← Chapters

ဝူဟောင်လန်တိုင်းပြည်ကို ရောက်ရှိခြင်း

Vol. 9 Ch. 121

ဝူဟောင်လန်တိုင်းပြည်ကို ရောက်ရှိခြင်း

Vol. 9 Ch. 121

မိုစီသည် အပြင်လူ၁ယောက်ကို လက်မခံဖို့ ချက်ချင်းကန့်ကွက်လိုက်၏။ သို့သော် ချန်ကွမ်သည် သူ့သမီးကို ကာကွယ်ပေးထားသည့် ကျေးဇူးကြောင့် ကျစ်ယန်ကို သန့်ရှင်းရေးတပည့်ခေါင်းဆောင်ရာထူးကို ပေးကာ

ဆေးဘုရင်တောင်ကလန်တွင် နေခွင့်ပြုလိုက်သည်။

ချန်ယူယောင်းသည် ကျေးဇူးတင်ကြောင်းပြောဖို့ ကျစ်ယန်အား မျက်စပစ်လိုက်၏။ ကျစ်ယန်သည် လက်နှစ်ဖက်ဆုပ်ကာဖြင့် ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ ချန်ကွမ်သည် တပည့်အားလုံးကို အပြင်မထွက်ဖို့ အမိန့်ထုတ်ပြန်ခိုင်းလိုက်ပြီး ကျင့်ကြံရေးတိုးတက်ဖို့အတွက်သာ အလေးထားဖို့ ဆိုလိုက်၏။

ကျစ်ယန်သည် နတ်ဘုရားအကြွင်းအကျန်နယ်မြေကို

ဝင်ရောက်ချင်တဲ့အတွက် ဆေးဘုရင်တောင်ကလန်မှာ နေဖို့ ဆုံးဖြတ်လိုက်သည်။ ဆေးဘုရင်တောင်ကလန်တွင်

တံမြတ်စည်းကိုင်ကာ လူအများစုသည် သန့်ရှင်းရေး ပြုလုပ်နေကြ၏။

ကျစ်ယန်သည် သူ့ရရှိထားသော အခန်းမှာ အလွန်ပင် စုတ်ပြတ်လွန်းနေသဖြင့် ကိုယ်တိုင်သန့်ရှင်းရေး လုပ်နေခဲ့သည်။ ထိုချိန် သန့်ရှင်းရေးကျွန်များဖြစ်သော လူ၂ယောက်သည်

ကျစ်ယန်ထံ ရောက်ရှိလာခဲ့၏။ သခင်မလေး၁သည် သူ့အားခေါ်ဆောင်မှန်း သိလိုက်ရ၍ ကျွန်တပည့်၂ယောက်နဲ့ လိုက်ပါလာခဲ့သည်။

ကန်ရေပြင်အနားတွင် အလွန်ပင် ချစ်စရာကောင်းသော အဖြူရောင်ဝတ်စုံဖြင့် မိန်းကလေးသည် ရေပြင်ကို ရပ်ကြည့်နေခဲ့၏။ ကျစ်ယန်သည် ထိုမိန်းကလေးအနားကို သွားလိုက်ပြီး သူ့အားအဘယ်ကြောင့် ခေါ်ဆောင်လဲ မေးလိုက်သည်။

ချန်ယူအန်းဟုခေါ်သော မိန်းမလှလေးသည် ရေကန်အား ကြည့်နေရင်း "နင်ရဲ့ ရည်ရွယ်ချက်အမှန်က ဘာလဲ " လို့ မေးလိုက်၏။ ချန်ယူအန်းရဲ့ စကားသည် ထူးဆန်းနေခဲ့သည်။

ကျစ်ယန်သည် တိတ်ဆိတ်စွာဖြင့် ဘာမှပြန်မပြောခဲ့ပေ။

ချန်ယူအန်းသည် ကျစ်ယန်ဘက်ကို လှည့်လိုက်ပြီး

ဓားဖြင့် ကျစ်ယန် လည်ပင်းကို ထောက်လိုက်၏။

ကျစ်ယန်သည် အနည်းငယ်မှ တုံပြန်ခြင်းမရှိပေ။

ချန်ယူအန်းသည် သူထင်ထားတာမှားနေတာလားဟု တွေးနေလေသည်။ ချန်ယူအန်းသည် သူ့ဓားကို ပြန်သိမ်းလိုက်ပြီး ကျစ်ယန်အား ပြန်ထွက်သွားခိုင်းလိုက်၏။

ကျစ်ယန်သည် သူ့အားပြန်လွှတ်ပေးသဖြင့် ကြောက်ရွံဖွယ်ဟန်ဆောင်ရင်း ပြန်လှည့်ထွက်လာခဲ့သည်။ ကျစ်ယန်သည် ဆေးဘုရင်တောင်ကလန်တွင် ရက်အနည်းငယ်နေထိုင်ပြီးနောက် နတ်ဘုရားအကြွင်းအကျန်နယ်မြေနဲ့ ပက်သက်ပြီး သတင်းအချို့ကို ရရှိခဲ့၏။

နောက်၁လအကြာတွင် ဆေးဘုရင်တောင်ကလန်သည် လေဟာနယ်အက်ကွဲကြောင်းရှိရာကို သွားရောက်တော့မည် ဖြစ်သည်။ ကျစ်ယန်သည်

၁လမတိုင်ခင် သူ့ရဲ့ ကျင့်ကြံခြင်းကို နတ်သူငယ်အဆင့်၉သို့ တိုးမြှင့်ရန်အတွက်

ဆေးလုံးအများစုကို ဖော်စပ်ပြီး ပျောက်ကွယ်နေခဲ့သည်။

ဆေးဘုရင်တောင်ကလန်တွင် ၁လအတွင်း တုန်လှုပ်ချောက်ခြားစရာများ ဖြစ်​ပျက်နေခဲ့၏။

အကြောင်းရင်းမှာ ဆေးဘုရင်တောင်ကလန်ရှိ စိုက်ပျိုးထားသော ဆေးအမယ်များနဲ့ သိမ်းဆည်းထားသော ဆေးအမယ်များစွာသည် ရက်ပိုင်းအတွင်း ကုန်သလောက်နီးပါး ဖြစ်သွားသောကြောင့်ပင် ဖြစ်သည်။

ဆေးဘုရင်တောင်ကလန်သခင်ကိုယ်တိုင်ပဲ ၎င်းကိစ္စနဲ့ ခေါင်းရှုပ်နေ၏။ ဆေးဘုရင်တောင်ကလန်သခင်သည် အကြီးအကဲများနဲ့အတူ နတ်ဘုရားအကြွင်းအကျန်နယ်မြေနဲ့ ပက်သက်ပြီး တိုင်ပင်နေခဲ့သည်။

အချိန်သည် တဖြည်းဖြည်းနဲ့ ၁လကြာသွားခဲ့ပြီ ဖြစ်၏။ ကျစ်ယန်သည် ကျင့်ကြံရာကနေ မျက်လုံးပွင့်လာခဲ့ပြီး ".....နတ်သူငယ်အဆင့်၉ကို ရောက်ဖို့ ငါခြေတစ်လှမ်းလောက် လိုနေသေးတယ်..." လို့ ရေရွတ်လိုက်သည်။

ကျစ်ယန်ရဲ့ ပြီးပြည့်စုံသောစိတ်ဝိညဥ်သည် အလင်းတန်းအလားဖြင့် ဆေးဘုရင်တောင်ကလန်ရဲ့ ထောင့်တစ်နေရာတွင် ပြန်လည်ထွက်ပေါ်လာခဲ့၏။ ဆေးဘုရင်တောင်ကလန်တွင် များပြားလှသော လူ၁စုသည် နေရာ၁ခုကို လျင်မြန်စွာ ပျံသန်းသွားလာခဲ့သည်။

ဆေးဘုရင်တောင်ကလန်ရှိ ကျင့်ကြံသူတို့သည် နေရာရွေ့ပြောင်းအစီအရင်နေရာကို ရောက်လာခဲ့တဲ့အခါ မြေပြင်ကို ဆင်းသက်လိုက်ကြသည်။

အကြီးအကဲ၅ယောက်သည် သိုလှောင်ကွင်းလက်စွပ်ထဲမှ မှော်ကျောက်တုံးများကို ထုတ်လိုက်ကြပြီး အစီအရင်ရဲ့ လိုအပ်သောနေရာကို ဖြည့်သွင်းအသက်သွင်းလိုက်၏။

မိနစ်ပိုင်းအတွင်းမှာပဲ အစီအရင်သည် စတင်အသက်ဝင်လာခဲ့သည်။ အကြီးအကဲ၅ယောက်သည် အားလုံးကို မြန်မြန်ဝင်ရောက်ဖို့ စေခိုင်းလိုက်၏။ သူတို့၅ယောက်ရဲ့ မျက်လုံးများသည် တပည့်သားများအားလုံးကို ဂရုတစိုက်စစ်ဆေးနေလေသည်။

ကျစ်ယန်သည် ထိုကိစ္စနဲ့ ပက်သက်ပြီး အားလုံးသိရှိပြီးသား ဖြစ်၏။ စက္ကန့်ပိုင်းအတွင်း လူအုပ်ကြီးသည် ဆေးဘုရင်တောင်ကလန်ရဲ့ နေရာရွေ့ပြောင်းရေးအစီအရင်စက်ဝိုင်းနေရာမှ ပျောက်ကွယ်သွားခဲ့သည်။ ကျစ်ယန်သည် ကျင့်ကြံရာမှ ထလိုက်ပြီး သူ့ရဲ့စိတ်ဝိညဥ်၁မျှင်ကို ရှာဖွေလိုက်၏။

ကျစ်ယန်သည် သူ့ရဲ့စိတ်ဝိညဥ်၁မျှင်ကို အကြီးအကဲ၁ဦးထံတွင် တိတ်တဆိတ် ထည့်သွင်းထားခြင်းပင် ဖြစ်သည်။ ကျစ်ယန်သည်

သူ့ရဲ့စိတ်ဝိညဥ်၁မျှင်ကို ပြန်လည်တွေ့ရှိသည်နှင့် လေဟာနယ်အက်ကွဲကြောင်းတစ်ခုကို ခွဲကာ ဝင်ရောက်သွားခဲ့၏။

ဝူဟောင်လန်တိုင်းပြည်ရဲ့ နေရာရွေ့ပြောင်းရေးအစီအရင်နားတွင် ကျစ်ယန်သည် ပြန်လည်ထွက်ပေါ်လာလေသည်။ကျစ်ယန်သည် သူ့ရဲ့အနီးအနားတွင် ရှိသော အကြီးအကဲထံမှ သူ့ရဲ့စိတ်ဝိညဥ်၁မျှင်ကို ပြန်လည်စုပ်ယူလိုက်၏။

ဝူဟောင်လန်တိုင်းပြည်ရှိ ရှေးဟောင်းဂိုဏ်းဖြစ်သော

သွေးသောက်ဝိညဥ်ဂိုဏ်းရဲ့ တမန်တော်ဖြစ်သည့် ဝူလျဲ့သည် ဆေးဘုရင်တောင်ကလန်ရဲ့ အကြီးအကဲများကို နှုတ်ဆက်လိုက်သည်။ ဝူလျဲ့သည် နတ်သူငယ်အဆင့်၂ ကျင့်ကြံသူဖြစ်ပြီး

သွေးသောက်ဝိညဥ်ဂိုဏ်းရဲ့ အရေးပါသည့် အကြီးအကဲ၁ဦးပင် ဖြစ်၏။

ဆေးဘုရင်တောင်ကလန်ရှိလူများသည် ဝူလျဲ့နဲ့အတူ

သွေးသောက်ဝိညဥ်ဂိုဏ်းကို လိုက်ပါသွားခဲ့သည်။

ဝူဟောင်လန်တိုင်းပြည်တွင် ​များစွာသော ကျင့်ကြံသူတွေ ရောက်ရှိနေကြောင်း ကျစ်ယန်သည် ခံစားနေမိ၏။

ကျစ်ယန်ရဲ့ ရှေ့တည့်တည့်တွင် အဖွဲ့နှစ်ဖွဲ့သည် တိုက်ခိုက်ရန် စတင်နေလေသည်။ ထိုနှစ်ဖွဲ့ရဲ့ခေါင်းဆောင်များမှာ အနီရောင်မိန်းကလေးငယ်နဲ့ အစိမ်းရောင်မိန်းကလေးငယ်တို့ ပင်ဖြစ်၏။

သူတို့၂ဖွဲ့ကို မြင်သည်နှင့် လမ်းသွားလမ်းလာများသည် ချက်ချင်းပင် ဝေးဝေးကို ရှောင်ထွက်ပြေးကြလေသည်။ ဓားများစွာ ထမ်းလာသော အဖိုးအိုသည် ထွက်ပြေးရင်း မြန်မြန်ရှောင်ထွက်ပြေးဖို့ ကျစ်ယန်အား အသိပေး အော်ခဲ့၏။

ကျစ်ယန်သည် နောက်လှည့်မည့်ချိန်တွင် အနီရောင်မိန်းမပျိုသည် ကျစ်ယန်အား ရပ်တန့်ဖို့ ​အမိန့်ပေးလိုက်သည်။ တချိန်ထဲမှာပဲ အစိမ်းရောင်မိန်းမပျိုသည် ချက်ချင်းထွက်သွားဖို့ အမိန့်ပေးလိုက်၏။ ကျစ်ယန်သည် အဘယ်ကြောင့် လူတိုင်းထွက်ပြေးသွားမှန်း သိလိုက်ရသည်။

ရုတ်တရက်ကောင်းကင်ယံထက်တွင် လူ၂ဦး ပေါ်ထွက်လာ၏။ ၁ဦးသည် ကြီးမားသော ပုတီးလုံးစေ့ကိုင်ထားသည့် ရှောင်လင်ဘုန်းကြီး၁ပါးပင် ဖြစ်ပြီး နောက်၁ဦးသည် သေရည်ပုလင်းအိုးကိုင်ထားသော

လူ၁ယောက်ပင် ဖြစ်သည်။

ရှောင်လင်ဘုန်းကြီးသည် အနီရောင်မိန်းမပျိုရဲ့ ရှေ့တွင် လျှပ်တပြက်ပေါ်လာခဲ့ပြီး ".....ရှောင်အာ.....ငါမင်းကို ဂူပိတ်ကျင့်ကြံခိုင်းထားတာကို မင်းဘာကြောင့် ထွက်လာရတာလဲ....." လို့ ခေါင်းခါရင်း မေးလိုက်၏။

အနီရောင်မိန်းမပျိုသည် ဆူပုတ်သောမျက်နှာဖြစ်သွားပြီး ".....အဖိုးကြီး....ရှင်ဘယ်ကနေ ပြန်ရောက်လာတာလဲ...." လို့ မေးမြန်းလိုက်သည်။

ရှောင်လင်ဘုန်းကြီးသည် အနီရောင်မိန်းမပျိုအား အိမ်တော်ကို ပြန်ခေါ်ဆောင်သွားဖို့ တခြားသူတွေကို အမိန့်ပေးလိုက်၏။

အနီရောင်မိန်းမပျိုသည် ဒေါသထွက်စွာဖြင့် ချက်ချင်းပင် ထွက်ခွာသွားပါတော့သည်။ သေရည်အိုးကိုင်ထားသော အဖိုးအိုသည်လည်း အစိမ်းရောင်မိန်းမပျိုအား အိမ်တော်ပြန်ဖို့ အမိန့်ပေးလိုက်၏။

All Chapters