အမွေဆက်ခံခြင်း
Vol. 9 Ch. 116
လင်ရှို့ဟွာသည် သူ့ဘေးက လူတွေကို ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ၇ယောက်လုံးသည် သူ့ဘေးမှ ချက်ချင်းပျောက်ကွယ်သွားသည်။ အကြီးအကဲများသည် တပည့်သားများကို ကာကွယ်ဖို့ လေဟာနယ်အက်ကွဲကြောင်းကို ဖန်တီးကြသော်လည်း အရာမထင်ကြတော့ပေ။
့့ လေဟာနယ်အက်ကွဲကြောင်းသည် ပိတ်ပင်ခံလိုက်ရမှန်းသိတဲ့အခါ တိုက်ခိုက်ဖို့သာ ပြင်ဆင်လိုက်ကြ၏။ ကျစ်ယန်သည် နေရာတစ်ခုကို ပျံသန်းလာခဲ့ချိန်တွင် အနီရောင်လက်ညိုးကြီးတစ်ခုရဲ့တားဆီးခြင်းကို ခံလိုက်ရသည်။
ကျစ်ယန်သည် အလွယ်တကူပင် ရှောင်ရှားလိုက်ပြီး ရပ်တန့်လိုက်၏။ ဝတ်ရုံစိမ်းဝတ်ဆင်ထားသောလူသည် မီးတောက်နေသောသံကြိုးရှည်ကြီးအား ထုတ်လိုက်ပြီး "ငါ့လက်အောက်ကနေ ထွက်ပြေးဖို့ ရုန်းကန်မနေနဲ့ သေလိုက်တော့ " လို့ ပြောလိုက်ပြီး မီးတောက်သံကြိုးရှည်ကြီးဖြင့် ရိုက်ချလိုက်သည်။
ကျစ်ယန်သည် တည်ရှိနေသော နေရာမှ လျှပ်တစ်ပြက်ပျောက်ကွယ်သွားခဲ့၏။ ဝတ်ရုံစိမ်းဖြင့်လူသည် ကျစ်ယန်ပျောက်ကွယ်သွားသဖြင့် ရှာနေချိန်တွင် သွေးလျှပ်စီးမျှင်တန်းသည် သူ့ရဲ့ နဖူးတည့်တည့်ကို ထိုးဖောက်သွားခဲ့ပြီဖြစ်သည်။
ကျစ်ယန်သည် စိတ်ဝိညဥ်အမြင်အာရုံပင်လယ်ကို ဖြန့်ကျက်ပြီးနောက် မိစ္ဆာသားရဲကောင်များ ဖန်တီးထားသော အစီအရင်ရဲ့ ပင်မနေရာကို ရောက်ရှိလာခဲ့၏။ ကျစ်ယန်သည် လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ ရွှေရောင်အစီအရင်စက်ဝိုင်းလေး ထွက်ပေါ်လာခဲ့သည်။
ကျစ်ယန်ညွှန်လိုက်သည်နှင့် ရွှေရောင်စက်ဝိုင်းအစီအရင်လေးသည် မိစ္ဆာသားရဲကောင်များ ဖန်တီးထားသည့် အနက်ရောင်အစီအရင် စက်ဝိုင်းကြီးအတွင်းကို ရောက်ရှိသွားခဲ့၏။
ကျစ်ယန်သည် အစီအရင်ကို ဖျက်ဆီးပြီးသည်နှင့် ပြန်လည်ပျောက်ကွယ်သွားလေသည်။ ကျစ်ယန်သည် တိုက်ပွဲဖြစ်နေသော နေရာကို ပြန်လည်ရောက်ရှိလာတဲ့အခါ ဂိုဏ်းပေါင်းစုံရဲ့ ဘိုးဘေးအကြီးအကဲများစွာ ရောက်ရှိလာမှန်းသိလိုက်ရ၏။
မိစ္ဆာသားရဲကောင်များသည် စတင်၍ ထွက်ပြေးနေကြပြီ ဖြစ်သည်။ သို့သော်လူသားဘိုးဘေးအကြီးအကဲများလက်ထဲမှ လွတ်မြောက်နိုင်မည် မဟုတ်တော့ပေ။ လင်ရှို့ဟွာသည် ကျစ်ယန်အား ရှာကြည့်
နေသော်လည်း ကျစ်ယန်သည် ဂိုဏ်းသခင်နယ်မြေမှ ထွက်ခွာလာခဲ့ပြီ ဖြစ်၏။
ကျစ်ယန်သည် ဖုန်းတောက်ဂိုဏ်းကို ပြန်လာစဥ်တွင် နတ်သူငယ်အဆင့်ရှိသော လူ၂ယောက်သည် သူ့ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။ ကျစ်ယန်သည် အမွှာပူးမိန်းမလှလေး ၂ယောက်ကို တွေ့လိုက်ရတဲ့အခါ တိုက်ခိုက်ဖို့ ကြိုတင် ပြင်ဆင်လိုက်၏။
ရွီးဟွာ နဲ့ ကျူးချွင်ခေါ်သော မိန်းမလှလေး၂ယောက်ထဲမှ ကျူးချွင်သည် တံဆိပ်အမိန့်ပြားတစ်ခုအား ထုတ်ပြလိုက်ပြီး "နင်ဘယ်သူလဲဆိုတာ ငါမသိဘူး ၊ အကြီးအကဲရဲ့ အမိန့်နဲ့ နင့်ကို အေးဆေးခေါ်လာဖို့ ငါတို့ရောက်လာတာပဲ " လို့ ပြောလိုက်သည်။
ကျစ်ယန်သည် ကျူးချွင်လက်ထဲမှ တံဆိပ်ပြားသည် အမတနတ်ဘုရားဂိုဏ်းတံဆိပ်မှန်း သိလိုက်တဲ့အခါ မိန်းမလှလေး၂ယောက်နဲ့ အတူ လိုက်ပါသွားခဲ့၏။
ကျစ်ယန်တို့သည် အလွန်ပင် ငြိမ်သက်အေးဆေးလှသော နေရာတစ်ခုကို ရောက်တဲ့အခါ ရွီးဟွာနဲ့ ကျူးချွင်သည် အဖိုးအို၁ယောက်အား ဂါဝရပြုကာ နှုတ်ဆက်လိုက်သည်။
အဖိုးအိုသည် ရွီးဟွာနဲ့ ကျူးချွင်တို့ ၂ယောက်အား ချက်ချင်းပင် ထွက်ခွာခိုင်းလိုက်၏။ မိန်းမလှလေး၂ယောက် ထွက်ခွာသွားပြီးနောက် အဖိုးအိုသည် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
ကျစ်ယန်သည် သူ့ရှေ့ရှိ အဖိုးအိုမှာ နတ်သူငယ်အဆင့်၈ ကျင့်ကြံသူဖြစ်နေတဲ့အပြင် သူ့ဦးလေးရှုယန်ထက် ပိုသာလွန်သော ဖိအားကိုခံစားလိုက် ၏။ကျစ်ယန်သည် အဖိူးအိုအား နှုတ်ဆက်လိုက်ပြီး သူ့ကို ခေါ်ဆောင်သော အကြောင်းအရင်းကို မေးမြန်းလိုက်သည်။
အဖိုးအိုဟုန်မန်သည် ကျစ်ယန်ကို ပြန်လည်မဖြေကြားဘဲ ရွှေရောင်တံဆိပ်ပြားတစ်ခုအား ကျောက်နံရံကို တင်လိုက်၏။ လို့ဝှက်တံခါးသည် အလိုအလျောက် ပွင့်သွားပြီးနောက် အဖိုးအိုဟုန်မန်သည် သူ့နောက်လိုက်လာဖို့ ပြောလိုက်သည်။
ကျစ်ယန်သည် အဖိုးအိုနဲ့အတူ အခန်းကျယ်ကြီးတစ်ခုကို ဝင်လာခဲ့၏။ အခန်းကျယ်ကြီးသည် ရှင်းလင်းနေခဲ့ပြီး ထူးဆန်းသော အရာတစ်ခုမှ ရှိမနေကြောင်း ကျစ်ယန်မြင်တွေ့လိုက်ရသည်။
အဖိုးအိုသည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ စက္ကန့်ပိုင်းအတွင်းမှာပဲ ရွှေရောင်တလပ်လပ်ဖြင့် ထွန်းလင်းတောက်ပနေသော နဂါးရုပ်ထု ၉ရုပ်သည် မြေကြီးအတွင်းမှ ထွက်ပေါ်လာခဲ့၏။
အဖိုးအိုသည် ချောင်းအနည်းငယ်ဆိုးလိုက်ပြီး နဂါးရုပ်ထုများနဲ့ ပက်သက်ပြီး ရှင်းပြလိုက်သည်။
နဂါးရုပ်ထုတိုင်းတွင် ကြောက်စရာကောင်းသည် ဝိညဥ်စွမ်းအင်များပါနေခဲ့ပြီး အမတနတ်ဘုရားဂိုဏ်းရှိ နတ်သူငယ်အဆင့်ကျင့်ကြံသူတိုင်း ဆက်ခံခွင့်ရှိသည့် အမွေတစ်ခုဆိုလည်း မမှားပေ။ လုံရှန်သည် ငြိမ်သက်စွာ ကျင့်ကြံရာကနေ လှုပ်ရှားလာခဲ့ပြီး တစ်စုံတစ်ရာက သူ့ကို ခေါ်ဆောင်နေသလို ခံစားနေရ၏။
ရွှေရောင်နဂါးရုပ်၉ရုပ်တွင် စွမ်းအားများ ခွဲခြားသတ်မှတ်ထားပြီး နဂါးရုပ်ထု ၁ခုရဲ့ စွမ်းအားကိုသာ အမွေဆက်ခံခွင့်ရှိသည်။ ရှုသည် ခေါင်းဆောင်ငယ်ဆက်ခံပွဲမတိုင်ခင် ကျစ်ယန်အား အကြွင်းမဲ့နဂါး၉ကောင်ရဲ့ စွမ်းအားကို အမွေဆက်ခံခိုင်းခြင်းပင် ဖြစ်၏။
ကျစ်ယန်သည် သူ့ရဲ့ကျင့်ကြံမှုမှာ နတ်သူငယ်အဆင့်၆ကို ရောက်ရှိနေသဖြင့်
၅ခုမြောက်နဂါးရုပ်ထုရဲ့အမွေအနှစ်ကို ဆက်ခံနိုင်ရန် ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော် လုံရှန်ရဲ့တောင်းဆိုမှုစကားသံတစ်ခုအား ကျစ်ယန်သည် ကြားလိုက်ရ၏။
ကျစ်ယန်သည် သူ့ဆန္ဒကို မေ့ဖျောက်လိုက်ပြီး ပထမဆုံးနဂါးရုပ်ထုရဲ့ အမွေကိုဆက်ခံစမ်းသပ်ဖို့ အဖိုးအိုဟုန်မန်ကို ပြောလိုက်သည်။အဖိုးအိုဟုန်မန်သည် ကျစ်ယန်စကားကြောင့် အနည်းငယ်ကြောင်အ သွား ခဲ့ပြီး ပထမဆုံးနဂါးရုပ်ထုအကြောင်း ရှင်းပြလိုက်၏။
ပထမဆုံးနဂါးရုပ်ထုရဲ့ အမွေခံစွမ်းအင်သည် ပြည့်စုံခြင်းမရှိသောကြောင့် နဂါးစွမ်းအားအစစ်အမှန်ကို ထုတ်သုံးနိုင်မည်မဟုတ်ကြောင်း ရှင်းပြလိုက်ပြီး တခြားနဂါးရုပ်ထုကို ရွေးချယ်သင့်ကြောင်း ပြောလိုက်သည်။ ပထမဆုံးနဂါးရုပ်ထုကို အပယ်ခံနဂါးရုပ်ထု လို့လဲ ခေါ်ဝေါ်ခြင်း ရှိကြ၏။
သို့သော် ကျစ်ယန်သည် ပထမဆုံးနဂါးရုပ်ထုရဲ့ စွမ်းအားအမွေအနှစ်ကို ဆက်ခံစမ်းသပ်ဖို့ ရွေးချယ်ဖို့ ဆုံးဖြတ်ပြီးကြောင်း ပြောလိုက်သည်။အဖိုးအိုဟုန်မန်သည် စိတ်ပျက်စွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး ပထမနဂါးရုပ်ထုရဲ့လေဟာနယ် တံခါးပေါက်အား ဖွင့်ပေးလိုက်၏။
တရားမျှတမှုအရှင်သခင်