← Chapters

အခန်း (၁၁၅)

Vol. 9 Ch. 115

အခန်း (၁၁၅)

Vol. 9 Ch. 115

အကြီးအကဲကျူထန်းရှီသည် မကြာခင် ကျရောက်တော့မည့် ဂိုဏ်းသခင် ပြိုင်ပွဲအကြောင်း ပြောဆိုလိုက်၏။ ဂိုဏ်းသခင်ပြိုင်ပွဲသည် မဟာမိတ်ဂိုဏ်း၅ဂိုဏ်းရဲ့အစစ်အမှန်တပည့်များသာ ယှဥ္ပြိုင်ရသော ပြိုင်ပွဲဖြစ်သည်။

ဂိုဏ်း၁ဂိုဏ်းလျှင် အစစ်အမှန်တပည့်သား ၁၀ယောက်အထိ စေလွှတ်နိုင်၏။ ဖုန်းတောက်ဂိုဏ်းတွင် အစစ်အမှန်တပည့်သားများစွာပင် ရှိသော်လည်း အကြီးအကဲများ ထောက်ခံသော အစစ်အမှန်တပည့်သားများသာ ယှဥ်ပြိုင်ရမည်ဖြစ်သည်။

ဂိုဏ်းသခင်ပြိုင်ပွဲတွင် မဟာမိတ်ဂိုဏ်း၏ တပည့်သား၃ယောက်ကို အနိုင်ရရှိသော အစစ်အမှန်တပည့်သည် နတ်ဘုရားအသွင်ပြောင်းအသီးအပြင် ဂိုဏ်းရဲ့အဆင့်နိမ့်အကြီးအကဲ ရာထူးကိုပါ ခန့်အပ်မည်ဖြစ်ကြောင်း ကြေညာလိုက်၏။

အကြီးအကဲရာထူးလို့ ပြောလိုက်တဲ့အခါ တပည့်သားတိုင်းရဲ့ မျက်လုံးများသည် တလဲ့လဲ့ ဖြစ်သွားခဲ့သည်။ ကျစ်ယန်သည် လူအုပ်ကြီးထဲမှ ပျောက်ကွယ်သွားခဲ့ပြီး အခန်းငယ်တစ်ခုရဲ့ လေဟာနယ်အက်ကွဲကြောင်းထဲမှ ပြန်ပေါ်လာခဲ့၏။

ဓားတစ်လက်အား စစ်ဆေးနေသောသူသည် ကျစ်ယန် ရောက်ရှိလာသည်ကို တွေ့လိုက်တဲ့အခါ ချက်ချင်းပင် အရိုအသေပြုလိုက်သည်။ ကျစ်ယန်သည် စကားအနည်းကျင်းသာ ပြောလိုက်ပြီး ပြန်လည် ပျောက်ကွယ်သွားခဲ့၏။

အချိန်သည် ၁ပတ်ကြာပြီးနောက် ဂိုဏ်းသခင်ပြိုင်ပွဲရဲ့ တိုက်ပွဲမြေပြင်ကို ထွက်ခွာရန် ဂိုဏ်းအကြီးအကဲ ၄ဦးနဲ့အတူ တပည့်သား၁၀ယောက်သည် ထွက်ပေါ်လာခဲ့သည်။များစွာသောလူတွေရဲ့ မျက်လုံးများသည် တပည့်သား၁၀ယောက်ထဲမှ သူတို့မသိသော တပည့်သား၁ဦးကို ကြည့်ကာ တီတိုး ပြောဆိုနေကြ၏။

အကြီးအကဲ၄ဦးထဲတွင် ဇောင်မန်ဟိုနဲ့ လင်းချန် ပါဝင်နေသည်။ ဇောင်မန်ဟိုသည် တည်ငြိမ်စွာနဲ့ပဲ "ငါတို့ထွက်ခွာဖို့ အချိန်ကျပြီ....." လို့ ဆိုပြီး လေဟာနယ်အက်ကွဲကြောင်းကို ဖန်တီးလိုက်ပြီး ၁ဖွဲ့လုံး အတူဝင်သွားကြသည်။

တုံဟောတိုင်းပြည် သို့မဟုတ် တုံဟောနယ်မြေရဲ့ အလေးအမြတ်ဆုံးသောနေရာဖြစ်သည့် ဂိုဏ်းသခင်​တိုက်ပွဲမြေပြင်ကို ကျစ်ယန်တို့ ရောက်ရှိလာကြ၏။

တိုက်ပွဲမြေပြင်တွင် ကြိုရောက်ရှိနေသော လူအုပ်စုသည် ဇောင်မန်ဟိုတို့ကို မြင်တဲ့အခါ ချင်းမင်ဆိုသောသူသည် "ဒီ၁ခေါက် မှာရော မင်းတို့ ဖုန်းတောက်ဂိုဏ်းရဲ့ တပည့်သားတွေမှာ လုံလောက်တဲ့အရည်အချင်း ရှိမရှိ ငါသိချင်မိတယ်...ဟားဟားဟား " လို့ အော်ဟစ်ရယ်မောလိုက်သည်။

ချင်းမင်သည် ရယ်မောနေစဥ်တွင် သတ်ဖြတ်ခြင်းအငွေ့အသက်ကို ခံစားရလိုက်တဲ့အခါ "ငါ့အသက်ကို အလွယ်တကူနှုတ်ယူနိုင်သွားတဲ့ဖိအားမျိူးပဲ ၊ ဘယ်ကဆရာကြီးရောက်နေတာများလဲ...." လို့ တစ်ယောက်ထဲရေရွတ်နေရင်း ပတ်ဝန်းကျင်ကို ပတ်ကြည့်လိုက် မိ၏။

ဇောင်မန်ဟိုသည် အခြားသော ဂိုဏ်းတချို့ကို ကြည့်လိုက်ရင်း "မင်းပါးစပ်ကို ပိတ်ထားရင် ပိုကောင်းမယ်....."လို့ ရေရွတ်လိုက်သည်။ မိနစ်ပိုင်းအတွင်းမှာပဲ တုံဟောနယ်မြေရဲ့ အင်အားအကြီးဆုံးဂိုဏ်း၇ဂိုဏ်း ထွက်ပေါ်လာခဲ့၏။

ဂိုဏ်း၇ဂိုဏ်းလုံးသည် အချင်းချင်း မကျေနပ်သော အကြည့်ဖြင့် ကြည့်နေခဲ့ကြ

သည်။ ဂိုဏ်းသခင်နယ်မြေရဲ့ အကြီးအကဲကြီးသည် စတင်တိုက်ခိုက်ဖို့ ကြေညာလိုက်၏။

ပထမဆုံးတိုက်ပွဲတွင် ကျိူးရန်မဟာမိတ်ဂိုဏ်းနဲ့ သိမ်းငှက်တောင်ဂိုဏ်းတို့

တပည့်သည် အစီအရင်အတွင်းရဲ့ တိုက်ခိုက်ရေးနယ်မြေကို ရောက်ရှိသွားကြသည်။တိုက်ခိုက်ရန် ကြာမြှင့်ချိန်သည် အမွှေးတိုင် တစ်ဝက်ခန့်ပင် တိုက်ခိုက်ရမည်ဖြစ်၏။

ကျိုးရန်ဂိုဏ်းတပည့်ဖြစ်သော လော့ရှီသည် သူ့ရဲ့ တောက်ပနေသည့်ဓားနက်ဖြင့် စတင်တိုက်ခိုက်လိုက်သည်။ ဓားနက်သည် သိမ်းဌက်တောင်ဂိုဏ်းတပည့် ဝူတွမ်အနားကို ရောက်တဲ့အခါ ၆ချောင်းအဖြစ် ကွဲထွက်ကာ ရောက်ရှိသွား၏။

ဝူတွမ်သည် ပြုံးလိုက်ပြီး သူ့ရဲ့လက်ဖဝါး

ဖြင် ဓားနက် ၆ချောင်းကို အေးဆေးပင်ဖယ်ရှားတိုက် ခိုက်လိုက်သည်။ လော့ရှီသည် လွင့်ထွက်သွားသော သူ့ရဲ့ဓားနက်၆ချောင်းကို ပြန်လည်စုပ်ယူလိုက်ပြီး ဓားနက်တစ်ချောင်းအဖြစ် ပြန်လည်ပေါင်းစပ်လိုက်၏။

ဝူတွမ်သည် တစ်ဝက်ကုန်တော့မည့် အမွှေးတိုင်ကို ကြည့်လိုက်ပြီး အချိန်မဆွဲဘဲ ပွဲဖြတ်ဖို့ သူ့ရဲ့စွမ်းအားအစစ်အမှန်ကို ထုတ်သုံးလိုက်သည်။ ဝူတွမ်သည် သူ့လက်နှစ်ဖက်ကို လှုပ်ရှားလိုက်တဲ့အခါ ဧရာမစိမ်းနုရောင်လက်ဖဝါးကြီးသည် လော့ရှီရဲ့ ကောင်းကင်ယံထက်တွင် ထွက်ပေါ်လာခဲ့၏။

လော့ရှီသည်လည်း သူ့ရဲ့ အစွမ်းထွက်ဆုံးကျင့်စဥ်ဖြစ်သည့် မသေဆုံးသောဓားနက်တစ်ထောင်ကျင့်စဥ်ကို ထုတ်သုံးလိုက်သည်။ လော့ရှီသည် သူ့ရဲ့ဓားကို ကောင်းကင်ယံကို ထောင်လိုက်တဲ့အခါ များစွာသော ဓားနက်တစ်ထောင် ထွက်ပေါ်လာခဲ့ပြီး စိမ်းနုရောင်လက်ဖဝါးပြင်ကြီးထံကို တရှိန်ထိုး ပြေးဝင်သွားကြ၏။

လော့ရှီ၏ ဓားနက်တစ်ထောင်သည် ဧရာမစိမ်းနုရောင်လက်ဖဝါးပြင်ကို ဖျက်ဆီးနိုင်လိုက်သော်လည်း ဧကရာဇ်ချုပ်နှောင်ခြင်းအစီအရင်ကို လို့ဝှက်စွာခင်းကျင်းထားသော ဝူတွမ်သည် လော့ရှီကို အသာအယာပင်ချုပ်နိုင်ဖမ်းဆီးနိုင်ခဲ့ကာ အနိုင်ရရှိသွားခဲ့သည်။

ကျစ်ယန်သည် တိုက်ပွဲ ကြည့်နေစဥ် သတ်ဖြတ်ခြင်းအငွေ့အသက်ကို ခံစားလိုက်ရ၏။ ကျစ်ယန်သည် တချိန်ထဲမှာပဲမိန်းကလေးငယ်တစ်ယောက်ရဲ့ အသံလှိုင်း သတိပေးသံတစ်ခုကို ကြားလိုက်ရသည်။ ကျစ်ယန်သည် ထောင့်တစ်နေရာကို လှမ်းကြည့်လိုက်တဲ့အခါ လင်ရှို့ဟွာနဲ့ အတူ လူတချို့ကို တွေ့လိုက်ရ၏။

လင်ရှို့ဟွာနားရှိ မျက်နှာဖုံးဝတ်ဆင်ထားသူတွေသည် နတ်သူငယ်အဆင့်၆ကျင့်ကြံသူများပင် ဖြစ်သည်။ ကျစ်ယန်သည်

စိတ်ဝိညဥ်စွမ်းအားကို ဖြန့်ကျက်ကြည့်လိုက်တဲ့အခါ လူအသွင်ပြောင်းလဲထားသော သားရဲကောင်များစွာကို တွေ့လိုက်ရ၏။

တုံဟောနယ်မြေကြီးရဲ့ အင်အားအကြီးဆုံးဂိုဏ်းများထဲမှ အကြီးအကဲများကပင် သားရဲကောင်များ ဖြစ်နေခဲ့သည်။ ကျစ်ယန်သည် ဂိုဏ်းသခင်တိုက်ပွဲသည် သားရဲကောင်များတမင် စီစဥ်ထားမှန်း သိလိုက်၏။

ဂိုဏ်းတပည့်များ ပြိုင်ပွဲသည် နေ့တစ်ဝက်ကြာမြှင့်ပြီးတဲ့နောက် အစိမ်းရောင်အခိုးအငွေ့များသည် မြေကြီးအတွင်းထဲမှ

တဖြည်းဖြည်း စိမ့်ထွက်လာကြသည်။ ကျစ်ယန်သည် ထိုင်နေစဥ္အတွင်း လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့ပြီး အားလုံးကြားနိုင်သော အသံလိှုင်းတစ်ခုကို

ပြောဆိုခဲ့၏။

မထင်မှတ်ထားသော အသံကို ကြားလိုက်ရတဲ့အခါ ရုတ်တရက် တိတ်ဆိတ်သွားကြပြီး တိုက်ခိုက်ဖို့ အဆင့်သင့် ပြင်ထားလိုက်ကြသည်။ အစိမ်းငွေ့များသည် တဖြည်းဖြည်းများပြားလာပြီးတဲ့နောက်

"ခုချိန်မှ သိလဲ မင်းတို့ လူသားအားလုံး သေလမ်းသွားဖို့ သေချာသွားပြီ..... " ဆိုသော ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာခဲ့၏။

All Chapters