← Chapters

မင်းအဖေက ဒီညတော့ ခြံထဲမှာ အပင်တစ်ပင်စိုက်ရတော့မယ်

Vol. 10 Ch. 134

မင်းအဖေက ဒီညတော့ ခြံထဲမှာ အပင်တစ်ပင်စိုက်ရတော့မယ်

Vol. 10 Ch. 134

“ဘာတွေဖြစ်နေတာလဲ။ ဘာဖြစ်လို့ ဂျတ်ဆီကနေ အခုထိ ဘာသတင်းမှမကြားရပါ့လား” ဂျီးနက်စ်က အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။

ဂျတ်က ဖန့်ကြွယ်ယွီကို ဒီနေ့မှာ မရှင်းပေးနိုင်ဘူးဟု မထင်ပေ။ သို့သော် ဂျတ်ဆီမှ စာမလာသတင်းမကြားရသည်မှာ နာရီအတော်ကြာနေပြီဖြစ်သည်။

“သူတစ်ခုခုများဖြစ်နေတာလား” ဂျတ်သည် SSအဆင့်စွမ်းအားရှင်ဆိုသော်လည်း ဖန့်ကြွယ်ယွီ၏ ဘေးမှာသူ့ထက် အစွမ်းထက်တဲ့လူရှိနေတာလား။

ဖန့်ကြွယ်ယွီဆီကို လိုက်သွားတုန်းက တွေ့ခဲ့ရသော ထိုလူထွားကြီးများဖြစ်နေမလားဟု စိတ်ထဲမှ တွေးမိသည်။

“သူများဖြစ်နေမလား”

“မင်းသားဂျီးနက်စ်..ဧည့်ခံပွဲစတော့မှာပါ။ သွားဖို့ အချိန်ကျနေပါပြီခင်ဗျ”မက်သရူးက ဂျီးနက်စ်ပွဲတက်ဖို့အတွက် အဝတ်အစားများအကုန်စီစဉ်ထားပြီးဖြစ်သည်။

“ကောင်းပြီလေ” ဂျီးနက်စ် သူ့အတွက်ပြင်ဆင်ထားသော အကျီအဝတ်အစားများကို ယူပြီး အခန်းထဲဝင်သွားသည်။

ပလက်တီနမ်နန်းတော်သည် ခါတိုင်းမြင်နေကျပုံစံထက် ပိုမိုကြီးကျယ်ခမ်းနားနေသည်။ဘုရင်မကြီး၏ မွေးနေ့ပွဲတွင် ဧည့်သည်ပေါင်းများစွာသည် ဝတ်ကောင်းစားလှများဝတ်ဆင်လျက် သူတို့၏ ပါတနာများနှင့်အတူ တွေ့ကြရသည်မှာ အလွန်ပင် မျက်စိပဒသာရှိလှသည်။

“လူတွေအများကြီးပါလား” ဖန့်ကြွယ်ယွီက ပွဲထဲကို တစ်ယောက်တည်းရောက်ချလာသည်။ ထိုဧည့်ခံပွဲသည် ဘုရင်မကြီး၏ အထူးဧည့်သည်တော်များအတွက်သာ ကျင်းပပေးခြင်းဖြစ်သည်။

“မစ္စတာဖန့် ရောက်လာပြီလား” ဟီတန်က အဝေးမှနေပြီး ဖန့်ကြွယ်ယွီဝင်လာသည်ကို တွေ့ရပြီးနောက် နွေးနွေးထွေးထွေးကြိုဆိုနှုတ်ဆက်သည်။

ဟီတန်၏ အသက်အရွယ်က သူ့အဖိုးလောက်ဖြစ်နေသော်လည်း ချမ်းသာကြွယ်ဝမှုနှင့် အနေအထားအရဆို သူတို့နှစ်ဦးသည် တန်းတူရွယ်တူလိုဆက်ဆံနိုင်သည်။

“မစ္စတာဟီတန်..ခင်ဗျားအစောကြီးရောက်နေတာလား”ဟု ဖန့်ကြွယ်ယွီက လက်ဆွဲနှုတ်ဆက်သည်။ မစ္စတာဟီတန် ယနေ့ဝတ်ဆင်ထားသော ဝတ်စုံသည် တစ်ချက်ကြည့်ရုံနှင့် အလွန်ခမ်းနားမှန်း သိသာသည်။

တလက်လက်ထနေသော စိန်နှင့်ရွှေကြယ်သီးများကို ဖန့်ကြွယ်ယွီသတိထားမိသည်။ ထိုဝတ်စုံသည် အနည်းဆုံးဒေါ်လာတစ်သိန်းတန်ပေမည်။

“မစ္စတာဖန့်..ခင်ဗျားဝတ်စုံက….”ဟီတန်၏ အကြည့်များက သူ၏ ဝတ်စုံပေါ်ကိုကျရောက်လာသည်။

“မစ္စတာဖန့်က နယ်နယ်ရရတော့မဟုတ်ဘူးပဲ”

“ဟမ်” ဖန့်ကြွယ်ယွီက ဘာပြန်ပြောရမှန်းမသိအောင်ဖြစ်သွားသည်။ သူ့ဝတ်စုံက တန်ဖိုးကြီးမှန်းသိသော်ငြား စျေးအတိအကျကို သူမသိပေ။

ဟီတန်က ဒေါ်လာဘီလီယံနှင့်ချီပြီးချမ်းသာသော်လည်း သူ့အတွက်တော့ ထိုပမာဏက မပြောပလောက်ပေ။

“ငါအမှတ်မမှားဘူးဆို ဒီဝတ်စုံက မစ္စတာ တူးလိစ်ဟုစ် ချုပ်ပေးထားတာမလား” ဖက်ရှင်ပိုင်းနှင့် ပတ်သက်ပြီး ဟီတန်၏ ကျွမ်းကျင်မှုအနေအထားက မနိမ့်ပေ။

“မစ္စတာတူးလိစ်တစ်ဦးတည်းကပဲ အကျီအနားစွန်းတွေမှာ စိန်ကွပ်ပေးတတ်တာ”

“ဟီး..ဟီတန်က မျက်စိလျင်သားပဲ” ဟု ရှောင်းရီက ချီးကျူးသည်။

“ဒီဝတ်စုံက နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ မစ္စတာ တူးလိစ်နဲ့ မစ္စတာချက်ဒ်တို့ အတူတွဲပြီး ချုပ်ထားတာ။ သူတို့ဝတ်စုံတွေကို ဒေါ်လာကိုးသိန်းနဲ့ရောင်းချတာ တွေ့ဖူးတယ်”

“အဲ့လောက်တောင်ပဲလား” ဖန့်ကြွယ်ယွီက ထိုလူနှစ်ဦး၏ နာမည်ကို တစ်ခါမှမကြားဖူးပေ။

“သူတို့က မစ္စတာဟီရမ်လိုပဲ နာမည်ကြီးတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးက အလွတ်တန်းဒီဇိုင်နာတွေလေ။ မင်းအဖေက သူတို့ကို သူ့ရဲ့လုပ်ငန်းအတွက် ဟိုးအရင်ထဲက ငှါးရမ်းထားတာ။အဲ့ကတည်းက သူတို့လက်ရာတွေ သိပ်မတွေ့ရတော့တာပဲ”

“အဲ့လိုလား” ထိုဒီဇိုင်နာနှစ်ဦး၏ လက်ရာများကို စျေးကွက်ထဲတွင် မတွေ့ရတော့ပေ။ သူတို့၏ ဒီဇိုင်းများကို ဝတ်ဆင်လိုကြသော လူချမ်းသာများစွာရှိနေကြသေးသည်။

သူတို့၏လက်ရာများကို ဝတ်ဆင်နိုင်ခြင်းသည် ချမ်းသာကြွယ်ဝမှုနှင့်အတူ ဩဇာအာဏာရှိခြင်း၏ ပြယုဂ်တစ်ခုလိုဖြစ်နေသည်။ ဟီတန်က အံ့ဩနေသည်မှာအထူးအဆန်းတော့မဟုတ်ပေ။

“မစ္စတာဟီတန်က တကယ်အမြင်စူးရှတာပဲ။ ဒီအကျီကို မစ္စတာ တူးလိစ်က ဒီဇိုင်းဆွဲပြီးတော့ မစ္စတာချက်ဒ်က ကိုယ်တိုင် ချုပ်လုပ်ပေးထားတာပါ”

“ငါက မစ္စတာတူးလိစ်ချုပ်ပေးတဲ့ အကျီဝတ်ရဖို့ စောင့်နေရတာအကြာကြီးပဲ။ ဒါပေမဲ့ ခုထိအငြင်းခံနေရတုန်း..ဟူး” မစ္စတာဟီတန်က သက်ပြင်းရှည်ကြီးချသည်။

“မစ္စတာဖန့်ကရော သူတို့ကိုဘယ်လိုချုပ်ခိုင်းခဲ့တာလဲ။ပိုက်ဆံဘယ်လောက်တောင်ပေးခဲ့ရလဲ”

“သူတို့ကို နှစ်ရှည်စာချုပ်နဲ့ ငှါးထားတာပါ” ထိုအဖြေကိုကြားရပြီး မစ္စတာဟီတန်ကပိုပြီးအံ့အားသင့်ရပြန်သည်။ ကုမ္ပဏီများက မစ္စတာတူးလိစ်ကို ဖက်ရှင်ဒီဇိုင်နာအဖြစ်ငှါးရမ်းကြသော်လည်း အကုန်လုံးအငြင်းခံခဲ့ရသည်။

သူတို့ကို နှစ်ရှည်ငှါးရမ်းနိုင်ခဲ့သော ဖန့်ကြွယ်ယွီမှာ ဘယ်လိုအစွမ်းမျိုးရှိနေခဲ့သလဲ။

“မစ္စတာဖန့်ရဲ့ ဩဇာကတော့ အမိုက်စားပါလား”

ဖန့်ကြွယ်ယွီအပေါ် ဟီတန်၏အကဲဖြတ်မှုက တစ်ဆင့်မြင့်တက်သွားရသည်။ ဘုရင်မကြီးက ဖန့်ကြွယ်ယွီအား အရေးတယူဆက်ဆံနေသည်မှာ မထူးဆန်းတော့ပေ။

“ဟား အဲ့လောက်လည်း မဟုတ်ပါဘူးဗျာ။ ကျွန်တော့်မိဘတွေက ချမ်းသာလို့ ခုလိုဘဝမျိုးကို အေးအေးဆေးဆေးရခဲ့တာပါ”ဟုဖန့်ကြွယ်ယွီက ပြန်ဖြေသည်။

“မိဘချမ်းသာတာကလည်းတစ်ပိုင်းပေါ့။ မစ္စတာဖန့်ကိုယ်တိုင်ကလည်း ကံကောင်းတာပါဗျာ”

“ဟိုလူရောက်လာပြီပဲ”

ဖန့်ကြွယ်ယွီက လူအုပ်ထဲကိုလှမ်းကြည့်သောအခါ ဂျီးနက်စ်က တောက်တောက်ပြောင်ပြောင်အဝတ်အစားများဝတ်ပြီး မသာမယာမျက်နှာဖြင့် ပွဲထဲဝင်လာတာကို တွေ့ရသည်။

“မစ္စတာဟီတန်..နောက်မှ ဆက်ပြောကြမယ်ဗျာ။ ခုတော့ ကျွန်တော့်သူငယ်ချင်းကို သွားနှုတ်ဆက်လိုက်ဦးမယ်”

“ဟုတ်ပါပြီ ငါလည်း သူငယ်ချင်းတွေနဲ့ စကားသွားပြောလိုက်ဦးမယ်”

“ဟေ့..အကိုကြီး” ဖန့်ကြွယ်ယွီက ပြုံးဖြီးဖြီးမျက်နှာဖြင့် ဂျီးနက်စ်၏ ပုခုံးကိုလှမ်းပုတ်လိုက်သည်။ အကြောင်းမသိသူများက နှစ်ရှည်လများ ဝေးကွာနေသော သူငယ်ချင်းနှစ်ဦးပြန်ဆုံကြသည်ဟု ထင်ကြပေလိမ့်မည်။

“အဲ့ညပြီးတည်းက မင်းပြုံးနေတာ တစ်ခါမှမမြင်တော့ပါလား”

“မင်းက ရေနံစျေးကိုနှစ်ဆတက်ပြီး ငါ့မိသားစုထဲကနေ ငါ့ကို ဆွဲထုတ်အောင် ပြသနာရှာထားပြီးတော့ ငါကဘယ်လိုလုပ်ပြီး ပျော်နိုင်မှာလဲ”

ဒီနေရာမှာ ဒေါသတကြီးတုံ့ပြန်လို့မရပေ။ ထို့ပြင် သူ့ညီလေး၏ အခြေအနေကို မသိရသေးသဖြင့် အလောတကြီးတုံ့ပြန်ဖို့မရသေးပေ။

“မစ္စတာဖန့် ငါမင်းဆီလာဖို့ လုပ်ပါသေးတယ်။ ဒါပေမဲ့ မင်းက အမြဲအလုပ်ရှုပ်နေတာလေ။ အဲ့ညက ငါတို့အချင်းချင်း နားလည်မှုလွဲကြတာဖြစ်မယ်။ ဒါကြောင့်မို့ ငါအခုတောင်းပန်ချင်လို့ပါ”

“တောင်းပန်မယ်ဟုတ်လား။ ရတယ်လေ။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက် ယူရိုတစ်ဘီလီယံနဲ့ တရုတ်မီဒီယာတွေထက်မှာ တရားဝင်တောင်းပန်ရမယ်။ အဲ့လိုလုပ်ပေးမယ်ဆို ရေနံစျေးကို အရင်တိုင်းထားပေးမယ်”

“မစ္စတာဖန့် ငါ့ပိုင်ဆိုင်မှု အားလုံးပေါင်းလျှင်တောင် တစ်ဘီလီယံမရှိဘူး။ ငါတို့ပြသနာကလည်း အဲ့လောက်မှ မကြီးတာ။ မစ္စတာဖန့် ငါတို့ကြားမှာ မျက်နှာမပျက်စေချင်ဘူး”

“မင်းသားဂျီးနက်စ် ခင်ဗျားနောက်နေတာလား” ဟု ဆိုပြီး ဖန့်ကြွယ်ယွီက ဟားတိုက်သည်။”အဲ့ညကတည်းက ခင်ဗျားတောင်းပန်ဖို့ အခွင့်အရေးပေးခဲ့တယ်လေ။ ဒါပေမဲ့ခင်ဗျားက ကျူပ်ကို ပမာမခန့်လုပ်သွားတာ။ခင်ဗျားတို့ တော်ဝင်မိသားစုကြီးက ယူရိုတစ်ဘီလီယံကိုတောင် မတတ်နိုင်ဘူးလား”

“ဒါတင်မကသေးဘူး။ ငါ့ကို သတ်ဖို့ လူတောင်လွှတ်ခဲ့သေးတာ။ အဲ့တာကို ခင်ဗျားနဲ့ အေးအေးဆေးဆေး စကားပြောပေးရဦးမှာလား။ ဪ ဒါနဲ့လေ ခင်ဗျားငှါးခဲ့တဲ့ ကြေးစားဂိုဏ်းက ငါ့မိသားစုအပိုင်လုပ်ငန်းထဲက တစ်ခုပေါ့။ကြေးစားလူသတ်သမားကလည်း မသေပါဘူး။ ခင်ဗျားပေးခဲ့တဲ့ ယူရိုသန်း ၅၀ ကို သူ့ကိုပေးပြီး အပန်းဖြေခရီးထွက်ခိုင်းလိုက်တာ”

“ဘာပြောတယ်” ဂျီးနက်၏ သွေးများ ပွက်ပွက်ဆူလာသလိုခံစားရသည်။

“ပြီးတော့ တရုတ်ပြည်ကလာတဲ့လူဆိုတော့ ယဉ်ကျေးသမှုနဲ့ ကဗျာဆန်ဆန် စကားလေးပြောပါရစေ။ ဒီညမှာ ခင်ဗျားအဖေက ဥယျာဉ်ထဲမှာ အပင်တစ်ပင်တော့ သေချာပေါက်စိုက်ရတော့မယ်”

All Chapters