← Chapters

စိတ်ပိုင်းဆိုင်ရာဒဏ်ရာအတွက် လျော်ကြေး

Vol. 10 Ch. 130

စိတ်ပိုင်းဆိုင်ရာဒဏ်ရာအတွက် လျော်ကြေး

Vol. 10 Ch. 130

“ဘယ်လို..လေးဆဟုတ်လား” ဖန့်ကြွယ်ယွီ၏ ရက်စက်ပုံကို ဂျီးနက်စ်က အံ့အားသင့်မိသည်။ ဤမျှလောက် စျေးတက်ခြင်းက သူတို့နိုင်ငံအတွက် သေမိန့်ကျသလိုပင် ဖြစ်သည်။

ဆိုင်းလုခ်နိုင်ငံသည် ဖွံ့ဖြိုးပြီး အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း နောက်ထပ်ဖွံ့ဖြိုးဖို့အတွက် ကြွေးမြီပေါင်းများစွာတင်နေသည်။ ရေနံစျေးကိုမြှင့်လိုက်ခြင်းက သူတို့အတွက် အထိနာစေသည်။ ထိုသတင်းသာ ထွက်သွားပါက သူ့ကို ဆိုင်းလုခ်နိုင်ငံ၏ဘုရင်နှင့် သူ၏ ဖခင်က မသတ်လျှင်တောင် သူသည် တစ်နိုင်ငံလုံး၏ တံတွေးထဲတွင် ပက်လက်မျောပေလိမ့်မည်။

“ဒီနေ့ကစပြီး တော်ဝင်မင်းသားဆိုတဲ့ဂုဏ်ဘွဲ့ကို ပြန်ရုပ်သိမ်းလိုက်ပြီ”

“ဘယ်လို..အဖေ အဲ့လိုမလုပ်ပါနဲ့ဗျာ” ဂျီးနက်စ်က ချက်ချင်းဆိုသလို တုန်လှုပ်သွားမိသည်။ပြသနာက ဤမျှလောက်ထိ ကြီးသွားလိမ့်မည်ဟု မထင်မိပေ။

“ဒါက ဘုရင့်အမိန့်ပဲ။ ဒီကိစ္စကိုဖြေရှင်းဖို့ အချိန်သုံးရက်ပေးမယ်။ သုံးရက်အတွင်း မရှင်းနိုင်ရင် ပြန်မလာခဲ့နဲ့။ ခုချိန်ကစပြီး မင်းက တော်ဝင်မိသားစုဝင်မဟုတ်တော့ဘူး”

ဖုန်းချလိုက်ပြီးနောက် ဂျီးနက်စ်၏ ခေါင်းကချာချာလည်နေသည်။ ဖန့်ကြွယ်ယွီ၏ ဒေါသကို ပြေအောင်မလုပ်နိုင်ပါက မင်းသားဆိုသော ဂုဏ်ဒြပ်ကို ဆုံးရှုံးရမည့်အပြင် သူ၏ လက်ရှိ ချမ်းသာကြွယ်ဝမှုနှင့် အာဏာကိုပါ လက်လွှတ်ရပေလိမ့်မည်။

“သူ့ကိုချက်ချင်းတွေ့ဖို့လိုနေပြီ”

သူက မတောင်းပန်ချင်သော်လည်း ရွေးချယ်ပိုင်ခွင့် မရှိပေ။

ဂျီးနက်စ်က သူ၏ အိမ်တော်ထိန်းဖြစ်သူအား “မက်သယူး ငါတော့ ဒုက္ခရောက်နေပြီ” ဟု ပြောသည်။

“ကျွန်တော်ကြားပြီးပါပြီ မင်းသားဂျီးနက်စ်”

မကြာသေးခင်က မင်းသားဂျဲလ်က အခြေအနေများအကြောင်းကို မက်သယူးအားလှမ်းပြောပြပြီး ဂျီးနက်စ်အတွက် လိုအပ်တာကူညီပေးရန်ပြောသည်။

“ဘာတွေဖြစ်ကုန်တာလဲ။ ဘယ်သူနဲ့ ပြသနာဖြစ်တာလဲ”

“မင်းသမီးဆီယက်တယ်နဲ့ရင်းနှီးတဲ့ တရုတ်ပြည်က ကောင်လေးနဲ့ဖြစ်တာ။ ဖြစ်တဲ့အကြောင်းက ငါက သူ့ကိုတရုတ်မျောက်ကောင်လို့ခေါ်လိုက်မိလို့။ အဲ့တာပဲ” ဟု ဂျီးနက်စ်က ပေါ့ပေါ့တန်တန်ဖြေသည်။ သူသည် ပြသနာ၏ အတိမ်အနက်ကို သဘောမပေါက်သေးပေ။

“အရင်ဦးဆုံး စိတ်ကိုအေးအေးထားပါ။ ခုချိန်ထိ ဆော်ဒီဘက်က ရေနံစျေးကိုမြှင့်လိုက်တာပဲရှိတာလေ။ ဆိုင်းလုခ်နိုင်ငံဘက်ကို ရေနံတင်ပို့မှုရပ်လိုက်တာမှ မဟုတ်တာ” ဟု မက်သရူးကပြောသည်။

“ဒီလိုလုပ် သူ့အကြောင်းကို ရနိုင်တဲ့ဘက်က လှမ်းမေးကြည့်လိုက်မယ်”

မက်သရူးက အိမ်တော်ထိန်းဆိုသော်လည်း အဆက်အသွယ်ကောင်းသည်။ အပေါင်းအသင်းမိတ်ဆွေများမှတစ်ဆင့် ဖန့်ကြွယ်ယွီ၏ အကြောင်းကို အလျင်အမြန်စုဆောင်းနိုင်ခဲ့သည်။

“မင်းသားဂျီးနက်စ်..သူနဲ့ထိပ်တိုက်တိုးမဲ့ကိစ္စကိုဆက်မလုပ်နဲ့တော့။ ဒီပြသနာက ပေါ့သေးသေး မဟုတ်ဘူး” ဟု မက်သရူးက စိုးရိမ်တကြီးပြောသည်။

“ပြသနာက အဲ့လောက်ထိမဆိုးပါဘူး။ ဘာမှတောင် ကြီးကြီးမားမားဖြစ်ကြတာမဟုတ်ဘူးလေ။ ဘာသာစကားအသုံးအနှုန်းရိုင်းပျသွားတာပဲရှိတာ။ အဲ့လောက်ထိလုပ်ဖို့မလိုဘူးလေ ဟုတ်တယ်မလား” ဂျီးနက်သည် ယခုအချိန်ထိ ပြသနာအတိမ်အနက်ကို မသိသေးပေ။

“သခင်လေး ဒါက ပြသနာတက်တာမဟုတ်ဘူးလေ။ နိုင်ငံ နဲ့ လူမျိုး ဂုဏ်သိက္ခာကိုစော်ကားတာဖြစ်သွားပြီ” ဂျီးနက်စ်ထက် ပိုပြီးရင့်ကျက်သော မက်သရူးက ပြသနာအကြောင်းနားလည်သည်။

“ကျွန်တော်က မစ္စတာဖန့်အကြောင်းစုံစမ်းကြည့်တော့ ဒီလူက သာမန်လူမဟုတ်ဘူးဆိုတာ သိခဲ့ရတယ်”

“ဘာကိုဆိုလိုချင်တာလဲ”

“တရုတ်ဘက်ကသတင်းတွေအရဆို သူနဲ့ပြသနာတက်တဲ့သူတိုင်း ထောင်ထဲရောက်ရင်ရောက် မဟုတ်ရင် ဆေးရုံတက်ရတာနဲ့ပဲ အဆုံးသတ်ရတာ။ သူက ဂုဏ်သိက္ခာပိုင်းကို အထူးအလေးထားတယ်။ နောက်ထပ်သိထားရမှာက သူကတရုတ်လူမျိုးလေ”

ဖန့်ကြွယ်ယွီက လျန်းဟွာအုပ်စုတွင် လုပ်ခဲ့သည့် လုပ်ရပ်များက လူအများကြား ပြောစမှတ်ပြုနေသည်။ ရှယ်ယာရှင် ၂၀နီးပါးရှိတာမို့ တဆင့်စကားတစ်ဆင့်နားဖြင့် ထိုအကြောင်းက အင်္ဂလန်ရှိ လူကုံထံအသိုင်းအဝိုင်းကြား ပျံ့နှံ့နေခဲ့သည်။

မက်သရူးမှာလည်း အင်္ဂလိပ်သူငယ်ချင်းများရှိတာမို့ ထိုအကြောင်းကို သိခဲ့ရသည်။

“ဒီ မစ္စတာဖန့်ဆိုသူက နိုင်ငံကိုတော့ အတော်ချစ်တာဗျ။ မင်းသမီးဆီယက်တယ်အတွက်နဲ့ အချင်းများခဲ့ရင် သူကအဲ့လိုဖြစ်မှာမဟုတ်ဘူး။ သူသည်းမခံနိုင်တဲ့ အကြောင်းကိုမှ ရန်သွားစတာကိုး”

“ဒါဆို အခုဘယ်လိုလုပ်ကြမလဲ”

“မင်းသားက မသင့်လျော်စွာပြောဆိုပြုမူမိခဲ့တဲ့အကြောင်း လူထုသိအောင်ရေးပေးဖို့လိုတယ်။ ပြီးတော့ မစ္စတာဖန့်ဆီက ခွင့်လွှတ်မှုကို ရဖို့ သေချာလေး တောင်းပန်ဖို့လိုတယ်”

“ထပ်ပြီး တောင်းပန်ရမယ်” ဂျီးနက်စ်ကပိုပြီး ဒေါသထွက်လာသည်။ သူက လူသိရှင်ကြားတောင်းပန်ပြီးနောက် ဥရောပ၏ အထက်တန်းစား လူကုံထံအသိုင်းအဝိုင်းဆီ ဘယ်လိုမျက်နှာမျိုးနှင့် ပြန်ရမည်နည်း။

“တရုတ်ပြည်က လူတွေမှာ စိတ်ဆင်းရဲမှုအတွက် ပြန်ပြီးလျော်ကြေးပေးရတဲ့ သဘောတရားဘာညာရှိလား။ သူ့စိတ်ပြေဖို့ သန်း ၁၀၀ဆိုရင်ရော လုံလောက်လား” ဟု ဂျီးနက်စ်က မေးသည်။

သူ့မှာ လုပ်ငန်းများစွာရှိသော်လည်း သူ့မှာအထောက်အပံ့ပြုရမည့် အစေခံများနှင့် အမျိုးသမီးများ ရှိတာမို့ သန်းတစ်ရာဆိုသည့်ပမာဏသည် သူ့အသားထဲမှ ဖဲ့သလိုဖြစ်နေသည်။

“တောင်းပန်ဖို့အတွက်ရော မင်းသား”

“ရပြီလေ။ ဒီလောက်ဆို တော်ရောပေါ့။ မနက်ဖြန်ကျရင်သူ့ကိုပိုက်ဆံသွားပေးလိုက်ပါ။ အဲ့တာကိုမှ မကျေနပ်နိုင်သေးဘူးဆိုလျှင် နောက်ထပ်နည်းလမ်းတွေသုံးကြတာပေါ့”

သာမန်လူတန်းစားက လူချမ်းသာများနှင့် မယှဉ်နိုင်သလို လူချမ်းသာများက တော်ဝင်မျိုးရိုးများနှင့် မယှဉ်နိုင်ပေ။

ဖန့်ကြွယ်ယွီက သာမန်ဘီလီယံနာတစ်ဦးဖြစ်နေချိန်တွင် ဂျီးနက်စ်က မီလီယံနာမင်းသားတစ်ဦးဖြစ်နေသည်။

“ဟုတ်ကဲ့ နားလည်ပါပြီ” ဟုဆိုကာ မက်သရူးက သက်ပြင်းရှည်ကြီးချသည်။ မင်းသားတစ်ဦး၏ သားတော်ဖြစ်တာမို့ သူ့မှာ ပြသနာများကို ကိုယ်စားဖြေရှင်းပေးမည့် အရင်းမြစ်များ အဖွဲ့များရှိသည်။

ယခုအချိန်တွင် သူတို့ရင်ဆိုင်နေရသောလူနှင့် ပတ်သက်ပြီး ဂဃနဏမသိရပေ။ ဂျီးနက်စ်ကပြသနာကို ဖြေရှင်းနိုင်ရန် သူအကောင်းဆုံးကူညီပေးရမည်။

နောက်တစ်နေ့တွင် ဖန့်ကြွယ်ယွီသည် ကျွန်းမှ ပြန်ထွက်ခွါလာခဲ့သည်။ သူ ပြန်အထွက်တွင် ဟာရှီမိုတိုတို့အဖွဲ့နှင့် ဆုံသည်။ ဟာရှီမိုတိုက သူ့ကို မုန်းတီးသောအကြည့်ဖြင့် ကြည့်နေတာကို တွေ့ခဲ့ရသည်။

ဟာရှီမိုတိုက မနက်မိုးလင်းသောအိပ်ယာထဲရောက်နေတာကို တွေ့ရသည်။ သူမက မနေ့ညက အရက်မူးအောင်သောက်ပြီး မှောက်သွားတာဟု ထင်ခဲ့သည်။ သူမက သတိလွတ်နေချိန်တွင် ဖန့်ကြွယ်ယွီက အခွင့်ကောင်းမယူခဲ့ပေ။ သူမတွေးထင်ထားသလို အခြေအနေမျိုးကိုလည်း မဖန်တီးနိုင်ခဲ့ပေ

ပြန်လာပြီးနောက် ပလက်တီနမ်နန်းတော်တစ်ခုလုံး မနက်ဖြန်ကျင်းပမည့် ဘုရင်မကြီး၏ မွေးနေ့ပွဲအတွက် အလုပ်ရှုပ်နေကြသည်။

“သခင်လေးကို မက်သရူးလို့ခေါ်တဲ့လူက လာရှာနေပါတယ်။ သူက မင်းသားဂျီးနက်စ်ရဲ့ အိမ်တော်ထိန်းလို့ပြောပါတယ်”

“သူလာမှာမဟုတ်ဘူးဆိုတာ သိသားပဲ” ဖန့်ကြွယ်ယွီက ကုတင်ပေါ်လှဲရင်း League of Legends တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည်။

“သူက မတောင်းပန်ချင်လို့ အိမ်တော်ထိန်းကိုလွှတ်လိုက်တယ်ဆိုတာ သိသာနေတာပဲလေ။ သူ့ကို စောင့်ခိုင်းလိုက်ဦး။ ဒီပွဲပြီးမှ သူနဲ့ စကားပြောမယ်”

အသက်ခြောက်ဆယ်အရွယ်အိမ်တော်ထိန်း မက်သရူးက စာရွက်တစ်ရွက်ကိုင်ပြီး ရွှေဖြူခန်းမဆောင်အတွင်းမှာ မတ်တပ်ရပ်နေသည်။

ကျွမ်းရီ ပြန်လာတာကို မြင်သောအခါ သူမအနားကိုကပ်ပြီး “မစ္စကျွမ်း.. မစ္စတာဖန့်က ဘာပြောလဲ”

“မစ္စတာမက်သရူး..သူက အခုမအားနေသေးလို့ မတွေ့နိုင်သေးဘူးတဲ့” ကျွမ်းရီက အားနာသည့်လေသံဖြင့် ပြန်ဖြေသည်။

“အဲ့လိုလား” မက်သရူးက ထိုအဖြေကိုမျှော်လင့်ထားပြီးသားဖြစ်သည်။

“ဒါဆိုလည်း မစ္စကျွမ်းက ဒီစာလေးကို မစ္စတာဖန့်ကိုပေးလို့ရမလား။ ဒါက မင်းသားဂျီးနက်စ်ရဲ့ လက်ရေးနဲ့ ရေးထားတဲ့စာပါ။ ဒါနဲ့အတူ တောင်းပန်ဖို့အတွက် ပေးအပ်တဲ့ လက်ဆောင်ပါ။ မစ္စတာဖန့်က မင်းသားရဲ့ စကားအပြောအဆိုမတတ်မှုအတွက် ခွင့်လွှတ်ပေးဖို့မျှော်လင့်ပါတယ်”

“ခဏလောက်စောင့်ပါဦး” ကျွမ်းရီက စာအိတ်ကိုကိုင်ပြီး ဖန့်ကြွယ်ယွီဆီသွားသည်။

“စာဟုတ်လား?” ဖန့်ကြွယ်ယွီက စာကိုဖွင့်ဖောက်ရင်း ဟက်ခနဲရယ်လိုက်သည်။ စာထဲမှာပါသော အရေးအသားက တောင်းပန်သည့်ပုံပေါ်သော်လည်း သူ၏ အပြုအမူမှားယွင့်သည့်အတွက် ခွင့်လွှတ်ပေးပါဟု ရေးရမည့်အစား နားလည်မှုလွဲသည်ဟုသာ သုံးနှုန်းထားသည်။

“စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက် လျော်ကြေးငွေသန်းတစ်ရာ။ ငါ့ကို သူတောင်းစားလို့ထင်နေလား” ဖန့်ကြွယ်ယွီက စာကိုပြန်ခေါက်ပြီး စာအိတ်ထဲထည့်သည်။

“သူ့ကိုပြန်ပြောလိုက်။ တောင်းပန်ချင်တယ်ဆို စိတ်ပါလက်ပါတောင်းပန်ပါလို့။ သူက တရုတ်လူမျိုးတွေကို တွစ်တာ ( twitter) ကနေတစ်ဆင့် တောင်းပန်ရမယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက် လျော်ကြေးပေးမယ်ဆို ခုပေးတဲ့လျော်ကြေးကို ၁၀နဲ့မြှောက်။ ပြီးရင်ယူရိုနဲ့တွက်ပြီးထည့်ပေး။ ဒါမှ ဒီလျော်ကြေးကို စဉ်းစားပေးမယ်”

All Chapters