← Chapters

ရှုယန်ပြန်ပေါ်လာခြင်း

Vol. 9 Ch. 126

ရှုယန်ပြန်ပေါ်လာခြင်း

Vol. 9 Ch. 126

သူတော်စင်အဆင့်ကျင့်ကြံသူတွေသည် လေဟာနယ်အက်ကွဲကြောင်းထဲကို ရောက်ရှိသွားသော်လည်း မြူခိုးရောင်များဖုံးလွှမ်းနေသော သံကြိုးကြီးများသည် သူတို့အား ချုပ်နှောင်ကာ ပြင်ပကို ပြန်ဆွဲထုတ်လိုက်၏။

များစွာတာ နတ်ဆိုးဝိညဥ်များသည် ကောင်းကင်ယံအထက်တွင် တည်ရှိနေကြသည်။ ကျစ်ယန်ရဲ့ မူလခန္ဓာကိုယ်သည် နောက်ဆုံးမိုးမြေနတ်သလင်းကျောက်နက်ကို စုပ်ယူပြီးတဲ့နောက် နတ်သူငယ်အဆင့်၁၀ကို ထိုးဖောက်သွားနိုင်ခဲ့၏။

ကျစ်ယန်ရဲ့ ကိုယ်ပွားသည်လည်း ချက်ချင်းပင် သူတော်စင်အဆင့်ကို ရောက်ရှိသွားသည်။ များစွာသော နတ်ဆိုးဝိညဥ်များသည် ကောင်းကင်ယံတွင် ပျံဝဲနေကြ၏။ သူတော်စင်အဆင့်ကျင့်ကြံသူတွေသည် သူ့တို့ရဲ့စွမ်းအားများမှာ တဖြည်းဖြည်းစုပ်ယူခံရပြီးနောက် သေဆုံးဖို့သာ စောင့်ဆိုင်းနေရတော့သည်။

ကျစ်ယန်ရှေ့ရှိ မြူခိုးများဖုံးလွမ်းနေသောဝိညဥ်ကြီးရဲ့ ဘေးတွင် လူသားတစ်ယောက် ထွက်ပေါ်လာခဲ့၏။ ထိုလူရောက်ရှိသည်နှင့် နတ်ဆိုးဝိညဥ်ကြီးသည် သူ့မီးတောက်ကြီးကို ပြန်ရုတ်သိမ်းလိုက်သည်။

ကျစ်ယန်သည် ထိုလူရဲ့ မျက်လုံးမှ ထုတ်လွှတ်နေသော ​နတ်ဆိုးအငွေ့အသက်အရှိန်အဝါကြောင့် မျက်နှာချင်းဆိုင်တောင် မကြည့်နိုင်တော့ပေ။

ကျစ်ယန်ရဲ့ စိတ်ထဲတွင်လဲ အလွန်ရှုပ်ထွေးနေခဲ့၏။

ကျစ်ယန်သည် ရုတ်တရက် ဖိအားပျောက်ကွယ်သွားသည်ကို သိလိုက်ရပြီး ရင်းနှီးသော အသံသည် ထွက်ပေါ်လာခဲ့သည်။ ကျစ်ယန်သည် မယုံကြည်နိုင်ဖြစ်သွား၏။

ထိုလူစေခိုင်းလိုက်သည်နှင့် နတ်ဆိုးဝိညဥ်အားလုံးသည် အဝေးကို ပျံသန်းထွက်သွားကြသည်။ ကျစ်ယန်သည် တည်ငြိမ်စွာဖြင့် "ဘာတွေဖြစ်ပျက်နေတာလဲ ကျွန်တော်ကို အမှန်အတိုင်းပြောပြလို့ရမလား......" လို့ ဆိုလိုက်၏။

ကျစ်ယန်ရှေ့ရှိလူသည် အနည်းငယ်ပြုံးလိုက်ပြီး ဖြစ်ပျက်နေသည့်ကိစ္စများကို ပြောပြလိုက်သည်။

ကျစ်ယန်သည် ယခုချိန်မှာ ဘာမှမလုပ်နိုင်မှန်းသိလိုက်ရ၏။ သူတော်စင်အဆင့်ကျင့်ကြံသူတွေတောင် အနည်းငယ်မျှ တုံပြန်နိုင်ခဲ့ခြင်း မရှိတော့ပေ။

အသူရာနတ်ဆိုးနတ်ဘုရားများစွာသည် ရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့ ပိတ်လှောင်မူအောက်တွင် ယနေ့တိုင် ဖမ်းချုပ်ထားခြင်းခံထားရ၏။ ထိုရှေးဟောင်းနတ်ဘုရားရဲ့ ပိတ်လှောင်မူအောက်တွင် သေဆုံးခန်းနီးသော အသူရာနတ်ဆိုးနတ်ဘုရားတစ်ပါးလွတ်မြောက်ခဲ့သည်။

အသူရာနတ်ဆိုးနတ်ဘုရားရဲ့ စေပါးခဲ့သော စကားကြောင့် နတ်ဆိုးမျိုးနွယ်သည် လေဟာနယ်တံခါးပေါ်ပေါက်လာမည့်အချိန်ကို စောင့်ဆိုင်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြှင့်ခဲ့ပြီဖြစ်၏။

ယခုအခါတွေ နတ်ဆိုးများစွာသည် သူတို့အသက်ကို စတေးပြီး ရှေးဟောင်းနတ်ဘုရားအသက်နဲ့စတေးခဲ့တဲ့ အစီအရင်ကြီးကို ဖျက်စီးကြတော့မည်ဖြစ်သည်။ ကျစ်ယန်သည် နတ်ဆိုးဘုရင်များ နောက်တစ်ကြိမ် လွတ်မြောက်လာခဲ့ရင် လူ့လောကဘုံကြီးပျက်စီးသွားမည်ကို မလိုလားပေ။

ကျစ်ယန်သည် တည်ငြိမ်စွာဖြင့် လက်နှစ်ဖက်ဆုပ်လိုက်ပြီး "ဦးလေးရှုယန်....ဒီနတ်ဆိုးဝိညဥ်တွေက စတေးပြီးရင် ပြန်ရှင်သန်နိုင်လား...." လို့ မေးလိုက်၏။

နတ်ဆိုးဝိညဥ်တွေကို အမိန့်ပေးနေသူမှာ တခြားသူမဟုတ်ပေ။ ကျစ်ယန်ရဲ့ ဦးလေးဖြစ်သူ ရှုယန်ပင် ဖြစ်သည်။ ရှုယန်သည် အမှန်တကယ်မှာ သေဆုံးပြီးသား လူတစ်ယောက်ဖြစ်၏။ သို့သော် နတ်ဆိုးအိုကြီးတစ်ပါးသည် သူ့ဘဝကို နောက်ထပ်တစ်ကြိမ် ပြန်လည်ရှင်သန်အောင်လုပ်ပေးခဲ့သည်။

ရှုယန်ရဲ့ ကျင့်ကြံမှုအဆင့်သည် လက်ရှိတွင် သူတော်စင်အဆင့်၅ ကျင့်ကြံသူကိုပင် အလွယ်လေးသတ်နိုင်၏။ သူ့ရဲ့လက်အောက်တွင် သူတော်စင်အဆင့်ကျင့်ကြံသူနဲ့ ယှဥ်နိုင်သော နတ်ဆိုးကြီး၈ယောက်ပင် ကျန်သေးသည်။

ရှုယန်သည် ကျစ်ယန်ပုခုံးကို ၂ချက်ပုတ်လိုက်ပြီး နတ်ဆိုးနတ်ဘုရားတွေသာ လွတ်မြောက်ခဲ့ရင် စတေးခဲ့တဲ့ နတ်ဆိုးဝိညဥ် အားလုံးက ပြန်ရှင်သန်လာပြီး ပိုမိုအားကောင်းတဲ့ နတ်ဆိုးဝိညဥ်ကြီးတွေ ဖြစ်လာလိမ့်မည်လို့ ပြောလိုက်၏။

ကျစ်ယန်သည် တည်ငြိမ်အေးစက်လွန်းသော အနေအထားသို့ ပြောင်းလဲသွားပြီး "ဒါဆို ကျွန်တော်လဲ နတ်ဆိုးနတ်ဘုရားတွေအတွက် ကျွန်တော်ရဲ့အသက်ကို စတေးချင်တယ်...." လို့ လေးနက်စွာ ပြောလိုက်သည်။ ကျစ်ယန်စကားကြောင့် ရှုယန်တစ်ယောက် ဆွံအသွား၏။

ရှုယန်ရဲ့အဆင့်သည် နတ်ဆိုးမျိုးနွယ်ထဲ၌ ထိပ်တန်းထဲတွင် ရှိသဖြင့် လူသားမျိုးနွယ်ကို တိုက်ခိုက်မည်ဆိုရင်တောင် သူ့လူများကို အကာအကွယ်ပေးနိုင်မည့် အနေအထားရှိသည်။ ရှုယန်သည် ခေါင်းခါ၍ ငြင်းလိုက်၏။

ကျစ်ယန်သည် လေးနက်စွာအသံဖြင့် သူ့သာ ဒီထက်ပိုစွမ်းအားကြီးခဲ့မယ်ဆိုရင် ဘာမဆိုလုပ်ဖို့ အဆင့်သင့်ပဲလို့ ဆိုလိုက်သည်။ ရှုယန်ရဲ့ မျက်နှာသည် အနည်းငယ်ပျက်နေ၏။ သူသည် ကျစ်ယန်အား ခေါင်းငြိမ့်ကာ သဘောတူလိုက်ပြီး

သေဆုံးနေသော သူတော်စင်အဆင့်ကျင့်ကြံသူ၆ယောက်ရဲ့ မူလစိတ်ဝိညဥ်ကို ထုတ်ယူလိုက်၏။

ရှုယန်သည် လက်ဖြောက်တီးလိုက်တာနဲ့ အလွန်ဆန်းကျယ်သော နေရာတစ်ခုကို ကျစ်ယန် ရောက်ရှိသွားမှန်းသိလိုက်ရသည်။ တောင်၅လုံးရဲ့ ကောင်းကင်ယံအထက်၏ လေဟာနယ်ထဲတွင် ကျစ်ယန်နဲ့ရှုယန်သည် ပြန်ပေါ်လာခဲ့၏။

ရှုယန်ရဲ့ဘေးတွင်လဲ သူတော်စင်အဆင့်နတ်ဆိုးဝိညဥ်များနဲ့ မရေမတွက်နိုင်သော နတ်ဆိုးဝိညဥ်များလဲ ရှိနေခဲ့သည်။ ရှုယန်သည် သူ့လက်ထဲမှ လူသားသူတော်စင်အဆင့်ကျင့်ကြံသူတို့ရဲ့ မူလစိတ်ဝိညဥ်များကို ထုတ်လိုက်ပြီး "မင်းတို့နဲ့ စကြတာပေါ့ " လို့ ဆိုလိုက်၏။

ရှုယန်သည် တောင်၅လုံးထံသို့ မူလစိတိဝိညဥ်တစ်ခုချင်းစီ ပစ်လွှတ်လိုက်သည်။ မူလစိတ်ဝိညဥ်တစ်ခုချင်းစီသည် တောင်ထိပ်သို့ ရောက်ရှိသည်နဲ့ တစ်စုံတစ်ရာကို တိုက်မိသွားသလို ဖြစ်သွားကာ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာခဲ့သည်။

စက္ကန့်ပိုင်းအတွင်းမှာပဲ တောင်ထိပ်၅ခုပေါ်တွင် ရှုပ်ထွေးလွန်းသော ဧရာမအစီအရင်စက်ဝိုင်းကြီးများ ပေါ်ထွက်လာလေသည်။ ရှုယန်သည် အစီအရင်စက်ဝိုင်းများကို မြင်တဲ့အခါ ဝမ်းသာသွားပြီး "အကြီးအကဲပြောတဲ့အတိုင်း တကယ်အလုပ်ဖြစ်တယ်....."လို့ ရေရွတ်လိုက်၏။

ရှုယန်သည် ချက်ချင်းပြန်တည်ငြိမ်အောင်လုပ်လိုက်ပြီး များစွာသော နတ်ဆိုးဝိညဥ်တွေကို စတင်အမိန့်ပေးလိုက်သည်။ မရေမတွက်နိုင်သော နတ်ဆိုးဝိညဥ်များသည် တောင်ထိပ်ပေါ်ရှိ ဧရာမအစီအရင်၅ခုထံကို အတင်းတိုးဝင်ကာ သူ့တို့ကိုယ်သူတို့ ဖောက်ခွဲပစ်ကြ၏။

အချိန်သည် ၁ပတ်ပင်ကြာသွားသော်လည်း အစီအရင်ကြီးပေါ်တွင် အက်ကွဲရာအသေးလေးမျှသာ ပေါ်လာခဲ့သည်။ ရှုယန်သည် နတ်ဆိုးဝိညဥ်များကို မြန်မြန်ဆန်ဆန်လုပ်ဖို့ ပြောလိုက်၏။

အချိန်သည် ၁လကြာသွားတဲ့အခါ အစီအရင်ကြီးပေါ်တွင် အက်ကွဲကြောင်းကြီးများပေါ်နေပြီ ဖြစ်သည်။ ရှုယန်ဘေးရှိ သူတော်စင်အဆင့် နတ်ဆိုးကြီးသည် ရှုယန်အား အရိုအသေပြုလိုက်ပြီး အစီအရင်ကြီးထံသို့ အတင်းတိုးဝင်သွားခဲ့၏။

ရှုယန်ရဲ့ မျက်လုံးများသည် အနည်းငယ်တောက်ပသွားသည် ။ တောင်ထိပ်၁ခုရဲ့ အစီအရင်ကြီးသည် တစစီပျက်စီးသွားသောကြောင့် ဖြစ်သည်။

All Chapters