← Chapters

နတ်သူငယ်အဆင့်၈ကျစ်ယန်

Vol. 9 Ch. 117

နတ်သူငယ်အဆင့်၈ကျစ်ယန်

Vol. 9 Ch. 117

လုံရှန်သည် ရင်းနှီးသောစွမ်းအင်အငွေ့အသက်ကို ခံစားနေရသဖြင့် စိတ်လှုပ်ရှားနေမိသည်။ ကျစ်ယန်သည် လေဟာနယ်တံခါးပေါက်အတွင်းသို့ ဝင်ပြီးတဲ့နောက်တွင် အဖိုးအိုဟုန်မန်သည် "တော်တော်မိုက်ရူးတဲ့ကလေးပဲ " လို့ ရေရွတ်လိုက်၏။

ကျစ်ယန်သည် ပထမနဂါးရုပ်ထုအတွင်းကို ရောက်သွားတဲ့အခါ စွမ်းအင်များအဆက် မပြတ်စီးဆင်းနေသော အာကာသပြင်တစ်ခုထဲကို ရောက်ရှိနေမှန်း သိလိုက်ရသည်။

လုံရှန်သည် စွမ်းအင်တစ်စုံတစ်ရာမှာ သူ့အားခေါ်ဆောင်သလို ခံစားနေရသဖြင့် ကျစ်ယန်ခန္ဓာကိုယ်အတွင်းမှ နဂါးအသွင်ပြောင်းကာ ထွက်ခွာလာပြီး လိုက်လံရှာဖွေခဲ့၏။

ကျစ်ယန်သည် လုံရှန်အနောက်ကို လိုက်ရင်း စူးစမ်းရှာဖွေနေခဲ့သည်။ ကျစ်ယန်သည် လမ်းလျှောက်နေရင်း ဝိုးတိုးဝါးတားမှတ်ဉာဏ်တချို့သည် ထွက်ပေါ်လာခဲ့၏။ ကျစ်ယန်သည် ရောက်ရှိနေသော နေရာကို ရောက်ရှိဖူးသလို ခံစားနေရသည်။

လုံရှန်သည် နေရာတစ်ခုကို ရောက်ရှိသွားတဲ့အခါ မထင်မှတ်ထားသော ခရမ်းရောင် စွမ်းအင်လုံးများစွာသည် သူ့ခန္ဓာကိုယ်အတွင်းကို ဒလဟော တိုးဝင်လာခဲ့၏။ လုံရှန်သည် ပျောက်ဆုံးနေသောမူလစွမ်းအင်များကို ရရှိပြီးတဲ့နောက် အမည်မသိနတ်ဘုရား၁ပါးရဲ့ စကားသံအချိူ့ကိုသာ ကြားလိုက်ရသည်။

လုံရှန်သည် ကျစ်ယန်ရဲ့စိတ်ဝိညဥ္ပင်လယ်ထဲတွင် နှစ်များစွာကျင့်ကြံခဲ့ပြီးနောက် အဆင့်၁ခုတွင် လုံးဝရပ်တန့်သွားခဲ့၏။ လုံရှန်သည် နတ်ဘုရားရဲ့စကားကို နားလည်သဘောပြီးတဲ့နောက် ကျစ်ယန်ရဲ့ ဘေးပတ်လည်တွင် ပျံဝဲလိုက်ပြီး ကျစ်ယန် မထင်ထားသော စကားများကို ပြောဆိုရင်း ကျစ်ယန်ရဲ့ နဖူးတည့်တည့်သို့ တိုးဝင်သွားလေသည်။

လုံရှန်နဲ့ ချိတ်ဆက်ထားသောစွမ်းအင်သည်လည်း လုံးဝပျောက်ကွယ်သွားမှန်း ကျစ်ယန် ခံစားလိုက်ရ၏။ ကျစ်ယန်ရဲ့အသိဥာဏ်နယ်ပယ်ထဲတွင် စတင်၍ စွမ်းအင်၃မျိူးသည် စတင်ထွက်ပေါ်လာခဲ့သည်။ လုံရှန်းသည် ကျစ်ယန်ခန္ဓာကိုယ်နဲ့တစ်ထပ်ထဲ ပေါင်းစပ်သွားပြီးနောက် ကျစ်ယန်သည် နတ်သူငယ်အဆင့်ရှစ်ကို ချက်ချင်းပင် ရောက်ရှိသွား၏။

လုံရှန် ပြောခဲ့သည့် စကားများမှာ သူပျောက်ကွယ်သွားပြီးနောက် ကျစ်ယန်ခန္ဓာကိုယ်နဲ့ပေါင်းစပ်သွားမည်ဖြစ်ပြီး မူလကလေးဘဝကနေ ပြန်လည်စတင်ရမည်ဖြစ်သည်။

ကျစ်ယန်သည် နတ်ဘုရားခန္ဓာကျင့်ကြံခြင်းလမ်းစဥ္အား ​​အဆင့်အတန်းတစ်ခုရောက်အောင် ကျင့်ကြံနိုင်မှသာ လုံရှန်းသည် အသိဥာဏ် ပြန်လည်ရရှိနိုင်မည်ဖြစ်ပြီး အကန့်အသတ်မရှိ ပြန်လည်ကျင့်ကြံနိုင်မည်၏။

ကျစ်ယန်သည် နတ်သူငယ်အဆင့်၈ကို ရောက်ရှိသွားတဲ့အပြင် ကြောက်စရာကောင်းသော ကျင့်ကြံခြင်းလမ်းစဥ်ကို ပိုင်ဆိုင်ရလိမ့်မည်လို့ မမျှော်လင့်ထားခဲ့ပေ။ ကျစ်ယန်သည် အမွေဆက်ခံပြီးတဲ့နောက် လေဟာနယ်တံခါးပေါက်သည် ပြန်လည်ထွက်ပေါ်လာခဲ့၏။

ကျစ်ယန်သည် ပြင်ပသို့ ပြန်လည်ထွက်ရှိလာတဲ့အခါ အဖိုးအိုဟုန်မန်သည် တုန့်လှုပ်​သွားလေသည်။ ကျစ်ယန်ရဲ့ ကျင့်ကြံခြင်းအဆင့်သည် ချီအခြေခံစုစည်းခြင်းအဆင့်ဟု မြင်လိုက်ရခြင်းကြောင့်ပင် ဖြစ်၏။ အမှန်တကယ်မှာ ကျစ်ယန်ရဲ့ ခန္ဓာကိုယ်သည် လုံရှန်ရဲ့နဂါးခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခြင်းကြောင့်ပင်ဖြစ်သည်။

ကျစ်ယန်သည် အဖိုးအိုဟုန်မန်အား နှုတ်ဆက်လိုက်၏။ ဟုန်မန်သည် လက်နောက်ပစ်ကာ လမ်းလျှောက်ရင်း အနက်တခြမ်းအဖြူတခြမ်းရှိသော သံမျက်နှာဖုံးကို ပေးကာ ဝတ်ဆင်ခိုင်းလိုက်ပြီး ကျစ်ယန်ပုခုံးကို ကိုင်လိုက်ပြီး နေရာတခုကို လျှပ်တစ်ပြက်အတွင်း ခေါ်ဆောင်လာခဲ့သည်။

ကျစ်ယန်သည် အဖိုးအိုဟုန်မန်နဲ့အတူ အလွန်ပင်မြင့်သော နေရာတွင် ရှိနေခဲ့ပြီး နတ်သူငယ်အဆင့်ကနေ ချီအခြေခံစုစည်းခြင်းအဆင့်ရှိသော ကျင့်ကြံသူများစွာကို တွေ့လိုက်ရ၏။ ဘေးပတ်ပတ်လည်တွင် ခမ်းနားထည်ဝါလွန်းလှသည့် အဆောင်အယောင်များစွာကိုလည်း ကျစ်ယန်တွေ့လိုက်ရသည်။

ကျစ်ယန်သည် သူ့တပ်ဆင်ထားသော မျက်နှာဖုံးမှာ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်နိုင်မှန်းသိထားခြင်းဖြစ်၏။ ကျစ်ယန်သည် အမတနတ်ဘုရားဂိုဏ်းရဲ့ ကျယ်ဝန်းလှသော နေရာကို ယခုမှသာ ရောက်ရှိဖူးခြင်းဖြစ်သည်။ အောက်တွင် ရှိသော ကျင့်ကြံသူများစွာသည် ကျစ်ယန်ကို ကြည့်ကာ အားကျနေကြ၏။

ရှုယန်သည် ကျစ်ယန်ဘေးတွင် လျှပ်တစ်ပြက်ပေါ်လာတဲ့အခါ အားလုံးသည် ဒူးထောက်ခေါင်းညွှတ်ကာ အရိုအသေပေးလိုက်ကြသည်။

ရှုယန်သည်သူ့လက်ဖဝါးပေါ်ရှိ အဖြူရောက်ကျောက်ပြားရှည်အား ကျစ်ယန်ကို ပေးလိုက်ပြီး "လက်ရှိအချိန်ကစပြီး သူကအမတနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ငယ်ပဲ ၊ သူ့အမိန့်မနာခံတဲ့လူကို ငါကိုယ်တိုင်အညာတာမဲ့သတ်ပစ်မယ်...." လို့ ကြောက်စရာကောင်းသည့် စွမ်းအင်လှိုင်းဖြင့် အမိန့်ချလိုက်၏။

ဂိုဏ်းတပည့်များအားလုံးနဲ့ အကြီးအကဲများသည် ကျစ်ယန်ကိုလဲ အရိုအသေပြုကာ နှုတ်ဆက်လိုက်ကြသည်။ ရှုယန်သည်

ကျစ်ယန်အား ပုခုံးဖက်ကာ တောင်ထပ်တစ်ခုကို ခေါ်ဆောင်သွားခဲ့ပြီး အစီအစဥ်တစ်ခုအကြောင်း ပြောပြလိုက်၏။

ရှုယန်သည် ကျစ်ယန်နဲ့ပက်သက်ပြီး ကြီးပြင်းလာသော နေရာကို စုံစမ်းရရှိခဲ့

​ေသာ်လည်း ရှာဖွေခဲ့ချိန်တွင် ကျစ်ယန်သည် မရှိခဲ့တော့ပေ။ ရှုယန်သည် နတ်ဆိုးအိုးကြီး တွမ်ဟုန်လီအဖြစ်နဲ့ ဂိုဏ်းချုပ်ရှန်းထန်းယွင်ထံသို့ သတင်းတစ်ခုပေးပို့ခဲ့၏။

မိုးပြာရောင်နဂါးအမှတ်တံဆိပ်ပါသော လူငယ်သည် အလွန်ပင်ဝေးကွာသော သူတော်စင်ဂိုဏ်းခွဲတွင် ရှိနေကြောင်း သတင်းပေးပို့ခဲ့ခြင်းပင် ဖြစ်သည်။ ရှန်းထန်းယွင်သည် ထိုသတင်းအတည်ပြုနိုင်ဖို့ လူတစ်ချို့ကို စေလွှတ်ပေးရန် တွမ်ဟုန်လီအား တောင်းဆိုခဲ့၏။

ရှုယန်သည် သူ့စီစဥ္ထားသည်များကို ပြောပြခဲ့ပြီးနောက် ကျစ်ယန်အား ဖုန်းတောက်ဂိုဏ်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ကျစ်ယန်သည် နတ်သူငယ်အဆင့်၈ကို ရောက်လာတဲ့အခါ စိတ်ဝိညဥ်နတ်ဘုရားအာရုံသည် ပိုမိုကျယ်ပြန့်၍ အားကောင်းလာ၏။

အချိန်သည် တခဏလေးအတွင်းမှာပဲ ညမိုးချုပ်သွားတဲ့အခါ ကျစ်ယန်သည် ရှုယန်ပေးထားသည့် စိမ်းညိုရောင်ဝတ်ရုံနဲ့အတူ

တောင်ထိပ်တစ်ခုပေါ်ကို ရောက်ရှိလာခဲ့သည်။ ရှုယန်ပေးထားသော ဝတ်ရုံသည် မျက်နှာအသွင်အပြင်ကို ဖုံးကွယ်ပေးနိုင်ခြင်းဖြစ်၏။

တောင်ထိပ်ပေါ်တွင် ကျစ်ယန်အား စောင့်ဆိုင်းနေသော သူများသည် ချီအခြေံခံစုစည်းခြင်းအဆင့်သာ ရှိသော ကျစ်ယန်ကို မြင်တဲ့အခါ ကြောင်အသွားကြသည်။ သူတို့အားလုံးသည် အသက်ကိုစွန့်စားရမည့် တာဝန်များကို ထမ်းဆောင်ရမည့် အမိန့်ကို နာခံထားရခြင်းဖြစ်၏။

ချီအခြေခံစုစည်းခြင်းအဆင့်၌ ရှိသောသူသည် သူတို့အဖွဲ့သားတစ်ဦး ဖြစ်နေလိမ့်မည်လို့ မမျှော်လင့်ထားကြပေ။

All Chapters