ငါ့ကို အန္တရာယ်ပေးမဲ့လူတစ်ယောက် အမြဲရှိနေတယ်
Vol. 10 Ch. 133
စစ်ရေးပြအခမ်းအနားက တစ်နာရီကျော်ကြာမြင့်သည်။ တိုက်လေယျာဉ်များ၊ တင့်ကားများနှင့် မွေးနေ့ပွဲကို ခြိမ့်ခြိမ့်သဲသဲ ဂုဏ်ပြုကျင်းပပေးကြသည်။
ဘုရင်မကြီး၏ ရထားလုံးက ရွှေဖြူနန်းတော်ထဲကိုဝင်ရောက်လာသည်။ ရွှေဖြူနန်းတော်၏ လသာဆောင်ပေါ်သို့ရောက်ချိန်တွင် ဝတ်စုံတစ်စုံလဲထားပြီးဖြစ်သည်။
အသက်ကိုးဆယ်အရွယ်ရှိသည့်တိုင် အမျိုးသမီးတစ်ဦး၏ အလှအပမက်မောမှုသည် မပြောင်းလဲပေ။ ဘုရင်မကြီးရီရှားသည် အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး ဖန့်ကြွယ်ယွီအဘိုးလက်ဆောင်ပေးသော စိန်လည်ဆွဲနှင့် ဖန့်ကြွယ်ယွီပေးထားသော သရဖူကို ဦးခေါင်းထက်တွင် ဝတ်ဆင်ထားသည်။
ဘုရင်မကြီးရီရှားသာ သူမ၏ငယ်ရွယ်နုပျိုသော နေ့ရက်များဆီပြန်သွားနိုင်မည်ဆိုပါက သူမက အလွန်ချောမောလှပပေလိမ့်မည်။ ဒီအရွယ်ရောက်သည့်တိုင် မင်းသားမင်းသမီးများက သူမကို တအံ့တဩဝိုင်းကြည့်နေကြသည်။ ယနေ့မြင်တွေ့နေရသော ဘုရင်မကြီးသည် သူတို့ပုံမှန်မြင်တွေ့နေကျ ဘုရင်မကြီးနှင့် မတူပေ။
ဘုရင်မကြီးက မိန့်ခွန်းအရှည်ကြီးပြောကြားသည်။ များပြားလှစွာသော ဧည့်ပရိတ်သက်များ၏ ချီးကျူးထောပနာပြုမှုများကြားတွင် မွေးနေ့ပွဲက အောင်မြင်စွာပြီးမြောက်ခဲ့ရသည်။
“ဂျက် ပွဲပြီးတော့မယ်။ အဆင်သင့်ပြင်ထားတော့” ဖန့်ကြွယ်ယွီက အင်္ဂလန်မှ ဘယ်အချိန်ပြန်ထွက်မလဲဆိုတာ မသိပေ။ အကယ်၍ သူသာတရုတ်ပြည်ကို ပြန်ရောက်သွားပါက လှုပ်ရှားဖို့ ပိုခက်ပေလိမ့်မည်။
“ဟူး” နောက်ဆုံးတော့ ပွဲကပြီးခဲ့ပြီဖြစ်သည်။ ဖန့်ကြွယ်ယွီက ရှက်လွန်းလို့ သေချင်စိတ်များပေါက်လာမိသည်။
ဖန့်ကြွယ်ယွီက သက်တောင့်သက်သာရှိမည့်အဝတ်အစားကို ခပ်မြန်မြန်လဲလိုက်သည်။
ကျွမ်းရီကသူ့အတွက်လိုအပ်သည်များကို စီစဉ်ပေးနေချိန်တွင် “သခင်လေး မစ်ကောတွေအများကြီးဝင်ထားတယ်” ဟု ပြောသည်။
“မစ္စတာဝမ်ချုံးနဲ့ ဆရာ့သူငယ်ချင်းတွေဆက်တာပါ”
“သေစမ်း ငါ့ကို စပ်စုကြတော့မယ်ထင်တယ်” မွေးနေ့ပွဲအခမ်းအနားကို တိုက်ရိုက်ကြည့်ရှုပြီးသည့်နောက် သူနှင့်ဘုရင်မကြီး၏ ရင်းနှီးမှုအကြောင်းကို စပ်စုချင်သူများစွာရှိလာတော့မည်ဆိုတာ ဖန့်ကြွယ်ယွိ သိနေသည်။
သူတို့အားလုံး သူ့ကို မေးခွန်းထုတ်ကြတော့မည်။
သူက တရုတ်ပြည်ကိုပြန်ရောက်လျှင်လည်း သူ့နောက်ကို သတင်းထောက်များက နေ့တိုင်းလိုလို လိုက်နေကြမည်ကို မြင်ယောင်သေးသည်။
ရှောင်းရီနှင့် ကူးရီသာ သူ့ကို မကူညီပါက သူ့အကြောင်း ကိုမဖုံးကွယ်နိုင်တော့ပေ။
“မင်းကတကယ့်ကောင်ပဲ။ ဘယ်လိုဖြစ်တာလဲ။ ဘုရင်မကြီးနဲ့ ရထားလုံးတွေဘာတွေအတူစီးလို့ပါ့လား။ မင်းက အင်္ဂလန်နိုင်ငံရဲ့ ဂုဏ်ထူးဆောင် သူရဲကောင်းလား။ ဟုတ်တယ်မလား” ဟု ဝမ်ချုံးက မေးသည်။
အင်္ဂလန်တော်ဝင်မိသားစုတွင် လူတိုင်းသည် တော်ဝင်သွေးပါသူများမဟုတ်ပေ။ တော်ဝင်မျိုးနွယ်များသည် နိုင်ငံအတွက် ကောင်းကျိုးပြုသူများဖြစ်သောကြောင့် အထူးတော်ဝင်ဘွဲ့ကို ပေးအပ်ထားခြင်းဖြစ်သည်။
“မင်း စာအုပ်တွေဖတ်တာလျှော့ကွ” ဝမ်ချုံး၏ ကြောင်တောင်တောင်ဖြစ်သော အတွေးအပေါ် ဖန့်ကြွယ်ယွီက အံ့အားသင့်ရသည်။
“ဟုတ်တယ်။ ဂုဏ်ထူးဆောင်ဘွဲ့ရတဲ့လူတွေတောင် မင်းလိုအခွင့်အရေးရတာမဟုတ်။ တော်ဝင်မင်းသမီးတစ်ဦးနဲ့ မင်း စေ့စပ်ခဲ့တာလား။အဲ့လိုဆိုမကောင်းဘူးကွ။ ရှင်းယွီ မိဘတွေသိသွားရင်လည်း မင်းကို တစစီဖြစ်အောင်လုပ်လိမ့်မယ်”
“ဟာ ငါ့ကို အဲ့လိုလူစားလို့ ထင်နေတာလား။ ဒါပေမဲ့ မင်းပြောတာလည်းမှန်တယ်။ ဘုရင်မကြီးက မင်းသမီးတွေကို ငါနဲ့ပေးစားချင်နေတာ”
“ဟုတ်လား” ဖန့်ကြွယ်ယွီ၏ အဓိပ္ပါယ်မဲ့စွာပြောဆိုမှုများကို သူလက်မခံနိုင်ပေ။
“ပြောရဦးမယ်။ S ချန်ပီယံရှစ်ရဲ့ ရှုံးထွက်ပွဲစဉ်ကို သိပ်မကြာခင်ကျင်းပတော့မယ်။ ဆိုင်းလုခ်နိုင်ငံကို မနက်ဖြန်သွားတော့မယ်။ မင်းလိုက်မလား”
“ဒီနှစ်ပွဲကို ဆိုင်းလုခ်နိုင်ငံမှာ လုပ်မှာလား” ဒီနှစ်ပြိုင်ပွဲက ဥရောပတိုက်မှာလုပ်မည်ဆိုတာ သိသည်။
တိုက်ဆိုင်မှုများလား!!ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးဖြစ်သည်။
“ငါက မင်းသိတယ်ထင်တာ။ဆိုင်းလုခ်နိုင်ငံ ဟာနူးမြို့မှာကျင်းပမှာ။ ငါက ZZအသင်းရဲ့ သူဌေးဆိုတော့ သွားအားပေးရမှာပေါ့။ တကယ့်အရေးကြီးတဲ့အချိန်မှာ ငါရှိနေဖို့လိုတယ်”
“ဟား ငါလည်းလိုက်မယ်လေ။ မနက်ဖြန်ဆုံကြတာပေါ့”
“ငါတို့ နောက်ထပ်ခရီးစဉ်တွေ စီစဉ်ဖို့လိုလာပြီထင်တယ်”
ဖန့်ကြွယ်ယွီက ကိစ္စများပြီးသည်နှင့် လားဒီးနစ်မိသားစုထံ သွားလည်မည်ဟု စီစဉ်ထားခဲ့သည်။ ဒါ့အပြင် ကောရှင်းယွီနှင့် အတူဆုလွင်၏ ဖျော်ဖြေပွဲကိုလည်း ကြည့်ရပေဦးမည်။ ပြိုင်ပွဲများပြီးသည်နှင့် တရုတ်ပြည်ကို ပြန်ရမည်။
“အာ…စာတမ်းကိစ္စအတွက် ခေါင်းကိုက်ရဦးမယ်”
ဖန့်ကြွယ်ယွီက သူ့ခေါင်းကိုပုတ်သည်။ စာတမ်းရေးခြင်းက ကျောင်းသားတိုင်းအတွက် ခေါင်းခဲစရာကိစ္စရပ်တစ်ခုဖြစ်သည်။
“သခင်လေး တစ်ယောက်ယောက်က သခင်လေးကို စောင့်ကြည့်နေတယ်”
ကူးရီက သူ၏အနားမှာရုတ်တရက်ပေါ်လာသည်။
“ကူးရီ မင်းကရုတ်တရက်ပေါ်ပေါ်လာတာ လန့်လိုက်တာကွာ။ မင်းဘာကို ဆိုလိုချင်တာလဲ။ ငါ့ကို တစ်ယောက်ယောက်က စောင့်ကြည့်နေတယ်ဆိုတာက ဘာလဲ”
“သခင်လေး ဒီမနက်ခင်းမှာ ရွှေဖြူနန်းတော်ပတ်လည်မှာ စွမ်းအင်ဓာတ်ပြုမှုပေါင်း သုံးဆယ်ရှိနေပါတယ်။ စစ်ရေးပြပွဲပြီးတဲ့နောက်မှာ သုံးဆယ့်တစ်ခုဖြစ်လာပါတယ်။ သခင်လေးအခန်းကို သေချာစောင့်ကြည့်နေတဲ့ တစ်ယောက်ယောက်ရှိနေတယ်”
“ဘာကြီး။ အဲ့တာ ဘယ်သူလဲ”
“သေချာတော့ မသိဘူး။ ဒီစွမ်းအင်ဓာတ်ပြုမှုသုံးဆယ်ဆိုတာအင်္ဂလန်တော်ဝင်မိသားစုက လေ့ကျင့်ပေးထားတဲ့လူတွေပေါ့။ အင်္ဂလန်တော်ဝင်သက်တော်စောင့်ဆိုတဲ့ဘွဲ့နဲ့ စွမ်းအားရှင်တွေပေါ့”
“ဟုတ်ပြီ ဒါဆို မင်းပြောတဲ့ လူကရော”
“သူက အင်္ဂလန်တော်ဝင်မိသားစုကမဟုတ်ဘူး။ ဒီလူ့စွမ်းအင်က သူတို့ထက်သာလွန်တယ်။ နိုင်ငံတကာအဆင့်သတ်မှတ်ချက်အရဆို အဲ့လူက SS အဆင့်စွမ်းအားရှင်ပေါ့”
“ဘယ်လို အဓိပ္ပါယ်မရှိလိုက်တာ။ နားမလည်တော့ဘူး”
“ဒါဆို မင်းနဲ့ယှဉ်ရင်ရော ဘယ်လိုလဲ”
“သူ့ကိုကြက်ကလေးတစ်ကောင်သတ်သလို အသာလေးသတ်နိုင်တယ်”
“ဒါဆို မင်းနဲ့ တစ်ယောက်ချင်းယှဉ်ရင်တောင် မင်းနိုင်တယ်ပေါ့” ဖန့်ကြွယ်ယွီက ကူးရီ၏ အစွမ်းကို ယုံကြည်သည်။
“ခဏလေး. သူ့ကို မသတ်နဲ့။သူ့ကိုဖမ်းလာခဲ့။ ဒါက ဂျီးနက်စ်လုပ်တာလို့ပဲငါထင်တယ်။ငါက ဆိုင်းလုခ်နိုင်ငံကို သွားမှာဆိုတော့ အဲ့ကိစ္စရှင်းလို့ရပြီ”
“မင်းသူ့ကိုတွေ့အောင်ရှာနိုင်မလား”
“ရတာပေါ့..သူ့ရဲ့ စွမ်းအားက ငါ့ရဲ့ဆယ်ပုံတစ်ပုံတောင်မရှိပါဘူး။ အေးအေးဆေးဆေး သူ့ကိုရှာတွေ့နိုင်တယ်”
“ဒါဆို သူ့ကိုခေါ်လာခဲ့။ ဘုရင်မကြီးပွဲမှာ ရုတ်ရုတ်သဲသဲမဖြစ်ချင်ဘူး”
ဖန့်ကြွယ်ယွီက ဝတ်စုံကို သေချာဝတ်စားပြင်ဆင်သည်။
“ဟုတ်ကဲ့ သခင်လေး”
ကူးရီက ဘာမပြောညာမပြောနှင့် လျစ်ခနဲပျောက်သွားပြန်သည်။
ဖန့်ကြွယ်ယွီက ဖိနပ်စီးနေချိန်တွင် ကူးရီက လူဖြူတစ်ကောင်လေးကို ဖမ်းခေါ် ပြီး ပြန်ရောက်လာသည်။ ထိုကောင်လေးသည် ဂျီးနက်စ်နှင့် အတော်လေး ရုပ်ချင်းဆင်သည်။
“ကျိုးနေတဲ့ဓားကိုအကောင်းတိုင်းဖြစ်အောင်ပြန်ပြင်နိုင်လား။
အစိတ်စိတ်အမွှာမွှာကွဲနေသောမှန်ကို အကောင်းပကတိအတိုင်းဖြစ်အောင်လုပ်နိုင်လား”ဟူသော စကားစုကို ကောင်လေးက ထပ်တလဲလဲရွတ်နေသည်။
“သူက ဘာဖြစ်သွားတာလဲ။ ခေါင်းထိသွားတာလား”
“ငါက သူ့ဦးနှောက်ကို စွမ်းအားနဲ့ တိုက်ခိုက်ခဲ့တာ။ သူ့မှတ်ဥာဏ်ထဲက အစိတ်အပိုင်းတစ်ခုပေါ့။ သခင်လေး နားငြီးတယ်ဆို သူ့ပါးစပ်ကို ပိတ်လိုက်မယ်လေ”
ကူးရီက ကောင်လေး၏ လည်ပင်းကိုညင်သာစွာထိလိုက်ချိန်တွင် ကောင်လေးက သတိလစ်သွားသည်။
“ဟူး ဒီကောင်တွေက ငါ့မှာ လှည့်ကွက်တွေရှိတယ်ဆိုတာ မသိဘဲနဲ့ လာထိကြတာ။ သနားစရာကောင်းလိုက်တဲ့ကောင်လေး။ ဂျီးနက်စ်နဲ့ ငါ စာရင်းရှင်းပြီးရင် မင်းကို စိတ်ကျန်းမာရေးဆေးရုံကို ပို့ပေးပါ့မယ်ကွာ”
“ကဲ စားကြစို့လေ။ ခဏနေ ပွဲတက်ရဦးမယ်”