← Chapters

ဆေးဘုရင်တောင်ကလန်

Vol. 9 Ch. 120

ဆေးဘုရင်တောင်ကလန်

Vol. 9 Ch. 120

၁၀နှစ်ကျော်ရှိသော ကလေးမလေး၁ယောက်သည်

ကျစ်ယန်လက်ကို ဆွဲကိုင်လိုက်ပြီး "ဦးဦး......ရုံရုံအမေကို လူဆိုးတွေ လိုက်သတ်နေလို့ ကယ်ပါဦး....." လို့ ငိုမဲ့စွာ ပြောလိုက်သည်။ ကျစ်ယန်သည် ပတ်ဝန်းကျင်အား စစ်ဆေးကြည့်လိုက်ပြီး "မင်းအမေက ဘယ်၁ယောက်လဲ....." လို့ ​မေးလိုက်၏။

ကလေးမလေးသည် ကြောက်ကြောက်နဲ့ သူ့ကြုံတွေ့လာသော အဖြစ်အပျက်ကို ​ပြောပြလိုက်သည်။ရုံရုံနဲ့ သူအမေအပါအဝင် လူတချို့သည် ဆေးဘုရင်တောင်ကလန်ရဲ့ အပြင်ဘက်သို့ ဆေးအမယ်ပင်များ ထွက်ရှာလာကြခြင်းဖြစ်၏။

မျက်နှာဖုံးကွယ်ထားသော အင်အားကောင်းသည့် လူအုပ်စုကြီးသည် သူတို့အဖွဲ့ကို ရုတ်တရက် တိုက်ခိုက်ခဲ့ကြသည်။ ရုံရုံရဲ့အမေသည် ခုခံကာကွယ်ရင်း ကျန်နေခဲ့ပြီး လူတချို့နဲ့ ရုံရုံကို

စေလွှတ်လိုက်ခြင်း ဖြစ်၏။ သို့သော် ထိုလူများသည်လည်း အသတ်ခံလိုက်ရပြီ ဖြစ်သည်။

ရုံရုံပြောပြနေစဥ်အတွင်း လူ၁ယောက်သည် ရုံရုံရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး "နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီပဲ...." ပျော်ရွင်စွာပင် ပြောလိုက်၏။ ရုံရုံသည် ရုန်းကန်ရင်း "ဦးဦီး...ရုံရုံကို ကယ်ပါဦး..." လို့ အော်ဟစ်လိုက်သည်။

ရုံရုံရဲ့အော်ဟစ်သံကြောင့် အားလုံးသည် လှည့်ကြည့်လိုက်ကြတဲ့အခါ ထိုလူသည် ရုံရုံကို အမြန်ဆွဲမဖို့ပြင်လိုက်ပင်မယ့် ကျစ်ယန်သည် တဖက်လူရဲ့ လက်ကို ချုပ်ကိုင်လိုက်ပြီး စိတ်ဝိညဥ်စွမ်းအားဖြင့် ထိန်းချုပ်လိုက်၏။ ကျစ်ယန်သည် ရုံရုံလက်ကို ဆွဲကိုင်လိုက်ပြီး သူ့ထိန်းချုပ်လိုက်သည့် လူအား

လမ်းပြဖို့ စေခိုင်းလိုက်သည်။

တောင်ကုန်းတစ်ခုပေါ်တွင် ချန်းယူယောင်းဟု ခေါ်သော မိန်းမလှလေးသည် ဓားရှည်တစ်လက်အား ကိုင်ဆောင်ရင်း "ရှင်တို့က ယူကျန့်တိုင်းပြည်ရဲ့ ကျင့်ကြံသူတွေပဲ " လို့ သွေးပေများအား သုပ်ရင်းပြောလိုက်၏။ ထိုအခါ မျက်နှာဖုံးဝတ်ဆင်ထားသော လူများသည် မျက်နှာဖုံးများကို လွှတ်ပစ်လိုက်ကြ၏။

ထိုအဖွဲ့ထဲမှ ငယ်ရွယ်သော လူ၁ယောက်သည် ပြုံးစွာဖြင့် ".....သခင်မလေးယူယောင်းက တကယ်ဗဟုသုတပြည့်စုံတဲ့လူပဲ.... " လို့ ပြောလိုက်သည်။ ချန်းယူယောင်းသည် တဖက်လူရဲ့မျက်နှာကို မြင်လိုက်တဲ့အခါ ရယ်မောလိုက်ပြီး ".....ယူကျန့်တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသားကျန့်ရီ ကိုယ်တိုင်ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး..." လို့ ဆိုလိုက်၏။

ကျန့်ရီသည် သူ့ဓားအား သိုလှောင်ကွင်းလက်စွပ်ထဲသို့ ပြန်ထည့်သိမ်းလိုက်ပြီး လက်နက်ချအညံခံဖို့ ပြော

လိုက်သည်။ ချန်းယူယောင်းသည် ခေါင်းခါကာ ငြင်းလိုက်ပြီး တိုက်ခိုက်တော့မည့်ချိန်တွင် "မေမေ...." ဟု ခေါ်သံကို ကြားလိုက်ရ၏။

ချန်းယူယောင်းသည် ရုံရုံကို မြင်လိုက်တဲ့အခါ

"ရုံအာ.....နင်ဘယ်လိုလုပ် ဒီပြန်ရောက်လာတာလဲ" လို့ ဆိုလိုက်သည်။ ကျန့်ရီသည် အတူယှဥ်ရပ်နေသော ကျစ်ယန်နဲ့ သူရဲ့လူကို တွေ့တဲ့အခါ "......မင်းတို့၂ယောက်လုပ်တာ တော်တယ်.... " လို့ ချီးမွမ်းလိုက်၏။

ရုံရုံသည် ကျစ်ယန်အားလက်ညိုးထိုးလိုက်ပြီး "....ဒီဦးဦးက ရုံအာကို ဟိုလူဆိုးတွေလက်ထဲက ကယ်ခဲ့တာ..." လို့ ပြောလိုက်သည်။ ချန်ယူယောင်းသည် ကျစ်ယန်အား ကြည့်လိုက်ပြီး

လူဆိုးတွေနဲ့ တစ်ဖွဲ့ထဲလို့ ထင်နေမိ၏။

ကျစ်ယန်သည် စိတ်ဝိညဥ်အသံလှိုင်းဖြင့် "....သူတို့ရဲ့ ဒန်တျန်တွေကို ဖျက်ဆီးလိုက်ပြီး သူ့တို့ရဲ့ သိုလှောင်ကွင်းလက်စွပ်ကို အကုန်သိမ်းလိုက်...." လို့ စေခိုင်းလိုက်သည်။

အမှောင်ထဲတွင် ပုန်းကွယ်နေသော ချင်ဖုန်းတို့အဖွဲ့သည် အမိန့်ပေးလိုက်သော အသံကိုကြားလိုက်သဖြင့် သူတို့ရဲ့သခင်သည် သူတို့နဲ့ အတူ ရှိနေလိမ့်မည်လို့ မထင်ထားပေ။

ချင်ဖုန်းနဲ့အကြီးအကဲများသည် ပုန်းကွယ်နေရာမှ ထွက်လာပြီး လျှပ်တစ်ပြက်အတွင်း ကျန့်ရီတို့ ၁ဖွဲ့လုံးကို တိုက်ခိုက်လိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျန့်ရီတို့သည် ကျင့်ကြံမှုအားလုံး ပျက်စီးသွားပြီး မြေပြင်ပေါ်တွင် အသက်ရှုဖို့ပင် ခက်ခဲသော အခြေအနေကို ရောက်ရှိသွားသည်။

ချန်ယူယောင်းသည် သူ့မျက်စိရှေ့အရာအားလုံးကို မယုံကြည်နိုင်ဖြစ်သွားပင်မယ့် ချက်ချင်းထွက်ခွာဖို့ ဟန်ပြင်လိုက်၏။ သို့သော် ရုံရုံသည် ချန်ယူယောင်းအား တားလိုက်ပြီး"...မေမေ...ဘာလို့ဦးဦးကို ၁ယောက်ထဲထားခဲ့တာလဲ...."လို့ ပြောလိုက်သည်။

ချန်ယူယောင်းသည် ကျစ်ယန်အား ကြည့်လိုက်ပြီး

"နင်က တကယ်ပဲ.....ရုံအာကို ကယ်ခဲ့တာလား...." လို့ ​မေးလိုက်၏။ ကျစ်ယန်သည် ဘာမှ​ပြန်မဖြေတော့ပဲ ထွက်ခွာတော့မည့်ချိန်တွင် ရုံရုံသည် ကျစ်ယန်လက်ကို ပြေးဆွဲလိုက်ပြီး "ဦးဦးပါမှ....ရုံရုံလဲ မေမေနဲ့ ပြန်လိုက်ခဲ့မယ်" လို့ ပြောလိုက်သည်။

ချန်ယူယောင်းသည် ဒဏ်ရာရရှိထားသဖြင့် ရုတ်တရက် ပစ်လဲကျသွားကာ မေ့မြောသွားခဲ့၏။

ရုံရုံသည် ချန်ယူယောင်းအား ပြေးဖက်ကာငိုကာဖြင့် "...ဦးဦး...မေမေဘာဖြစ်သွားတာလဲမသိဘူး ၊ မေမေကို ကယ်ပါဦး..." လို့ ပြောလိုက်သည်။

ကျစ်ယန်သည် ချန်ယူယောင်းအား စိတ်ဝိညဥ်စွမ်းအားဖြင့် စစ်ဆေးကြည့်

လိုက်၏။ ကျစ်ယန်သည် ဆေး၁လုံးကို ပါးစပ်ထဲသို့ ထည့်သွင်းလိုက်ပြီး " သူနိုးလာတဲ့အထိ ခဏစောင့်လိုက်ရအောင်..." လို့ ပြောလိုက်သည်။

အချိန်သည် တစ်နာရီကြာမြှင့်ပြီးနောက် ချန်ယူယောင်းသည် ပြန်လည်နိုးလာခဲ့၏။ ချန်ယူယောင်းသည် နိုးလာသည်နှင့် ကျစ်ယန်နဲ့ ရုံရုံကို ကြည့်လိုက်ပြီး "....ငါတို့အိမ်ပြန်ကြရအောင်...." လို့ ပြောကာ ၃ယောက်အတူ လမ်းလျှောက်ကာထွက်ခွာလာခဲ့သည်။ စက်ဝန်းသဏ္ဍာန်ကျောက်သားပြင်နေရာတစ်ခုကို ရောက်တဲ့အခါ ချန်ယူယောင်းသည် သူ့ရဲ့သိုလှောင်ကွင်းလက်စွပ်ထဲမှ ခရမ်းပြာရောင်မှော်ကျောက်တုံးများကို ထုတ်လိုက်၏။

စကဝန်းသဏ္ဍာန်ကျောက်သားပြင်တွင် သေးငယ်သော နဂါးရုပ်ထု ၊မျောက်ရုပ်ထု ၊ မိချောင်းရုပ်ထု နဲ့ သိမ်းဌက်ရုပ်ထုတို့ ရှိနေခဲ့သည်။

ချန်ယူယောင်းသည် မှော်ကျောက်တုံး ၄တုံး ရုပ်ထု ၄ခုအတွင်းကို ပစ်သွင်းလိုက်၏။ စက္ကန့်အနည်းငယ်အတွင်း စက်ဝန်းသဏ္ဍာန် ကျောက်သားပြင်ကြီးသည် အလင်းတန်းအဖြစ်ကို ပြောင်းလဲသွားသည်။

ကျစ်ယန်သည် သူ့ရောက်ရှိလာသော နေရာသည် ဆေးဘုရင်တောင်ကလန်ရဲ့နယ်နိမိတ်ထဲကို ရောက်ရှိလာမှန်းသိလိုက်ရ၏။ ချန်ယူယောင်းသည် ရုံရုံလက်ကိုဆွဲပြီး သူ့နောက်ကို လိုက်လာဖို့ ကျစ်ယန်ကို မှာကြားလိုက်သည်။

ချန်ယူယောင်းသည် နန်းဆောင်သဖွယ်ရှိသော အခန်းထဲကို ဝင်လာခဲ့၏။ အခန်းထဲတွင် ရှိနေသော လူတချို့သည် ချန်ယူယောင်းကို ကြည့်နေချိန်တွင် မိုစီလို့ခေါ်သောလူ၁ယောက်သည်

ဆေးလုံး၁လုံးအား လက်ထဲတွင် ဆော့ကစားနေရင်း "...ဘယ်လိုလဲသခင်းမလေး၂ ၊ သခင်ကြီးစေခိုင်းတဲ့ကိစ္စအောင်မြင်ရဲ့လား...." လို့ ရယ်မောရင်း မေးလိုက်သည်။

ချန်ယူယောင်းသည် လူ၁ယောက်အား အရိုအသေပြုလိုက်ပြီး ခြုံခိုတိုက်ခိုက်ခံရကြောင်း

ရှင်းပြလိုက်၏။ ချန်ယူယောင်းရှေ့ရှိလူသည် ဖန်လုံးသဏ္ဍာန်ရှိသော ရတနာချွမ်းကျန်းကို ထုတ်လိုက်ပြီး ချန်ယူယောင်းကို စစ်ဆေးလိုက်သည်။

ချန်ကွမ်လို့ ခေါ်သောသူသည် ဆေးဘုရင်တောင်ကလန်ရဲ့ အတော်ဆုံးလို့ဝှက်ထောက်လှမ်းရေးအဖွဲ့ကို စစ်ဆေးဖို့ ချက်ချင်းပင် စေလွှတ်လိုက်၏။ ချန်ကွမ်သည် ချန်ယူယောင်းနောက်တွင်ရှိသော ကျစ်ယန်အား သတိထားမိသွား၍ မေးလိုက်သည်။

ကျစ်ယန်သည် သာမန်လူဖြစ်ပြီး သူမေ့မြောနေစဥ်အတွင်း ယာယီစောင့်ရှောက်ပေးထား၍ ခေါ်လာကြောင်း တင်ပြလိုက်၏။

All Chapters