← Chapters

အင်ပါယာ၏ မနာလိုမှု

Vol. 128 Ch. 1761

အင်ပါယာ၏ မနာလိုမှု

Vol. 128 Ch. 1761

ခေတ်ကာလတလျှောက် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ရှေးနိုင်ငံ၊ကလန်သုံးခုကြားတွင် မည်သူကမျှ ဝမ်လင်းကဲ့သို့ မလုပ်ဝံ့ပေ။ ဤသည်မှာ သူတို့ကြီးပြင်းခဲ့သော ပတ်ဝန်းကျင်နှင့် သက်ဆိုင်သည်။ သူတို့က မဟာအင်ပါယာသုံးယောက်၏ အကာအကွယ်အောက်၊ အင်ပါယာသုံးယောက်၏ အုပ်ချုပ်မှုအောက်၊ သူတို့ဘိုးဘေးများ၏ အလင်းအောက်တွင် ရှင်သန်နေထိုင်ခဲ့ကြသူများ ဖြစ်၏။

ရှေးဘိုးဘေးသည် သူတို့အတွက် ကောင်းကင်ဘုံပင်။

သူတို့ မည်မျှမောက်မာပါစေ သူတို့သည် ရှေးဘိုးဘေးအပေါ် အနည်းငယ်မျှပင် မလေးမစား မလုပ်ဝံ့ပေ။ ဤသည်မှာ သူတို့ မွေးဖွားလာကတည်းက မှတ်ဉာဏ်ထဲ၌ ရိုက်သွင်းခဲ့သော အချက်ဖြစ်၏။

မဟာအင်ပါယာရွှမ်လောသည်ပင် ထိုသို့ ဖြစ်၏။

သို့ပေမည့် ဝမ်လင်းကမူ မတူပေ။ သူက အလင်းတန်းအလား ရွှေ့လျားကာ ပျောက်ကွယ်နေသော ဝဲကတော့ထံ နီးကပ်လာ၏။ သူ၏ပုံရိပ်က အတိုင်းမသိမောက်မာမှု၊ ပြင်းထန်လှသော အညံ့မခံလိုစိတ် သဘာဝကို ဖော်ကြူးနေ၏။

သူသည် ရှေးဘိုးဘေး၏ အသိအမှတ်ပြုခြင်းကို မရရှိခဲ့ပါက ကိစ္စမရှိပေ။ သို့သော် သူသည် ရရှိခဲ့မှတော့ သွေးလေးစက်လောက် ချီးမြင့်ခြင်းကို သဘောမတူနိုင်တော့ချေ။ ဝမ်လင်း၏အမြင်က တမူထူးပေ၏။

သည်အသိအမှတ်ပြုခြင်းက တစ်စုံတစ်ယောက်ကို နောက်မျိုးဆက်ဟု သတ်မှတ်ခြင်း ဖြစ်ပြီး ထိုသူက သင်၏သွေးမျိုးဆက်ကို ရရှိခြင်း ဖြစ်၏။ ဝမ်လင်းကမူ ထိုသွေးမျိုးဆက် မလိုအပ်ပေ။

သူသာ အလိုရှိပါက အရူးထံမှ ကောင်းကင်ဘုံသွေးမျိုးဆက်ကို ရရှိနိုင်ပေ၏။ ၎င်းမှာ ရှေးသွေးမျိုးဆက်နှင့် အဆင့်တူ တည်ရှိမှု ဖြစ်သည်။

ထို့အတွက်ကြောင့် ဝမ်လင်းက သည်ဝဲကတော့ထံ ဦးတည်ဝင်လာခြင်း ဖြစ်၏။ သည်ရှေးဘိုးဘေးက သူ့ကို သွေးစက်ထပ်မံ မပေးပါက သူသည် သည်သွေးလေးစက်ကို သူ၏ ခန္ဓာကိုယ်ထဲမှ အတင်းအကြပ် ပြန်ထုတ်ကာ ရှေးလူဟူသော သူ့၏ပုံရိပ်ကို လက်လွှတ်လိုက်တော့မည် ဖြစ်၏။ သူသည် ကောင်းကင်ဘုံသွေးမျိုးဆက်ကို ရယူကာ အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လာရန်သာ လုပ်ဆောင်မည်။

“သင်က ငါ့ကို အသိအမှတ်ပြုခဲ့တယ်။ ဒါပေမဲ့ ငါက သင့်ကို အသိအမှတ်မပြုသေးဘူး။  ငါ့ကို သင် ဒီသွေးမျိုးဆက်ကို အသိအမှတ်ပြုစေချင်ရင် ပိုများပြားတဲ့ သွေးနဲ့စွမ်းအားကို ပေးရမယ်…” ဝမ်လင်းက ဒီရှေးဘိုးဘေးကို မကြောက်ပါ။ ထို့ကြောင့် သူက ခုလိုမျိုး တောင်းဆိုဝံ့ခြင်း ဖြစ်၏။

“ငါ သွေးမျိုးဆက်တစ်ခုကို အသိအမှတ်ပြုလိုက်တာနဲ့ ငါဟာ ဒါကို ဘယ်တော့မှ သစ္စာဖောက်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီသွေးမျိုးဆက်ကို ငါ လက်ခံဖို့ ငါ့ကို သွေးစက်လေးစက်ပဲ ပေးအပ်တာဟာ ဈေးပေါလွန်းတယ်…” ဝမ်လင်းသည် မာန်သွင်းလျက် ဝဲကတော့ထံ တရကြမ်း တိုးဝင်လာ၏။

သူ၏မာန်သွင်းသံက ဝဲကတော့ထဲ ဝင်ရောက်၍ အတွင်း၌ ပဲ့တင်ထပ်၏။

ဝမ်လင်း ဝဲကတော့ထဲသို့ လှမ်းဝင်လိုက်စဉ် နတ်ဘုရားအာရုံနှင့် ဆင်တူသော မထူးခြားနားအော်ရာတစ်ခုက ပျံ့လွင့်ကာ သူ့အား ခြုံလွှမ်း၏။ ဤအော်ရာက သူ့ကို အတွင်းသို့ ဝင်ရောက်ခြင်းအား ဟန့်တားကာ အပြင်ဘက်တွင်သာ ဆက်ရှိစေသည်။

ထိုနတ်ဘုရားအာရုံကဲ့သို့ အော်ရာသည် ရှေးကျ၍ မည်သည့်စိတ်ခံစားမှုမျှ ရှိမနေပေ။

ဝမ်လင်းသည် ထိုအော်ရာအတွင်း၌ လွင့်မြောလျက် သူက ဝဲကတော့ကို အေးတိအေးစက် စိုက်ကြည့်သည်။ သူ၏မျက်လုံးက အရောင်တောက်လာကာ သူ့ညာလက်ဖြင့် သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်၏။ သူ့လက်ကို ပြန်ပင့်မြှောက်လိုက်ပြီးနောက် သူ့လက်ချောင်းထိပ်၌ နို့နှစ်ဖြူရောင်အလင်းတစ်ခု ရှိလာသည်။ သူက ညာလက်ကို ဝေ့ယမ်းလိုက်ရာ သူ၏ဘေးရှိ ဝဲကတော့သည် တွန့်ခေါက်ပုံပျက်ကာ ပုံရိပ်အမျိုးမျိုး လှစ်ဟပေါ်လာသည်။

ထိုပုံရိပ်ထဲ၌ ဝတ်ရုံနက်လူငယ်တစ်ယောက် ရှိနေပြီး သူက အမြုတေဖွဲ့စည်းခြင်းအဆင့်၌သာ ရှိသေး၏။ သူသည် ဟင်္သာပြဒါးဂြိုဟ်၏ ရှေးဟောင်းနတ်ဘုရားကုန်းမြေတွင် ရှိနေသည်။

ထိုပုံရိပ်က ထပ်မံ ပြောင်းသွားပြန်၏။ ဝတ်ရုံနက်လူငယ်က အကြောင်းအရာများစွာကို တွေ့ကြုံဖြတ်သန်းပြီးနောက် ရှေးဟောင်းနတ်ဘုရားထူစီ၏ မှတ်ဉာဏ်အမွေအနှစ်ကို လက်ခံရရှိခဲ့၏။

“သင် ဒါကို မြင်နိုင်တယ်မလား။ ဒါဟာ ငါပထမဆုံး ရရှိခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားအမွေအနှစ်ပဲ…” ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြောလိုက်ပြီးနောက် သူ့ညာလက်ကို ဝေ့ယမ်းပြန်သည်။ ပုံရိပ်များ ထပ်မံ ပြောင်းလဲကာ ဝမ်လင်း သူ၏ရှေးဟောင်းနတ်ဘုရားအမွေအနှစ်ကို မည်သို့မည်ပုံ စတင်ရရှိခဲ့တာ လှစ်ဟပေါ်သည်။

ထိုပုံရိပ်များက ဆက်တိုက် ပြောင်းလဲနေရင်း အဆုံးသပ်၌ သူသည် ရှေးသင်္ချိုင်းထဲတွင် ရှိနေသည်။ ဤပုံရိပ်များသည် ဝမ်လင်း၏မှတ်ဉာဏ်များပင်။ သူက ထိုမှတ်ဉာဏ်များကို ပေါ်လာစေခဲ့ခြင်း ဖြစ်သည်။

“သင့်မှာ ဝိညာဉ်အသိစိတ် ရှိမှတော့ ငါ့အနေနဲ့ သင့်ရဲ့ သွေးမျိုးဆက်ကို လက်ခံဖို့ သွေးစက်ဘယ်လောက်များများ လိုမလဲ သင် စဉ်းစားကြည့်။ မဟုတ်ရင် ငါ့ကို ဖျက်စီးလိုက်၊ ငါ ဒီရှေးသွေးမျိုးဆက်ကို လက်လျှော့ပြီး ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လာဖို့ ရွေးချယ်လိုက်မယ်…” ဝမ်လင်း၏စကားလုံးများက အေးစက်၏။ သူက ထိုသို့ ပြောလိုက်ပြီးနောက် သူ့ပတ်လည်ရှိ အော်ရာမှာ ရုတ်တရက် ထွက်ခွာသွားသည်။ ၎င်းက ဝဲကတော့ထဲသို့ ပြန်ဆုတ်ခွာသွား၏။

၎င်းက အချိန်အကြာကြီး စဉ်းစားနေဟန် ရသည်။ ထို့နောက်တွင် ပျောက်ကွယ်တော့မည့် ဝဲကတော့သည် ထပ်မံ မြည်ဟည်းလာကာ စတင်လှည့်ပတ်သည်။ ၎င်းက ဖြည်းဖြည်းချင်း ပြန်ဖွဲ့စည်းလာကာ သွေးအလင်းသည် စတင် ပျံ့လွင့်လာတော့သည်။

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရှိ တောက်ကလန်၏ ကောင်းကင်ထက်၊ လွင့်မြောနေသောမြို့ကြီးပေါ်တွင် ရှေးကလန်ဝင်တစ်သန်းနီးပါးသည် စောင့်ဆိုင်းနေကြသည်။ တော်ဝင်ဝတ်ရုံဖြင့်လူက စိတ်မရှည်တော့ပေ။ သို့သော် သူက ဘာမှ မပြောဝံ့ချေ။

ရုပ်တု၏ မျက်ခုံးနှစ်ခုကြားမှ မူလတုန်းက မှိန်ဖျော့သွားသော သွေးအလင်းက ရုတ်တရက် အနီရောင်အလင်းနှင့်အတူ ပေါက်ကွဲထွက်လာ၏။ ထိုအနီရောင်အလင်းက လောကကို ခြုံလွှမ်းကာ ပတ်ဝန်းကျင်တစ်ခုလုံး နီဆွေးသွားစေသည်။

ထိုရုတ်ချည်းပြောင်းလဲခြင်းက အံ့အားတသင့်အသံများကို ထွက်ပေါ်လာစေသည်။

“ဒါ…ဒါ မဖြစ်နိုင်ဘူး…”

“သွေးအလင်းက ထပ်ရှိနေသေးတယ်။ ငါးစက်မြောက်သွေး ထပ်ပြီး ဖြစ်ပေါ်လာတော့မှာလား…”

“ခေတ်ကာလတလျှောက် ရှေးမျိုးနွယ်ကောင်းကင်ဘုံသွေးဟာ တစ်ကြိမ်ပဲ ဖြစ်ပေါ်တာ။ ဒီလိုပြောင်းလဲမှုမျိုး အရင်က လုံးဝ မဖြစ်ဖူးခဲ့ဘူး။ ဒီသွေးအလင်း ထပ်ပြန်ပေါ်လာပြန်တယ်..”

တော်ဝင်ဝတ်ရုံဖြင့်လူ၏ အမူအရာမှာ ပထမဆုံးအကြိမ်အဖြစ် ပြောင်းလဲသွား၏။ သူက ရုပ်တုမျက်ခုံးနှစ်ခုကြားရှိ အလင်းကို စိုက်ကြည့်ကာ သူ၏မျက်လုံးထဲတွင် တုန်လှုပ်မှု ဖြစ်ပေါ်လာသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ ဒီဖြစ်စဉ်ဟာ အဆုံးသပ်တော့မှာ သိသာနေတာပဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။ ဒါ…ဒါဟာ…”

ဝတ်ရုံနက်လူငယ်၊ မဟာအင်ပါယာရွှမ်လောတစ်ယောက်သည်သာ အပြုံးတစ်ခု လှစ်ဟပေါ်၏။ သူက ရုပ်တုကို စိုက်ကြည့်နေရင်း သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်ကာ ငြိမ်သက်စွာ ရှိနေ၏။

ရှေးကလန်ဝင်တစ်သန်းနီးပါးသည် တုန်လှုပ်နေကြစဉ် သွေးအလင်းက စုဝေးလျက် ငါးစက်မြောက်သွေးသည် ပျံသန်းထွက်လာတော့သည်။

ထိုငါးစက်မြောက်သွေးက လူတိုင်း၏ ထင်မြင်ချက်ကို သေချာသွားစေတော့သည်။ ချက်ခြင်းပင် လူတိုင်းသည် တုန်လှုပ်ကုန်၏။

သူတို့အားလုံး၏အကြည့်များက ရုပ်တုပေါ်၌သာ စုဝေးနေသည်။ အချိန်အတန်ကြာပြီးသည့်ထိ ငါးစက်မြောက်သွေးသာ ပေါ်လာသေးသည်။ ထိုသည်ကို မြင်မှ တော်ဝင်ဝတ်ရုံဖြင့်လူသည် စိတ်အေးသွား၏။

“သွေးငါးစက်။ သွေးငါးစက် ဆိုတော့ရော ဘာဖြစ်သေးသလဲ။ ငါဟာ သွေးခြောက်စက် ရရှိခဲ့တဲ့သူ၊ တောက်ကလန်ရဲ့ အင်ပါယာ ဖြစ်လာတဲ့သူပဲ။ သူ လုပ်နိုင်လိမ့်မယ်လို့ ငါ မယုံကြည်ဘူး…”

ထိုသွေးအလင်းသည် ထပ်မံ၍ မွန်းစတားဆန်လာပြန်၏။ သည်တစ်ကြိမ်၌ ခြောက်ကြိမ်မြောက် သွေးစက် ပျံသန်းထွက်လာသည်။

“သွေးစက်ခြောက်စက်၊ သွေးခြောက်စက်…”

“အင်ပါယာနဲ့ အတူတူပဲ။ ဒါ….ဒါဟာ ငါတို့ တောက်ကလန်ရဲ့ မဟာကံကောင်းမှုကြီးပဲ။

“ခြောက်စက် မဟုတ်ဘူး။ ခုနစ်စက်ဟ…”

ထိုသွေးအလင်း စုဝေးလာသည့်အခါ လူအုပ်ကြီးသည် ဝိုးခနဲဝါးခနဲ ဖြစ်ကုန်၏။ တော်ဝင်ဝတ်ရုံဖြင့်လူ၏မျက်နှာသည် ဖြူရောသွားသည်။ ခုနစ်စက်မြောက်သွေးစက် ပျံသန်းထွက်လာခဲ့ပြီ။ ပို၍ အံအားသင့်ဖွယ် ကောင်းသည်မှာ မဟာအင်ပါယာရွှမ်လော ရယ်မောနေစဉ်မှာပင် ရှစ်စက်မြောက်သွေးစက် ထွက်ပေါ်လာခြင်းတည်း။

သွေးစက်ရှစ်စက်။ မဟာအင်ပါယာရွှမ်လောသည်ပင် သွေးစက်ရှစ်စက်သာ ရရှိခဲ့ပေသည်။

ပတ်ဝန်းကျင်မှုလူများကား သည်ရုပ်တုကို တုန်လှုပ်ခြင်း ကြီးစွာ ကြည့်နေ၍ စိတ်လွတ်မတတ် ဖြစ်ကုန်၏။ တော်ဝင်ဝတ်ရုံဖြင့်လူသည်လည်း သူ့နှုတ်ခမ်းကို အလိုလို သပ်မိကာ သူ၏မျက်လုံးထဲ၌ မသိမသာ အေးစက်မှု ဖြတ်ပြေးသွားလေသည်။

“ယဲ့မိုရဲ့ ဆက်ခံသူဟာ ဘိုးဘေးရှိကနေ ဒီလိုမျိုး သွေးရှစ်စက် ပေးအပ်ခံရတဲ့ အသိအမှတ်ပြုမှုကို ဘယ်လိုလုပ်များ ရရှိနိုင်ရတာလဲ။ ငါဟာ ရှေးဘိုးဘေးရဲ့ အစစ်အမှန်နောက်မျိုးဆက်တစ်ယောက် ဖြစ်တယ်။ ငါ့မှာ တော်ဝင်သွေးမျိုးဆက် ပိုင်ဆိုင်ထားတယ်။ ငါဟာ ဦးလေးကလွဲလို့ ရှေးကလန်ရဲ့ ပါရမီအရှိဆုံးသူ ဖြစ်တယ်…”

တော်ဝင်ဝတ်ရုံဖြင့်လူသည် အသက်ဝဝရှိုက်သွင်းကာ သူ့စိတ်ထဲရှိ မနာလိုမှုကို ဖိနှိပ်ထားရ၏။ သူသည် မဟာအင်ပါယာရွှမ်လော သူ၏မနာလိုမှုကို တွေ့မြင်သွားခွင့် မပေးနိုင်ပေ။

သူ၏သုန်မှုန်သည့်အမူအရာကို အပြုံးတစ်ခုဖြင့် ဖုံးကွယ်လိုက်၏။ “တော်ဝင်ဝတ်ရုံဖြင့်လူက မဟာအင်ပါယာရွှမ်လောထံ မျက်နှာမူကာ ပြုံး၍ ပြောလာ၏။ ဂုဏ်ယူပါတယ်…ဦးလေး။ ကြည့်ရတာ ဒီကလေးဟာ သင့်ရဲ့ တပည့် ဖြစ်လာတော့မယ်။ တနေ့မှာ သူဟာ ဦးလေးကိုပါ ကျော်တက်ပြီး တောက်ကလန်ရဲ့ မဟာအင်ပါယာအသစ်တစ်ပါးတောင် ဖြစ်ချင်ဖြစ်လာနိုင်လောက်တယ်…”

တော်ဝင်ဝတ်ရုံဖြင့်လူ၏ စိတ်နှလုံးမှာ မကောင်းပေ။ သူ့အသံက ချိုသာသော်လည်း သူက အဓိပ္ပာယ်များစွာကို ဖုံးကွယ်ထား၏။

ဆံပင်အနက်ရောင်လူငယ်၊ မဟာအင်ပါယာရွှမ်လောသည် သူ၏စကားကို ကြားသည့်နောက်လည်း တူညီသည့်ဟန်ပန်သာ ရှိနေ၏။ သူက လှည့်၍ တော်ဝင်ဝတ်ရုံဖြင့်လူထံ အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်လိုက်သည်။

ထိုအကြည့်ကြောင့် ထိုသူမှာ တုန်ယင်သွား၏။ သူက စကားပြောရန် ဟန်ပြင်လိုက်စဉ် နောက်ထပ် အံ့ချီးဘနန်းတစ်ခု ဖြစ်လာပြန်၏။ သူက ရုပ်တုဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏စိတ်နှလုံး တစ်ချက် ခုန်သွားပြီး သူ့မျက်နှာသည် ချက်ခြင်း ဖြူရောသွားသည်။

သည် အံ့အားတသင့်အော်ဟစ်သံအောက်၌ ကိုးကြိမ်မြောက်သွေးစက်သည် တဖြည်းဖြည်း ဖွဲ့စည်းလာခဲ့လေပြီ။

ကိုးကြိမ်မြောက်သွေးစက်က မဟာအင်ပါယာရွှမ်လော၏ မျက်လုံးကို အရောင်တောက်သွားစေ၏။ သူ၏မျက်လုံးထဲရှိ ပျော်ရွှင်မှုကို လူတိုင်း တွေ့မြင်နိုင်ပေသည်။

သို့ပေမည့် ထိုမျှဖြင့် အဆုံးမသပ်သေးပေ။ ကိုးစက်မြောက်သွေး ထွက်ပေါ်လာပြီးနောက် သွေးအလင်းသည် ထပ်မံ စုဝေးလာပြန်သည်။ လူတိုင်းက အသက်ရှုမှားနေစဉ်မှာပင် ဆယ်ကြိမ်မြောက်သွေးစက် ထွက်ပေါ်လာတော့မည့် အရိပ်အယောင် ပြသလာသည်။

“ဆယ်ကြိမ်မြောက်သွေးစက်။ ဒီလိုမျိုး ခေတ်ကာလတလျှောက်မှာ လုံးဝ မဖြစ်ဖူးခဲ့ဘူး။ သွေးစက်ဆယ်စက်…”

“ရှေးဘိုးဘေးရဲ့ သွေးစက်ဆယ်စက်၊ ဒါဟာ မယုံနိုင်စရာပဲ။ သွေးစက်ဆယ်စက်၊ ဒီလူဟာ တောက်ကလန်ရဲ့ အစစ်အမှန်အင်ပါယာဖြစ်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးမလား…”

“တော်ဝင်မိသားစုတောင် သွေးစက်ဆယ်စက်ကို ဘယ်တုန်းကမျှ မရခဲ့ဖူးဘူး။ သူက ဘယ်သူလဲ။ သူ ဘယ်သူလဲ။ သူဟာ ငါတို့ တောက်ကလန်ရဲ့ အနာဂတ်အင်ပါယာ ဖြစ်နိုင်လား…”

တော်ဝင်ဝတ်ရုံဖြင့်လူသည် သူ့စိတ်ထဲ၌ ရူးသွပ်စွာ မနာလိုနေမိသည်။ သူက ရုပ်တု၏မျက်ခုံးနှစ်ခုကြား စုဝေးနေသော သွေးအလင်းကို စိုက်ကြည့်နေ၏။ ထိုသွေးအလင်း စုဝေးနေရင်း သွေးစက်တစ်စက် ဖြစ်ပေါ်လာသည်။ ထိုသွေးစက်မှာ အနီရောင် မဟုတ်၊ ခရမ်းရောင် ဖြစ်၏။ ထိုခရမ်းရောင်သွေးစက် ပေါ်လာသည့်အခါ တော်ဝင်ဝတ်ရုံဖြင့်လူ၏ အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားတော့သည်။ သူက နောက်သို့ပင် ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိသွားသည်။ သူ၏မျက်လုံးထံမှ တုန်လှုပ်မှု၊ ထိတ်လန့်မှု၊ မယုံကြည်နိုင်ဖြစ်မှုတို့ ပို၍ ပေါ်လာ၏။

“ရှေးဘိုးဘေးစိတ်ဝိညာဉ်သွေး…။ ဒါ…ဒါဟာ စိတ်ဝိညာဉ်သွေးပဲ။ မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူး….”

မဟာအင်ပါယာ၏အမူအရာသည် ပထမဆုံးအကြိမ်အဖြစ် ပြောင်းလဲသွား၏။ သူသည် ခရမ်းရောင်သွေးကို စိုက်ကြည့်လျက် ပထမဆုံးအကြိမ်အဖြစ် သူ့မျက်လုံးထံမှ တုန်လှုပ်မှု လှစ်ဟပေါ်၏။ သူသည် ကိုးစက်မြောက်သွေးကြောင့်ပင် မတုန်လှုပ်ခဲ့ပေ။ သို့သော် သည်အခိုက်၌ သူ တုန်လှုပ်မိပေပြီ။

“ရှေးဘိုးဘေး။ သင်ဟာ စိတ်ဝိညာဉ်သွေးတစ်စက်ကို ပို့ပေးခဲ့တယ်။ ဆိုလိုတာက…စိတ်ဝိညာဉ်သွေး၊ ဒီစိတ်ဝိညာဉ်သွေးဟာ…သမိုင်းတလျှောက်မှာ စိတ်ဝိညာဉ်သွေးကိုးစက်ပဲ ပေါ်လာခဲ့ဖူးသေးတယ်။ စိတ်ဝိညာဉ်သွေးသုံးစက်ဟာ ရှေးကလန်ထဲက တစ်ခုကို ဖန်တီးခဲ့တယ်။ စိတ်ဝိညာဉ်သွေးကိုးစက်ဟာ ယနေ့ ရှေးကလန်သုံးခုကို ဖန်တီးခဲ့တာပဲ…”

ဆံပင်နက်နှင့်လူငယ(ဝါ) မဟာအင်ပါယာရွှမ်လောသည် အသက်ဝဝရှိုက်သွင်းမိလိုက်၏။ သူ့ညာလက်ဖြင့် ကောင်းကင်ထက်သို့ ညွှန်ကာ လောကသည် အရောင်ပြောင်းလဲသွား၏။ ကြီးမားသော အနီရောင်နေမင်းတစ်စင်း ပေါ်လာကာ သည်ဧရိယာကို ခြုံလွှမ်းသွားပြီး အပြင်ဘက်မှ လူတိုင်းသည် ဒီနေရာရှိ အဖြစ်အပျက်ကို တွေ့မြင်နိုင်ခြင်းကနေ တားဆီးပစ်လိုက်၏။

“ငါ့အင်ပါယာနေမင်းနဲ့ ဒီနေရာကို ငါ ချိပ်ပိတ်တယ်။ ငါ့ တောက်ကလန်ဝင်တွေ။ ဒီကိစ္စကို ဘယ်သူ့ကိုမျှ  မပြောရဘူး။ ဒါကို ဖောက်ဖျက်တဲ့သူဟာ ဘာအဆင့်အတန်းပဲ ရှိရှိ သေရမယ်…”  မဟာအင်ပါယာရွှမ်လောက ထိုသို့ ဖြည်းဖြည်းချင်း ပြောလိုက်၏။ သူက နောက်လှည့်ကာ တော်ဝင်ဝတ်ရုံဖြင့်လူထံသို့ ဟန်ပါပါ ကြည့်လိုက်သည်။

“မင်း ငါ ပြောတာ ကြားလား…”

တော်ဝင်ဝတ်ရုံ့ဖြင့်လူသည် ခေါင်းငုံ့သွားကာ ခပ်မြန်မြန် ပြန်ဖြေလိုက်၏။ “ဟုတ် ကြားပါတယ်…”

သို့ပေမည့် သူ၏စိတ်နှလုံးထဲရှိ မနာလိုမှုသည် အကန့်အသတ်ထိ ရောက်ရှိလာခဲ့ပေပြီ။

ဆံပင်နက်နှင့်လူငယ်၊ မဟာအင်ပါယာရွှမ်လောသည် ခေါင်းမော့ကာ ကောင်းကင်ဘုံသားများ သိမ်းပိုက်စိုးမိုးသော ကုန်းမြေထံသို့ လှမ်းကြည့်လိုက်၏။ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ ဒီကလေးကို ဒီကို ခေါ်လာဖို့ ကောင်းကင်ဘုံသားတွေရဲ့ နယ်မြေဆီ သွားရမယ်…"

All Chapters