အထက်ဘုံကျင့်စဥ်
Vol. 9 Ch. 124
ကျစ်ယန်သည် ဖုန်တောက်ဂိုဏ်းတွင် လု
ယူရရှိခဲ့သော ဝါးမျိုခြင်းကပ်ဘေးအစီအရင်အလှံအား ထုတ်လိုက်၍ စစ်ဆေးကြည့်လိုက်၏။ ကျစ်ယန်သည် အဆင့်နိမ့်တိုင်းပြည်တွင် သူ့အား ရန်စနိုင်သူ မရှိသဖြင့် ဝါးမျိုခြင်းကပ်ဘေးအစီအရင်အလှံနက်ကို သိမ်းထားခဲ့ခြင်း ဖြစ်သည်။
ကျစ်ယန်သည် စိတ်ဝိညဥ်တစ္ဆေကျင့်စဥ်ကို အသက်သွင်းလိုက်တဲ့အခါ ကျစ်ယန်နဲ့ပုံစံတူသော
ကိုယ်ပွားခန္ဓာကိုယ်တစ်ခု ထွက်ပေါ်လာခဲ့၏။
ကျစ်ယန်သည် နတ်သူငယ်အဆင့်၁၀စွမ်းအားရှိသော
ကိုယ်ပွားအား ကြည့်လိုက်ပြီး "ဒီတိုက်ပွဲမှာ မင်းကိုပဲ အားကိုးရတော့မယ် " လို့ ရေရွတ်လိုက်ပြီး ဝါးမျိုခြင်းကပ်ဘေးအစီအရင်အလှံကို ကိုယ်ပွားထံကို ပေးလိုက်သည်။
ကျစ်ယန်ရှေ့ရှိ စိတ်ဝိညဥ်တစ္တေကျင့်စဥ်ဖြင့် အသက်သွင်းထားသော ကိုယ်ပွားသည် ကျစ်ယန်ရဲ့အစစ်အမှန် ခန္ဓာကိုယ်နဲ့ အစစ်အမှန် မူလစိတ်ဝိညဥ် တို့ရဲ့ စွမ်းအားဖြင့် ဖန်တီးထားခြင်းဖြစ်၏။ ကျစ်ယန်သည် ပြင်ပနေရာအား အားကောင်းသော အစီအရင်များစွာကို အသက်သွင်းထားလိုက်ပြီး စိတ်ဝိညဥ်ကမ္ဘာငယ်ထဲကို ဝင်သွားခဲ့သည်။
မျက်လုံးအနီရောင်တလဲ့လဲ့ရှိနေသော ကျစ်ယန်သည် လေဟာနယ်အက်ကွဲကြောင်းများဖန်တီးကာ ခရီးနှင်နေခဲ့ပြီး နတ်ဘုရားစိတ်ဝိညဥ်အာရုံကို စဥ်ဆက်မပြတ် ထောက်လှမ်းနေခဲ့၏။ မိုးမြေနတ်သလင်းကျောက်နက်များစွာနဲ့ ပျက်စီးနေသော နတ်ဘုရားလက်နက်တချို့ကိုသာ တွေ့ရှိခဲ့သည်။
အလွန်ပင် သန်မာအားကောင်းသော ဧရာမမိုးကြိုးပုဆိန်ကြီးသည် ကျစ်ယန်သွားမည့် လမ်းကို ပိတ်ဆို့သွားခဲ့၏။ တချိန်ထဲမှာပဲ များစွာသော ကျင့်ကြံသူတွေ ကျစ်ယန်ရဲ့ရှေ့ကို ရောက်ရှိလာခဲ့သည်။ ထိုအဖွဲ့ထဲရှိ လူတချို့သည် ကျစ်ယန်အား ကြည့်ကာ သူတို့စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်နေခဲ့၏။
ကျစ်ယန်သည် နတ်သူငယ်အဆင့်၁၀ စွမ်းအား အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး ဧရာမဝိညဥ်လက်ကြီးဖြင့် ပုဆိန်ကိုင်ဆောင်သော လူအား ရိုက်ချလိုက်သည်။ နတ်သူငယ်အဆင့်၈ရှိသော သွေးဝိညဥ်ဂိုဏ်းရှိ အကြီးအကဲ၁သည် အရိုးများအချို့ ကျိုးသွားတဲ့အပြင် သေလုမတက်ခံစားလိုက်ရသဖြင့် ကျစ်ယန်အား မကြည့်ရဲတော့ပေ။
နတ်သူငယ်အဆင့်၈ရှိသော အကြီးအကဲတောင် အရိုက်ခံရသည်ကို မြင်တဲ့အခါ ကျန်သောလူအားလုံးသည် သူတို့အား သတ်ဖြတ်မည်ကို ကြောက်ရွံသွားကြ၏။ ကျစ်ယန်သည် သူတို့အားလုံးရှေ့မှာပဲ ပျောက်ကွယ်သွားခဲ့၍ စိတ်ချမ်းသာသွားကြသည်။
ကျစ်ယန်သည် ရုတ်တရုတ်စုဝေးနေသော ကျင့်ကြံသူများကို သတိထားမိလိုက်၏။ ထိုထဲတွင်
သူတော်စင်အဆင့် ကျင့်ကြံသူတွေ ပါဝင်နေသည့်အပြင် သူ့အားသတ်ဖြတ်ဖို့ကြံစည်ထားသော ရန်ချောင်ကိုပါ တွေ့လိုက်ရသည်။
သူတောစင်အဆင့်ကျင့်ကြံသူတွေသည် ကျစ်ယန်ရောက်ရှိလာသည်ကို သတိထားမိသွားကြ၍ "ပုန်းကွယ်မနေဘဲ ထွက်လာဖို့ " ဆိုလိုက်၏။ ကျစ်ယန်သည် လျှပ်တစ်ပြက်အတွင်းမှာပဲ အဖိုးအို တစ်ယောက်ရဲ့အနားကို ရောက်ရှိလာခဲ့၏။
အဖိုးအိုအနားတွင်လဲ ခမောက်ဖြူမိန်းကလေးငယ်ရှိနေခဲ့သည်။ သွေးဝိညဥ်ဂိုဏ်းမှ အကြီးအကဲ၁သည် ကျစ်ယန်ကို မြင်တဲ့အခါ "ဂိုဏ်းချုပ်.....ငါ့ကို ဒီလို ဒဏ်ရာရအောင်လုပ်တဲ့ကောင်က အဲ့ကောင်ပဲ"လို့ ပြောလိုက်၏။
ကျစ်ယန်သည် ရန်ချောင်မှာ သွေးဝိညဥ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်နေလိမ့်မည်လို့ မထင်ထားပေ။ ရန်ချောင်သည် တခဏအတွင်း နတ်သူငယ်အဆင့်၁၀ကို ရောက်ရှိသွားသော ကျစ်ယန်ကို ကြည့်ကာ အနည်းငယ်မှင်တက်နေခဲ့၏။
ရန်ချောင်သည် ကျစ်ယန်နံဘေးရှိ အဖိုးအိုကို ကြည့်ပြီး အသံမထွက်ဖို့သာ အကြီးအကဲ၁ ဆိုသူကို အော်ဟောက်လိုက်သည်။ သူတော်စင်အဆင့်ကျင့်ကြံသူ ၉ယောက်သည် သူ့တို့ရဲ့ စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး
ဂူတံခါးပေါ်ရှိအကာအကွယ်အစီအရင် တစ်ခုကို စတင်ဖျက်ဆီးလိုက်ကြ၏။
ကျစ်ယန်သည် ဂူတံခါးပေါ်ရှိ အစီအရင်ကို ကြည့်ကာ အလွန်ရှုပ်ထွေးနေခဲ့သည်။ ရှေးဟောင်းနတ်ဘုရားတွေ ဖန်တီးထားတဲ့ အစီအရင်သည် သူတော်စင်အဆင့်ကျင့်ကြံသူတွေဖျက်ဆီးဖို့ အလွန်ပင်ခက်ခဲနေခဲ့၏။
အချိန်သည် ၁ပတ်ကြာပြီးနောက် တံခါးပေါ်ရှိအစီအရင်သည် တဖြည်းဖြည်းစတင်ပြိုကွဲလာခဲ့သည်။ အဖိုးအိုသည် ခမောက်ဖြူမိန်းကလေးငယ်နဲ့အတူ အဖွဲ့သားများအား စိတ်ဝိညဥ်အသံလှိုင်းဖြင့် အဆင်သင့် ဟန်ပြင်ထားဖို့ ပြောလိုက်၏။
ဂူထဲတွင်ရှိသော အရာသည် သူတော်စင်အဆင့်ကျင့်ကြံသူတွေကိုတောင် ဆွဆောင်နေတဲ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့အရာ ဖြစ်မည်ဟု ကျစ်ယန် ခန့်မှန်းလိုက်သည်။ ခမောက်ဖြူမိန်းကလေးငယ်သည် နတ်သူငယ်အဆင့်၁၀ကို ရောက်ရှိနေသော ကျစ်ယန်အား မနာလိုဖြစ်နေခဲ့၏။
ဂူအတွင်းပိုင်းတွင် အထက်ဘုံအဆင့်ရဲ့ ကျင့်စဥ်တွေ ရှိသည်ကို သတင်းရထားကြခြင်းပင် ဖြစ်သည်။ အချိန်အနည်းငယ်အတွင်းမှာပဲ ဂူတံခါးပေါ်ရှိ အစီအရင်ကြီးသည် လုံးဝပေါက်ကွဲထွက်ကာ ဝင်ပေါက်ကြီးတစ်ခု ဖြစ်သွား၏။
များစွာသော ကျင့်ကြံသူတွေသည် ဂူအတွင်းပေါက်ကို ဝင်မည့်ချိန်တွင် ဂူအတွင်းမှ
ဧရာမ သတ်ဖြတ်ခြင်းဓါးဆန္ဒကြီးတစ်ခု ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။ သတ်ဖြတ်ခြင်းဓါးဆန္ဒနဲ့အတူ တောက်ပနေသော ရွှေရောင် စိတ်ဝိညဥ်ခန္ဓာကိုယ်တစ်ခု ပေါ်ထွက်လာခဲ့၏။
စိတ်ဝိညဥ်ခန္ဓာကိုယ်ကြီးရဲ့ လက်ဖဝါးပေါ်တွင် ဓားဝိညဥ်အသေးလေးတစ်ခု ရှိနေသည်။ ကျင့်ကြံသူအပေါင်းသည် သတ်ဖြတ်ခြင်းဓါးဆန္ဒကို
ကြောက်ရွံသွားကြသဖြင့် ဂူပေါက်ထဲကို မဝင်ရဲကြတော့ပေ။
သူတော်စင်အဆင့်ကျင်ကြံသူ တစ်ဦးသည် သူ့ရဲ့ဓားဝိညဥ်အား ခန္ဓာကိုယ်တွင် လှည့်ပတ်နေစေလိုက်ပြီး "ဘာမဟုတ်တဲ့ ဝိညဥ်လေးတစ်မျှင်က သတ်ဖြတ်ခြင်းဓားဆန္ဒလေးနဲ့
လာခြိမ်းခြောက်နေတာပဲ....... " လို့ ဆိုကာ သူ့ရဲ့ သေခြင်းတရားဓားဆန္ဒကို အသက်သွင်းလိုက်၏။
ထို့နောက် သူတော်စင်အဆင့်ကျင့်ကြံသူသည် သူ့ဓားကို အသာအယာပင် မွှေ့ရမ်းပြီး ရွှေရောင်စိတ်ဝိညဥ်ကို ခုတ်ချလိုက်သည်။ အလွန်ပင် ကြီးမားသော အဖြူရောင်ဓားဝိညဥ်အလင်းတန်းကြီးသည် ရွှေရောင်စိတ်ဝိညဥ်ထံကို လျင်မြန်စွာ ကျရောက်သွားခဲ့၏။
ရွှေရောင်စိတ်ဝိညဥ်သည် သူ့လက်ညိုးလေးနဲ့ပင် အဖြူရောင်ဓားဝိညဥ်ကြီးကို ထိလိုက်တဲ့အခါ သေခြင်းတရားဓါးဆန္ဒပါဝင်သော ဓားဝိညဥ်အလင်းတန်းသည် ချက်ချင်းပျောက်ကွယ်သွားသည်။ သေခြင်းတရားဓါးဆန္ဒ ပျောက်ကွယ်သွားသည်နှင့် ဓားသူတော်စင်သည် သွေးအနည်းငယ်အန်လိုက်ရပြီး ကြောက်ရွံသွားခဲ့၏။
ရွှေရောင်စိတ်ဝိညဥ်ထံမှ အလွန်ပင် နက်ရိုင်းသော အသံကြီးထွက်ပေါ်လာခဲ့သည်။ နတ်ဘုရားတစ်ပါးရဲ့ ပျောက်ကွယ်ခန်းနီး စိတ်ဝိညဥ်ဖြစ်သော်လည်း သူတော်စင်အဆင့်ကျင့်ကြံသူတွေကို ပုရွတ်ဆိတ်သဖွယ် သတ်ပစ်နိုင်သော စွမ်းအားမျိူးရှိသေး၏။
ရွှေရောင်စိတ်ဝိညဥ်ကြီးသည် ဂူထဲတွင် တန်ဖိုးမဖြတ်နိုင်သော ရတနာများစွာနဲ့ အထက်ဘုံကျင့်စဥ်၁ခုနဲ့ နှစ်တစ်သန်းမီလီသစ်သီး ရှိကြောင်း ပြောပြခဲ့ပြီး ရွှေမှုန်လေးများအဖြစ် လေထဲတွင် ပျောက်ကွယ်သွားလေသည်။ အထက်ဘုံကျင့်စဥ်နဲ့နှစ်တစ်သန်းမီလီသစ်သီးကို ကြားလိုက်တဲ့အခါ ကျင့်ကြံသူအပေါင်းရဲ့ မျက်လုံးများသည် အလွန်ပင် ကြောက်စရာကောင်းသွားကြပြီး ဂူထဲကို တရှိန်ထိုး ဝင်သွားကြ၏။