← Chapters

မိတ်ဆက်

Vol. 1 Ch. 0

မိတ်ဆက်

Vol. 1 Ch. 0

ဒီဇိုင်နာ ရွှီယန်ယုသည် နိုးလာသည်နှင့် သူမက အောင်မြင်‌သည့် ရသစုံရှိုးတစ်ခုမှ လုပ်ငန်းစုတစ်ခု၏ မိထွေးတစ်ယောက် ဖြစ်နေ၏။ စိတ်ပျက်စရာကောင်းသည်မှာ အားဟွေ့ အွန်လိုင်းပေါ် မရှိတော့ခြင်းဖြစ်သည်။

လက်ထဲ၌ အသေခံဇာတ်ညွှန်းကို ကိုင်ထားသော်လည်းရွှီယန်ယုသည် သဘောတူလက်ထပ်ခြင်းရဲ့ စည်းကမ်းချက်‌များ တွေ့လိုက်ရတဲ့အခါမှာ သူ့အတွက် ရေတွက်လို့ မရနိုင်တဲ့ ပမာဏလောက် လစာကို လတိုင်းရမည်ဆိုတာကို သိလိုက်ရ၏။

သူမ၏နှုတ်ခမ်းထောင့်မှာ အပြုံးမမည်ဘဲ အပေါ်သို့တက်ရုံမျှသာ ဖြစ်တော့သည်။ သူမသာ သူ့ဇာတ်ရုပ်ကိုပိုင်နိုင်အောင် သရုပ်ဆောင်နိုင်မယ်ဆိုရင်ပေါ့။ ဒါနဲ့ ချမ်းသာတဲ့ ဇနီးမယားဖြစ်ရတဲ့ အလုပ်ထက် ပိုပျော်ဖို့ကောင်းပြီး အပန်းပြေတဲ့အလုပ် ဒီကမ္ဘာမှာ ရှိသေးလို့လား။

SG လုပ်ငန်းစုရဲ့ လူအများစောင့်ကြည့်ခံရတဲ့ ရသစုံရှိုးတစ်ခုဖြစ်သည့် " အရင်လက်ထပ်မယ် အချစ်လားနောက်မှပေါ့ "ဟာ ရသစုံရှိုးနယ်ပယ်ထဲ၌ rating top 1 ရရှိထား၏။

အဘယ်ကြောင့်ဆိုသော် ဤအစီအစဉ်သည် လက်တလော ရေပန်းစားသော အကြောင်းအရာများနှင့် ပြည့်နေသောကြောင့်ဖြစ်သည်။ ဤသည်မှာ အသိုင်းအဝိုင်းမှလက်‌လျှော့ထားသော အမျိုးမျိုးသော အမျိုးသမီးပါ၀င်သူများ၏ ချမ်းသားတဲ့ မိသားစုနှင့် လက်ထက်လိုက်သော အိမ်ထောင်သည်ဘ၀အား စောင့်ကြည့်သည့် အစီအစဉ်ဖြစ်သည်။

နာမည်မရှိသော အမျိုးသမီးအနုပညာရှင် ရွှီယန်ယုက အချမ်းသာဆုံး လုပ်ငန်းရှင် မုချောင်းယွမ်အား တက်ကြွစွာဖြင့် လက်ထက်ခဲ့သည်။ ဒါက သူတို့အသိုင်းအဝိုင်းမှာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့သည့်လက်ထက်ထိမ်းမြားမှုတစ်ခုဖြစ်ပြီးတော့ သူ့ကို တကယ့်စုံတွဲမဟုတ်ဘူးဟု မကြာခဏ လှောင်ပြောင်ကြတာမျိုးလည်းရှိပါတယ်တဲ့။

သူမ ခင်ပွန်းနဲ့ ဆက်ဆံရေးကတော့ သာမန်ဆိုပေမယ့် သူမ ခင်ပွန်းရဲ့သားဖြစ်သူနဲ့တော့ ဆက်ဆံရေးမကောင်းဘူး ပြောကြသည်။ ဒီရသစုံရှိုးမှာတွေ့ရမယ့် သူမ ဟာသတွေကို မစောင့်နိုင်ကြတော့ပေ။

ဘာပဲဖြစ်ဖြစ် လူတော်တော်များများ‌ သိလိုက်ရတာက ရွှီယန်ယုက တစ်ယောက်တည်းနေတုန်းကနဲ့ မတူဘဲ လက်ထပ်ပြီးသည့်အခါမှာသူတို့ထင်ထားသည်ထက်ကို သိသိသာသာ ကွဲပြားသည်ကိုပင်။

ဒီအစီအစဉ် ကြည့်ရှုသူတွေ သိလိုက်ရတာက သူ့အလှပြင်ခုံပေါ်က မျက်နှာလိမ်းခရင်ရဲ့တန်ဖိုးက ကိန်းဂဏန်းငါးလုံးဖြစ်ပြီး သူမ၏ တစ်ကမ္ဘာလုံးမှတစ်ရန်ထဲရှိပါသော ဒေါက်မြင့်မိနပ်ဟာဆိုရင် ကိန်းဂဏန်း ခြောက်လုံးလောက်တန်ပြီး သူမ၏ အခန်းမှနံရံကပ်စက္ကူတစ်ရွက်ပင် လေလံပစ်ပါက မီလီယမ်နှင့်ချီ၍ တန်သည်ဟူ၍ ဖြစ်သည်။

မယုံနိုင်စရာ အကောင်းဆုံးအရာကတော့ ရွှီယန်ယု အပေါ်ထပ်အင်္ကျီ၏ ကြယ်သီးများမှာ မီလီယမ်ဆယ်ချီသော ရှားပါးကျောက်မျက်ရတနာနဲ့ စီခြယ်ထားတာဖြစ်ပြီး သူမလမ်းလျှောက်ရာတစ်လျှောက် ခင်းထားသည့်ကော်ဇောသည်ပင် ရွှေထက်ပင်တန်ဖိုးကြီးသောနိုင်ငံ့ရတနာရက်ထည်ဖြစ်သည်။

ကြည့်ရှုသူများမှာ အံ့ဩနပန်းဖြင့်

[ဒါလား ဒုက္ခလို့ခေါ်တာ တန်ဖိုးမဲ့တယ်လို့ ခေါ်တာ ငါ့ကိုသာ ဒီလိုဘ၀မျိုးပေးလိုက်ပါတော့။]

ညတွင်းချင်းပင် ရွှီယန်ယုဟာ လူမှုစာမျက်နှာပေါ်မှာ လူတိုင်း၏ အားကျခံလေး ဖြစ်သွားတော့၏။

တစ်စုံတစ်ယောက်မှ - မင်းသာ အမျိုးသမီးငွေကြယ်ပွင့်တစ်ယောက်ဖြစ်ရမယ်ဆိုရင် ဘယ်သူ့လိုဖြစ်ချင်လဲ။

ကြည့်ရှုသူများ - မေးမြန်းမှုအတွက် ကျေးဇူးတင်ပါတယ်။ သေချာပေါက် ရွှီယန်ယုပဲပေါ့။ အိပ်ရာထဲအရင်သွားလိုက်မယ်။ ပြီးရင်အရာအားလုံးက အိမ်မက်လိုပြည့်စုံနေမှာပဲ။

အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ ရွှီယန်ယုရဲ့အသက်မွေး၀မ်းကြောင်းက အကျိုးဆက် ကြီးကြီးမားမားနှစ်ခုဖြစ်လာခဲ့သည်။

ဖက်ရှင်လောကမှာ ထိပ်တန်းဒီဇိုင်နာတစ်ယောက်ဖြစ်လာပြီး ကိုယ်ပိုင် brand တစ်ခု ပိုင်ဆိုင်လာခဲ့သည်။ cele များကြား၌ ဖက်ရှင် အကျော်အမော်တစ်ယောက်ဖြစ်လာပြီး အကြိမ်ပေါင်းများစွာ နိုင်ငံတစ်ကာ ဖက်ရှင်ဆုများရရှိခဲ့ကာ စံချိန်များစွာ ချိုးနိုင်ခဲ့သည်။ ဖျော်ဖြေရေးလောကမှာလည်း ရှာဖွေခံမှုအများဆုံး ကြယ်ပွင့်တစ်ပွင့်ဖြစ်လာခဲ့သည်။

ကိစ္စအဟောင်းတွေပြီးသွားခဲ့ပေမယ့် သူမကတော့လူချမ်းသာမိသားစုထဲမှာ မျက်နှာသာပေးမခံရဘဲ အိမ်ထောင်ရေးမှာ မပျော်မရွှင်ဖြစ်နေဆဲပင်။

ဇိမ်ခံဘရန်းများ၏ ဖက်ရှင်ရှိုးပွဲ ပြီးတဲ့နောက်မှာ ရွှီယန်ယုက လူမှုစာမျက်နှာပေါ်မှာ selfie ပုံတစ်ပုံတင်ခဲ့သည်။ သူမ၏ သေးသွယ်သောခန္ဓာကိုယ် ဆွဲဆောင်မှုရှိသော နောက်ကျော ဤကဲ့သို့လှပသော ပုံရိပ်သည် လူတိုင်း၏ စိတ်ကူးယဉ်ပုံစံပင်ဖြစ်‌၏။

ဖန်များမှ နောက်ပြောင်ဖို့ရန် သူ့post အောက်သို့အပြေးရောက်လာခဲ့ပေမယ့် လူတိုင်းရှာတွေ့သည်က ဒီpostကို မုချောင်ယွင်နှင့် အသုံးပြုသူ 13,3450 မှ like လုပ်ထားသည်ကိုပင်။

????

မုချောင်ယွင်၏ စာမျက်နှာပေါ်တွင်လည်း ပုံတစ်ခုတင်ထားသေး၏။ အမျိုးသားတစ်ယောက်၏ အားကောင်းသောလက်တစ်စုံမှာ အမျိုးသမီးတစ်ယောက်၏ ဆွဲဆောင်မှုရှိသော ခါးကို ဖက်ထားသည့်ပုံဖြစ်သဖြင့် လူအများ စိတ်ထဲမရေမရာဖြစ်ပေမယ့်လို့ တင်ထားသည့် caption မှာ ငါ့အပိုင် ဟူ၍ဖြစ်သည်။

!!!

ဆိုရှာ်မီဒီယာတစ်ခုလုံး အုံးအုံးကျက်ကျက်ဖြစ်သွား၍ အသုံးပြုနေသည့် app များပင် သုံးမရဖြစ်ကုန်တော့သည်။

အသုံးပြုသူများမှာ သူတို့မျက်စိသူတို့ပင်မယုံနိုင်ဖြစ်နေကြ၏။

[အစက ဆိုရှယ်မီဒီယာအခြေနေ - မျက်တောင်ခတ်နေတုန်း မစ္စတာမုပြန်ပေးဆွဲခံရ။

ပြီးနောက် ဆိုရှယ်မီယာအခြေနေ - မစ္စတာမုမှ ပြန်ပေးဆွဲဖို့ရန် ဆန္ဒရှိနေ။ တအားမိုက်တာပဲ]

သူ့မိထွေးက သူ့ကို သဘောမကျမှန်းသိ၏။ သူ့ဘ၀မှာ လှေကားပေါ်က တွန်းချခံရသည့် အိမ်မက်ဆိုးက အခုတော့ ဆေးရုံပေါ်မှာ လဲလျောင်းနေရသည့်တိုင် သူ့မှတ်ဉာဏ်ထဲမှာ လတ်ဆတ်နေဆဲပင်။ သူကြိုက်တဲ့ဈေးနှုန်းမြင့် အ၀တ်အစားတွေနဲ့ တစ်ခြားသူတစ်ယောက် လက်မြှောက်လိုက်တာမြင်သည်နှင့် ဒုတိယအကြိမ်သူတွေးမိလိုက်သည်က အဲ့လူလက်က သူ့မျက်နှာပေါ်ရောက်လာတော့မည်ဆိုသည်ပင်။

မထင်ထားသည်က လှပတဲ့အမျိုးသမီးတစ်ယောက်ဟာ သူ(မ) ဆံပင်ကိုသပ်လိုက်ပြီး သူ့အားအသည်းအသန်ပြောတော့သည်။

"တော်သေးတာပေါ့ မင်းကိုမခြစ်လိုက်မိလို့။ မဟုတ်ရင် ငါ မင်းကိုပြန်ကုပေးနေရဦးမယ်။ ကုသစရိတ်တွေကအရမ်းဈေးကြီးတာ မင်းထပ်ပြီးဒဏ်ရာမရရင်ကောင်းမယ်။"

မုရှောင် -" ဒီစကပ်က ဈေးကြီးတယ်မလား။"

သူမှတ်မိတာ မမှားဘူးဆိုရင် သူမ၀တ်ထားသည့်ဟာက သုညငါးလုံး ပမာဏလောက် ဖြစ်သည်။

နောက်တော့ သူသတိထားမိသည်က သူ့မိထွေးသည် သူ လူးဘယ်ရီပေါင်မုန့် မီးကင် စားရတာကြိုက်ပြီး နွာနို့နှင့်မတည့်ဆိုတာကို သိသည့်အပြင် သူကိုယ်တိုင်ထက်ပင် အသေးစိတ်ကျကာ ဂရုစိုက်သေး၏။

ဒါပေမဲ့ အချိန်တိုင်း သူကတော့ ခေါင်းမာစွာဖြင့် ငြင်း‌ဆဲပင်။

ရွှီယန်ယုသည် သူ့စိတ်ထဲမှ မိထွေးနှင့် လွန်စွာ ကွဲပြားနေပြီး မုရှောင်က ဖြည်းဖြည်းချင်း သူ့စိတ်ကို ဖွင့်ပေးလိုက်ကာ သူက အရင်က သူ့မိထွေးကဲ့သို့ မဟုတ်ဘဲ ကြင်နာတဲ့နှလုံးသားရှိမှန်း လက်ခံပေးလိုက်တော့သည်။

အင်တာဗျူးတစ်ခုတွင် မုရှောင်အား သူ့မိထွေးနှင့် သူ၏ ဆက်ဆံရေးအကြောင်း အစီစဉ်တင်ဆက်သူမှ မေးဖူး၏။

မုရှောင်မှ ရွှီယန်ယုအား ကြည့်လိုက်ပြီး "သူမက ဒီကမ္ဘာပေါ်မှာအကောင်းဆုံး အမေပဲ"ဟုဖြေကြားခဲ့သည်။

ရွှီယန်ယု - "....."

ကြည့်ရှုသူများ - အဖေရော သားရောကို သရဲက ဖမ်းစားထားတာများလား။

သူဌေးကတော်ဖြစ်ရတာထက် လွယ်တာရှိသေးရဲ့လား။

All Chapters