အခန်း (၁၁၉)
Vol. 9 Ch. 119
ပေါက်ကွဲသံနဲ့အတူ အကြီးအကဲတချို့သည် ချင်ဖုန်းရှေ့ကို ရောက်ရှိလာပြီး ကလန်အစီအရင် ဖျက်ဆီးခံနေရကြောင်း ပြောလိုက်ကြသည်။ ချင်ဖုန်းသည် ပြုံး၍ ပျောက်ကွယ်သွားခဲ့ပြီး လူအားလုံး၏ ကောင်းကင်ယံထက်တွင် ပြန်လည်ထွက်ပေါ်လာ၏။
သူ့နောက်တွင် လူတချို့လဲ လိုက်ပါလာခဲ့သည်။ ယွမ်ထျယ်သည် သူ့စွမ်းအားကို အဆုံးထိမြှင့်တင်လိုက်ပြီး အကာအကွယ်အစီအရင် တစ်ချက်ထဲနဲ့ ဖျက်ဆီးပစ်လိုက်၏။ကျစ်ယန်သည် ယွမ်ထျယ်၏ သားရဲကောင်ပေါ်တွင်ရှိနေခဲ့ပြီး တစ်ဖက်လူတွေရဲ့ ကျင့်ကြံမှုအဆင့်သည် နတ်သူငယ်အဆင့်၆လောက်ပင် ရှိနေမည်ဟု မထင်ထားပေ။
သာမန်မြို့လေးထဲတွင် ကြောက်စရာကောင်းသော ကျင့်ကြံသူတွေ ပုန်းကွယ်နေမှန်း သိလိုက်သည်။ကျူးချွင်သည် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး
"ရှင်တို့အားလုံးအသေခံမလား....အညံခံမလား " လို့
ကျယ်လောင်စွာအသံစွမ်းအင်လှိုင်းဖြင့် ပြောလိုက်၏။
ချင်ဖုန်းသည် ကျူးချွင်နောက်ကို လျှပ်တစ်ပြက်ရောက်ရှိသွားပြီး ကျစ်ယန်ကိုလက်ညိုးထိုးကာ "သူကလွဲရင် ကျန်တဲ့သူအားလုံး ဒီက ထွက်သွားလို့ရပြီ " လို့ အသာအယာပင် ပြောလိုက်သည်။ချင်ဖုန်းရဲ့ကျင့်ကြံမှုအဆင့်သည် သူ့တို့ရရှိထားသည့်သတင်းနှင့် အလွန်ကွာဟနေမှန်းသိလိုက်ရ၏။
ချင်ဖုန်းနောက်ကွယ်တွင်ရှိသော အကြီးအကဲများကလဲ နတ်သူငယ်အဆင့်၆စွမ်းအားအရှိန်အဝါကို ထုတ်လွှတ်လိုက်ကြပြီး "ခေါင်းဆောင်ပြောနေတာကို မထွက်သွားသေးဘဲ မင်းတို့က အသေခံဖို့ ဆန္ဒရှိနေကြတာလား" လို့ အော်ဟစ်လိုက်ကြသည်။
ယွမ်ထျယ်နဲ့အတူ အားလုံးသည် မျက်နှာပျက်သွားကြပြီး ကျစ်ယန်ကို ထားကာ ချက်ချင်းပင် ထွက်ခွာသွားကြ၏။ ကျစ်ယန်သည် လင်းယုန်းငှက်အား မြေပြင်ပေါ်သို့ ဆင်းသက်ခိုင်းလိုက်ပြီး "မင်းနဲ့ငါနဲ့ တွေ့ဖူးလို့လား...." လို့ ချင်ဖုန်းအားမေးလိုက်သည်။
အကြီးအကဲများသည် သူတို့ခေါင်းဆောင်အား မရိုမသေဆက်ဆံသည့် ကျစ်ယန်အားဒေါသထွက်သွားကြသော်လည်း ချင်ဖုန်းသည် ပြုံးစွာဖြင့် "ကျွန်တော်မျိုးက အမတနတ်ဘုရားဂိုဏ်းရဲ့ အနာဂတ်ဂိုဏ်းချုပ်ကို မသိဘဲနေပါ့မလား ..." လို့ ပြောလိုက်၏။
ကျစ်ယန်သည် တဖက်လူမှာ သူ့ဘယ်သူလဲဆိုတာ သိနေမည်လို့ မထင်ထားပေ။ ကျစ်ယန်သည် တည်ငြိမ်စွာနဲ့ပဲ "မင်းဘာလိုချင်လို့လဲ....." မေးလိုက်သည်။ ချင်ဖုန်းသည် ကျယ်လောင်စွာအသံဖြင့် ရယ်မောလိုက်ပြီး "ငါဘယ်သူလဲရော မင်းသိလား" လို့ မေးလိုက်၏။
ချင်ဖုန်းသည် သူ့လက်ထဲရှိ တံဆိပ်ပြားအား ပွတ်သပ်ရင်း သူ့အကြောင်း ပြောပြလိုက်သည်။ချင်ဖုန်းသည် အမတနတ်ဘုရားဂိုဏ်းရဲ့ အကြီးအကဲတစ်ဦးဖြစ်ခဲ့ဖူး၏။ တနေ့မှာ ချင်ဖုန်းသည် အမတနတ်ဘုရားဂိုဏ်းအား သစ္စာဖောက်ကာ တခြားဂိုဏ်းထံတွင် ခိုလှုံသွားခဲ့ခြင်းဖြစ်သည်။
ချင်ဖုန်းပြောပြနေစဥ်တွင် ကျစ်ယန်သည် "မင်းတို့လိုချင်တာ ငါ့အသက်လို့ တန်းပြောလိုက်လို့ မရဘူးလား...." လို့ အေးစက်စွာဖြင့်ပြောလိုက်၏။
ချင်ဖုန်းသည် ဓားတစ်လက်အား မြေပေါ်သို့ ပစ်ချ
လိုက်ပြီး "နောက်ဆုံးအနေနဲ့ မင်းဘာပြောချင်သေးလဲ...." လို့ ဆိုလိုက်သည်။
ချင်ဖုန်းပြောနေချိန်အတွင်း ရုတ်တရတ် ပတ်ဝန်းကျင်၁ခုလုံး မှောင်မဲသွား၏။ ချင်ဖုန်းနဲ့အကြီးအကဲများသည် ဘာမှမမြင်ရတော့တဲ့အခါ တိုက်ခိုက်ရန် စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး "အဲ့ကောင်လေးက တကယ်မရိုးရှင်းဘူး...." လို့ တီတိုးစွာ ရေရွတ်လိုက်ကြသည်။
စက္ကန့်ပိုင်းအတွင်းမှာပဲ အလင်းရောင်ပြန်လည်ထွက်ပေါ်လာခဲ့၏။ အလင်းရောက် ပြန်ပေါ်လာချိန်တွင် ကျစ်ယန်သည် မရှိတော့ပေ။ ချင်ဖုန်းနဲ့ အကြီးအကဲများသည် အချိန်တိုအတွင်းမှာပဲ ကျစ်ယန်သည် ပျောက်ကွယ်သွားတဲ့အခါ ထိပ်လန့်ကြောက်ရွံသွားကြသည်။
ကျစ်ယန်သည် အမတနတ်ဘုရားဂိုဏ်းရဲ့ အနာဂတ်ဂိုဏ်းချုပ်ဖြစ်တဲ့အတွက် ပုန်လျိုးကာကွယ်နေသော သက်တောင်စောင့်များ ကယ်ထုတ်သွားသည်ဟု ထင်မှတ်သွားကြခြင်း ဖြစ်၏။ ချင်ဖုန်းတို့တွေးတောနေစဥ်တွင် ကြောက်စရာကောင်းသည့် ဖိအားအရှိန်အဝါကြီး ကျရောက်လာခဲ့ပြီး "နောက်ဆုံးအနေနဲ့ မင်းတို့ ဘာပြောချင်သေးလဲ..." ဟုသော အသံကြီးထွက်ပေါ်လာခဲ့သည်။
ချင်ဖုန်းနဲ့အကြီးအကဲတစ်ဖွဲ့လုံးသည် အင်အားကြီးမားသော ဖိအားကြောင့် မြေပြင်ပေါ်တွင် ဒူးနှစ်ဖက်စုံကျသွား၏။ ချင်ဖုန်းသည် ဖိအားအရှိန်အဝါကို ခုခံရင်းဖြင့် "ငါတို့ကို သတ်ရဲရင် မင်းလဲ အကြီးအကဲရန်ဟွေးရဲ့လက်က လွတ်မြောက်မယ်ထင်နေလား...." လို့ ပြောဆိုလိုက်သည်။
ချင်ဖုန်းရဲ့စကားကြောင့် ပို၍ အားပြင်းသော ဖိအားကြီး ကျရောက်လာခဲ့ပြီး "ရှင်းရှင်းပြောစမ်း...."ဆိုသည် အသံထပ်မံထွက်ပေါ်လာခဲ့၏။ရန်ဟွေးသည် အမတနတ်ဘုရားဂိုဏ်းရဲ့ အရေးပါသောအကြီးအကဲ ၁ဦးပင်ဖြစ်သည်။ ကျစ်ယန်အား သတ်ဖြတ်ခိုင်းသူမှာ ရန်ဟွေးပင် ဖြစ်၏။
ချင်ဖုန်းသည် ကျင့်ကြံမှုအတွက် လိုအပ်သောအရင်းအမြစ်များ ရရှိရေးအတွက် ရန်ဟွေးခိုင်းသမျှကို လုပ်ဆောင်နေခြင်းဖြစ်ပြီး
ကျန်တာမသိရှိပေ။ ချင်ဖုန်းသည် သူသိသမျှ ပြောပြပြီးတဲ့နောက် သူတို့အား လွှတ်ပေးဖို့တောင်းဆိုလိုက်၏။
သို့သော် သူတို့သည် ကျွန်သခင်သွေးစာချုပ်ချုပ်ဆိုခြင်းနဲ့ သေခြင်းတရားတို့ကိုသာ ရွေးချယ်ခွင့်ရရှိခဲ့သည်။ချင်ဖုန်းတို့သည် စိတ်ဓာတ်ကျစွာဖြင့် သူတို့ရဲ့ သွေးစက်များကို ထုတ်ပေးပြီးတဲ့အခါ ".....မင်းတို့အားလုံး ခုချိန်ကစပြီး ငါ့အစား သခင်ငယ်ကို ကာကွယ်ပေးရမယ်"လို့ အသံသည် နောက်ဆုံးအကြိမ် ထွက်ပေါ်လာခဲ့၏။
ယွမ်ထျယ်နဲ့ကျူးချွင်တို့အဖွဲ့သည် လူစုခွဲကာ ပျံသန်းထွက်ခွာသွားကြခြင်း ဖြစ်သည်။ ဆေးဘုရင်တောင်ကလန်ရဲ့ ဝင်ပေါက်ဝတွင် လူအများစုဝေးနေကြ၏။ လူအများစုသည် တတ်ကြွလှုပ်ရှားနေကြပြီး တီတိုးစွာအချင်းချင်း ပြောဆိုနေကြသည်။
ကျစ်ယန်သည် လူအုပ်စုကြီးကြားတွင်ရှိနေခဲ့ပြီး
စိတ်ဝင်စားစရာကောင်းသော စကားအချို့ကို ကြားလိုက်ရ၏။ ရှေးဟောင်းနတ်ဘုရားများစစ်ပွဲဖြစ်ပွားခဲ့သော လေဟာနယ်နယ်မြေကြီးသည် လေဟာနယ်အက်ကွဲကြောင်းတစ်ခုအဖြစ်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ဆေးဘုရင်တောင်ကလန်သည် ကံကောင်းထောက်မစွာဖြင့် ထိုလေဟာနယ်အက်ကွဲကြောင်းရဲ့ တည်နေရာကို တွေ့ရှိသွားခဲ့ခြင်းဖြစ်၏။ တိုင်းပြည်အရပ်ရပ်မှ ကျင့်ကြံသူပေါင်းစုံသည် လေဟာနယ်အက်ကွဲကြောင်းနဲ့ ပက်သက်ပြီး ရောက်လာကြခြင်းပင် ဖြစ်သည်။