← Chapters

ရှေးဟောင်းနတ်ဘုရားနဂါးကျောရိုးစု

Vol. 9 Ch. 122

ရှေးဟောင်းနတ်ဘုရားနဂါးကျောရိုးစု

Vol. 9 Ch. 122

ကျစ်ယန်သည် သူ့ရှေ့ရှိအဖိုးအို၂ယောက်မှာ နတ်သူငယ်အဆင့်၈ ကျင့်ကြံသူများဖြစ်ကြောင်း သိရှိနေခဲ့၏။ မိန်းမလှ၂ယောက် ထွက်ခွာသွားပြီးနောက် အဖိုးအို ၂ယောက်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။

ကျစ်ယန်သည် သွေးသောက်ဝိညဥ်ဂိုဏ်းကို သွားမည့်ချိန်တွင် ခမောက်ဖြူဆောင်းထားသော မိန်းကလေး၁ဦး ထပ်မံရောက်ရှိလာခဲ့၏။ ကျစ်ယန်သည် ဂရုမစိုက်ဘဲ ထွက်ခွာတော့မယ့်ချိန်တွင် ".....ငါထင်တာမမှားရင် နင်လဲ လေဟာနယ်အက်ကွဲကြောင်းအတွက် ရောက်လာတဲ့ကျင်ကြံသူမဟုတ်လား....." လို့ ပြောလိုက်သည်။

ကျစ်ယန်သည် သူ့ရှေ့ရှိ မိန်းကလေးမှာ နတ်သူငယ်အဆင့်၃ ကျင့်ကြံသူ၁ယောက်ဖြစ်နေတဲ့အပြင် လေဟာနယ်အက်ကွဲကြောင်းနဲ့ ပက်သက်ပြီး သိရှိနေလိမ့်မည်လို့ မထင်ထားပေ။ ကျစ်ယန်သည်

အကာအကွယ်အစီအရင်အသေးလေး ဖန်တီးလိုက်ပြီး "....မင်းက ငါနဲ့အပေးအယူ လုပ်ချင်တာလား....." လို့အေးစက်စက်ပင် မေးလိုက်၏။

ခမောက်ဖြူမိန်းကလေးငယ်သည် ကျစ်ယန်ပုခုံးကို ကိုင်လိုက်ပြီး ".....မှန်တယ်...ဒါပေမယ့် ရှင့်အတွက် အကျိုးမယုတ်စေရဘူးလို့ ငါအာမခံနိုင်တယ်....." လို့ ဆိုလိုက်သည်။ ကျစ်ယန်သည် သေချာသောအရာကိုသာ ရွေးချယ်လိုက်၏။

ခမောက်ဖြူမိန်းကလေးငယ်သည် တံဆိပ်တစ်ခုကို ပစ်ပေးလိုက်ပြီး အပေးအယူဖြစ်ပြီလို့ ဆိုလိုက်သည်။ ကျစ်ယန်သည် တံဆိပ်အား ကြည့်နေစဥ် ခမောက်ဖြူ မိန်းကလေးသည် ဝူဟောင်လန်တိုင်းပြည်ရဲ့ နံပါတ်၁လေလံဂိုဏ်းဖြစ်သော နဂါးနီလေလံဗိမာန်ဂိုဏ်းကို အတူသွားဖို့ ဖိတ်ခေါ်လိုက်၏။

ကျစ်ယန်သည် သဘောတူလိုက်ပြီး ခမောက်ဖြူမိန်းကလေးငယ်နဲ့အတူ နဂါးနီလေလံဗိမာန်ဂိုဏ်းကို ထွက်ခွာလာခဲ့သည်။ ကျစ်ယန်သည် သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို နတ်ဝိဇ္ဇာအဆင့်၅အသွင်အဖြစ် ဟန်ဆောင်ထုတ်လွှတ်ထားလိုက်၏။

နဂါးနီလေလံဗိမာန်ဂိုဏ်းရဲ့ တံခါးဝတွင် ရှိသော နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူ အစောင့်၂ယောက်သည်

ခမောက်ဖြူမိန်းကလေးငယ်ကို တွေ့တဲ့အခါ နှုတ်ဆက်လိုက်ပြီး ပိတ်ထားသော တံခါးကို ဖွင့်ပေးလိုက်သည်။

ကျစ်ယန်သည် အနီရောင်ဖြင့်သာ အလှဆင်ထားသော လေလံခန်းမကြီးတစ်ခုကို တွေ့လိုက်ရ၏။ လူအများစုရဲ့မျက်လုံးသည် ကျစ်ယန်အပေါ်ကို ကျရောက်နေခဲ့သည်။ ကျစ်ယန်သည် ခမောက်ဖြူမိန်းကလေးငယ်ကြောင့်မှန်း သိလိုက်ရ၏။

ရွှေဝါရောင်ဝတ်ဆင်ထားသော လူ၁ယောက်သည် ကျစ်ယန်တို့ရှေ့ကို ရောက်ရှိလာပြီး "သခင်မလေး.......ငါအကုန်ပြင်ဆင်ထားပြီးပါပြီ " လို့ ​လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။ ခမောက်ဖြူမိန်းကလေးသည် ကျစ်ယန်ကို သီးသန်း နေရာ၁ခုပေးဖို့ ဆိုလိုက်၏။

ရွှေဝါရောင်ဝတ်ဆင်ထားသောလူသည် မျက်နှာမကောင်းဖြစ်သွားပြီး သီးသန့်အခန်းမရှိတော့ကြောင်း ပြောလိုက်သည်။ ခမောက်ဖြူမိန်းကလေးသည် သူ့သီးသန့်အခန်းကို ခေါ်ဆောင်သွားဖို့ ​စေခိုင်းလိုက်၏။

ကျစ်ယန်သည် မွှေးကြိုင်နေသော အခန်းငယ်အတွင်းကို ရောက်နေစဥ်မှာပဲ လူဝကြီး၁ကောင် ရောက်ရှိလာခဲ့သည်။ လူဝကြီးသည် ကျစ်ယန်ကို မြင်တဲ့အခါ ဒေါသထွက်သွားပြီး " မင်းကဘယ်လိုလုပ်ပြီး သူ့အခန်းထဲရောက်နေရတာလဲ " လို့ မေးမြန်းလိုက်၏။

ကျစ်ယန်သည် လူဝကြီးကို ဂရုတောင်မစိုက်ပေ။ လေလံပွဲတင်ဆက်ရာ နေရာကိုပဲ ကြည့်နေခဲ့သည်။ လူဝကြီးသည် သူ့ရဲ့လက်နက်ဖြစ်သော ​မိကျောင်းအမြှီးဖြင့် လုပ်ထားသည့် ကြိုးနက်ကြီးကို ထုတ်လိုက်၏။

လူဝကြီးသည် ကျစ်ယန်ကို တိုက်ခိုက်တော့မည်ချိန်တွင် သာမန်ဖြင့် မမြင်နိုင်သော အပ်မျှင်လေးတစ်ချောင်းသည် လူဝကြီးရဲ့ လက်ဆစ်ကို ကျရောက်သွားခဲ့သည်။ လူဝကြီးသည် အလွန်ပင်နာကျင်သွားသောကြောင့်

ကြိုးနက်အား လွှတ်ချလိုက်ရပြီး နောက်လက်တစ်ဖက်ဖြင့် ကြိုးနက်ကို ပြန်သိမ်းရင်း အခန်းထဲမှ ချက်ချင်းထွက်ခွာသွားခဲ့၏။

နဂါးနီလေလံဗိမာန်ဂိုဏ်းရဲ့ ခေါင်မိုးထပ်တွင် သစ်သားဆေးတံရိုးကို ကိုက်ထားသောအဖိုးအိုသည်

"မင်းရဲ့အဖိုးတောင် ငါ့ခန်းမထဲမှာ ပြသာနာမရှာရဲဘူး" လို့ ၁ယောက်ထဲ ရေရွတ်နေခဲ့သည်။ ကျစ်ယန်သည် သေရည်အား သောက်နေစဥ်အတွင်း လေလံတင်ဆက်နေသောအရာ တစ်ခုကို တွေ့တဲ့အခါ စိတ်ဝင်စားသွား၏။

ထိုအရာကတော့ ရှေးဟောင်းနတ်ဘုရားနဂါးကျောရိုးစုပင် ဖြစ်သည်။

ထိုနဂါးကျောရိုးစုသည် အလွန်ပင် စုတ်ပြတ်သတ်နေပြီး အမှိုက်သဖွယ်ပင် ဖြစ်နေခဲ့၏။

ကျစ်ယန်ကြည့်နေချိန်တွင် ခမောက်ဖြူမိန်းကလေးရောက်ရှိလာခဲ့၏။ ခမောက်ဖြူမိန်းကလေးသည် ကျစ်ယန်အား နှုတ်ဆက်လိုက်ပြီး ကျစ်ယန်နံဘေးက ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

လေလံတင်ဆက်သူသည် ရှေးဟောင်းနတ်ဘုရားနဂါးကျောရိုးစုအား အဆင့်၆ဆေးလုံးမျိုးနဲ့ ရယူနိုင်ကြောင်း ကြေညာလိုက်၏။ သို့သော် ဘယ်သူမှ အသံမထွက်ခဲ့ပေ။ ကျစ်ယန်သည် သံသေတ္တာဗူးတစ်ခုအား လေလံတင်ဆက်သူထံကို အခန်းအတွင်းမှ ပစ်ပေးလိုက်၏။

လေလံတင်ဆက်သူသည် သေတ္တာဗူးကို ဖွင့်ကြည့်ပြီးတာနဲ့ နဂါးကျောရိုးစုကို ကျစ်ယန်အခန်းကို ပို့ဆောင်ခိုင်းလိုက်သည်။ ကျစ်ယန်သည် သိုလှောင်ကွင်းထဲကို ထည့်သိမ်းလိုက်ပြီး လေလံပွဲကို ဆက်လက်ကြည့်ရှုနေခဲ့၏။

လေလံပွဲသည် ၁ညလုံးကုန်ဆုံးသွားပြီးနောက် လေလံပွဲကြီး ပြီးဆုံးသွားခဲ့သည်။ မနက်ပိုင်း နေရောင်စထွက်သည်နဲ့ ကျစ်ယန်သည် ခမောက်ဖြူမိန်းကလေး ဦးဆောင်သော အဖွဲ့နဲ့အတူ

နေရာတစ်ခုကို ရောက်ရှိလာခဲ့၏။

တောင်၅လုံးအနက်တွင် အမြင့်ဆုံးတောင်ထိပ်ပေါ်တွင် များစွာသော လူပင်လယ်အုပ်ကြီး ရှိနေခဲ့သည်။ အားလုံးသည် လေဟာနယ်အက်ကွဲကြောင်းအတွက် ရောက်ရှိလာခြင်း ဖြစ်၏။ ခမောက်ဖြူမိန်းကလေးသည် သူ့အဖွဲ့သားအားလုံးကို မျက်နှာဖုံးများပေးလိုက်ပြီး

သူသိရှိထားတဲ့ နတ်ဘုရားအကြွင်းအကျန် နယ်မြေနဲ့ပက်သက်သော အရာအချို့ကို ပြောပြနေခဲ့သည်။

ခမောက်ဖြူမိန်းကလေးပြောသော စကားထဲတွင် အမှောင်ထုအုပ်စိုးသူနယ်မြေဟုသည့် နေရာသည် အလွန်ဆန်းကြယ်​ကြောင်း သိလိုက်ရ၏။ ကျစ်ယန်သည် အသူရာနတ်ဆိုးနတ်ဘုရားရဲ့ ဇာတ်လမ်းအနည်းငယ်ကြားလိုက်ရတဲ့အခါ အနည်းငယ်တုန်လှုပ်သွားသည်။

ရှေးဟောင်းနတ်ဘုရား၁၆ပါး လိုက်သတ်တာခံရတဲ့

အသူရာနတ်ဆိုးနတ်ဘုရားသည် အမှောင်ထုအုပ်စိုးသူနယ်မြေတွင် သေဆုံးသွားသည့် ဒဏ္ဍာရီတစ်ခု ရှိနေခဲ့၏။ နေရောင်တဖြည်းဖြည်းမြင့်တက်လာတဲ့အခါ တောင်ထိပ်ပေါ်ရှိ ကောင်းကင်ယံကြီးသည် တဖြည်းဖြည်း ပြိုကွဲကျလာခဲ့သည်။

စက္ကန်းပိုင်းအတွင်းမှာပဲ ကောင်းကင်ယံတွင် အလွန်ပင်ကြီးမားသော လေဟာနယ်အက်ကွဲကြောင်းပြင်ကြီ ထွက်ပေါ်လာခဲ့၏။ ​လေဟာနယ်အက်ကွဲကြောင်း ထွက်ပေါ်လာသည်နဲ့ များစွာသော လူပင်လယ်ကြီးသည် လေဟာနယ်အက်ကွဲကြောင်းအတွင်း ချက်ချင်းပင် ပျံသန်းဝင်သွားကြသည်။

ခမောက်ဖြူမိန်းကလေးဘေးရှိ အဖိုးအိုသည်လည်း

ခေါင်းငြိမ့်ပြလိုက်တဲ့အခါ အားလုံးပျံသန်းကာ ဝင်သွားကြ၏။ ကျစ်ယန်သည် သူတော်စင်အဆင့်

ကျင့်ကြံသူတွေပါ ပါဝင်မှန်း သိလိုက်ရသည်။ ကျစ်ယန်သည် လေဟာနယ်အက်ကွဲကြောင်းထဲကို ဝင်ရောက်တဲ့အခါ အလွန်ပင်ရှည်လျားသော အလင်းတန်း တစ်ခုကို ဖြတ်သန်းသွားလာနေရ၏။

ရွှေဝါရောင်အလင်းတန်းကြီး ပျောက်ကွယ်သွားတဲ့အခါမှာတော့ ကျစ်ယန်သည် အာကာသပြင်တစ်ခုကို ရောက်ရှိလာမှန်းသိလိုက်ရသည်။ အလွန်ပင်ကြီးမားသော နံရံကျောက်တိုင်လုံးများသည် ကွဲကြေပျက်စီးနေ၏။

နံရံကျောက်တိုင်လုံးများနောက်တွင် ဆန်းကြယ်သော ရေကန်တစ်ခု ရှိနေခဲ့သည်။ ကျစ်ယန်သည် ချက်ချင်းပင် ပျံသန်းဝင်သွားလိုက်၏။ ရေကန်ထဲတွင် ဆန်းကြယ်သော အရာတစ်ခုရှိနေသည်ကို ကျစ်ယန် ခန့်မှန်းမိလိုက်သည်။

ကျစ်ယန် တွေးတောနေချိန်တွင် အလွန်မြန်ဆန်သော ဓားကြီးတစ်ချောင်းသည် ကျစ်ယန်ရှိကို ဦးတည်လာခဲ့၏။ ကျစ်ယန်သည် လျင်မြန်စွာ ရှောင်ရှားလိုက်ပြီး ဓားဦးတည်ရာကို ကြည့်လိုက်သည်။

All Chapters