← Chapters

အခန်း (၁၁၈)

Vol. 9 Ch. 118

အခန်း (၁၁၈)

Vol. 9 Ch. 118

ကျစ်ယန်သည် သူ့ရှေ့ရှိလူအားလုံးမှာ အမတနတ်ဘုရားဂိုဏ်းရဲ့ ကျင့်ကြံသူများ ဖြစ်ကြောင်း သိရှိပြီးသားဖြစ်၏။ လက်ရွေးစင်တပည့်သား၈ယောက်သည် ကျစ်ယန်အား အထင်သေးသောအကြည့်ဖြင့် ကြည့်နေခဲ့ကြသည်။

မိန်းကလေးငယ်တစ်ဦးသည် ကျစ်ယန်ပုခုံးအား ပုတ်လိုက်ပြီး "ဘယ်လိုပဲဖြစ်ဖြစ် နင်ကငါတို့အဖွဲ့ဝင်၁ယောက်ဆိုတော့ ဒီကမမက နင့်ကိုဂရုစိုက်ပေးမှာပါ " လို့ ချိုသာစွာ ပြောလိုက်၏။ နတ်သူငယ်အဆင့်၃ရှိသည့် ယွမ်ထျယ်လို့ခေါ်သော မိန်းမလှလေးသည် အမတနတ်ဘုရားဂိုဏ်းရဲ့ ထူးချွန်သော တပည့်သား ၁ယောက်ပင် ဖြစ်သည်။

ယွမ်ထျယ်ရဲ့ နောက်တွင် ရှိသောသူများသည် စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်ကြ၏။ ယွမ်ထျယ်သည် သူ့ဆရာပေးထားသော ပျံသန်းနိုင်သည့် လင်းယုန်ဌက်သားရဲ၁ကောင်ကို ထုတ်လိုက်သည်။

လင်းယုန်ဌက်ရဲ့ပျံသန်းနှုန်းသည် အလွန်မြန်ဆန်သောကြောင့် ကျစ်ယန်တို့သည် အလွန်ဝေးကွာလှသော တိုင်းပြည်ကို ရောက်ရှိလာခဲ့၏။ လင်းယုန်ဌက်သည် အချိန်အတော်ကြာပျံသန်းပြီးတဲ့နောက် စွမ်းအားကုန်ခန်းလာခဲ့သည်။

ယွမ်ထျယ်သည် လင်းယုန်ဌက်ကြီးပေါ်တွင် ထိုင်နေရာမှ ထလိုက်ပြီး ဆင်းသက်ရန် ပြောလိုက်၏။ ကျစ်ယန်တို့သည် ဟိုင်လင်းမြို့ဟု ခေါ်သည့် မြို့ငယ်လေးတွင် ဆင်းသက်လိုက်ကြသည်။ ယွမ်ထျယ်သည် မြေပုံစာလိပ်အား ထုတ်ကြည့်လိုက်ပြီး ပြန်သိမ်းလိုက်၏။

ယွမ်ထျယ်သည် ဟိုင်လင်းမြို့ရှိ နာမည်ကြီးသော စားသောက်ဆိုင်တစ်ခုကို ဝင်လာခဲ့သည်။ သူ့နောက်တွင် အားလုံးသည် လိုက်ပါလာခဲ့၏။ ယွမ်ထျယ်နဲ့အတူ အားလုံးသည် စားပွဲတစ်ခုတွင် အတူဝင်ထိုင်လိုက်ကြသည်။ ယွမ်ထျယ်သည် သူ့ရဲ့ဝတ်ရုံအား ချွတ်လိုက်ပြီး လွတ်လွတ်လပ်လပ်နေဖို့ အားလုံးကို ပြောလိုက်၏။

ကျစ်ယန်သည် သူ့ရဲ့ဝတ်ရုံကို ချွတ်လိုက်တဲ့အခါ ကျူးချွင်သည်စိတ်ပျက်သောအမူအယာဖြစ်သွားပြီးတခြားတစ်ဖက်ကိုသာ ကြည့်လိုက်သည်။ ယွမ်ထျယ်သည် ကျစ်ယန်ဘေးနားသို့ ကပ်ထိုင်လိုက်ပြီးတီးတိုးစွာအသံဖြင့်" ....မင်းမှာဘယ်လိုအရည်အချင်းတွေ ရှိလို့ အကြီးအကဲကြီးက ငါတို့နဲ့ထည့်လိုက်တာလဲ ငါတကယ်သိချင်မိတယ်"

လို့ ဆိုလိုက်၏။

ကျစ်ယန်​သည် အရက်တစ်ခွက်ကိုသာ မော့သောက်လိုက်ပြီး ဘာမှမဖြေကြားခဲ့ပေ။ ကျစ်ယန်တို့စားပွဲဝိုင်းအနီးတွင် လူ၁၀ရှိသော အဖွဲ့ရှိနေခဲ့သည်။ အနီရောင်ဝတ်စုံဖြင့် မိန်းမလှလေးသည် သူ့လက်ထဲရှိ ဆံထိုးကို လှည့်ကစားနေခဲ့ပြီး သူ့လူများကို မျက်စပြုလိုက်၏။

လူ၅ယောက်သည် ချက်ချင်း ထသွားပြီး မျက်နှာဖုံးများတပ်ဆင်ထားသော လူ၂ယောက်ရှိသည့် စားပွဲဝိုင်းရှိသို့ သွားလိုက်ကြသည်။ ချင်းရဲ့ခေါ်သော မျက်နှာဖုံးနှင့်လူသည် အရက်တစ်ခွက်ဌဲ့နေရင်း "ဒီနေ့ငါလူမသတ်ချင်သေးဘူး....." လို့ ပြောလိုက်၏။

အနီရောင်ဝတ်စုံဖြင့် မိန်းကလေးငယ်သည် စားပွဲခုံကို လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး "သူတို့၂ယောက်လုံးရဲ့ အသက်ကို ငါခုချက်ချင်းလိုချင်တယ်" လို့ ဒေါသထွက်စွာ ပြောလိုက်သည်။ အားလုံးသည် တိုက်ခိုက်ရန် ဟန်ပြင်ဆင်ချိန်တွင် "ဒီနေရာက မင်းတို့ကို မကြိုဆိုဘူး ၊ ငါ့ဆိုင်က ခုချက်ချင်းထွက်သွားပေးပါ...." ဟုသော အသံစွမ်းအင်လှိုင်းထွက်ပေါ်လာခဲ့၏။

အနီရောင်ဝတ်စုံဖြင့် မိန်းကလေးငယ်သည် ​သူ့လူတွေကို ရပ်တန့်ခိုင်းလိုက်ပြီး အဖွဲ့လိုက်ဆိုင်ထဲမှ ထွက်ခွာသွားသည်။ မျက်နှာဖုံးဖြင့် လူ၂ယောက်သည် ငွေဒင်္ဂါးတချို့ကို စားပွဲပေါ်တင်ပြီး ထွက်ခွာမည့်ချိန်တွင် ယွမ်ထျယ်သည် ဓားဖြင့် နံရံကို ပစ်သွင်းလိုက်ပြီး "သန်းခေါင်ယံဝံပုလွေကလန်အသင်းက နဂိုကထက် ပိုအတင့်ရဲလာတာ မထူးဆန်းဘူး....." လို့ ဆိုလိုက်၏။

ချင်းရဲ့သည် သူ့ရဲ့မျက်နှာဖုံးကို ခွာချလိုက်ပြီး "ငါဘယ်သူလဲ မင်းသိသွားပြီဆိုတော့ မင်းတို့အားလုံး ဒီနေရာက ထွက်ခွာသွားနိုင်ဖို့ မစဥ်းစားနဲ့တော့ " လို့ ဆိုရင်း အချက်ပြအဆောင်တံဆိပ်တစ်ခုကို အသက်သွင်းလိုက်သည်။ အဖိုးအိုတစ်ယောက်သည်

အပေါ်ထပ်လှေကားထစ်မှ လျှောက်လှမ်းလာခဲ့ပြီး

စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်၏။

ယွမ်ထျယ်သည် အဖိုးအိုအား အမတနတ်ဘုရားဂိုဏ်းရဲ့ အမိန့်တံဆိပ်ပြားကို ထုတ်ပြလိုက်သည်။ အဖိုးအိုသည် တံဆိပ်ပြားကိုမြင်ပြီးတဲ့နောက် အရိုအသေပြုရန် ပြင်စဥ်တွင် ယွမ်ထျယ်သည် ဟန်မပျက်ဖို့ ပြောလိုက်၏။ လျှပ်တစ်ပြက်အတွင်းမှာပဲ လေဟာနယ် အက်ကွဲကြောင်းထဲမှ လူ၅ယောက်ထွက်ပေါ်လာခဲ့သည်။

ချင်းရဲ့သည် ရောက်ရှိလာသော လူများထဲမှ ခမောက်ညိုရောင်ဆောင်ထားသော လူနားသို့ ကပ်လိုက်ပြီး တီတိုး ပြောဆိုနေ၏။ ခမောက်ညိုရောင်ဆောင်းထားသောသူသည် မြေကြီးအားခြေထောက်တစ်ချက်နင်းရင်း နတ်သူငယ်အဆင့်၁ စွမ်းအားအရှိန်အဝါကို လွှင့်ထုတ်လိုက်သည်။ ယွမ်ထျယ်သည် လှောင်ပြောင်သည့်ပုံစံဖြင့် အနည်းငယ်ပြုံးလိုက်ပြီး

"မောင်လေးအန်ဟန်နဲ့ရှီကန် ...... သူတို့ ၅ယောက်လုံးကို နည်းနည်းပညာပေးလိုက်" လို့ ပြောလိုက်၏။

အန်ဟန်နဲ့ ရှီကန်သည် ထိုင်နေရာမှ ထကာ နတ်သူငယ်အဆင့်၂စွမ်းအားအရှိန်အဝါနဲ့အတူ စတင်တိုက်ခိုက်ကြသည်။ ခမောက်ညိုရောင်ဆောင်းထားသော သူသည် တစ်ဖက်ရန်သူမှာ သူ့ထက်အင်အားကြီးမှန်း သိသွားတဲ့အခါ နတ်သူငယ်အဆင့်မရောက်ရှိသေးသော သူ့လူတွေကို ထိုးကျွေးရင်း ထွက်ပြေးသွားခဲ့၏။

ကျန်ရှိသော သူများသည် အန်ဟန်နဲ့ရှီကန်ရဲ့တိုက်ခိုက်ချက်ကြောင့် ကျင့်ကြံမှုဆုံးရှုံးသွားကြရင်း ဆိုင်ပြင်ပကို ထွက်ခွာသွားကြသည်။ အဖိုးအိုသည် ကျစ်ယန်တို့ အဖွဲ့ကို အရိုအသေပြုလိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။ အဖိုးအိုရဲ့ နာမည်မှာ ဟွာချင်းဖြစ်ပြီး အမတနတ်ဘုရားဂိုဏ်းရဲ့ လက်အောက်ခံဂိုဏ်းဖြစ်သော ကျိူးလန်ဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်သည်။

ကျူးချွင်သည် ယွမ်ထျယ်အနားကို ကပ်လိုက်ပြီး "မမယွမ်ထျယ်....သန်ခေါင်းယံဝံပုလွေကလန်အသင်းကို ဘယ်လိုလုပ်ဖို့ စဥ်းစားထားလဲ " လို့ မေးလိုက်၏။

ယွမ်ထျယ်သည် စားပွဲဝိုင်းသို့ ပြန်ထိုင်လိုက်ပြီး

"အကြီးအကဲဟွာချင်း....သူတို့ကလန်ရဲ့ အင်အားကို ပြောပြပေးပါ" လို့ ဆိုလိုက်သည်။

အဖိုးအိုဟွာချင်းသည် ဟိုင်ချင်းမြို့အကြောင်း ချက်ချင်းရှင်းပြလိုက်၏။ ဟိုင်ချင်းမြို့တွင် အင်အားကြီးမားသည့် ကလန်ကြီး၃ခုပင် ရှိသည်။ သန်ခေါင်းယံဝုံပုလွေကလန်သည်လည်း အပါအဝင်ဖြစ်၏။ မကြာသေးမီက ကောလဟာလသတင်းတစ်ခုပေါ်ထွက်ခဲ့သည်။ သန်ခေါင်ယံဝံပုလွေကလန်သည် ​နတ်သူငယ်အဆင့်၅ စွမ်းအားထက်ကျော်လွန်သော အစီအရင်တစ်မျိုးကို လေလံတစ်ခုတွင် ရရှိခဲ့ခြင်းပင်ဖြစ်၏။

ထို့အပြင် အင်အားကြီး ဂိုဏ်းတစ်ခုသည်လည်း သန်ခေါင်းယံဝံပုလွေကလန်ကို ထောက်ပံပေးနေသည့် သတင်းများ ထွက်ပေါ်နေခြင်းပင် ဖြစ်သည်။ ယွမ်ထျယ်သည် လေဟာနယ်အက်ကွဲကြောင်းတစ်ခု ဖန်တီးလိုက်ပြီး "သေမှာကြောက်တဲ့လူ ဒီမှာနေခဲ့လို့ရတယ် " လို့ သူ့လူတွေကို ပြောလိုက်သည်။

သို့သော်အားလုံးသည် ယွမ်ထျယ်နဲ့အတူ လိုက်ပါလာခဲ့၏။ သန်းခေါင်ယံဝံပုလွေကလန်ရဲ့ ခန်းမထဲတွင် ခမောက်ညိုရောင် ဆောင်းထားသောသူသည် ကြောက်လန့်တုန်လှုပ်စွာဖြင့် သူ့ရှေ့ရှိ လူအားပြောပြနေခဲ့သည်။

တစ်ကိုယ်လုံးတွင် ရေခဲများပတ်လည်စွာရှိသော ချင်ဖုန်းသည် လက်ဖြောက်တီးလိုက်တဲ့အခါ ဓားကိုင်ဆောင်ထားသည့် အဖိုးအို၂ပါးထွက်ပေါ်လာခဲ့၏။ချင်ဖုန်းသည် ခမောင်ညိုရောင်ဆောင်ထားသော လူနားကို လမ်းလျှောက်ကာ ညာပုခုံးကို ပုတ်လိုက်ပြီး

"...သူတို့အားလုံးရှိတဲ့နေရာကို အမြန်ဆုံးခေါ်သွားလိုက်... " လို့ တည်ငြိမ်အေးစက်စွာ ပြောလိုက်သည်။

All Chapters