အခန်း (၁၁၃)
Vol. 9 Ch. 113
ကျစ်ယန်သည် စိတ်ဝင်စားသွားပြီး လက်ရှိနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
နတ်သမီးနန်းဆောင်ရဲ့ တတိယအထိပ်ရှိကျယ်ဝန်းသောအခန်းတစ်ခုထဲတွင် ရှီနန်လို့ ခေါ်သည့် မိန်းမလှလေးတစ်ဦးသည် အဆင့်၆အဆင့်ရှိသော ချွမ်ဧကရာဇ်ဆေးလုံးကို လူ၅ယောက်နဲ့အတူ ဖော်စပ်နေကြ၏။
ရှီနန်သည် ဆေးအမယ်များကို ဆေးမီးဖိုးထဲသို့ ထပ်ပေါင်းထည့်လိုက်ပြီး "အကြီးအကဲတို့ ရှီနန်ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ် " လို့ ပြောလိုက်သည်။
အကြီးအကဲ ၅ယောက်လုံးသည် သူတို့စွမ်းအားများဖြင့် ဆေးမီးဖိုအိုးကို ထိန်းချုပ်လိုက်ကြပြီး "ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားမှာပါ......ခန်းမသခင် " လို့ ပြောလိုက်၏။
မျက်နှာဖုံးတပ်ဆင်ထားသော ကျစ်ယန်သည် သူတို့ ၆ယောက်နားတွင် လျှပ်တစ်ပြက် ထွက်ပေါ်လာခဲ့သည်။ကျစ်ယန်ထွက်ပေါ်လာတဲ့အခါ ချီဖန်ဟုန်လို့ ခေါ်သော အကြီးအကဲသည် "မင်းဘယ်သူလဲ......ခန်းမသခင်ရဲ့အခန်းထဲကို ဘယ်လိုလုပ်ပြီး ဝင်လာနိုင်တာလဲ " လို့ ဒေါသထွက်စွာ ပြောလိုက်၏။
ရှီနန်သည် အနည်းငယ်အံ့အားသင့်နေခဲ့သည်။ ရှီနန်ရဲ့အခန်းတစ်ခုလုံးသည် အဆင့်၄အစီအရင်မျိုးဖြင့် ကာကွယ်ထားခြင်းဖြစ်၍ နတ်သူငယ်အဆင့်၅ ကျင့်ကြံသူပင် ဝင်ရောက်ဖို့ မဖြစ်နိုင်ပေ။ကျစ်ယန်သည် နတ်သူငယ်အဆင့်၆ ကျင့်ကြံသူ ဒါမှမဟုတ် အစီအရင်ဆရာ၁ယောက်ဖြစ်နေမလားလို့ တွေးတောလိုက်သည်။
ရှီနန်သည် ဆေးမီးဖိုအိုးကိုသာ အာရုံစိုက်ဖို့ အားလုံးကို အမိန့်ပေးလိုက်၏။ ကျစ်ယန်သည် ရှီနန်ထိုင်နေကြ ကုလားထိုင်တွင် မှီထိုင်ချလိုက်ပြီး "ချွမ်ဧကရာဇ်ဆေးလုံးကို ခုလိုပုံစံနဲ့ ဆက်ဖော်စပ်နေမယ်ဆိုရင်တော့ တစ်သက်လုံးအောင်မြင်မှာ မဟုတ်ဘူး " လို့ အေးဆေးပင် ပြောလိုက်သည်။
ကျစ်ယန်သည် သူတို့ဖော်စပ်နေသော ဆေးလုံးကို သိရှိနေလိမ့်မည်လို့ မထင်ထားပေ။ ရှီနန်သည် ချွမ်ဧကရာဇ်ဆေးလုံးကို တိတ်တဆိတ်ဖော်စပ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြှင့်နေပြီ ဖြစ်၏။ မိနစ်အနည်းငယ်အကြာမှာတော့ ဆေးမီးဖိုအိုးသည် ထုံးစံအတိုင်း ပေါက်ကွဲသွားခဲ့သည်။
ဆေးမီဖိုပေါက်ကွဲသွားသည်နှင့် ချီဖန်ဟုန်သည် ကျစ်ယန်အား အပြစ်တင်ဖို့ ဟန်ပြင်လိုက်၏။ သို့သော် ရှီနန်သည် ချီဖန်ဟုန်ကို
တားလိုက်ပြီး ကျစ်ယန်နားတွင် ထိုင်လိုက်သည်။ ရှီနန်သည် နှစ်ပေါင်းများစွာစိမ်ထားသော လက်ဖက်ခြောက်ရည်အား ၂ခွက် ဌဲ့ထည့်လိုက်ပြီး ကျစ်ယန်ကို ကမ်းလှမ်းလိုက်သည်။
ကျစ်ယန်သည် ခွက်ကို ယူပြီး လှည့်ကစားလိုက်၏။ အခြားအကြီးအကဲများသည် ကျစ်ယန်အားမကျေမနပ်ဖြစ်ကာ ဒေါသထွက်စွာဖြင့် ပြောဆိုမည့်ချိန်တွင် ရှီနန်သည် လက်ဝါးထောင်ကာ တားလိုက်ပြီး
"ရှင်ဘယ်သူလဲ.....ဆိုတာ ကျွန်မသိခွင့်ရှိမလား " လို့ မေးလိုက်သည်။
ကျစ်ယန်သည် ပူနွေးနေသော လက်ဖက်ခြောက်ခွက်လေးကို မှုတ်ကာ တစ်ငုံ သောက်လိုက်ပြီး "ငါဘယ်သူလဲဆိုတာထက် ချွမ်ဧကရာဇ်ဆေးလုံး ဖော်စပ်နည်းအမှန်ကို မင်းမသိချင်ဘူးလား " လို့ မေးလိုက်၏။
ရှီနန်သည် အနည်းငယ်စဥ်းစားလိုက်ပြီး
"အကြီးအကဲက ဘယ်လိုအပေးအယူမျိူးလုပ်ချင်လို့လဲ.... " လို့ ပြန်ပြောလိုက်သည်။
ကျစ်ယန်သည် ထိုင်နေရာမှ ထလိုက်ပြီး
"မင်းက နားလည်သဘောပေါက်လွယ်သားပဲ " လို့ ဆိုလိုက်ပြီး သူဖြစ်စေချင်တာကို ပြောလိုက်၏။
ရှီနန်သည် ချွမ်ဧကရာဇ်ဆေးကိုသာ ဖော်စပ်နိုင်မည်ဆိုရင် ကျစ်ယန်တောင်းဆိုသည်ကို သဘောတူနိုင်ကြောင်း ဂတိပေးလိုက်သည်။ ကျစ်ယန်သည် ဆေးအမယ်များ တောင်းပြီးနောက် သူ့ရဲ့ ဆေးမီဖိုအိုးကို ထုတ်လိုက်၏။
ရှီနန်နဲ့ အကြီးအကဲ၅ယောက်သည် ကျစ်ယန်အား မျက်တောင်မခတ်စောင့်ကြည့်နေလေသည်။ ကျစ်ယန်သည် ဆေးအမယ်တချို့ကို ဆေးမီးဖိုအိုးအတွင်းကို ထည့်ပြီးနောက် အမှောင်ဒြပ်စင် မီးတောက်ကို လက်ဖဝါးပေါ်တွင် ထုတ်ဖော်လိုက်၏။
ရှီနန်နဲ့ အကြီးအကဲ၅ယောက်သည် ခရမ်းနက်ရောင်ရှိသော အမှောင်ဒြပ်စင်မီးတောက်ကို ကြည့်ကာ အံ့အားသင့်နေကြလေသည်။ ကျစ်ယန်သည် မီးတောက်အား ပစ်သွင်းလိုက်ပြီး ဆေးအမယ်များကို စတင်သန့်စင်လိုက်၏။
ကျစ်ယန်သည် ဆေးအမယ်များကို သန့်စင်ရင်း လိုအပ်ချက် များကို ပြောပြနေခဲ့သည်။ နာရီပိုင်းအတွင်းမှာပဲ အဆင့်၆ ဆေးလုံးဖြစ်သော ချွမ်ဧကရာဇ်ဆေးလုံး ၇လုံးသည် ဆေးမီးဖိုအိုအတွင်းမှာ ထွက်ပေါ်လာခဲ့၏။
ရှီနန်သည် ဆေးမီးဖိုအိုးအနားကို ပြေးကပ်လိုက်ပြီး ဆေးလုံးများကို အနီးကပ်သေချာစစ်ဆေးလိုက်လေသည်။ ရှီနန်သည် အံ့အားသင့်သွားခဲ့ပြီး ကျစ်ယန်ရဲ့ အဂ္ဂိရတ်ပညာအဆင့်သည် သူ့နဲ့အလွန်ဝေးကွာမှန်း သိလိုက်ရ၏။
ရှီနန်သည် ကျစ်ယန်အား အရိုအသေပြုလိုက်ပြီး "အကြီးအကဲကို မရိုမသေလုပ်မိတဲ့အတွက် ရှီနန်တောင်းပန်ပါတယ် " လို့ ပြောလိုက်သည်။ ကျန်သော အကြီးအကဲ၅ယောက်သည်လည်း သူတို့မှားမှန်သိသွား၍ ရှီနန်အတူ ကျစ်ယန်ကိုတောင်းပန်လိုက်ကြ၏။
ကျစ်ယန်သည် အားလုံးကို သက်သာသလို နေခိုင်းလိုက်ပြီး သူ့ခိုင်းထားသည်ကို ဂရုတစိုက်ဆောင်ရွက်ဖို့ ပြောလိုက်သည်။
ရှီနန်သည် "စိတ်ချပါအကြီးအကဲ.....ရှီနန်ကိုယ်တိုင် ဆောင်ရွက်လိုက်ပါ့မယ် " လို့ ဆိုလိုက်၏။
ကျစ်ယန်သည် လက်ဖျောက်တီးလိုက်ပြီး "မကြာခင် ပြန်တွေ့ကြတာပေါ့....." လို့ ပြောသွားပြီး ပျောက်ကွယ်သွားခဲ့သည်။ ရှီနန်သည် ချွမ်ဧကရာဇ်ဆေးလုံးတွေကို သိမ်းလိုက်ပြီး "စိတ်ဝင်စားစရာပဲ....." လို့ ဆိုလိုက်၏။
ကျစ်ယန်သည် ရတနာရှာဖွေရေးခန်းမရဲ့ တပည့်သားများနားနေဆောင်ကို ဖြည်းညှင်းစွာ လမ်းလျှောက်လာခဲ့သည်။ ရုတ်တရက် လေဟာနယ်အက်ကွဲကြောင်းတစ်ခုထဲမှ အဖိုးအိုတစ်ယောက် ထွက်ပေါ်လာခဲ့ပြီး "မာရှန်ပြောတဲ့ တစ်ယောက်က ဒီကောင်လေးပဲဖြစ်မယ်ထင်တယ်....." လို့ ပြောလိုက်၏။
ကျစ်ယန်သည် အဖိုးအိုရှိမှ ကြောက်စရာကောင်းတဲ့ ဖိအားမျိုးခံစားလိုက်ရပြီး " နောက်ထပ် နတ်သူငယ်အဆင့်၈ ကျင့်ကြံသူလား....." လို့ စိတ်ကူးထဲမှ ရေရွတ်လိုက်သည်။ ကျစ်ယန်သည် လက်နှစ်ဖက်ဆုပ်လိုက်ပြီး "အကြီးအကဲက ဘယ်သူလဲ မသိဘူး...." လို့ ရိုသေစွာပင် မေးလိုက်၏။
အဖိုးအိုသည် သူ့လက်နှစ်ဖက်ကို နောက်ပစ်ရင်း "ဟားဟားဟား.....နတ်သူငယ်အဆင့်ကျင့်ကြံသူရဲ့ရှေ့မှာတောင် မင်းကဘာမှ မဖြစ်ဘူးဆိုတော့ မင်းရဲ့ကျင့်ကြံမှုအဆင့်က ဖုံးကွယ်ထားတာပဲ ဖြစ်ရမယ်...... " လို့ ရယ်မောကာပြောလိုက်သည်။
ကျစ်ယန်သည် အသံမထွက်ဘဲ တိုက်ခိုက်ရန် ကြိုတင်ပြင်ဆင်ထား၏။ အဖိုးအိုသည်
ကျစ်ယန်ရဲ့ ညာဘက်ပုခုံးကို ကိုင်လိုက်ပြီးလက်ဖမိုးထိ ပွတ်ဆွဲလိုက်တဲ့အခါ နဂါးအမှတ်တံဆိပ်သည် လင်းလက်တောက်ပစွာ ထွက်ပေါ်လာခဲ့သည်။