
ထို့အပြင် သူတို့နိုင်ငံအတွက် ရေနံလိုအပ်ချက်ကို ဆော်ဒီဘက်ကဖြည့်ဆည်းပေးနေသည်ဆိုတာ သူကောင်းကောင်းသဘောပေါက်သည်။ထို့ကြောင့် ဆော်ဒီဘက်က မည်သူ့ကိုမှ သူရန်မစရဲပေ။
“ဒါဆို ဘာကြောင့် ဒီလိုတွေဖြစ်လာတာလဲ။ သေချာပြန်စဉ်းစားကြည့်ဦး”
“ဒီနေ့မှာ တရုတ်ဘက်က လူတစ်ဦးနဲ့ မင်းသမီးဆီယက်တယ်ကြောင့် စကားအချေအတင်ဖြစ်ကြသေးတယ်။ ဒါပေမဲ့ ဘာမှ မဆိုင်ဘူးလေ။ အဲ့တရုတ်ကောင်က ဆော်ဒီဘက်က ရေနံစျေးမြှင့်လိုက်ဖို့ ဘာများတတ်နိုင်မှာလဲ” ဖန့်ကြွယ်ယွီမှာ ထိုကဲ့သို့ အစွမ်းအစမရှိလောက်ဘူးဟု သူထင်မြင်မိသည်။
ဆော်ဒီဘက်က ဒီပြသနာများက မင်းသားဂျီးနက်စ်နှင့် သက်ဆိုင်နေသည်ဟု ပြောသွားခဲ့သည်။ သူတို့ က ထိုကိစ္စမျိုးကို စနောက်သည့်ပုံစံနှင့် ပြောမည့်လူများမဟုတ်ပေ။
“ဘာတွေဖြစ်နေလဲဆိုတာ ငါဂရုမစိုက်ဘူး။အေး ဒါပေမဲ့ မင်း ဒီပြသနာကို ကျေလည်အောင် မရှင်းနိုင်လျှင် မင်းကို တော်ဝင်မိသားစုထဲက ထုတ်ပစ်မယ်။ ကြားလား”
ဂျီးနက်စ်က ဘာမှ ပြန်မပြောနိုင်ခင်မှာပင် သူ၏အဖေက ဖုန်းချသွားသည်။
“ဟို တရုတ်ကောင်က ဒီလိုမျိုးလုပ်နိုင်ပါ့မလား”
ဖန့်ကြွယ်ယွီက သူ့နားက မသွားခင်မှာ ပြောသွားသည့် စကားကို ပြန်လည်ကြားယောင်မိသည်။
“မင်းသားဂျီးနက်စ် ငါ့အကူအညီလိုအပ်ရင် အချိန်မရွေးလာရှာပါ။ ဒါပေမဲ့ လက်ဆောင်တစ်ခုခုတော့ ယူလာဖို့ မမေ့နဲ့”
ထိုစကားကိုပြောပြီး ဖန့်ကြွယ်ယွီဘက်က ခနဲ့တဲ့တဲ့ပြုံးပြသွားသည်ကို ပြန်မြင်ယောင်လာသည်။
တော်ဝင်မိသားစုဘက်မှ ထုတ်ပယ်ခံရပါက သူပိုင်ဆိုင်သမျှ ချမ်းသာကြွယ်ဝမှု၊ နာမည်ကြီးမှု၊ ဂုဏ်သိက္ခာကြီးမားမှုကို ဆုံးရှုံးနိုင်တာမို့ သူ့အတွက် ကြီးမားသောထိုးနှက်ချက်တစ်ခုဖြစ်သည်။
ဒါတင်မကသေးဘဲ သူကတောက်လျှောက်ပြသနာရှာခဲ့တာမို့သူ့မိသားစုက သူ့နောက်မှာသာမရှိပါက အကျိုးဆက်ကို သူမတွေးနိုင်ပေ။
“ငါသူ့ကို မတွေ့တွေ့အောင်ရှာရမယ်” ဂျီးနက်စ်က မြန်မြန်ဆန်ဆန် အဝတ်အစားကောက်ဝတ်ပြီးအခန်းတွင်းမှ ထွက်သွားသည်။
“မင်းသား ဂျီးနက်စ် ဘာဖြစ်တာလဲ” ထိုမင်းသမီးကို ဂျီးနက်စ်က တချက်လေးတောင်လှည့်မကြည့်ဘဲ ခပ်သုတ်သုတ်ပြေးထွက်သွားသည်။
ထိုအချိန်မှာ ဖန့်ကြွယ်ယွီက ရေချိုးဇလုံထဲတွင် ဝိုင်သောက်ရင်း ရေနွေးစိမ်နေသည်။
“သခင်လေး ဆိုင်းလုခ်နိုင်ငံရဲ့ မင်းသားက တွေ့ခွင့်တောင်းနေပါတယ်”
ကျွမ်းရီက ရေချိုးခန်းတံခါးကိုလာခေါက်သည်။ ဖန့်ကြွယ်ယွီက ဆိုင်းလုခ်နိုင်ငံကမင်းသားနှင့် မည်သို့မည်ပုံပတ်သက်ခဲ့သလဲဆိုတာ မစဉ်းစားတတ်ပေ။
“ဪ သူရောက်လာပြီကိုး..သူတစ်ယောက်ထဲလာတာလား”
ဂျီးနက်စ်က ခပ်မြန်မြန်ရောက်လာသားပဲဟု သူ့စိတ်ထဲတွေးမိသည်။
“ဟုတ်ပါတယ် သူတစ်ယောက်ထဲလာတာပါ”
“မဟုတ်ဘူး။ သူက လက်ဆောင်ဘာညာ ယူလာခဲ့သေးလား”
“မဟုတ်ပါဘူး သူက လက်ဗလာနဲ့ လာတာပါ”
“တောင်းပန်ဖို့လာတာကို လက်ဗလာနဲ့ရောက်လာတယ်။ ငါ့ကိုပေါ့သေးသေးထင်နေတာလား”
“ငါ မအားဘူးလို့ ပြန်ပြောလိုက်”