ရှေ့ဖြစ်ဟောသူ
Vol. 128 Ch. 1769
ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူကိုယ်ပွားစိတ်ဝိညာဉ်ကို သုံး၍ သူ ရှိနေသောနေရာကို ရှေ့ဖြစ်ကြည့်ရန် စိတ်ကူးထားသည်။
နှစ်ပေါင်းများစွာအတွင်း ဝမ်လင်းက ရှေ့ဖြစ်ဟောသူ၏ ကိုယ်ပွားစိတ်ဝိညာဉ်ကို သုံး၍ မရေမတွက်နိုင်သော အသက်ဘေးအန္တရာယ်များကို ကြိုမြင်ခဲ့ဖူး၏။ ထိုအချက်က သူ့အတွက် အကူအညီ ကြီးကြီးမားမား ဖြစ်စေခဲ့သည်။ ရှေ့ဖြစ်ဟောသူ၏ တည်ရှိမှုက သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်ဟု မခံစားရပါက သူသည် ထိုသူ့ကို သွားရောက် ရန်စလိမ့်မည် မဟုတ်ပေ။
တကယ်တော့ ဝမ်လင်း၏စိတ်ထဲ၌ ရှေ့ဖြစ်ဟောသူမှာ ဆန်းကြယ်လှကာ ထိုသို့သော ခံစားမှုမျိုးကို သူ့အနေဖြင့် နောက်ထပ် မည်သူ့ထံကမျှ မခံစားမိခဲ့ရပေ။
“သူက ဘယ်သူလဲ။ သူ့မှာ ဘယ်လိုအစီအစဉ်တွေ ရှိနေလဲ…” ဝမ်လင်းသည် မျက်မှောင်ကြုတ်ကာ ရှေ့ဖြစ်ဟောသူ၏ကိုယ်ပွားနှင့် ပေါင်းစပ်ကာ ဖြည်းဖြည်းချင်း စတင်၍ ရှေ့ဖြစ်ကြည့်လေသည်။
အချိန် တဖြည်းဖြည်း ကုန်ဆုံးလာသည်။ ဝမ်လင်းက သူ၏အိမ်အပြင်ဘက်တွင် ထိုင်နေကာ တစ်စက်လေးမှ မလှုပ်ပေ။ သူ့စိတ်မှာ ရှေ့ဖြစ်ဟောသူနှင့် အပြည့်အဝ သမူဟဖြစ်ကာ ပေါင်းစပ်သွားပြီး သူသည် ရှေ့ဖြစ်ဟောသူ ဖြစ်လာတော့သည်။
သည်ခံစားမှုမှာ ဝမ်လင်းအနေဖြင့် ပထမဆုံး မဟုတ်ပေ။ သူ ရှေ့ဖြစ်ဟောသူထံမှ အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရချိန်က သည်ခံစားမှုမျိုးကို တွေ့ကြုံဖူးပြီးသား ဖြစ်သည်။ သူက ပေါင်းစပ်နေရင်း တဖြည်းဖြည်း တည်ငြိမ်လာ၏။ သူက မျက်လုံးမှိတ်ထားသော်လည်း သူ့စိတ်ထဲ၌ ကောင်းကင်ဘုံနယ်မြေ ရှိနေသည်။ ကောင်းကင်နှင့်မြေကြီးရှိ အရာအားလုံးသည် သူ၏အမြင်တွင် ရှိနေ၏။ သူ့ရှေ့ဖြစ်ကြည့်ခြင်းကနေ မည်သည့်အရာကမျှ မလွတ်မြောက်ပေ။
သည်လိုခံစားမှုမျိုးက လူတစ်ယောက်ကို အနန္တချဲ့ကားမှုကို ပေးစွမ်း၏။
ဝမ်လင်းသည် သူ၏နာမည်ကိုပါ မေ့သွားဟန် တူကာ ရှေ့ဖြစ်ဟောသူ၏ တစိတ်တပိုင်း ဖြစ်လာ၏။ သည်လို ပေါင်းစပ်မှုအောက်၌ သူ့နတ်ဘုရားအာရုံမှာ သူ၏ခန္ဓာကိုယ်ပတ်လည်သို့ ပျံ့လွင့်သည်။
ထိုနည်းလမ်းဖြင့် ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူကိုယ်ပွားနှင့် မူလခန္ဓာကိုယ်တို့ကြားရှိ ဆက်နွှယ်မှုကို ရှာချင်နေ၏။ သို့ပေမည့် ထိုနည်းလမ်းကို အသုံးပြုဖို့ သူသည် ရှေ့ဖြစ်ဟောသူ ကိုယ်ပွားနှင့် အပြည့်အဝ ပေါင်းစပ်ရပေမည်။
ပထမဆုံးအကြိမ်အဖြစ် သူက ဒီနည်းလမ်းကို အသုံးပြုခြင်း မဟုတ်ပေ။ သူသည် ထိုနည်းလမ်းကို အသုံးပြုရာ၌ အန္တရာယ်တစ်ခုခု ရှိလေမလား သေချာစဉ်းစားထားခဲ့၏။ သို့သော် မည်သည့်ပြဿနာမှ သူ ရှာမတွေ့ခဲ့ပေ။
ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူကိုယ်ပွားနှင့် ပေါင်းစပ်လိုက်စဉ် ဆင့်ခေါ်ခြင်းမြစ်၌ ဖြည်းဖြည်းချင်း လွင့်မြောနေသော ဥက္ကာပျံတစ်စင်း ရှိနေသည်။ ရှေ့ဖြစ်ဟောသူသည် ထိုဥက္ကာပျံ၏ အတွင်း၌ ထိုင်နေလျက် ရှိကာ ထူးဆန်းစွာ ပြုံးလေ၏။
သူ၏ ထူးခြားသောဆံပင်ဖြူများက ကခုန်နေလျက် ရှိကာ သူ့အား ကောင်းကင်ဘုံသားတစ်ယောက်၏ အငွေ့အသက် ပေးစွမ်းနေစေသည်။
သူက မျက်လုံးဖြည်းဖြည်းချင်း ဖွင့်လာ၏။ သူ၏မျက်လုံးတို့မှာ တောက်ပနေသည်။ သူ့ပါးစပ်ထောင့်မှ အပြုံးက ပိုပီပြင်လာကာ သူ၏အကြည့်မှာ ဥက္ကာပျံကို ထွင်းဖော်၍ ကြယ်များကို ဖြတ်သန်းကာ ကောင်းကင်ဘုံနယ်မြေသစ်၌ ထိုင်နေသော ပုံရိပ်တစ်ခုထံသို့ ကျရောက်သွားသလား ထင်မှတ်ရလေ၏။
“မင်းက ဒီအဘိုးအိုရဲ့ တပည့်ဖြစ်ဖို့ တကယ်ပဲ ထိုက်တန်တယ်။ မင်း ငါ့လက်ကနေ မလွတ်ပါဘူး…။ မင်း ကျင့်ကြံမှုအဆင့် ပိုမြင့်လာလေလေ ဒီအဘိုးအိုကို ပိုပြီး အကူအညီ ဖြစ်စေလေပဲ။ ငါ့အတွက် ပိုပြီး အကျိုးအမြတ် ရလေလေပဲ…”
“အယ်။ အနှစ်သာရခုနစ်ခု…။ ကောင်းတယ်…ကောင်းတယ်…ကောင်းတယ်…” ရှေ့ဖြစ်ဟောသူက ပြုံး၍ သူ့လက်ကို ခပ်တင်းတင်း ဆုပ်၏။ သူ့လက်သီးထံမှ ကံမ္မအနှစ်သာရ အော်ရာ ပျံ့လွင့်လာသည်။
၎င်းမှာ အစစ်အမှန်ကံမ္မအနှစ်သာရပင်။
“ဘယ်လက်နဲ့ ရှင်သန်ခြင်းကို ထိန်းချုပ်၊ ညာလက်နဲ့ သေခြင်းကို ထိန်းချုပ်။ ဒီအဘိုးအိုလည်း ဒါကို ကောင်းကောင်းသိတယ်…” ရှေ့ဖြစ်ဟောသူက သူ့ဒူးပေါ်သို့ ဘယ်လက်ကို တင်လိုက်သည်။ ကံမ္မအနှစ်သာရအပြင် သူ့လက်နှစ်ဖက်၌ ဒုတိယအနှစ်သာရတစ်ခု ပေါ်လာသည်။၎င်းမှာ သေခြင်းရှင်ခြင်းအနှစ်သာရပင်။
“မျက်လုံးမှိတ်လိုက်တာဟာ အတုအယောင်, မျက်လုံးဖွင့်တာဟာ အစစ်အမှန်…” ရှေ့ဖြစ်ဟောသူက မျက်လုံးမှိတ်လိုက်၊ဖွင့်လိုက် လုပ်ရာ အမှန်အမှားအနှစ်သာရ ပေါ်လာလေ၏။
ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ ရှေ့ဖြစ်ဟောသူ၏ ဘယ်မျက်လုံး၌ မီးတောက်တစ်ခု ရုန်းကြွနေပြီး ညာမျက်လုံးတွင် မိုးကြိုးတန်း လင်းလက်နေခြင်းတည်း။
“ဒီအနှစ်သာရတွေကို ငါ သိတယ်။ ငါဟာ သတ်ဖြတ်ခြင်းအနှစ်သာရကိုလည်း သိထားသေးတယ်…” ရှေ့ဖြစ်ဟောသူ၏ မျက်ခုံးနှစ်ခုကြား၌ ဝဲကတော့တစ်ခု ခပ်ရေးရေး ပေါ်လာသည်။ ထိုဝဲကတော့အတွင်း၌ မီးခိုးရောင်ရှေ့ဖြစ်ဟောသူလည်း ရှိနေလေ၏။
“သိပ်ကောင်းတယ်။ ဒီအဘိုးအိုက ဒီအနှစ်သာရအားလုံးကို လက်ခံထားပြီး ဖြစ်တယ်။ အခု ခုနစ်ခုမြောက်အနှစ်သာရ…” ရှေ့ဖြစ်ဟောသူ၏ မျက်လုံးမှာ တလက်လက် ဖြစ်လာကာ သူ၏မျက်လုံးသူငယ်အိမ်၌ သွေးစင်းကြောင်းများ ပြည့်နှက်လာသည်။ အချိန်တိုအတွင်း ထိုသွေးစင်းကြောင်းများက သူ၏မျက်လုံးတစ်ခုလုံးကို ဖုံးလွှမ်းလုနီး ဖြစ်လာကာ အတားအဆီးများ စတင် ပေါ်လာသည်။
သို့ပေမည့် သူ့မျက်လုံးထဲရှိ အတားအဆီးများသည် သွေးစင်းကြောင်းများနှင့် ပြည့်ပြည့်ဝဝပေါင်းစပ်ဖို့ အချိန်တချို့ ယူရပေအုံးမည်။ ရှေ့ဖြစ်ဟောသူက ပြီးပြည့်စုံသော အတားအဆီးအနှစ်သာရကို နားလည်ဖို့ အချိန်သိပ်ကြာမည် မဟုတ်ပေ။
“မျက်လုံးနှစ်လုံးထဲမှာ ရှိတဲ့ သွေးစင်းကြောင်းတွေဟာ လောကရဲ့ ဥပဒေသတွေ ဖြစ်လာပြီး သင့်ကိုယ်တိုင်ဟာ လောကရဲ့ တစိတ်တပိုင်း ဖြစ်လာမယ်။ တပည့်…မင်းက ဒီဆရာကို တကယ်ပဲ အံ့အားသင့်စေတာပဲ။ အရင်တုန်းက ဒီနည်းလမ်းကို ဘယ်သူကမှ မတွေးမိခဲ့ကြဘူး။ သိပ်ကောင်းတယ်။ မင်းဟာ ငါ နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှေ့ဖြစ်ကြည့်ခဲ့ရတဲ့ ကောင်းကင်ဘုံကို ဖိဆန်တဲ့ ကောင်လေး ဖြစ်ဖို့ တကယ်ပဲ ထိုက်တန်လှတယ်…”
“ငါ့အစီအစဉ်ဟာ မင်းကြောင့် ပြည့်စုံလာတော့မှာ…” ရှေ့ဖြစ်ဟောသူက နှုတ်ခမ်းသပ်ကာ စိတ်လှုပ်ရှားဟန် လှစ်ဟပေါ်သည်။ သည်လိုအမူအရာမျိုးမှာ သူ့ထံကနေ မြင်ရခဲပေသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်က ငါဟာ အပင်တစ်ပင် စိုက်ခဲ့တယ်။ ဒီအပင်ဟာ ခုတော့ ဖူးပွင့်လာခဲ့ပြီ။ ဒါပေမဲ့ ခုထိတော့ အသီးအပွင့်ကို ရိတ်သိမ်းဖို့ အချိန်မကျသေးဘူး…”
ရှေ့ဖြစ်ဟောသူ၏မျက်လုံးတို့မှာ တလက်လက် ဖြစ်လာ၏။ သူ၏မျက်လုံးထဲ၌ အတားအဆီးများစွာသည် သွေးစင်းကြောင်းများနှင့် ပေါင်းစပ်သည်။ အချိန်တချို့ ကြာပြီးနောက် ထိုအတားအဆီးများက သွေးစင်းကြောင်းသုံးဆယ်ရာခိုင်နှုန်းနှင့် ပေါင်းစပ်သွားခဲ့လေပြီ။ ဆက်လက်၍လည်း ပေါင်းစပ်လို့နေ၏။
သို့ပေမည့် ထိုအခိုက်တွင် ရှေ့ဖြစ်ဟောသူ၏ အမူအရာက ရုတ်တရက် ရှံ့တွသွားကာ သူ၏အပြုံးမှာလည်း ပျောက်ကွယ်သွား၏။ သူ၏မျက်လုံးထဲရှိ မြန်ဆန်စွာ ပေါင်းစပ်နေသော အတားအဆီးများသည်လည်း ရပ်တန့်သွားသည်။
ကောင်းကင်ဘုံနယ်မြေသစ်၌ ဝမ်လင်းသည် ငါးရက်ကြာ သူ့အိမ်အပြင်ဘက်၌ ထိုင်နေ၏။ သည်အခိုက်၌ သူက မျက်လုံးဖွင့်လာကာ သူ့ကိုယ်သူ ရှေ့ဖြစ်ဟောသူနှင့် ပေါင်းစပ်နေခြင်းကနေ အတင်းအကြပ် ခွဲထုတ်လိုက်၏။
သူ၏အမူအရာမှာ သုန်မှုန်နေပြီး သူ့မျက်လုံးထဲ၌ သံသယဖြစ်ဟန်တို့ ပေါ်လာ၏။ သူက မျက်မှောင် တင်းကြပ်စွာ ကြုံ့ထား၏။
“ထူးဆန်းတယ်။ ငါ ရှေ့ဖြစ်ဟောသူရဲ့ စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်တဲ့အချိန်မှာ အနှစ်သာရအချို့ ဆုံးရှုံးသွားသလိုမျိုး ဘာကြောင့် ခံစားမိရတာလဲ…” ဝမ်လင်းက စဉ်းစားနေကာ သူ့အနှစ်သာရခုနစ်ကို ဂရုတစိုက် ကြည့်ရှုလိုက်၏။ သို့ပေမည့် သူ မည်သို့ပင်ကြည့်ကြည့် သူ့အနှစ်သာရများသည် လျော့ပါးသွားခြင်း မရှိပေ။ သူက စိတ်အနည်းငယ် အေးသွား၏။ သို့ပေမည့် သူ့စိတ်ထဲတွင် သံသယရှိနေဆဲပင်။
“ငါ့အနှစ်သာရဟာ လျော့ပါးသွားတာ မရှိဘူး။ ဒါပေမဲ့ ငါ ဒီလိုမျိုး ဘာကြောင့် ခံစားနေရတာလဲ။ ဒါဟာ ထင်ယောင်ထင်မှား ဖြစ်တာလား…” ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားကြည့်၏။ ထို့နောက် သူက ရှေ့ဖြစ်ဟောသူ၏ စိတ်ဝိညာဉ်နှင့် ပြန်ပေါင်းစပ်ကြည့်သည်။ သူက တဖြည်းဖြည်း ပေါင်းစပ်နေ၏။ သို့သော် အပြည့်အဝ ပေါင်းစပ်ခါနီး၌ သူက ပေါင်းစပ်နေခြင်းကို အတင်းအကြပ် ရပ်တန့်စေကာ ရုတ်ချည်း ထရပ်သည်။
ဝမ်လင်း၏အမူအရာမှာ သုန်မှုန်အေးစက်နေသည်။ သူက ကောင်းကင်ထက်သို့ အေးတိအေးစက် ကြည့်လိုက်သည်။
“တစ်ခုခုတော့ မှားနေပြီ။ ငါ့ခံစားမှုက ထင်ယောင်ထင်မှား မဖြစ်နိုင်ဘူး။ ရှေ့ဖြစ်ဟောသူ ကိုယ်ပွားနဲ့ ပတ်သတ်လို့ တစ်ခုခုတော့ မှားယွင်းမှု ရှိနေပြီ…” ဝမ်လင်းက သူ့ညာလက်ဖြင့် သူ့နှဖူးကို ရိုက်ကာ တစ်စုံတစ်ခုကို ထုတ်ယူ၏။ သူ့နှဖူးထံမှ အခိုးအငွေ့တို့ ထွက်ပေါ်လာကာ ရှေ့ဖြစ်ဟောသူနှင့် ဆင်တူသော စိတ်ဝိညာဉ်တစ်ခုအဖြစ်သို့ ပြောင်းလဲသည်။
ရှေ့ဖြစ်ဟောသူ၏ ကိုယ်ပွားစိတ်ဝိညာဉ်မှာ နေရာတွင် မလှုပ်မယှက် ထိုင်နေလေ၏။
“ပြဿနာဟာ ဘာများလဲ…” ဝမ်လင်းက ထိုစိတ်ဝိညာဉ်ကို ကြည့်ကာ သေသေချာချာ ရှာဖွေကြည့်၏။ သို့ပေမည့် သူက မည်သည့်အရာကိုမျှ မတွေ့ပေ။ ထိုအခါ သူသည် ပို၍ သံသယ ဝင်လာတော့သည်။
“ဘာသဲလွန်စမှ မရှိဘူး။ ငါ့အနှစ်သာရဟာလည်း လျော့ပါးသွားတာ ရှိမနေဘူး။ ဒါဟာ ခံစားချက်သပ်သပ်ပဲ။ ငါ့ခံစားမှုကများ မှားနေတာလား။ ဒီကိုယ်ပွားဟာ ရှေ့ဖြစ်ဟောသူရဲ့ မူလခန္ဓာကိုယ်နဲ့ ချိတ်ဆက်မှုတစ်ခုခု ရှိနေမှာပဲ။ ငါ ဒါကို အသုံးပြုပြီး ရှေ့ဖြစ်ဟောသူကို ရှာဖွေချင်တာ။ ဒါပေမဲ့ ဒီကိုယ်ပွားနဲ့ ချိတ်ဆက်မှုတို့ဟာ ရှေ့ဖြစ်ဟောသူရဲ့ အကြံအစည်တွေထဲက အစိတ်အပိုင်းတစ်ခု ဖြစ်နေတယ်လို့ ငါ ဘာကြောင့် ခံစားမိနေရတာလဲ…” ဝမ်လင်း၏စိတ်နှလုံးသည် တုန်ယင်သွား၏။ သူက သူ့ကိုယ်ပိုင်ထင်မြင်ချက်များကိုပါ မယုံကြည်နိုင် ဖြစ်နေသည်။
“အတိတ်တုန်းက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ငါဟာ ရှေ့ဖြစ်ဟောသူရဲ့ ကိုယ်ပွားကို နေသာသောညမန္တာန် အသုံးပြုပြီး သတ်ခဲ့တယ်။ သူ့ကိုယ်ပွားရဲ့ စိတ်ဝိညာဉ်ကိုလည်း ယူဆောင်ခဲ့တယ်။ ဒါဟာ ရှေ့ဖြစ်ဟောသူရဲ့ ရည်ရွယ်ချက်ရှိရှိ အဲ့လိုဖြစ်အောင် လုပ်ဆောင်ခဲ့မှုများလား။ ဒါဟာ တကယ့်ကို မယုံချင်စရာပဲ…”
ရှေ့ဖြစ်ဟောသူကိုယ်ပွား၏ စိတ်ဝိညာဉ်ကို ကြည့်နေရင်း ဝမ်လင်း၏အမူအရာသည် ဆက်တိုက် ပြောင်းလဲကာ အဆက်မပြတ် သုန်မှုန်လာနေသည်။ သူက နားမလည်ပေ။ သူ့မျက်လုံးက တလက်လက် ဖြစ်လာ၏။ သူက ချက်ခြင်းပင် နေရာကနေ ပျောက်ကွယ်သွားလေတော့သည်။
သူ ပြန်ပေါ်လာသည့်အခါ ဒီကောင်းကင်ဘုံနယ်မြေ၏ တောင်ပိုင်းတွင် ဖြစ်၏။ သူက နှင်းများဖုံးနေသော မိုးထိမြင့်မားသည့် တောင်တစ်လုံး၏ အောက်၌ ပေါ်လာသည်။
လေအေးများ တိုက်ခတ်နေကာ နှင်းပွင့်များကို ဆောင်ယူ၏။ ထိုနှင်းပွင့်များက ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ပါက အလွန်အေးစိမ့်မှုကို ပေးစွမ်းလိမ့်မည်။ ဝမ်လင်းက တောင်ပေါ်သို့ ခုန်တက်ကာ တောင်ထိပ်ထံ ပျံသန်းသွားသည်။ သူ့မျက်နှာကို လေအေးများ တိုက်ခတ်နေသော်လည်း သူက မရပ်တန့်ပေ။
သူက တောင်ထိပ်သို့ နီးကပ်လာချိန်၌ ချင်းရှောင်ကို မြင်၏။ ချင်းရှောင်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမရှေ့ရှိ လောကကို ကြည့်ရှုနေသည်။ သူမ၏မျက်လုံးထဲ၌ ရုန်းကန်မှု၊အတိတ်ကို အောက်မေ့မှုတို့ ပြည့်နေသည်။
သူမ၏နောက်၌ ကျောက်ရီက တစ်ခုခုကို ဆုတောင်းနေသည့်အလား ထင်ရကာ ချင်းရှောင်ထံ ရောက်နေသော သူ့အကြည့်ထဲတွင် ညင်သာနူးညံ့မှုနှင့်ချစ်ခြင်းတရားတို့ ပြည့်နေသည်။ သူတို့က ဝမ်လင်း ရောက်လာသည်ကို သတိမပြုမိကြသလို ဝမ်လင်းကလည်း သူတို့ကို မနှောက်ယှက်တော့ပေ။ သူက သူတို့ကို ကျော်၍ ပျံသန်းလာပြီး တောင်ထိပ်ဖျားသို့ ရောက်လာချေသည်။
ကောင်းကင်ထက်ရှိ ဧရာမဝဲကတော့တစ်ခုထဲတွင် ကောင်းကင်ဘုံစွမ်းအင်များ ပြည့်နှက်နေသော အဆောက်အဦတစ်ခု ရှိနေသည်။ ၎င်းအဆောက်အဦကို အဝေးကနေပင် သေချာ မြင်ရနိုင်သည်။
ဝမ်လင်းက လေဟာနယ်တွင်းမှ လှမ်းထွက်ကာ ထိုအဆောက်အဦ၏အပြင်ဘက်တွင် ပေါ်လာလေသည်။
အဆောက်အဦတံခါး ပွင့်ဟလာ၏။ အပြာရောင်အင်္ကျီဖြင့် ချင်းလင် ပေါ်လာကာ သူက ဝမ်လင်းကို ပြုံးပြသည်။
“အစ်ကိုဝမ်….ဒီကိုလာခဲပါတယ်။ ဘာအကြောင်းရင်းများရှိလို့ သင်က ငါ့ကို လာရှာရတာလဲ…”
ချင်းလင်သည် ဝမ်လင်းကို သူ့တပည့်အဖြစ် ပြောဆိုခဲ့ဖူးသော်လည်း အချိန်ကုန်လွန်လာသည်နှင့်အမျှ ဒီကိစ္စမှာ ထပ်ပြောနေဖို့ မလိုအပ်တော့ပေ။ ဝမ်လင်း၏ ခုလက်ရှိ ကျင့်ကြံမှုအဆင့်နှင့် အဆင့်အတန်းက ချင်းလင်အနေဖြင့် ဝမ်လင်းကို ခေါ်ဆိုရာ၌ ပြောင်းလဲစေခဲ့ပြီး ဖြစ်၏။ အစ်ကိုဝမ်ဟု ခေါ်ဆိုသည့် အသုံးအနှုန်းသည် သူနှင့် အဆင့်တူ တစ်စုံတစ်ယောက်အပေါ် လေးစားမှု ပြသခြင်းပင်။
“သင်ဟာ ရှေ့ဖြစ်ကြည့်တာနဲ့ ပတ်သတ်လို့ ကျော်ကြားတယ်လို့ ငါ ကြားသိခဲ့ဖူးတယ်။ စီနီယာချင်းလင်…ငါ့အတွက် တစ်စုံတစ်ခုကို ရှေ့ဖြစ်ကြည့်ပေးဖို့ ကူညီပေးနိုင်မလား…”
ဝမ်လင်းက အလေးအနက်အသွင်ဖြင့် ချင်းလင်ထံ လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။
ချင်းလင်က ဝမ်လင်း၏ အလေးအနက်ဟန်ပန်ကို တွေ့မြင်သည့်အခါ ချက်ခြင်း သူ့အပြုံးကို ပြန်ရုတ်သိမ်းသည်။ သူက အလေးအနက် လေသံဖြင့် ပြောလိုက်သည်။ “ကောင်းပြီ…ငါ အကောင်းဆုံး လုပ်ပါ့မယ်။ သင် ဘာလိုအပ်လဲ ငါ့ကို ပြောပါ…”
“ငါ့လက်ထဲမှာ ရှိနေတဲ့ စိတ်ဝိညာဉ်ဟာ တောက်ပသောလေဟာနယ်က ရှေ့ဖြစ်ဟောသူဆိုတဲ့လူရဲ့ ကိုယ်ပွားစိတ်ဝိညာဉ်ပဲ။ ဒီရှေ့ဖြစ်ဟောသူဟာလည်း ရှေ့ဖြစ်ကြည့်တဲ့နေရာမှာ ကျော်ကြားတယ်။ ခု သူက တစ်နေရာရာမှာ ပုန်းအောင်းနေတယ်။ သူ့ကြောင့် တစ်ခုခု ဖြစ်လာမှာ ငါ စိုးမိတယ်။ ဒါ့ကြောင့် သူရဲ့ ကိုယ်ပွားစိတ်ဝိညာဉ်ကနေ တဆင့် ငါ သူ့ကို ရှာချင်တယ်။ ဒါပေမဲ့….”
ဝမ်လင်းက သူ ခံစားမိခဲ့သည့်အရာကို ပြောပြလိုက်၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ရှေ့ဖြစ်ဟောသူ၏ ကိုယ်ပွားစိတ်ဝိညာဉ်သည် သူ့လက်ကြားထဲတွင် ပေါ်လာသည်။
ဝမ်လင်း၏စကားများကို ကြားရသည့်နောက် ချင်းလင်၏မျက်နှာမှာ အလေးအနက် ဖြစ်လာ၏။ သူက ရှေ့ဖြစ်ဟောသူ၏စိတ်ဝိညာဉ်ကို စိုက်ကြည့်ကာ သူ့မျက်လုံးတို့သည် တလက်လက် ဖြစ်လာ၏။
“ဒီလိုအရာမျိုး ရှိနေတာလား။ ဒီစိတ်ဝိညာဉ်ကို ငါ ကြည့်ကြည့်မယ်…”
ချင်းလင်က သူ့ညာလက်ကို ပင့်မြှောက်၍ ရှေ့ဖြစ်ဟောသူကိုယ်ပွားစိတ်ဝိညာဉ်ကို လှမ်းယူကာ အနီးကပ် ကြည့်ရှုသည်။