ထူးဆန်းသော
Vol. 128 Ch. 1771
“ရှေ့ဖြစ်ဟောသူ…”ဝမ်လင်းရှေ့ရှိ အရာအားလုံးသည် ပျက်စီးသွားသည်။ သူ့ပတ်လည်ရှိ အပြာရောင်အလင်းသည် မှိန်ဖျော့သွားသည်။ သူ၏ခန္ဓာကိုယ်မှာ တုန်ယင်ကာ သူ ရှေ့သို့ လှမ်းသည်။ သူက ကောင်းကင်ဘုံနယ်မြေကနေ ပျောက်ကွယ်ကာ သည်နယ်မြေကို ဝန်းရံထားသော ငွေရောင်မြစ်ကို ဖြတ်သန်းသွားသည်။
ချင်းလင်က ဝမ်လင်း ပျောက်ကွယ်သွားသော နေရာသို့ ကြည့်ကာ သူ့မျက်နှာထက်တွင် စိုးရိမ်ပူပန်ဟန် ပေါ်လာသည်။
“စိတ်မပူနဲ့။ ဒီရှေ့ဖြစ်ဟောသူက ငါ့ သမက်အပေါ် အကြံအစည်ချဝံ့တဲ့အတွက် သိပ်ကြာကြာ နေရတော့မှာ မဟုတ်ဘူး…” တာအိုသခင်အိပ်မက်ပြာ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်သည်။ သူက ဘက်လိုက်သူ ဖြစ်နေပေပြီ။ သူ့အမြင်၌ ဝမ်လင်းသည် သူ့သားတစ်ယောက်လို ဖြစ်နေပေပြီ။ သူက တည်ငြိမ်စွာ ပြောနေသော်လည်း အမှန်တော့ အတော်လေး ဒေါသထွက်နေပြီ ဖြစ်၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ အပြာရောင်အလင်းက သူ့အား ဝန်းရံသွား၏။ ထို့နောက် သူသည် နှင်းဖုံးတောင်တန်းထံမှ ပျောက်ကွယ်သွားတော့သည်။
ချင်းလင်၏မျက်လုံးတို့မှာ အရောင်တောက်လာ၏။ သူလည်း ရှေ့သို့ လှမ်းကာ ကောင်းကင်ထက်သို့ ဦးတည်၏။ ချင်းလင် မထွက်လာခင် သူ၏နတ်ဘုရားအာရုံက ကောင်းကင်ဘုံနယ်မြေသစ်၏အနှံ့အပြားသို့ ပျံ့လွင့်သည်။
“စီနီယာဟုန်ရှန်နဲ့ တောင်ပိုင်းတိမ်တို့…ဝမ်လင်းကို ရှေ့ဖြစ်ဟောသူဆိုတဲ့သူက အကြံအစည်ရှိနေတယ်။ ငါ သွားတော့မှာ။ သင်တို့နှစ်ယောက်ကော ငါနဲ့အတူ လိုက်လာကြမလား…”
အရှင်ဟုန်ရှန်၏ အော်ရာသည် ကောင်းကင်ဘုံနယ်မြေ၏ ဗဟိုချက်ထံမှ ပေါက်ကွဲထွက်လာ၏။ သူက ကောင်းကင်ထက်သို့ ချက်ခြင်း ပျံသန်းလာသည်။
သူ့နောက်တွင် အရှင်တောင်ပိုင်းတိမ်သည် အနည်းငယ်စဉ်းစားပြီးနောက် နေခဲ့ရန် ရွေးချယ်လိုက်သည်။ တကယ်တော့ ကောင်းကင်ဘုံနယ်မြေသစ်တွင် တတိယအဆင့် ကျင့်ကြံသူ အများအပြား ရှိမနေပေ။ သူတို့အားလုံး ထွက်သွားခြင်းက ဆိုးကျိုးဖြစ်စေနိုင်၏။
ဝမ်လင်းသည် ကောင်းကင်ဘုံနယ်မြေပတ်လည်ရှိ ငွေရောင်မြစ်ထံမှ တရကြမ်း ထိုးထွက်လာကာ လောကနှင့် ပေါင်းစပ်သည်။ သူ ပြန်ပေါ်လာသည့်အခါ သူသည် ဆင့်ခေါ်ခြင်းမြစ်အတွင်းသို့ ရောက်နှင့်နေပြီးပင်။ သူသည် တည်ငြိမ်နေသော်လည်း သူ့မျက်လုံးထဲတွင်မူ သတ်ဖြတ်လိုစိတ် အပြည့်ပင်။ သူ နားမလည်သည့် အရာများစွာ ရှိနေသေးပေ။ သို့သော် တာအိုသခင်အိပ်မက်ပြာ၏ ပြောစကားက သူ့ကို တစ်ခုကိုတော့ နားလည်စေခဲ့ပေသည်။
ရှေ့ဖြစ်ဟောသူသည် သူ့အပေါ် အကြံအစည်ချမှတ်ထားသည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်၏။
“အတိတ်တုန်းက ငါဟာ သူ့ရဲ့ အကြံအစည်တွေကို ဖြတ်မြင်ခဲ့ဖူးတယ်။ သူဟာ တွက်ချက်မှု တခါမှားသွားတာနဲ့ နောက်ထပ်အကြံအစည်နဲ့အတူ ခပ်မြန်မြန် ထပ်ရောက်လာခဲ့တယ်။ သူက သူ့ကိုယ်ပွားကို တည်ကြက်အဖြစ် အသုံးပြုခဲ့တာပဲ။ ဒီလူ…ငါ ဝမ်လင်းက ဒီလူ့ကို သတ်ပစ်မှ ဖြစ်မယ်။ သူ့မှာ ဘယ်လို အစီအစဉ်တွေပဲ ရှိနေပါစေ ငါ သူ့အကြံကို မသိရင်တောင်မှ သူ့ကို သတ်ပစ်လိုက်တာနဲ့ ကိစ္စပြတ်ပြီ…”
ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်တို့ ပြည့်နေ၏။ သူ၏ခန္ဓာကိုယ်သည် ကြယ်များကြား ဓားတစ်လက်အလား ဖြတ်သန်းထွင်းဖောက်နေ၏။
သူသည် သူ တွေ့မြင်ခဲ့သော ဥက္ကာပျံထံ မြန်ဆန်စွာ တဟုန်ထိုး ဦးတည်နေသည်။
အဖြစ်အပျက်များသည် မြန်ဆန်လွန်း၏။ ဆင့်ခေါ်ခြင်းမြစ်အတွင်းရှိ ဥက္ကာပျံထဲ၌ ရှေ့ဖြစ်ဟောသူ၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက တစ်စုံတစ်ယောက်၏ နတ်ဘုရားအာရုံ သူ့အပေါ်သို့ ကျရောက်နေသည်ကို ခံစားမိသည်။ သူက ထိုနတ်ဘုရားအာရုံမှာ ဝမ်လင်းအပိုင်ဖြစ်သည်ကို ချက်ခြင်းသိလိုက်သည်။
“သူ့ကျင့်ကြံမှုအဆင့်နဲ့ သူဟာ ဒီနေရာကို ခုလောက် မြန်မြန် မရှာတွေ့သင့်ဘူး။ တယောက်ယောက်က သူ့ကို ကူညီတာပဲ ဖြစ်ရမယ်။ အဲ့လူဟာ ချင်းလင်တော့ မဟုတ်နိုင်ဘူး…” ရှေ့ဖြစ်ဟောသူ၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားကာ သူက ထရပ်၏။ သူက သည်ဥက္ကာပျံထဲမှ လှမ်းထွက်ရန် ဟန်ပြင်လိုက်စဉ် သူသည် ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သူက ဥက္ကာပျံ၏အပြင်ဘက်သို့ လှမ်းကြည့်ကာ သူ၏အမူအရာသည် သုန်မှုန်သွားသည်။
“မြန်လွန်းတယ်…”
ဥက္ကာပျံအပြင်ဘက်၌ အလင်းတန်းတစ်ုသည် သူ့ထံ ပျံသန်းဝင်လာသည်။ ထိုအလင်းတန်းထဲ၌ ဝမ်လင်း ရှိ၏။ သူက နီးကပ်လာကာ လက်သီးဆုပ်ကာ ဥက္ကာပျံနှင့် ထိပ်တိုက်တွေ့တော့သည်။
ဝမ်လင်း၏လက်သီးချက်က ဥက္ကာပျံနှင့်ထိပ်တိုက်တွေ့စဉ် ကျယ်လောင်စွာ မြည်ဟည်းသွားသည်။ ဥက္ကာပျံသည် မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ပျက်စီးသွားလေသည်။
ခုနစ်ရောင်စုံလင်းလက်ကာ ရှေ့ဖြစ်ဟောသူ ပေါ်လာလေ၏။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေကာ ဝေ့ယမ်းလိုက်သည်။ အဖျက်အစီးအားမှာ သူ၏ရှေ့၌ ပျောက်ကွယ်သွားလေသည်။
“ရှေ့ဖြစ်ဟောသူ…” ဝမ်လင်းသည် ခေါင်းမော့ကာ ရှေ့ဖြစ်ဟောသူကို စိုက်ကြည့်သည်။ ထို့နောက် သူက ရှေ့ဖြစ်ဟောသူထံ လှမ်းလာသည်။
ရှေ့ဖြစ်ဟောသူ၏ အမူအရာက တည်ငြိမ်ပေ၏။ သူက ထိပ်ပြာသွားခြင်း မရှိပေ။ ဝမ်လင်း နီးကပ်လာသည့်အခါ သူ၏ဘယ်မျက်လုံး၌ မီးပေါ်လာကာ မီးပင်လယ်တစ်ခု ပျံ့လွင့်လာချေသည်။
သူက ညာလက်ကို ပင့်မြှောက်ကာ ကောင်းကင်ထက်သို့ ညွှန်လိုက်လေ၏။
မီးပမာဏမြောက်မြားစွာက ချက်ခြင်းပင် မီးဟင်္သာငှက်အဖြစ်သို့ ပြောင်းလဲ၏။ ထိုငှက်က ကျယ်လောင်စွာ မြည်ဟည်းသံပေးကာ တောင်ပံခတ်၍ ဝမ်လင်းထံ ပျံသန်းဝင်လာသည်။
ဝမ်လင်းက ထိုအဖြစ်ကြောင့် တုန်လှုပ်မသွားပေ။သူက တာအိုသခင်အိပ်မက်ပြာ၏ စကားလုံးများကို ကြားသည့်အခါ သည့်အတွက် ပြင်ဆင်ထားခဲ့ပြီးပင်။ သူက ရှေ့ဖြစ်ဟောသူ သူ့မီးအနှစ်သာရကို ထိန်းချုပ်နိုင်သည်ကို မြင်သည့်အခါ သူ့စိတ်ထဲရှိ သတ်ဖြတ်လိုစိတ်သည် ပို၍ပင် ပြင်းထန်လာတော့သည်။
မီးဟင်္သာငှက် နီးကပ်လာစဉ် ဝမ်လင်း၏ဘယ်မျက်လုံး၌ မီးများ လှစ်ဟပေါ်သည်။ ဧရာမမီးဟင်္သာငှက်က သူ၏ရှေ့တွင် ပေါ်လာကာ ရှေ့သို့ ပျံသန်းဝင်လာသည်။
အကွာအဝေးတစ်ခုမှ ကြည့်ပါက သည်မြင်ကွင်းမှာ တုန်လှုပ်ဖွယ်ကောင်းသလို မြင်ရခဲလှသည်။ ဟင်္သာငှက်နှစ်ကောင်က ထိပ်တိုက်တွေ့ကြပြီ။ ဝမ်လင်းနှင့် ရှေ့ဖြစ်ဟောသူတို့၏ ဆံပင်ဖြူများက လွင့်ဝဲကခုန်ကာ သူတို့၏အကြည့်များက ဟင်္သာငှက်နှစ်ကောင် ထိပ်တိုက်တွေ့သော နေရာ၌ ရင်ဆိုင်မိကြသည်။
မီးအနှစ်သာရနှစ်ခု ထိပ်တိုက်တွေ့ခြင်းက သည်ကြယ်အဖွဲ့အစည်းအနှံ့ တုန်ခါလှိုင်းတစ်ခုကို ပျံ့လွင့်သွားစေသည်။ ဟင်းလင်းပြင်အက်ကြောင်းများ ပေါ်လာကာ အဖျက်အစီးအပူလှိုင်းသည် အဘက်ဘက်သို့ ပျံ့နှံ့လေသည်။
ထိပ်တိုက်တွေ့သံ ကျယ်လောင်စွာ ပဲ့တင်ထပ်ကာ ဟင်္သာငှက်နှစ်ကောင်သည် ပျက်စီး မီးဒြပ်ထုနှစ်ခုအဖြစ်သို့ ပြောင်းသည်။ မီးဒြပ်ထုတစ်ခုက ရှေ့ဖြစ်ဟောသူထံ တဟုန်ထိုး ဦးတည်၍ ကျန်တစ်ခုက ဝမ်လင်းထံ ဝင်ရောက်လာသည်။
အရာအားလုံးကို ဖုံးလွှမ်းထားသောမီးသည် ပျက်စီးကာ မိုးကြိုးသံ ရှေ့ဖြစ်ဟောသူ ရှိနေသောနေရာ၌ ပဲ့တင်ထပ်၏။ မိုးကြိုးသည် အဘက်ဘက်မှ စုဝေးကာ ဧရာမဦးခေါင်းကိုးခု မိုးကြိုးနဂါး ဖြစ်ပေါ်သည်။
ထိုဦးခေါင်းကိုးခုမိုးကြိုးနဂါးက မာန်သွင်းလျက် ဦးခေါင်းတစ်ခုချင်းဆီထံမှ မိုးကြိုးတန်းကို ထုတ်လွှတ်၏။ ယင်းတို့က ပျက်စီးသွားသောမီးကို ထွင်းဖောက်ကာ ဝမ်လင်းထံ နတ်ဘုရားပြစ်ဒဏ်အလား တရကြမ်း တိုးဝင်လာသည်။
ဝမ်လင်း၏အမူအရာက သုန်မှုန်နေ၏။ သူက ထိုမိုးကြိုးအနှစ်သာရကို ကောင်းကောင်းသိကာ ရှေ့သို့ တဟုန်ထိုး ဝင်ရောက်လာသည်။ သူက ဦးခေါင်းကိုးခုမိုးကြိုးနဂါးထံ တိုးဝင်လာချေသည်။ သူ့ညာမျက်လုံးတွင် မိုးကြိုး လင်းလင်ကာ ဧရာမမိုးကြိုးတန်းတစ်ခုအဖြစ်သို့ သူ ပြောင်းလဲသွား၏။
ထိုမိုးကြိုးအနှစ်သာရ နှစ်ခုသည် ထိပ်တိုက်တွေ့လေသည်။ မိုးကြိုးသံ တုန်ဟည်းလျက် ဝမ်လင်း၏မျက်နှာမှာ ဖြူရောသွားသည်။ သို့သော် သူက နောက်မဆုတ်ပေ။ သူသည် ပျက်စီးသွားသော မိုးကြိုးထံ ထွင်းဖောက်လာကာ ရှေ့ဖြစ်ဟောသူနှင့် ပေရာချီသာ ကွာလှမ်းတော့၏။
ရှေ့ဖြစ်ဟောသူက တိုးဝင်လာသော ဝမ်လင်းကို ကြည့်ကာ ပြုံး၍ မဆိုသလောက် ခေါင်းခါယမ်းလိုက်သည်။ သူက ညာလက်ကို ပင့်မြှောက်ကာ သူ့လက်ငါးချောင်ကို ဖွင့်ဟ၏။ သူက ဝမ်လင်းထံ ဆန့်တန်းကာ သူ့လက်ငါးချောင်းကို လက်သီးဆုပ်ဟန် ပြုသည်။
ဝမ်လင်း၏ လှုပ်ရှားမှုမှာလည်း အလားတူပင်။ သူတို့နှစ်ယောက်လုံးက လက်သီးဆုပ်ဟန် ပြုကာ နောက်သို့ ဆွဲငင်ယူ၏။
သူတို့၏ခန္ဓာကိုယ်များသည် တုန်ယင်သွား၏။ ရှေ့ဖြစ်ဟောသူ၏ မျက်နှာက ဖြူရောကာ သူက သွေးအပြည့် အန်ထုတ်လိုက်ရသည်။ သူသည် နောက်သို့ အတင်းအကြပ် ဆုတ်၏။ သို့သော် သူ့မျက်လုံးတို့မှာ တည်ငြိမ်နေလျက်သာ။
“မင်းရဲ့ မန္တာန်တွေ၊ မင်းရဲ့ အနှစ်သာရတွေ…မင်း သိသမျှ အရာအားလုံးကို ငါ သိတယ်…”
ဝမ်လင်းက နောက်ဆုတ်ကာ ရှေ့ဖြစ်ဟောသူကို စိုက်ကြည့်သည်။ သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က ပို၍ အားကောင်းလာကာ သူ့မျက်လုံးထဲတွင် သွေးစင်းကြောင်းများစွာ ပေါ်လာသည်။
“ငါ့အနှစ်သာရ၊ ငါ့မန္တာန်အားလုံးကို သင် သိထားတော့ရော…ဘာဖြစ်သေးသလဲ…” ဝမ်လင်းက ညာလက်ကို ပင့်မြှောက်ကာ သူ့မျက်လုံးနားသို့ ဝေ့ယမ်း၏။ ဧရာမမျက်လုံးနှစ်လုံး ပေါ်လာပြီး ယင်းတို့သည် သွေးစင်းကြောင်းများနှင့် ပြည့်နှက်သည်။ ယင်းသွေးစင်းကြောင်းများက လောက၏ စည်းမျဉ်းများအလား။
“အတားအဆီးအနှစ်သာရ ငါ့သွေးစင်းကြောင်းတွေဟာ ဥပဒေသတွေအဖြစ် ဆင်းသက်စေ…” ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်း၏။ သူ၏ရှေ့ရှိ မျက်လုံးနှစ်လုံးမှာ ပျံသန်းထွက်လာပြီး မြန်ဆန်စွာ ချဲ့ကားထွက်၏။ ချက်ခြင်းပင် ယင်းမျက်လုံးနှစ်လုံးသည် အံ့မခန်းကြီးမားလာချေသည်။
သည်အခိုက်အတန့်၌ သူ၏မျက်လုံးထဲရှိ သွေးစင်းကြောင်းတို့မှာ ပျံသန်းထွက်ကာ ဒီကြယ်နယ်မြေ၌ ပြည့်နှက်သည်။ အကြည့်တစ်ချက်ဖြင့်ပင် သည်ဧရိယာမှာ သွေးစင်းကြောင်းများနှင့် ဖုံးလွှမ်းသွားသည်။
သွေးစင်းကြောင်းအလွှာများထဲ၌ အတားအဆီးများ ပါဝင်၏။ ယင်းတို့သည် ရှေ့ဖြစ်ဟောသူအား ပင့်ကူအိမ်နှယ် ခြုံလွှမ်းသည်။
“သတ်…” ဝမ်လင်းက မာန်သွင်း၏။ သူ့ပတ်လည်ရှိ သွေးစင်းကြောင်းများသည် ထက်ရှလာကာ ရှေ့ဖြစ်ဟောသူအား ခြုံလွှမ်းလေ၏။
“မင်းနဲ့ငါဟာ တစ်ယောက်တည်း။ မင်းဟာ ငါ့ကိုယ်ပွား ဖြစ်တယ်။ မင်း ငါ့ကို သတ်ခွင့်ပြုလိုက်တော့ရော ဘာဖြစ်သေးသလဲ…” ရှေ့ဖြစ်ဟောသူက ထူးဆန်းစွာ ပြုံး၏။ သူက မရေမတွက်နိုင်သော သွေးစင်းကြောင်းများ သူ့အား ဖြတ်တောက်ခြင်းကို ခွင့်ပြုသည်။ သူ၏ခန္ဓာကိုယ်မှာ ပျက်စီးသွားလေ၏။
ထိုသို့ဖြင့် ဝမ်လင်းသာ မြင်နိုင်သော သေဆုံးခြင်းအော်ရာဖြင့် စိတ်ဝိညာဉ်တစ်ခုသည် ရှေ့ဖြစ်ဟောသူ၏ ပျက်စီးသွားသော ခန္ဓာကိုယ်ထံမှ ပျံသန်းထွက်လာ၏။ ဝမ်လင်း ဆန္ဒရှိသိ ဖြစ်စေ၊မရှိသည်ဖြစ်စေ ထိုစိတ်ဝိညာဉ်က သူ၏ခန္ဓာကိုယ်တွင်းရှိ ရှေ့ဖြစ်ဟောသူ ကိုယ်ပွားစိတ်ဝိညာဉ်နှင့် ပေါင်းစပ်သွားကာ ၎င်းအား အနည်းငယ် ပိုသန်မာသွားစေသည်။
ရှေ့ဖြစ်ဟောသူ၏ကိုယ်ပွားစိတ်ဝိညာဉ် ပိုသန်မာသွားသည့်အခိုက်တွင် ဝမ်လင်းသည် ဆင့်ခေါ်ခြင်းမြစ်၏ နောက်ထပ်တနေရာတွင် ရှေ့ဖြစ်ဟောသူ၏ အော်ရာကို ခံစားမိလိုက်သည်။
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် ရှေ့သို့လှမ်းကာ ပျောက်ကွယ်သွားတော့သည်။
ထိုတည်နေရာ၌ ကျင့်ကြံခြင်းဂြိုဟ်တစ်ခု ရှိလေ၏။ ယင်းဂြိုဟ်ပေါ်တွင် ချိုင့်ဝှမ်းတစ်ခု ရှိသည်။ ပတ်ဝန်းကျင်ဧရိယာမှာ သွေ့ခြောက်နေ၏။ ရှေ့ဖြစ်ဟောသူက ထိုနေရာတွင် ထိုင်နေသည်။ သူက မျက်လုံးဖွင့်လာကာ ပြုံး၏။ သူ၏မျက်လုံးထဲတွင် သွေးစင်းကြောင်းများ ပြည့်နေပြီး ပြီးပြည့်စုံသော အတားအဆီးများစွမ်းအား ပါဝင်နေချေသည်။
“အတားအဆီးအနှစ်သာရကို ရဖို့ စိတ်ဝိညာဉ်တစ်ခုကို အလဲအလှယ် ပြုလုပ်လိုက်ရတယ်။ ဒါပေမဲ့ ဒါက ထိုက်တန်ပါတယ်။ သူ့ကျင့်ကြံမှုအဆင့်က လုံလောက်အောင် မမြင့်မားပေမဲ့ သူဟာ အနည်းငယ်တော့ ပိုသန်မာလာသင့်တယ်။ ဒီလိုသာ ဆက်ဖြစ်နေရင် ငါ့အစီအစဉ်ဟာ ပြီးပြည့်စုံဖို့ ပိုနီးကပ်လာနေပြီ…”
ရှေ့ဖြစ်ဟောသူက မျှော်လင့်ချက်အကြည့်တစ်ခုကို လှစ်ဟဖော်သည်။
“ပြန်လည်မွေးဖွားခြင်းသမူဟဖြစ်ခြင်း…ဒီမန္တာန်ဟာ အမှန်ပဲ ဆန်းကြယ်လှတယ်။ ဒီလိုနိုးထလာတာဟာ ပထမဆုံးကြိမ်တော့ မဟုတ်ဘူး။ ငါဟာ ကိုးဆယ့်ခုနစ်ကြိမ် နိုးထပြီးခဲ့ပြီ။ ဒါဟာ ကိုးဆယ့်ရှစ်ကြိမ်မြောက်ပဲ…” ရှေ့ဖြစ်ဟောသူက အသက်ဝဝရှိုက်သွင်းလိုက်ပြီး သူ၏မျက်လုံးထဲရှိ သွေးစင်းကြောင်းများမှာ ပျောက်ကွယ်သွားတော့သည်။ သူက ထရပ်ကာ ကောင်းကင်ထက်သို့ ကြည့်သည်။
“ဝမ်လင်း… ငါ့ရှိ မကြာခင် ရောက်လာသင့်တယ်…”
သူ ထိုသို့ပြောနေစဉ် သည်ဂြိုဟ်အထက်ရှိ တိမ်စိုင်များသည် လှည့်ပတ်ကာ ဝမ်လင်း၏ပုံရိပ်သည် ကောင်းကင်ထက်မှ လှမ်းထွက်လာ၏။ သူက မြေပြင်ထက်သို့ ငုံ့၍ ရှေ့ဖြစ်ဟောသူကို စိုက်ကြည့်သည်။
ဝမ်လင်း ပေါ်လာသည်ကို တွေ့သည့်အခါ ရှေ့ဖြစ်ဟောသူ၏ အပြုံးက ပို၍ ပီပြင်လာ၏။
“နောက်တစ်ကြိမ်က…အဲ့ဘက်မှာ…” ထိုသို့ပြောရင်း ရှေ့ဖြစ်ဟောသူက သူ့ညာလက်ကို ပင့်မြှောက်ကာ သူ့ညာဘက်သို့ ညွှန်လိုက်၏။ သူ့လက်ချောင်းဖြင့် စက်ဝန်းတစ်ခုကို ရေးဆွဲကာ သူက သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်၏။ သူ့လက်ချောင်းက သူ့ဦးခေါင်းခွံကို ထွင်းဖောက်သွားရင်း ထူးဆန်းစွာပြုံးလျက် ရှေ့ဖြစ်ဟောသူ၏ခန္ဓာကိုယ်သည် ပျက်စီးသွားတော့သည်။ စိတ်ဝိညာဉ်တစ်ခု ပျံသန်းထွက်လာပြီး ဝမ်လင်း မင်သက်နေစဉ်မှာပင် သူနှင့် ပေါင်းစပ်သွားလေတော့သည်။
ရှေ့ဖြစ်ဟောသူ ပျောက်ကွယ်သွားသောနေရာကို ကြည့်ကာ ဝမ်လင်းသည် သူ့စိတ်နှလုံးထဲ၌ စိမ့်ခနဲ ရုတ်တရက် ခံစားမိသွားသည်။
“သူ ဘာလုပ်ချင်နေတာလဲ…” ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူက ရှေ့ဖြစ်ဟောသူ လက်ညွှန်ပြခဲ့သော အရပ်ကို ချက်ခြင်း ပြန်တွေးမိသွားသည်။ သူက ထိုနေရာရှိ ရှေ့ဖြစ်ဟောသူ၏ အော်ရာကို ခံစားမိလိုက်သည်။
ထိုအော်ရာက သူ့ကို ခေါ်နေကာ သူရောက်လာမည်ကို စောင့်ဆိုင်းနေသည့်အလား ထင်ရ၏။