← Chapters

အခန်း (၁၂၅)

Vol. 9 Ch. 125

အခန်း (၁၂၅)

Vol. 9 Ch. 125

များစွာသော လူအုပ်ကြီးသည် ဂူထဲရောက်တဲ့အခါ

ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းအငွေ့အသက်ကို ခံစားနေကြရသည်။

ရုတ်တရက် အားလုံးရှေ့တွင် မီးခိုးရောင် ၊ အပြာရောင်နဲ့ အစိမ်းရောင်ရှိသော

လေဟာနယ်ံတံခါးပေါက် ၃ခု ပေါ်လာခဲ့၏။

တံခါးပေါက်၃ခု ပေါ်လာချိန်တွင် ဂူအတွင်းတွင် အနီရောင်အခိုးအငွေ့များ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် များစွာသော လူအုပ်ကြီးထံမှ ကြောက်ရွံစွာ အကူအညီတောင်းသည့် အော်ဟစ်သံများသည် ကြားပြီးသည်နဲ့ ချက်ချင်းပျောက်ကွယ်သွား၏။

ကျစ်ယန်သည် နတ်ဘုရားအာရုံထောက်လှမ်းကြည့်လိုက်တဲ့အခါ မြေပြင်ပေါ်တွင် သတ်ဖြတ်ခြင်း

​အစီအရင်တစ်ခု ဖန်တီးထားမှန်း သိလိုက်ရသည်။

ကျစ်ယန်သည် ခုလောက်ထိကြောက်စရာကောင်းသော အစီအရင်ကို မတွေ့ဖူးပေ။

များစွာသော လူအုပ်ကြီးမှ တဖြည်းဖြည်းလူနည်းလာသည်ကို ဘယ်သူမှ သတိမထားမိပေ။ လေဟာနယ်တံခါးပေါက်၃ခုသည် တဖြည်းဖြည်း ကျဥ်းမြောင်းလာတဲ့အခါ ကျန်ရှိသော လူများသည် ကြိုက်နှစ်သက်သော တံခါးပေါက်ထဲကို ပျံသန်းဝင်သွားကြ၏။

ကျစ်ယန်သည် မီးခိုးရောင်တံခါးပေါက်ထဲကို ဝင်ပြီးတဲ့နောက် အေးစက်​လွန်းသော ရေခဲပြင်တစ်ခုကို

ရောက်ရှိလာခဲ့သည်။ ကျစ်ယန်သည် သတ်ဖြတ်ခြင်းအငွေ့အသက်ကို ခံစားလိုက်ရချိန်တွင် အစိမ်းရောင်နွယ်ကြိုးပင်ကြီးသည် ကျစ်ယန်နောက်ကို လျင်မြန်သော နှုန်းဖြင့် ရောက်ရှိလာခဲ့၏။

ကျစ်ယန်သည် ချက်ချင်းသတိထားမိသွားသဖြင့် ​မူလနေရာမှ ပျောက်ကွယ်သွားပြီး ဘေးနေရာတစ်ခုတွင် ပြန်ပေါ်လာခဲ့သည်။ လူသုံးယောက်သည် ကျစ်ယန်အထက်ရှိ ခရမ်းရောင်လေဟာနယ်အက်ကွဲကြောင်းထဲမှ ပေါ်ထွက်လာခဲ့၏။

၃ယောက်ထဲမှ အနက်ရောင်ဝတ်ရုံဖြင့်လူသည် ရယ်မောလိုက်ပြီး "မီးခိုးရောင်လေဟာနယ်တံခါးပေါက်ကို ရွေးချယ်မိတာ မင်းအမှားပဲ" လို့ ဆိုလိုက်သည်။ ကျစ်ယန်သည် ရန်သူတော်နဲ့ ထိပ်တိုက် တွေ့ဆုံမယ်လို့ မမျှော်လင့်ထားပေ။

သွေးဝိညဥ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရန်ချောင်သည် လေးနက်စွာဖြင့် သူ့ရဲ့ဓားငယ်လေးအား ဝိညဥ်စွမ်းအင်ထည့်သွင်းလိုက်ပြီး "ငါ့ရဲ့ ဝိညဥ်ဖျက်စီးဓားဆန္ဒကို ဒီတစ်ခေါက် မင်းခံနိုင်မလား ငါသိချင်မိတယ် " လို့ ပြောဆိုရင်း ဓါးငယ်လေးကို ပစ်သွင်းလိုက်၏။

ဓားငယ်လေးသည် လေထဲတွင် အဆင့်ဆင့်ကြီးထွားလာခဲ့ပြီး ရှည်လျားသောနဂါးအသွင်ကို ပြောင်းလဲကာ ကျစ်ယန်ထံကို လျှပ်စီးနှုန်းဖြင့် ရောက်ရှိလာခဲ့သည်။ ကျစ်ယန်သည် ဝါမျိုခြင်းကပ်ဘေးအစီအရင်အလှံကို အသုံးပြုတော့မည့်ချိန်တွင် သံမဏီခမောက်တစ်ခုသည်

နဂါးအသွင်ရှိသောဓါးနဲ့ ထိပ်တိုက်တွေ့ဆုံကာ ပေါက်ကွဲသွား၏။

မျက်နှာပေါ်တွင် အစိမ်းရောင်နွယ်ပင် အစိတ်အပိုင်းငယ်လေးများ ရှိသောလူသည် " ယဲ့ပုထန်နဲ့ ဟိုအဖိုးကြီး၂ယောက်လဲ ရောက်လာပြီပဲ " လို့ ပြောလိုက်သည်။ ကျစ်ယန်ဘေးကို လူသုံးယောက်သည် လျှပ်တစ်ပြက်ရောက်ရှိလာခဲ့၏။

သူတော်စင်အဆင့် ကျင့်ကြံသူ ၆ယောက်သည် တိုက်ခိုက်တော့မည့် အနေအထားရှိမှန်း ကျစ်ယန်သည် သိလိုက်ရသည်။ ကျစ်ယန်ဘေးတွင် ရှိသော အဖိုးအိုသည် "အငယ်လေး.....မင်းကတကယ်သတ္တိရှိတာပဲ ၊ နောက်နှစ်အနည်းငယ်ကြာရင် ဒီကောင်တွေကို မင်းအနိုင်တိုက်နိုင်မှာ ငါယုံကြည်တယ် " လို့ ပြောလိုက်၏။

လေထဲတွင်ရှိနေသော ရန်ချောင်တို့ သုံးယောက်သည် မျက်နှာပျက်သွားသည်။ ကျစ်ယန်ကို သတ်ပစ်ဖို့ မဖြစ်နိုင်တော့မှန်းသိတဲ့အခါ ရန်ချောင်တို့သည် ဘာမှမပြောတော့ဘဲ ထွက်ခွာသွားကြ၏။ ကျစ်ယန်သည် လူ၃ယောက်အား ကျေးဇူးတင်လိုက်သည်။

အဖိုးအို၂ယောက်နဲ့ သံမဏီခမောက်သူတော်စင်သည် အချိန်ဖြုန်းမနေဘဲ ချက်ချင်းပင် ထွက်ခွာသွားကြ၏။ ကျစ်ယန် ၁ယောက်ထဲ ကျန်ရစ်ချိန်တွင် ရေခဲပြင်အောက်အတွင်းပိုင်းသည် တဖြည်းဖြည်း အက်ကွဲလာခဲ့ပြီး ကြီးမားသော သားရဲကြီးတစ်ကောင်ထွက်ပေါ်လာလေသည်။

သားရဲကြီးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးသည် ရေခဲတုံးများဖုံးလွှမ်းနေပြီး ကြီးမားသော လျှာကြီးတစ်ခုရှိနေခဲ့၏။ ကျစ်ယန်ကြည့်နေစဥ်တွင် ဧရာမလျှာကြီးသည် ကျစ်ယန်ထံကို ရောက်ရှိလာလေသည်။ ကျစ်ယန်သည် ရှောင်လိုက်သော်လည်း နောက်ထပ်ဧရာမလျှာကြီးတစ်ခုရဲ့ ရိုက်ချခြင်းကို ခံလိုက်ရ၏။

ကျစ်ယန်သည် သွေးအနည်းငယ်အန်လိုက်ရပြီး သားရဲကောင်ကို စူးစိုက်ကြည့်လိုက်သည်။ များစွာသော လျှာများစွာသည် ခန္ဓာကိုယ်အတွင်းမှာ ရှုပ်ထွေးစွာ ရှိနေခဲ့၏။ ကျစ်ယန်သည် သူ့နဖူးကို ထိလိုက်တဲ့အခါ သူ့ရဲ့ခန္ဓာကိုယ်သည် သွေးမျှင်များအဖြစ်ကို ပြောင်းလဲသွားသည်။

စက္ကန်းပိုင်းအတွင်းမှာပဲ သွေးချီမျှင်များသည် ရေခဲသားရဲကောင်အဖြစ်ကို ပြောင်းလဲသွားခဲ့၏။

အစီအရင်များစွာရဲ့ အတွင်းမှာ ကျင့်ကြံနေသော ကျစ်ယန်ရဲ့မူလခန္ဓာကိုယ်သည် မျက်လုံးများပြန်ပွင့်လာခဲ့သည်။ ကျစ်ယန်သည် ကိုယ်ပွားရှာဖွေပိုင်ဆိုင်ထားတဲ့ မိုးမြေနတ်သလင်းကျောက်နက်ရဲ့ စွမ်းအားများကို စုပ်ယူရင်း နတ်သူငယ်အဆင့်၁၀ကို ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့၏။

ကျစ်ယန်ရဲ့ မူလခန္ဓာကိုယ်သည် ကျန်ရှိသေးသော မိုးမြေနတ်သလင်းကျောက်နက်ကို ထုတ်လိုက်ပြီး

"သွေးဝိညဥ်ဂိုဏ်းချုပ်....ငါနဲ့နောက်တစ်ကြိမ်ထပ်တွေ့ရင် မင်းရဲ့အသက်ကို နှုတ်ယူရလိမ့်မယ် " လို့ ကြိမ်းဝါးကာ မိုးမြေနတ်သလင်းကျောက်နက်ကို စုပ်ယူပါတော့သည်။

အေးစက်သော ရေခဲပြင်ကြီးတွင် များစွာသော လျှာများသည် နေရာအနှံ ပျံကျဲနေ၏။ ကျစ်ယန်သည် မူလသဏ္ဍာန်ကို ပြန်လည်ပြောင်းလဲပြီးနောက် ရေခဲသားရဲရဲ့ စိတ်ဝိညဥ်အမြူတေကို ထည့်သိမ်းထားလိုက်သည်။

ကောင်းကင်ယံတွင် ပေါက်ကွဲသံကြီးနဲ့အတူ လင်းထိန်နေသော အသီးတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ ကျစ်ယန်သည် ချက်ချင်းပင် သတိထားမိသွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

သူတော်စင်အဆင့်ကျင့်ကြံသူ ၇ယောက်သည် လင်းထိန်တွင် ရှိနေသော လေထဲရှိ အသီးကို ကြည့်ရင်း "တကယ့်နှစ်တစ်သန်းမီလီသစ်သီးပဲ ၊ ဒီအသီးကို သန့်စင်ပြီး စုပ်ယူမယ်ဆို အနာဂတ်မှာ နတ်ဘုရားအဆင့်ကို ဝင်ရောက်နိုင်ဖို့ မျှော်လင့်ချက်ရှိပြီ " လို့ တီတိုးစွာ ရေရွတ်လိုက်ကြ၏။

သူတော်စင်အဆင့်ကျင့်ကြံသူတွေသည် ရုတ်တရက်

ကြောက်ရွံဖွယ်ကောင်းသော ခံစားချက်ကို ရရှိလိုက်ကြသည်။ အလွန်ပင် သန်မာအားကောင်းသော တစ်စုံတစ်ယောက်သည် သူတို့ကို ကြည့်နေသည်ဟု ခံစားလိုက်ရ၏။

ဓားသူတော်စင်ကျင့်ကြံသူ အဖိုးအိုသည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး "ထောင်ချောက်....ဒါထောင်ချောက်ပဲ" လို့ ကြောက်လန့်တကြားပြောလိုက်သည်။ ကျစ်ယန်သည်လည်း မူမမှန်သည်ကို ခံစားလိုက်ရပြီး သူ့ရှေ့တွင် နတ်ဆိုးအငွေ့အသက်များဖုံးလွှမ်းနေသော အနက်ရောင်မြူခိုးဝိညဥ်ကြီး ထွက်ပေါ်လာခဲ့၏။

အနက်ရောင်မြူခိုးဝိညဥ်ကြီးသည် သူ့လက်ဖဝါးထဲတွင် မီးတောက်ကြီးအား လည်ပတ်စေပြီးနောက် ကျစ်ယန်အား ထွက်မပြေးစေရန် မီးတောက်လှိုင်းကြီးဖြင့် ဝန်းရံလိုက်သည်။ သူတော်စင်အဆင့်ကျင့်ကြံသူတွေသည် ထွက်ပြေးရန် လေဟာနယ်အက်ကွဲကြောင်းကြီးအား

အသီးသီး ဖန်တီးလိုက်ကြ၏။

All Chapters