← Chapters

မိုးမြေနတ်သလင်း​ကျောက်နက်

Vol. 9 Ch. 123

မိုးမြေနတ်သလင်း​ကျောက်နက်

Vol. 9 Ch. 123

နတ်သူငယ်အဆင့်၄ရှိသော လူသုံးယောက်သည် ကျစ်ယန်ထံကို လျင်မြန်စွာ ရောက်ရှိလာကြသည်။

ထိုသုံးယောက်သည် ကျစ်ယန်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ကြည့်ကာ ဟားတိုက်နေကြ၏။

သုံးယောက်ထဲတွင် ပေရှောင်လို့ခေါ်သောသူသည်

ကျစ်ယန်အား ချက်ချင်းထွက်ခွာဖို့ အမိန့်ပေးလိုက်ကြသည်။

ကျစ်ယန်သည် ထိုလူသုံးယောက်အုံး မေးမြန်းခြင်းမရှိဘဲ သတ်ဖြတ်တော့မည် ချိန်တွင် နတ်သူငယ်အဆင့်၉ရှိသော အဖွားကြီးရောက်ရှိလာခဲ့၏။

အဖွားအိုကို မြင်တဲ့အခါ ပေရှောင်တို့ သုံးယောက်လုံးသည် ခေါင်းညွှတ်လိုက်ပြီး နှုတ်ဆက်လိုက်ကြသည်။ အဖွားအိုသည် ကျစ်ယန်အားကြည့်ရင်း "ငါကို မြင်တာတောင် ဒူးထောက်မနှုတ်ဆက်ဘူး ၊ ဘယ်ဂိုဏ်းရဲ့ ရိုင်းစိုင်းတဲ့ တပည့်လဲ....." လို့ လေသံမာစွာပင် ပြောလိုက်၏။

ကျစ်ယန်သည် နတ်သူငယ်အဆင့်၈ စွမ်းအားရှိသောလည်း နတ်သူငယ်အဆင့်၁၀လောက်ထိ တိုက်နိုင်မယ်လို့ ယုံကြည်ချက် ရှိနေသည်။ ကျစ်ယန်သည် ငြိမ်သက်နေတဲ့အတွက် ပေရှောင်သည် သူ့ရဲ့ဓားကြီးအား ဆုပ်ကိုင်ရင်း "အကြီးအကဲဒေါသမထွက်ပါနဲ့....၊ ဒီလိုကောင်ကို ငါတို့ဖြေရှင်းလိုက်မယ်" လို့ ဆိုလိုက်၏။

ပေရှောင်တို့အဖွဲ့သည် နတ်သူငယ်အဆင့်၄ စွမ်းအားအရှိန်အဝါကို ထုတ်လွှတ်လိုက်ကြပြီး ကျစ်ယန်ရဲ့ နံဘေးကို ချက်ချင်းရောက်ရှိသွားကြသည်။ ပေရှောင်သည် ကျစ်ယန်အား သတ်ပစ်တော့မည်ချိန်တွင် အဖွားအိုသည် ရုတ်တရုတ် ကြောက်လန့်စရာကောင်းသော အရှိန်အဝါကို ခံစားလိုက်ရ၏။

အဖွားအိုသည် ကျစ်ယန်ထံမှ ထွက်ရှိနေသော အသူရာနတ်ဆိုးအရှိန်အဝါကို ကြည့်၍ တုန်လှုပ်သွားခဲ့သည်။ ကျစ်ယန်ရဲ့ နတ်သူငယ်အဆင့်၈ စွမ်းအားအရှိန်အဝါနဲ့ အသူရာနတ်ဆိုးအရှိန်အဝါတို့ ထွက်ပေါ်လာတဲ့အခါ ပေရှောင်တို့ သုံးယောက်သည် ကိုင်ထားသော ဓားများကို လွှတ်ချမိကြပြီး ထွက်ပြေးဖို့ ဟန်ပြင်လိုက်၏။

သို့သော် ကျစ်ယန်သည် အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်တဲ့ ပေရှောင်တို့ သုံးယောက်လုံးသည် မြူမှုန်အဖြစ်ကို ပြောင်းလဲသွားကြသည်။ အဖွားအိုသည် သူ့ရဲ့ကျင့်ကြံမှုအဆင့်မှာ ကျစ်ယန်ထက်မြင့်သော်လည်း သူမယှဥ်နိုင်မှန်း သိလိုက်ရ၏။

အဖွားအိုသည် ကျစ်ယန်အား နှုတ်ဆက်ထွက်ခွာမည့်ချိန်တွင် ကျစ်ယန်ရဲ့ တားဆီးခြင်းကို ခံလိုက်ရသည်။ ကျစ်ယန်သည် ရေကန်ထဲတွင် ရှိသော အရာနဲ့ပက်သက်ပြီး သိထားတာရှိလားလို့ မေးမြန်လိုက်၏။

အဖွားအိုသည် လျင်မြန်စွာ ရှင်းပြပြီးနောက် ချက်ချင်းထွက်ခွာသွားခဲ့သည်။ ကျစ်ယန်သည် ရေကန်ကို ကြည့်နေရင်း မိုးမြေနတ်သလင်းကျောက်ဆိုသော စကားလုံးကို အကြိမ်ကြိမ် ရွတ်ဆိုနေခဲ့သည်။

ကျစ်ယန်သည် သာမာန်တိုင်းပြည်မှ ရောက်ရှိလာသဖြင့် မိုးမြေနတ်သလင်းကျောက်နဲ့ ပက်သက်ပြီး မသိရှိခဲ့ရခြင်း ဖြစ်၏။

ကျစ်ယန်သည် ရေကန်ရဲ့ အောက်ပိုင်းအတွင်းကို ခုန်ဆင်းသွားပြီးတဲ့နောက် စိန်သဏ္ဍာန်အသွင်ရှိသာ မိုးမြေနတ်သလင်းကျောက်နက်ကြီးကို တွေ့လိုက်ရသည်။

မိုးမြေနတိသလင်းကျောက်နက်မှ ထွက်ရှိသော ဝိညဥ်စွမ်းအားကြောင့် ရေကန်တစ်ခုလုံးပင် ဝိညဥ်စွမ်းအင်များ ရှိနေခဲ့၏။ ကျစ်ယန်သည် မိုးမြေနတ်သလင်းကျောက်နက်ကို ဆွဲယူလိုက်ပြီး

ရေကန်အပြင်ဘက်ကို ပြန်လည်ထွက်လာခဲ့သည်။

ကျစ်ယန်သည် သိုလှောင်ကွင်းလက်စွပ်ထဲရှိရတနာအချို့ကို ထုတ်ပြီး အစီအရင်စက်ဝိုင်းကြီး တစ်ခုကို ဖန်တီးလိုက်၏။ ပေ၁၀၀၀ အတွင်းသည် အလွန်ပင်ထူထပ်သောတိမ်မြူများ ဖုံးအုပ်လွှမ်းသွားပြီဖြစ်သည်။

အပြင်ဘက်ကကြည့်လျှင် ကျစ်ယန်တည်ရှိနေသော နေရာတစ်ခုလုံးကို မြင်ရမည်မဟုတ်တော့ပေ။

ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာငယ်အတွင်းကို ဝင်လိုက်ပြီး ရှေးဟောင်းနတ်ဘုရားနဂါးကျောရိုးကို အရင်ထုတ်ကာ သူ့ခန္ဓာကိုယ်နဲ့ စတင်ပေါင်းစပ်ဖို့ ကြိုးစားလိုက်၏။

ရှေးဟောင်းနတ်ဘုရားနဂါးကျောရိုးစုသည် ပင်လယ်ရေပြင်ထက်ရှိ လေဟာနယ်ထဲတွင် လည်ပတ်နေသည်။ ကျစ်ယန်သည် သူ့ရဲ့လက်ဖဝါးကို ဖြန့်လိုက်ပြီး နတ်မီးတောက်ဖြင့်

နဂါးကျောရိုးစုကို လောင်ကျွမ်းစေလိုက်၏။

နဂါးကျောရိုးစုသည် လေဟာနယ်အတွင်းမှာပဲ

ရွှေရောင်အမှုန့်လေးအဖြစ်သို့ ပြောင်းကာ ကျစ်ယန်ရဲ့ ခန္ဓာကိုယ်အတွင်းကို ရောက်ရှိလာလေသည်။

ကျစ်ယန်သည် ပြောင်းလဲနေသော ခန္ဓာကိုယ်ကြီးအား စိတ်ဝိညဥ်နတ်ဘုရားစွမ်းအားဖြင့် တချိန်ထဲ စစ်ဆေးနေခဲ့၏။ ကျစ်ယန်သည် နာကျင်မှုအနည်းငယ်ခံစားနေရသော်လည်း သူ့မျက်နှာမှာ တည်ငြိမ်နေလေသည်။

ကျစ်ယန်သည် အေးစက်နေသော မျက်လုံးများဖြင့်

မိုးမြေနတ်သလင်းကျောက်နက်ကို ထုတ်လိုက်ပြီး "ငါရဲ့ခန္ဓာကိုယ်သန်မာမှုက နဂါးတစ်ကောင်နဲ့အလားတူနေပြီ ၊ ငါရဲ့ကျင့်ကြံမှုကိုလဲ နတ်သူငယ်အဆင့်၉ ရောက်အောင် မြှင့်တင်ရမယ်" လို့ ရေရွတ်ရင်း မိုးမြေနတ်သလင်းကျောက်နက်ရဲ့ စွမ်းအားကို စတင်စုပ်ယူသန့်စင်တော့၏။

အချိန်သည် ၁လမျှ ကြာခဲ့ပြီးနောက် ကျစ်ယန်သည် နတ်သူငယ်အဆင့်၉ကို ရောက်ရှိသွားခဲ့သည်။ အဆင့်တက်ချိန်တွင် ဝါးတားတားပုံရိပ်ယောင်အချို့ကိုလဲ ထပ်မံမြင်တွေ့လိုက်ရ၏။

ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာငယ်ထဲမှ ထွက်ခွာပြီးတဲ့နောက် ဆူညံနေသော အသံများကို ကြားလိုက်ရသည်။

ကျစ်ယန်သည် သူတည်ဆောက်ထားတဲ့ အကာအကွယ်အစီအရင် တိုက်ခိုက်ခံထားရ၍ ပျက်စီးတော့မည်ကို သိလိုက်ရ၏။ ကျစ်ယန်သည် နတ်ဘုရားစိတ်ဝိညဥ်ဖြင့် ထောက်လှမ်းကြည့်တဲ့အခါ အပြင်ဘက်တွင် ရှိနေသော သူတော်စင်အဆင့် ကျင့်ကြံသူသည် သူ့အားသတိထားမိသွားသည်ကို သိရှိသွား၍

နတ်ဘုရားစိတ်ဝိညဥ်ကို အမြန်ရုတ်သိမ်းလိုက်ရသည်။

သူတော်စင်အဆင့် ကျင့်ကြံသူနဲ့ တိုက်ခိုက်လျှင် အရေးနိမ့်မည် သေချာနေသေဖြင့် ကျစ်ယန်သည် လက်လွတ်စပယ် မလုပ်ဘဲ တွေးတောနေခဲ့၏။

အချိန်အနည်းငယ်ကြာပြီးနောက် ကျစ်ယန်သည် အတားအဆီးအပြင်ဘက်တွင် ထွက်ပေါ်လာခဲ့ပြီး

သူတော်စင်အဆင့်ကျင့်ကြံသူကို ရိုသေစွာ နှုတ်ဆက်လိုက်သည်။

သူတော်စင်အဆင့် ကျင့်ကြံသူဖြစ်သောရန်ချောင်သည် လက်ဝါးဖြန့်လိုက်ပြီး သိုလှောင်ကွင်းလက်စွပ်နဲ့အတူ

ကျွန်သခင်စာချုပ်ချုပ်ဖို့ ပြောလိုက်၏။ ကျစ်ယန်သည် သိုလှောင်ကွင်းလက်စွပ်အား ပစ်ပေးလိုက်ပြီး လေဟာနယ်အက်ကွဲကြောင်းထဲမှ ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။

သို့သော် ရန်ချောင်သည် သူ့ရဲ့သေးငယ်သောဓားဖြင့် ကျစ်ယန်သို့ ပစ်သွင်းလိုက်တဲ့အခါ ကျစ်ယန် ခန္ဓာကိုယ်သည် အမှုန့်ဖြစ်သွားခဲ့၏။ ရန်ချောင်သည် သူ့အားကိုယ်ပွားတစ်ခုနဲ့ အရူးလုပ်မှန်း သိလိုက်ရ၍ ရယ်မောလိုက်ပြီး သူတော်စင်အဆင့် စွမ်းအားဖြင့် စိတ်ဝိညဥ်ထောက်လှမ်းလိုက်လေသည်။

ကျစ်ယန်သည် ကိုယ်ပွားများစွာထုတ်လိုက်ပြီး ကိုယ်ပွားတိုင်းတွင် စိတ်ဝိညဥ်မျှင်ထည့်သွင်းကာ နေရာအနှံ ထွက်ပြေးစေခိုင်းလိုက်၏။ ရန်ချောင်သည် များစွာသော ကျစ်ယန်ခန္ဓာကိုယ်များကို ထောက်လှမ်းမိလိုက်သဖြင့် "ငါ့မှာအရေးကြီးကိစ္စသာ မရှိရင် မင်းရဲ့မူလစိတ်ဝိညဥ်က ထွက်ပြေးနိုင်မယ်ထင်နေလား..." လို့ ဆိုရင်း လေထဲတွင် ပျောက်ကွယ်သွားလေသည်။

ကျစ်ယန်သည် ပျံသန်းနေရင်း နေရာတစ်ခုကို ရှာကာ ရပ်လိုက်ပြီး စိတ်ဝိညဥ်မျှင်များ အားလုံးကို ပြန်စုစည်းလိုက်၏။ ကျစ်ယန်သည် နောက်ထပ်သူတော်စင်နဲ့တွေ့ဆုံလျှင် ကာကွယ်ရန်အတွက် အတားအဆီးအကာအကွယ်တစ်ခုကို ထပ်မံဖန်တီးထားလိုက်သည်။

All Chapters