← Chapters

အခန်း (၁၆၁)

Vol. 11 Ch. 161

အခန်း (၁၆၁)

Vol. 11 Ch. 161

လီပေါင်ဖျင်က ထိုနေ့ရက် ရောက်ရှိလာမည့်အချိန်ကို စိတ်ကူးနှင့် တွေးတောရင်း မျှော်လင့်နေခဲ့သည်။ သူမက ထိုအချိန်ကို ကြောက်ရွံ့မှုမရှိဘဲ ကလေးဆန်စွာ စိတ်လှုပ်ရှားမှုများစွာဖြင့် စောင့်မျှော်နေ၏။ သူမ၏ ဦးလေးငယ်ဖြစ်သူ ချန်းပင်အန်းက ဓားပျံပေါ်တွင် စီးလျက် အလွန်ဝေးကွာသော ကမ္ဘာစွန်းမှ တမဟုတ်ချင်း ရောက်ရှိလာပြီး သူမ၏ ဦးလေးငယ်ဖြစ်ကြောင်း လူအများအား ကြေညာမည့်အချိန်ကို သူမ၏စိတ်ကူးနှင့် မြင်ယောင်နေသည်။

ထိုနေ့တွင် ဖုံးကွယ်နေသော အန္တရာယ်နှင့် သတ်ဖြတ်လိုစိတ်များကိုတော့ လီပေါင်ဖျင်လည်း သိပ်မစဉ်းစားမိပေ။ သူမက မည်မျှပင် ဉာဏ်ကောင်းစေကာမူ လူသားသဘာဝ၏ကြောက်စရာကောင်းမှုများကို မသိရှိနိုင်ပေ။ သူမ၏ ဦးနှောက်ကို မည်မျှပင် သုံးစေကာမူ အမှောင်ထဲတွင် ဖုံးကွယ်ထားသော အေးစက်သည့် သတ်ဖြတ်လိုစိတ်များကို သူမ၏ စိတ်ကူးနှင့်ပင် မြင်ယောင်နိုင်မည် မဟုတ်ချေ။

လောကဓံတရားကို နားမလည်သေးသည့် ဤမိန်းကလေးက လူတစ်ယောက်ကို စိတ်အားထက်သန်စွာ ယုံကြည်ရန်သာ ရွေးချယ်ထားခဲ့သည်။

ချန်းပင်အန်း၏ ကျောပေါ်တွင် အသံထွက်၍ အိပ်ပျော်နေသော စာသင်သားအိုကြီးက ကောင်းကင်လျှို့ဝှက်ချက်များကို ဖွင့်ပြောရန် ရွေးချယ်ခဲ့သည်မှာ အလွန်ရိုးသားပြီးကလေးဆန်သော လီပေါင်ဖျင်၏စိတ်ထားကို တန်ဖိုးထားသောကြောင့်ဖြစ်၏။

လီပေါင်ဖျင်က တိုးညင်းစွာ ပြောလိုက်သည်။

“ဦးလေးငယ် …

အဲဒီအချိန်ကျရင် တစ်ဖက်လူနဲ့ စကားများလို့ မနိုင်ရင် ဒါမှမဟုတ် သူတို့ကို မတိုက်ခိုက်နိုင်ရင် ကျွန်မတို့ ထွက်ပြေးလို့ရတယ်နော်…”

ချန်းပင်အန်းက ရယ်လျက် ပြန်ဖြေလိုက်၏။

“ဒါပေါ့.. မင်းက ရှက်စရာမဟုတ်ဘူးလို့ ထင်ရင် ရပြီ…”

ထို့နောက် ချန်းပင်အန်းက လီပေါင်ဖျင်ကို ဈေးဆိုင်များဆီသို့ ခေါ်သွားပြီး၊ ကလေး(၃)ယောက်အတွက် ဖိနပ်အသစ်များ ဝယ်ပေးလိုက်သည်။ သူကိုယ်တိုင်ကတော့ ဖိနပ်မဝယ်ခဲ့ပေ။ သူက ကပ်စေးနည်းခြင်းမဟုတ်ဘဲ ဖိနပ်အသစ် စီးရသည်ကို ကျင့်သားမရခြင်းကြောင့် ဖြစ်သည်။ သူက စမ်းပြီး စီးကြည့်သည့်အခါ တစ်ကိုယ်လုံး အဆင်မပြေဖြစ်နေပြီး လမ်းလျှောက်ပုံပင် မသိတော့သလို ခံစားရ၏။

ထို့ပြင် ကလေး(၃)ယောက်အတွက် အဝတ်အစားအသစ်နှစ်စုံဆီ ဝယ်ပေးခဲ့သည်။ ချန်းပင်အန်းက ငွေကို ရေလို သုံးခဲ့ရသည့်အတွက် စိတ်မထိခိုက်ဟု ပြောရန် မဖြစ်နိုင်သော်လည်း သုံးရမည့်ငွေကို မသုံးမဖြစ် သုံးရမည်သာ ဖြစ်၏။

လီပေါင်ဖျင်က အနီရောင် အဝတ်အစားများကိုသာ ရွေးချယ်ခဲ့သည်။ အနီရောင်က ပျော်ရွှင်ဖွယ်ရာဖြစ်သည့် အကြောင်းပြချက်တစ်ခုတည်းကြောင့်တော့ မဟုတ်ပေ။ ချန်းပင်အန်းက လီပေါင်ဖျင် ယခင်က ပြောပြဖူးသည်ကို ကြားခဲ့ဖူးသည်။ သူမ ငယ်စဉ်ကာလတွင် ဖုလုလမ်းကြားမှ ဖြတ်သွားသည့် နယ်လှည့် တာအိုဘုန်းတော်ကြီးတစ်ပါးက လီမိသားစုမှ သားသမီး(၃)ယောက်အတွက် ကံကြမ္မာဖတ်ပေးခဲ့သည်။

လီပေါင်ဖျင်၏ကံကြမ္မာကို တွက်ချက်ရာတွင် သူမက အနီရောင် အဝတ်အစားများကို ဝတ်ဆင်ထားလျှင် မကောင်းဆိုးဝါးများကို ရှောင်ရှားနိုင်မည်ဟု ပြောခဲ့၏။ လီမိသားစုက သူမကို မည်မျှပင် အလိုလိုက်သည်ဖြစ်စေ ဤကိစ္စတွင်မူ ညှိနှိုင်းရန် မဖြစ်နိုင်ပေ။

လီပေါင်ဖျင် အရွယ်ရောက်လာသည့်အခါ ဤကိစ္စကို စိတ်မသက်မသာ ခံစားရသော်လည်း မိသားစု၏စကားအတိုင်း လိုက်နာခဲ့သည်။ ယခင်က ဖယောင်းတိုင်နီမြို့ရှိ ဆက်သွယ်ရေးစခန်းတွင် မိသားစုထံမှ စာ(၃)စောင် လက်ခံရရှိခဲ့ရာ ဖခင်ဖြစ်သူမှသည် အစ်ကိုနှစ်ယောက်လုံးက လီပေါင်ဖျင်ဆီ ပို့သောစာများတွင် အနီရောင်အဝတ်အစားများကိုသာ ဆက်လက်ဝတ်ဆင်ရန် ထပ်ကာတလဲလဲ သတိပေးခဲ့သည်။

လီပေါင်ဖျင်က ချန်းပင်အန်း တစ်ယောက်တည်းရှိနေစဉ် နောက်ပိုင်း ထိုတာအိုဘုန်းတော်ကြီးကို တွေ့လျှင် သူ့ကို ရိုက်နှက်မည်ဟု မကြာခဏ ပြောလေ့ရှိသည်။

သူတို့က ဈေးဆိုင်များသို့ သွားနေချိန်တွင် စာသင်သားအိုကြီးကတော့ အိပ်မက်ထဲတွင် နစ်မျောနေဆဲသာ ဖြစ်သည်။ ချန်းပင်အန်းက သူ့ကို ကျောပေါ်တွင် ဆက်၍ သယ်ထားရ၏။ သို့သော် ဆရာကြီး၏ခန္ဓာကိုယ်အလေးချိန်က မများပေ။ ခန့်မှန်းခြေအားဖြင့် ပိဿာတစ်ရာမပြည့်သည့် အလေးချိန်သာ ရှိသည်။ ဤကဲ့သို့ အသက်ကြီးသော ပုဂ္ဂိုလ်တစ်ဦးဆီတွင် ထိုမျှများပြားလှသော ပညာရပ်များကို သိမ်းဆည်းထားနိုင်သည့်အတွက်ချန်းပင်အန်းလည်း အံ့ဩနေမိ၏။

ဆောင်းဦးကျူပင်တည်းခိုဆောင်သို့ ပြန်လည်ရောက်ရှိသည့်လမ်းတွင် လီပေါင်ဖျင်၏ စာအုပ်သေတ္တာထဲ၌ စာအုပ်များဖြင့် ပြည့်နှက်နေသည်။ သို့သော် ထောင်ပေါင်းများစွာသော ခရီးလမ်းကို လျှောက်လှမ်းလာခဲ့စဉ် သူမက ပို၍အသားမည်းပြီး ပိန်သွားသော်လည်း ခန္ဓာကိုယ်က သန်မာလာသည့်အပြင် ခွန်အားနှင့် စိတ်အားထက်သန်မှုများလည်း ကောင်းမွန်နေသည်။ ထို့ကြောင့် စာအုပ်သေတ္တာ၏ အလေးချိန်က သူမအတွက် ထိခိုက်မှာကို ချန်းပင်အန်းက စိုးရိမ်မှုမရှိခဲ့ပေ။

စီးဆင်းတိမ်တိုက်လမ်းကြားသို့ ရောက်ရှိလာသည့်အခါ တိမ်များ ဖုံးလွှမ်းနေသော လျှို့ဝှက်ဆန်းကြယ်သည့် မြင်ကွင်းကို တွေ့လိုက်ရသည်။ ချန်းပင်အန်းက ထိုမြင်ကွင်းကို အကြိမ်များစွာ မြင်ဖူးပြီးသား ဖြစ်သော်လည်း အံ့ဩထိတ်လန့်ဖွယ်ရာ ခံစားချက်မျိုးကို ခံစားရဆဲပင် ဖြစ်၏။

မျက်မမြင်တာအိုဘုန်းတော်ကြီးက ခွဲခွာချိန်တွင် လက်ဆောင်ပေးခဲ့သော “တောင်တန်းရှာဖွေခြင်းမှတ်တမ်းထဲတွင် ထူးဆန်းပြီး အံ့သြစရာကောင်းသော ပုံရိပ်များ ပြည့်နှက်နေသော်လည်း ယခုလက်ရှိမြင်ကွင်းကဲ့သို့ စိတ်နှလုံးကို လှုပ်ခတ်စေနိုင်သည့် အာနိသင်မျိုး မရှိပေ။

တည်းခိုဆောင်တံခါးဝသို့ ရောက်လာသည့်အခါ မြင့်မားသော တံခါးနတ်ဘုရားရုပ်ထုနှစ်ခုကို မြင်လိုက်ရသည်။ ထိုအချိန်တွင် စာသင်သားအိုကြီးက ရုတ်တရက် နိုးလာပြီး ခြေထောက်များ မြေပေါ်သို့ ထိလိုက်သည်နှင့်တပြိုင်နက် သူ၏ ကျောပေါ်တွင် အထုတ်တစ်ခု ပေါ်လာခဲ့သည်။ လက်ထဲတွင်လည်း ငွေတုံးတစ်တုံးကို ကိုင်ထား၏။

ဆရာကြီးက အံ့ဩနေသော ကလေးနှစ်ယောက်ကို ကြည့်ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။

“ကောင်းတဲ့အရာတွေအားလုံးက တစ်ချိန်ချိန်မှာ အဆုံးသတ်ရမှာပဲ။ ငါက နေရာတွေ အများကြီးကို သွားရဦးမယ်။ အနောက်ဘက်ကိုလည်း ဆက်သွားရမယ်။ ဒီနေရာမှာ ထပ်မနေနိုင်တော့ဘူး…”

ဆရာကြီးက ဖြည်းညင်းစွာ ဆက်ပြောလိုက်သည်။

“ချန်းပင်အန်း…

ချွေးချန်းတစ်ဝက်က ကောင်းတာလား ဆိုးတာလားဆိုတာကို ခွဲခြားပြီးသွားပြီ။ အဲဒါက သေချာပြတ်သားမှု မရှိသေးပေမယ့် အကြမ်းဖျင်းတော့ ရှင်းလင်းသွားပြီ။ ဒါကြောင့် သူ့ကို မင်းလက်ထဲ အပ်လိုက်မယ်။ သူ့ကို စကားနဲ့ သင်ပြတာထက် လက်တွေ့ပြသပြီး သင်ပေးဖို့ လိုတယ်။ ဒါကြောင့် သူ့ကို မင်းဘေးမှာ ထားခဲ့ဖို့ ဆုံးဖြတ်လိုက်တာ…”

လီပေါင်ဖျင်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ချွေးချန်းဆိုတဲ့လူက တော်တော်ဆိုးတယ်။ စာသင်သားသူတော်စင်…

ဘာလို့ သူ့ကို အမြဲ ကာကွယ်ပေးနေတာလဲ…”

ဆရာကြီးက အနည်းငယ် မလွတ်လပ်သလို ခံစားရဟန်ဖြင့် ပြုံးပြီး ရှင်းပြလိုက်သည်။ “ဘာမှမတတ်နိုင်ဘူးလေ။ ငါ သူ့အပေါ်မှာ ထားခဲ့တဲ့ ကန့်သတ်မှုတွေကို ဖယ်ရှားလိုက်ပြီ။ နောက်တစ်ကြိမ် မင်းတို့က သူ့ကို သတ်သင့်တယ်လို့ ထင်ရင်၊ ငါ့လို သက်ကြီးရွယ်အိုရဲ့အတွေးကို ဂရုမစိုက်ပါနဲ့။ မင်းတို့ သင့်တော်တယ်လို့ ထင်တာကို လုပ်ပါ။ ငါ သူ့ကို ဘာကြောင့် ဒီလောက်ကာကွယ်ပေးနေရတာလဲဆိုတော့ သူ လမ်းမှားလျှောက်ခဲ့တာက ငါ့ရဲ့သင်ကြားမှုအမှားတွေကြောင့်ပဲ။ ငါက သူ့ကို လုံး၀ ငြင်းဆန်ချင်ဘူး။ ငါက အလျင်လိုပြီး ဆုံးဖြတ်ချက် မပြတ်သားတဲ့ လူတစ်ယောက်လို့ သူ့ကို မထင်စေချင်ဘူး..”

ဆရာကြီး၏မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုများ ပေါ်လာပြီး အသံကလည်း တိုးသွားသည်။

“ပြီးတော့ အဲဒီအချိန်တုန်းက ငါမှာ အာရုံစိုက်ဖို့ အချိန်မရှိခဲ့ဘူး။ ငါအနိုင်ရမှဖြစ်မယ့် တိုက်ပွဲတစ်ခု ရှိနေခဲ့တယ်။ ဒါကြောင့် သူ့ကိုသေသေချာချာ ရှင်းပြဖို့၊ သူ့ကို တစ်ဆင့်ချင်း ဆင်ခြင်တွေးတောတတ်အောင် ကူညီပေးဖို့ အချိန်မရှိခဲ့ဘူး။ ဒါကြောင့် နောက်ပိုင်းမှာ အခုလို ဖြစ်သွားတာပဲ။ နောက်တော့ ဒီကောင်လေးက စိတ်ဆိုးပြီး ဆရာ့ကို ကျောခိုင်းထွက်ခွာသွားခဲ့တယ်။ ကြီးမားတဲ့ ရှုပ်ထွေးမှုတွေကိုတော့ ထားပစ်ခဲ့တယ်။ ဒါပေမယ့် သူ ရွေးချယ်ခဲ့တဲ့ လမ်းသစ်ကို တစ်လှမ်းချင်း ခိုင်မာစွာ လျှောက်လှမ်းနိုင်ခဲ့ရင် လောကကြီးကို နှစ်ပေါင်းထောင်ချီ အကျိုးပြုနိုင်တယ်။ ငါတို့ ကွန်ဖြူးရှပ်ဝါဒအတွက် မီးစာတစ်ခု ထပ်ဖြည့်ပေးနိုင်လိမ့်မယ်။ ဒီလိုမျိုး ထောင်စုနှစ်လောက် ကြီးမားတဲ့ ကိစ္စတွေနဲ့ ရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို မင်းတို့လည်း နောက်ပိုင်း မြင့်မားတဲ့ နေရာကို ရောက်တဲ့အခါ ကြုံတွေ့ရနိုင်တယ်။ အဲဒီအခါ ငါ့လို မလုပ်ပါနဲ့…”

“သေသေချာချာ စဉ်းစားပါ။ အလျင်စလို ဆုံးဖြတ်ချက်မချပါနဲ့။ စိတ်ရှည်ပါ။ အထူးသဖြင့် မင်းတို့ဘေးမှာ ရှိနေတဲ့လူတွေကို ဂရုစိုက်ပါ။ မမြင်နိုင်တဲ့ နေရာမှာ အမှားမဖြစ်အောင် သတိထားပါ။ မဟုတ်ရင် နောက်မှာ အတော်လေး စိတ်ထိခိုက်ရလိမ့်မယ်…”

ထိုစကားပြောနေစဉ် ခြောက်ကပ်ပိန်လှီနေသော ဆရာကြီး၏လက်ဖဝါးက ချန်းပင်အန်း၏ ဦးခေါင်းကို ကိုင်လိုက်ပြီး လီပေါင်ဖျင်၏ ဦးခေါင်းလေးကိုလည်း ပွတ်သပ်ပေးသည်။

“မင်းတို့တွေက အမြဲတမ်း အလျင်စလို ကြီးပြင်းလာချင်နေကြတယ်။ တကယ်လို့ ကြီးပြင်းလာခဲ့ရင် မင်းတို့ မထိန်းချုပ်နိုင်တဲ့ ကိစ္စတွေ ပိုများလာလိမ့်မယ်။ မိတ်ဆွေတွေကလည်း အနားမှာ အမြဲရှိနေမှာ မဟုတ်ဘူး။ အဝတ်အစားနဲ့ ဖိနပ်တွေက အသစ်ဖြစ်ရင် ပိုကောင်းတယ်။ ဒါပေမယ့် မိတ်ဆွေတွေကတော့ အဟောင်းဖြစ်ရင် ပိုကောင်းတယ်။ ဒါပေမယ့် အဟောင်းဖြစ်လာတဲ့အခါ သေဆုံးရမယ့် အချိန်လည်း ရှိလာတယ်…”

လီပေါင်ဖျင်က မေးလိုက်သည်။

“လင်းရှို့ယီက ပြောဖူးတယ်။ ကျင့်ကြံနေကြတဲ့ အင်မော်တယ်တွေက ကျင့်စဉ်အောင်မြင်ရင် နှစ်ပေါင်း(၁၀၀) နှစ်ပေါင်း(၁၀၀၀)တောင် အသက်ရှင်နိုင်တယ်တဲ့…”

ဆရာကြီးက အပြုံးနှင့် ပြန်မေးလိုက်၏။

“ဒါဆိုရင် နှစ်ပေါင်း(၁၀၀) နှစ်ပေါင်း(၁၀၀၀) ကျော်သွားရင်ကော ဘာတွေဖြစ်လာမှာလဲ…”

လီပေါင်ဖျင်က မသေမချာ မေးလိုက်၏။

“ကျွန်မ သေသွားမှာမလား…”

ကလေးဆန်သော သူမ၏ စကားကြောင့် ဆရာကြီးက အားရပါးရရယ်မောပြီး ပြောလိုက်သည်။

“ဒါဆိုရင် ပြောင်းပြန်ပြောရရင် ပေါင်ဖျင်လို ထူးချွန်တဲ့ မိန်းကလေးတစ်ယောက်က တစ်နေ့နေ့ ဒီလောကကြီးထဲက မရှိတော့ဘူးဆိုရင် မင်းရဲ့မိတ်ဆွေတွေ ဘယ်လောက် စိတ်မကောင်းဖြစ်ရမလဲ။ ငါ့လိုသက်ကြီးရွယ်အိုကတော့ တကယ့်ကို ဝမ်းနည်းပြီး ငိုရလိမ့်မယ်။ အဲဒီအချိန်ကျရင် အရက်တောင် သောက်နိုင်မှာ မဟုတ်တော့ဘူး…”

လီပေါင်ဖျင်က ရုတ်တရက် နားလည်သဘောပေါက်သွားပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။

“ဟုတ်တယ်၊ ဟုတ်တယ်။ ဘယ်သူမှ မသေရဘူး…”

ဆရာကြီးသည် ငွေတုံးကို ပေးလိုက်ရာ ချန်းပင်အန်းက ထိုငွေတုံးကို ကြည့်ပြီး မေးလိုက်သည်။

“ဒါက ငွေပိုးကောင်မဟုတ်ဘူး မဟုတ်လား။ ချွေးချန်းဆီမှာ ဒီလိုဟာတစ်ခုရှိတယ်…”

ဆရာကြီးက ခေါင်းခါပြီး အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“အဲဒီလိုအရာလေးကို ချွေးချန်း ငယ်ငယ်တုန်းကသာ တန်ဖိုးထားပြီး စိတ်ဝင်စားမယ်။ အခုလို အသက်ကြီးလာတဲ့ ချွေးချန်းကတော့ ဒါကို ကြည့်ဖို့တောင် ပျင်းနေလိမ့်မယ်။ ဒီဟာက ငွေတုံးလို့ ထင်ရပေမယ့် တကယ်တော့ သခင်မရှိတဲ့ ဓားရိုးတစ်ခုပဲ။ ချွေးချန်းရဲ့ လျှို့ဝှက်ပစ္စည်းတွေထဲမှာ သိမ်းထားတဲ့ ဓားရိုးထက် အဆင့်ပိုမြင့်တယ်။ အဓိကကတော့ ဒီဓားရိုးရဲ့ မူလဇစ်မြစ်က အတော်လေး နက်နဲတယ်။ နောက်ပိုင်း မင်းက အလယ်မြေနတ်ဘုရားကုန်းမြေကို ရောက်ရင် ဒါကို ယူသွားပြီး ပန်းပွားတောင်ကို သွားလည်ပါ။ မင်းက လူတစ်ယောက်ရဲ့ ပန်းသီးရည်တစ်ခွက်ကို သောက်ခွင့်ရလိမ့်မယ်။ ပန်းပွားတောင်ရဲ့ ပန်းသီးရည်က လောကမှာ အရမ်းထူးခြားတယ်…”

ဆရာကြီးက လက်မထောင်၍ ဆက်ပြောလိုက်သည်။

“အဲဒါက နတ်ဘုရားတွေတောင် မူးယစ်သွားနိုင်တယ်…”

ချန်းပင်အန်းက ငွေတုံးကို လက်ခံလိုက်သည်။

ဆရာကြီးက နောက်ပြောင်သလို ပြောလိုက်၏။

“ဘာလဲ…နဂိုကတော့ မင်းက ငါ့ရဲ့တပည့်ဖြစ်ဖို့ လက်မခံခဲ့ဘူး။ ငါ အာခြောက်အောင် ပြောခဲ့တာတောင် ခေါင်းညိတ်လက်ခံဖို့ မလုပ်ခဲ့ဘူး။ အခုကျမှ ဘာလို့ အလွယ်တကူ လက်ခံလိုက်ရတာလဲ…”

ချန်းပင်အန်းက အနည်းငယ် ရှက်ရွံ့စွာ ပြန်ဖြေလိုက်သည်။

“တကယ်လို့ ကျွန်တော် ထပ်ပြီးငြင်းဆန်လိုက်ရင် ဆရာကြီး နာကျင်သွားရမှာ စိုးလို့ပါ…”

လီပေါင်ဖျင်က တိုးတိုးလေး ပြောလိုက်၏။

“စာသင်သားသူတော်စင်…

ဒါက ငွေတုံးလို့ ထင်ရလို့ပါ။ ဦးလေးငယ်လို လူတစ်ယောက်က ဒါကို မကြိုက်ဘဲ နေမှာလား…”

ချန်းပင်အန်းသည် သူမ၏ ဦးခေါင်းကို ပုတ်လိုက်သည်။ လီပေါင်ဖျင်က နဖူးကို လက်နှင့်ကာထားရင်း ထပ်မံပြောဆိုခြင်း မရှိတော့ပေ။

ဆရာကြီးက ရယ်မောနေရင်း ပြောလိုက်၏။

“ပေါင်ဖျင်…

နောက်တစ်ကြိမ် တွေ့တဲ့အချိန်ကျရင် ငါ့ကို စာသင်သားသူတော်စင်လို့ မခေါ်နဲ့တော့။ မင်းက ချီကျင့်ချွန်ရဲ့ တပည့်ဖြစ်တယ်။ ငါက ချီကျင့်ချွန်ရဲ့ဆရာဖြစ်တယ်။ ဒါဆိုရင် မင်း ငါ့ကို ဘယ်လို ခေါ်ရမလဲ…”

လီပေါင်ဖျင်က ခဏရပ်တန့်ပြီး ပြောလိုက်သည်။

“ဆရာဘိုးဘိုး၊ ဒါမှမဟုတ် ဆရာအဘိုး…”

ဆရာကြီးက ခေါင်းညိတ်ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။

“အဲဒါအမှန်ပဲ။ နှစ်ခုလုံး အဆင်ပြေတယ်။ မင်းကြိုက်သလို ခေါ်လို့ရတယ်…”

လီပေါင်ဖျင်က ချက်ချင်း ဦးညွှတ်အရိုအသေပေးလိုက်သည်။ သို့သော် ကျောပေါ်တွင် လွယ်ထားသော စာအုပ်သေတ္တာကို မေ့သွားသည့်အတွက် ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်ဖြစ်သွားကာ လဲကျလုနီးပါး ဖြစ်သွားသည်။

ချန်းပင်အန်းက ချက်ချင်း စာအုပ်သေတ္တာကို ကူမ ပေးလိုက်၏။

ဆရာကြီးသည် ခန္ဓာကိုယ်ကို မတ်မတ်ထားရင်း အရိုအသေပေးမှုကို တည်ငြိမ်စွာ လက်ခံလိုက်သည်။

ထို့နောက် ဆရာကြီးက ကျောပေါ်ရှိ အထုတ်ကို တစ်ချက်လှုပ်လိုက်ပြီး သက်ပြင်းချ၍ ပြောလိုက်သည်။

“ဒီဓားရိုးကို ‘ရှောင်ဖုန့်တို’ လို့ ခေါ်တယ်။ စိတ်ချပြီး ယူထားလိုက်ပါ။ ဒီဓားရိုးနဲ့ ဆက်စပ်နေတဲ့ အကြောင်းတရားတွေ၊ အကျိုးဆက်တွေကို အပြည့်အဝ ဖြတ်တောက်ထားပြီးပြီ။ ဘယ်လိုအသုံးပြုရမလဲဆိုတာကတော့ ရိုးရှင်းပါတယ်။ စိတ်နှလုံးထဲက အာရုံစိုက်ပြီး သုံးရင် အရာအားလုံး သဘာဝအတိုင်း ဖြစ်ပေါ်လာလိမ့်မယ်။ ဒီဓားရိုးက မင်းကို သခင်အဖြစ် အလိုအလျောက် အသိအမှတ် ပြုလိမ့်မယ်။ ဒါပေမယ့် စိတ်နှလုံးမထည့်ရင်တော့ ဒါကို နှစ်သောင်းပေါင်းများစွာ ကိုင်ထားရင်တောင် ဒါက နိုးမလာဘူး။ အဲဒီအချိန်ကျရင်တော့ သာမန်သံချေးတက်နေတဲ့ သတ္တုတုံးတစ်ခုထက် မပိုတော့ဘူး…”

ချန်းပင်အန်းက ထိုဓားရိုးကို ဂရုတစိုက် သိမ်းဆည်းထားလိုက်သည်။

ဆရာကြီးက ခေါင်းညိတ်ပြီး ပြောလိုက်၏။

“ငါ သွားတော့မယ်…”

ဆရာကြီးက လှည့်ထွက်သွားခဲ့သည်။

လီပေါင်ဖျင်က အံ့ဩစွာ ခေါ်လိုက်သည်။

“ဆရာအဘိုး…”

ဆရာကြီးက ပြန်လှည့်ကြည့်လိုက်ပြီး အပြုံးနှင့် မေးလိုက်သည်။

“ဘာဖြစ်လို့လဲ…”

လီပေါင်ဖျင်က ကောင်းကင်ကို ညွှန်ပြပြီး ပြောလိုက်၏။

“ဆရာအဘိုး…

ခရီးဝေးကို သွားမယ်ဆိုတော့ ဘာလို့ ချက်ချင်း ပျောက်မသွားတာလဲ…”

ဆရာကြီးသည် ရယ်မောလိုက်ပြီး ခေါင်းညိတ်လိုက်၏။ ထို့နောက် အမှန်တကယ်ပင် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ချန်းပင်အန်းနှင့် လီပေါင်ဖျင်တို့က တစ်ပြိုင်နက်တည်း ခေါင်းမော့ကြည့်လိုက်မိကြသည်။ သို့သော် ကောင်းကင်တွင် ဆရာကြီး၏ အရိပ်အယောင်ကို မမြင်ရတော့ပေ။

သို့သော် စီးဆင်းတိမ်တိုက်လမ်းထိပ်တွင် စာသင်သားအိုကြီးက ဆောင်းဦးကျူပင် တည်းခိုဆောင်တံခါးဝသို့ လှည့်ကြည့်ပြီး ဖြည်းညင်းစွာ ထွက်ခွာသွားခဲ့၏။

……………..

တည်းခိုဆောင်ထဲသို့ ပြန်ရောက်လာသောအခါ အရပ်ရှည်ရှည်မိန်းမပျိုက ကျောက်ထိုင်ခုံပေါ်တွင် ထိုင်နေရင်း ကောင်းကင်ကို မော့ကြည့်၍ နူးညံ့စွာ ပြုံးနေသည်။

တူညီသော ခြံဝင်းအတွင်းရှိနေသော်လည်း အနီးအနားတွင် ရှိနေသော ယုလုနှင့် ရှဲ့ရှဲ့တို့က ထိုဓားဝိညာဉ်၏ တည်ရှိမှုကို လုံးဝမသိကြပေ။ သူမ ပေါ်ထွက်လာသည့်အချိန်တိုင်း သူမက သူတို့နှင့် စွမ်းအင်လှိုင်းများကို ပိုင်းခြားထားခဲ့သည်။ ထို့ကြောင့် လူငယ်နှစ်ဦးက သူမကို မမြင်နိုင် မကြားနိုင်သလို သူမ၏တည်ရှိမှုကို လုံးဝမခံစားနိုင်ပေ။

လီပေါင်ဖျင်က နှုတ်ဆက်ပြီးနောက် အခန်းထဲသို့ ပစ္စည်းများထားရန် ဝင်သွားသည်။

ချန်းပင်အန်းက ဓားဝိညာဉ်၏ ဘေးတွင် ထိုင်လိုက်၏။

အရပ်ရှည်ရှည်မိန်းမပျိုက လက်ကို လှုပ်ရှားလိုက်ရာ လက်ထဲတွင် တံတားအောက်၌ နှစ်ပေါင်းများစွာ ချိတ်ဆွဲထားခဲ့သော ဓားအဟောင်းတစ်ချောင်း ပေါ်ထွက်လာသည်။ သူမက ဖြည်းညင်းစွာ ပြောလိုက်၏။

“အခြေအနေတွေ ပြောင်းလဲသွားပြီဆိုတော့ ငါလည်း သင့်တော်အောင် ပြောင်းလဲလိုက်မယ်။ ငါတို့ရဲ့ နှစ်(၁၀၀)ကတိကတော့ မပြောင်းလဲဘူး။ ဒါပေမယ့် ငါက ဒီဓားအဟောင်းကို ပိုမိုမြန်မြန်ဆန်ဆန် ပြန်လည်ပြုပြင်မယ်။ နှစ်ပေါင်း(၆၀)အတွင်း ဒီဓားကို မူလအခြေအနေပြန်ဖြစ်အောင် လုပ်မယ်။ ဒါကြောင့် မင်းရဲ့ နဂါးသတ်ကျောက်တုံးက မလုံလောက်တော့ဘူး။ အတော်လေးကို မလုံလောက်ဘူး..”

ချန်းပင်အန်းလည်း စိတ်ထဲတွင် ရှုပ်ထွေးနေသည်။ သူ၏ခြံဝင်းထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သော နဂါးသတ်ကျောက်တုံးကို သူကိုယ်တိုင် ပန်းပဲဖိုဆီသို့ ယူသွားခဲ့သည် မဟုတ်ပေလော။

သူမက အပြုံးနှင့် ပြောလိုက်သည်။

“မင်း တံတားပေါ်မှာ ထိုင်လျက် အိပ်မက်မက်နေရင်း လူရော ခြင်းတောင်းရော ချောင်းထဲကို ပြုတ်ကျသွားတာ မှတ်မိသေးလား။ အဲဒီအချိန်တုန်းက ငါက မင်းရဲ့ နဂါးသတ်ကျောက်တုံးကို ယူသွားခဲ့တာပဲ။ အဲဒီနောက်ပိုင်း မင်း ထင်နေခဲ့တဲ့ နဂါးသတ်ကျောက်တုံးက ငါ့ရဲ့မှော်ပညာနဲ့ ဖန်တီးထားတဲ့ သာမန်ကျောက်တုံးတစ်ခုပဲ။ အင်း၊ သာမန်လို့ ပြောတာလည်း သိပ်တိကျမှာ မဟုတ်ဘူး။ အဲဒါက အရည်အသွေး အကောင်းဆုံး မြွေကျောက်တုံးတစ်ခုပဲ။ သေးငယ်တဲ့ တွားသွားသတ္တဝါလေး တစ်ကောင်ကို ပိုကြီးတဲ့ တွားသွားသတ္တဝါတစ်ကောင် ဖြစ်လာအောင် လုပ်ပေးဖို့ လုံလောက်တဲ့ အရည်အသွေးရှိတယ်။ နှစ်ပေါင်း(၁၀၀)ကနေ နှစ်ပေါင်း(၆၀)လောက်ထိ လျှော့ချဖို့အတွက် ပေးဆပ်ရမယ့် အကျိုးဆက်ကတော့ အနည်းဆုံး ငါက တောင်ထဲက နဂါးသတ်ကျောက်တုံးကြီးကို သုံးရလိမ့်မယ်။ ကျောက်တောင်တစ်ခုလုံးကို သုံးဖို့ မလိုနိုင်ပေမယ့်၊ အများစုကိုတော့ သေချာပေါက် သုံးရလိမ့်မယ်…”

“ဒါပေမယ့် မင်း စိတ်မပူပါနဲ့။ ငါ့မှာ လျှို့ဝှက်ဖုံးကွယ်ဖို့ နည်းလမ်းတွေ ရှိတယ်။ တကယ်လို့ မဖုံးကွယ်နိုင်ခဲ့ရင်တောင် ဖုန်းရွှယ်ကျောင်းဆောင် ဒါမှမဟုတ် စစ်တောင်တန်းက ကျင့်ကြံသူတွေဆီကို လျှို့ဝှက်စာအုပ်တချို့ ပေးလိုက်ရင် ပြီးပြီ။ သူတို့က ဒီလိုအပေးအယူကို အကျိုးမရှိဘူးလို့ ထင်ကြမှာ မဟုတ်ဘူး။ တကယ်တော့ သူတို့တွေထဲမှာ ဝမ်းသာလွန်းလို့ ငိုကြမယ့်လူတွေတောင်ရှိတယ်…”

ချန်းပင်အန်းက သူမ၏စကားများကို စိတ်ကူးယဉ်ပုံပြင်တစ်ပုဒ်ကဲ့သို့ နားထောင်ရင်း အံ့ဩနေသည့်အတွက် စကားတစ်ခွန်းမျှ ပြန်မပြောနိုင်ခဲ့ပေ။

သူမသည် ကောင်းကင်ပေါ်သို့ လက်ကို ဆန့်ထုတ်လိုက်ရာ လက်ဖဝါးပေါ်တွင် ဖြူဖွေးပြီး သန့်စင်သော ကြာရွက်တစ်ရွက် ပေါ်ထွက်လာသည်။

“စာသင်သားအိုကြီးရဲ့ပါဝင်ပတ်သက်မှုကြောင့် မင်းရဲ့ဓားတစ်ချက်က သာမန်မဟုတ်ခဲ့ဘူး။ ဒါကြောင့် ဒီကြာရွက်က သိပ်မခံနိုင်တော့ဘူး။ ဒါက ငါ အလျင်စလို ပြန်သွားရမယ့် အကြောင်းပြချက်တစ်ခုလည်း ဖြစ်နေတယ်။ ပြီးတော့ ဆရာကြီးက ငါ့ကို ကတိပေးထားတယ်။ ချွေးချန်းရဲ့ကိစ္စကြောင့် သခင်ကို ထိခိုက်မှာ မဟုတ်ဘူး။ သူက အရင်ဆုံး ယင်းရင် ချန်းကလန်ဆီကို သွားပြီး အကြောင်းအမျိုးမျိုး ရှင်းပြပြီးမှ အနောက်ဘက်ကို ဆက်သွားလိမ့်မယ်။ ဒါကြောင့် နောက်ပိုင်းမှာ သူပြောတဲ့အတိုင်း ကလေးတွေကို စိတ်အေးချမ်းစွာ ပညာသင်ဖို့ တာ့ဆွေတိုင်းပြည်ထဲက ကျောင်းတော်ကို ခေါ်သွားလို့ရပြီ။ ချွေးချန်းရယ်၊ ယုလု လို့ခေါ်တဲ့ အဆင့်(၆) သိုင်းပညာရှင် တစ်ယောက်ရယ် ဘေးမှာ ရှိနေတယ်ဆိုတော့၊ သခင့်ဆီမှာ ဓားချီစွမ်းအင်တွေ မရှိတော့ရင်တောင် အန္တရာယ်တွေကို ကျော်လွှားနိုင်မှာပါပဲ…”

သူမက စိုးရိမ်နေသော အမူအရာနှင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ “ဒါပေမယ့် မင်းတို့ တာ့ဆွေတိုင်းပြည်ထဲမှာရှိတဲ့ ကျောင်းတော်ကို ရောက်တဲ့အခါကျရင် ငါက နောက်ထပ် နှစ်ပေါင်း(၆၀)အတွင်း အဲဒီနေရာမှာပဲ ပိတ်မိနေရလိမ့်မယ်။ အလွယ်တကူ ထွက်သွားလို့ မရဘူး။ မဟုတ်ရင် အခုလုပ်နေတဲ့ ကြိုးစားမှုတွေ အားလုံး အလဟဿ ဖြစ်သွားနိုင်တယ်။ မင်းကိုယ်မင်း မသေအောင်လည်း ထိန်းရမယ်။ အဆင့်တွေကိုလည်း ဆက်လက်တိုးတက်အောင် လုပ်ရမယ်။ ဒါက နည်းနည်းတော့ ခက်ခဲလိမ့်မယ်…”

ချန်းပင်အန်းက ပြောလိုက်သည်။

“တစ်ခါတုန်းက အိုက်လျန် ပြောဖူးတယ်။ သိုင်းပညာရှင်ပဲဖြစ်ဖြစ်၊ ကျင့်ကြံသူပဲဖြစ်ဖြစ်၊ အဆင့်(၃)ကို ရောက်ရင် တိုင်းပြည်တစ်ခုလုံးကို တစ်ယောက်တည်း သွားလာနိုင်ပြီတဲ့။ ကိုယ့်ဘာသာကိုယ် သေလမ်းကို လိုက်မရှာသရွေ့ သိပ်ပြဿနာမရှိဘူး။ အဆင့်(၅)နဲ့ အဆင့်(၆)ဆိုရင်တော့ ကုန်းမြေတစ်ဝက်လောက်ကို လှည့်လည်သွားလာနိုင်တယ်။ ဒါပေမယ့် တိုက်ပွဲတွေထဲ ဝင်မပါဖို့၊ အန္တရာယ်များတယ်လို့ နာမည်ကြီးတဲ့ ရေကန်တွေ၊ ရေအိုင်တွေဆီ မသွားဖို့၊ ပြီးတော့ သူရဲကောင်းဆန်ပြီး နတ်ဆိုးတွေကို ဖယ်ရှားဖို့ လုပ်မယ်လို့ မတွေးဖို့ပဲ။ ဒီလိုဆိုရင် အကြမ်းဖျင်း ဘေးကင်းနိုင်တယ်…”

“တကယ်လို့ မထင်မှတ်ထားတဲ့ ဘေးဒုက္ခတစ်ခုခု ကြုံလာပြီး သေသွားရရင်တော့၊ ကံတရားကို အပြစ်တင်ရမှာပဲ။ ဒီလိုမျိုး ဆိုးရွားတဲ့ ကံတရားမျိုးဆိုရင်တော့ အိမ်မှာနေရင်တောင် ဘေးကင်းမှာ မဟုတ်ဘူး။ ဒါကြောင့် အပြင်ထွက်တာနဲ့ အိမ်မှာနေတာ ရလဒ်က သိပ်မကွာဘူး…”

သူမက ခေါင်းညိတ်ပြလိုက်ပြီး ဝမ်းသာစွာ ပြောလိုက်သည်။

“မင်းက ဒီလိုတွေးနိုင်တာ အကောင်းဆုံးပဲ။ ဒီလိုပဲ ဖြစ်သင့်တယ်။ တွန့်ဆုတ်နေရင်၊ ကြောက်နေရင် တစ်သက်လုံး ကျင့်စဉ်အောင်မြင်မှာ မဟုတ်ဘူး…”

သူမသည် ရုတ်တရက် မျက်မှောက်ကြုတ်လိုက်ပြီး နောက်ပြောင်သလို မေးလိုက်သည်။

“အခုချိန်ထိ ငါ ထွက်ခွာတော့မယ့်အချိန်မှာ ဘယ်လိုနည်းနဲ့ မင်းရဲ့အသက်ကို ဆက်ပြီး ထိန်းသိမ်းရမလဲ၊ နောက်ဆက်တွဲ ပြဿနာတွေကို ဘယ်လို ဖြေရှင်းမလဲဆိုတာ ဘာလို့ မမေးသေးတာလဲ။ ငါတို့ရဲ့အသက်တွေက ဆက်နွယ်သွားပြီ။ ငါ မင်းရဲ့ သက်ရှည်တံတားကို ပြန်လည်ပြုပြင်ပြီး ကျင့်စဉ်လမ်းကြောင်းပေါ်ကို ချောချောမွေ့မွေ့ ရောက်လာအောင် ဘာလို့ မကူညီတာလဲဆိုတာ မင်း စိတ်မဝင်စားဘူးလား။ အကြောင်းတရားနဲ့ အကျိုးဆက်အရ ဒါက မဖြစ်မနေ တောင်းဆိုရမယ့် ကိစ္စမဟုတ်ဘူးလား…”

ချန်းပင်အန်းက ရိုးသားစွာ ပြန်ဖြေလိုက်သည်။

“မနေ့ညက အိပ်ရာမဝင်ခင်ထိ ဒီမေးခွန်းတွေကို ထလာပြီး မေးချင်ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာ သည်းခံလိုက်တယ်…”

ဓားဝိညာဉ်က မေးလိုက်သည်။

“ဘာလို့လဲ…”

ချန်းပင်အန်းက အလေးအနက်အမူအရာနှင့် ပြောလိုက်သည်။

“ကျွန်တော်က မေးဖို့ ရှက်လို့ မဟုတ်ပါဘူး။ အသက်ရှင်ဖို့ကိစ္စအတွက် လိုအပ်လာမယ်ဆိုရင် ကျွန်တော့်ဆီမှာ ရှက်နေစရာ အကြောင်းမရှိဘူး။ ကျွန်တော် မမေးတော့ဖို့ ရွေးချယ်လိုက်တာက အဘိုးကြီးယောင်ပြောဖူးတဲ့ စကားတစ်ခွန်းကို အမြဲယုံကြည်နေလို့ပဲ။ ကျွန်တော့်က ကြွေထည်လုပ်ငန်း လုပ်နေတဲ့အချိန် သူက ကျွန်တော့်ရဲ့ဆရာတစ်ဝက်ဖြစ်ခဲ့တယ်…”

ဓားဝိညာဉ်က ချန်းပင်အန်း၏ စကားကို ဖြတ်လိုက်ပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။ “ငါသိတယ်။ အချိန်စီးဆင်းမှုထဲမှာ ပြသထားတဲ့ မြင်ကွင်းတွေထဲမှာ ငါမြင်ခဲ့တယ်၊ ကြားခဲ့တယ်။ အတော်လေး စိတ်ဝင်စားစရာကောင်းတဲ့ စကားတစ်ခွန်းပဲ…”

သူမသည် ရုတ်တရက် အနည်းငယ် စိတ်ဆိုးသလို ဖြစ်သွားပြီး၊ ကြာရွက်ထီးကို ကိုင်ထားရင်း မတ်တပ်ရပ်လိုက်သည်။

“လူသားတွေမှာ ‘မျက်နှာပျက်ခြင်း’ ဆိုတဲ့ စကားရှိတယ်ဆိုတာ မင်းသိလား။ ဒါက တကယ့်အမှန်တရားပဲ။ ဒါပေမယ့် သာမန်လူတွေရဲ့ မျက်နှာပျက်ခြင်းဆိုတာက ကံကြမ္မာထဲမှာ ပါဝင်နေတယ်။ နာမည်ပြောင်းတာတောင် ကြီးမားတဲ့ စည်းမျဉ်းတွေထဲမှာ ပါဝင်ပြီး အကျိုးမထိခိုက်ဘူး။ ဒါပေမယ့် သက်ရှည်တံတားနဲ့ ခန္ဓာကိုယ်ထဲက သွေးကြောမှတ်တွေကို ပြောင်းလဲဖို့ဆိုတာက အရေးကြီးတဲ့ ကိစ္စတစ်ခုပဲ။ ကျင့်ကြံမှုဆိုတာက ရေစီးကို ဆန်တက်တဲ့ လုပ်ရပ်တစ်ခုပဲ။ ရိုးရိုးသားသားပြောရရင် ကောင်းကင်ရဲ့ စည်းမျဉ်းကို ဆန့်ကျင်တာပဲ။ ချီကျင့်ကြံသူတွေရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို သက်သေပြခြင်းဆိုတာက သူတို့ရဲ့ လမ်းကြောင်းကို ကောင်းကင်က အသိအမှတ်ပြုအောင် လုပ်တာပဲ။ ကောင်းကင်က ငါ့ကို မွေးဖွား အိုမင်း နာမကျန်းဖြစ်ပြီး သေရမယ်လို့ ပြောထားပေမယ့် ငါကတော့ သန့်စင်တဲ့ အင်မော်တယ်ခန္ဓာကို ရယူပြီး ကံကောင်းခြင်းနဲ့ အသက်ရှည်ခြင်းကို ရရှိတဲ့အပြင် ထာဝရလွတ်လပ်မှုကို ခံစားရမယ်။ ကောင်းကင်ကို မျက်နှာမူပြီး ငါ့ရဲ့ အသက်ရှည်မှုကို အသိအမှတ်ပြုခိုင်းရမယ်။ ဒီလိုကိစ္စက ဘယ်လောက် ခက်ခဲလဲဆိုတာ စဉ်းစားကြည့်ပါ…”

“သက်ရှည်တံတားကို အလွယ်တကူ တည်ဆောက်နိုင်မယ်ဆိုရင်၊ အင်မော်တယ်မိသားစုတွေက သူတို့ရဲ့ဘိုးဘေးတွေ လက်တစ်ချက် လှုပ်လိုက်တာနဲ့ မိသားစုတစ်ခုလုံး အင်မော်တယ်တွေ ဖြစ်သွားနိုင်မှာပဲ။ ဘာကြောင့်လဲဆိုတော့ လူသားရဲ့ သွေးကြောတွေ၊ သွေးကြောမှတ်တွေနဲ့ မျိုးဆက်သွေးဆိုတာ ဒီလောကကြီးထဲမှာ အဆန်းကြယ်ဆုံး အရာတွေပဲ…”

“တာအိုဝါဒမှာ အလေးပေးတဲ့ ‘အတွင်းပိုင်းနဲ့ အပြင်ပိုင်း ကောင်းကင်နှစ်ခု’ ဆိုတာက လူသားရဲ့ခန္ဓာကိုယ်ကို ပြောတာပဲ။ ဒါက သဘာဝအတိုင်း ရှိတဲ့ နတ်ဘုရားနယ်မြေတစ်ခုလို့ ဆိုလိုတာပဲ။ သက်ရှည်တံတားရဲ့ အဓိပ္ပာယ်က ဒီကောင်းကင်နှစ်ခုကို ဆက်သွယ်ပေးတဲ့ တံတားတစ်ခုပဲ။ ဒါကြောင့် ဒီကိစ္စက ကောင်းကင်ပေါ်ကို တက်ဖို့ထက် ခက်ခဲတယ်။ ဒါကို လုပ်နိုင်တဲ့သူမရှိဘူး မဟုတ်ပေမယ့် ပေးဆပ်ရမယ့် အကျိုးဆက်က အတော်လေး ကြီးမားတယ်။ လမ်းကြောင်းတည်ဆောက်သူရဲ့ အဆင့်အတန်းအတွက် လိုအပ်ချက်က အတော်လေး မြင့်မားတယ်။ ပြီးတော့ အဲဒါက သဘာဝပညာရှင်တွေနဲ့ ဆေးပညာရှင်တွေလို ဂိုဏ်းတွေမှာပဲ လုပ်နိုင်ကြတယ်။ ဒါကြောင့်လည်း ဒီဂိုဏ်းတွေက သတ်ဖြတ်တဲ့နေရာမှာ သိပ်မကျွမ်းကျင်ပေမယ့် ဒီနေ့ထိ ရပ်တည်နေနိုင်တာပေါ့…”

ချန်းပင်အန်းရဲ့ မျက်လုံးထဲတွင် စိတ်ပျက်မှုတွေ အနည်းငယ် ရှိနေသောလည်း စိတ်ဓာတ်မကျသည်ကို မြင်လိုက်ရတဲ့အခါ ဓားဝိညာဉ်က စိတ်သက်သာရာရသွားပြီး၊ နောက်ပြောင်သလို အပြုံးနှင့် ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ မင်းရဲ့ခန္ဓာကိုယ်ကို သန့်စင်အားဖြည့်ပြီး အုတ်မြစ်ကောင်းကောင်း တည်ဆောက်တာက သေချာပေါက် အကျိုးရှိပါတယ်။ မဟုတ်ရင် နောက်ပိုင်း ငါက ဒီဓားအိုကြီးကိုပြုပြင်ပြီးသွားတဲ့အချိန် မင်းက ဓားကိုင်ဖို့တောင် အားနည်းနေရင် အတော်လေး ရှက်စရာ ဖြစ်သွားလိမ့်မယ်။ ဓားကိုင်တာက ရိုးရှင်းတယ်လို့ မထင်နဲ့။ စာသင်သားအိုကြီးရဲ့စာရွက်လိပ်ထဲမှာ၊ သူက မင်းကို အဆင့်(၁၀)ချီကျင့်ကြံသူတစ်ယောက်ရဲ့ ပုံရိပ်ယောင်ကို ပေးခဲ့တယ်…”

“သာမန်အဆင့်(၉)ရှိတဲ့ ချီကျင့်ကြံသူရဲ့ ခန္ဓာကိုယ်က အဆင့်(၅) နဲ့ အဆင့်(၆) ရှိတဲ့ သိုင်းပညာရှင်နဲ့ ယှဉ်လို့မရပေမယ့်၊ အဆင့်(၁၀)ရှိတဲ့ ချီကျင့်ကြံသူတွေထဲမှာ ခန္ဓာကိုယ် သန့်စင်အားဖြည့်မှုကို အလေးမထားတဲ့ လူမိုက်မရှိဘူး။ အများစုက ဒီအဆင့်မှာ တော်တော်လေးအချိန်ယူပြီး ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို တစ်စွန်းတစ်စ သန့်စင်အားဖြည့်ကြတယ်။ ချို့ယွင်းချက်နည်းနည်းလေးတောင် မရှိအောင် ဂရုစိုက်တယ်။ ဒါကြောင့် ဒီလောကကြီးထဲမှာ အဆင့်(၁၀)ရှိတဲ့ ချီကျင့်ကြံသူတွေက ရေအောက်က သက်ကြီးလိပ်တွေလို ဖြစ်နေတဲ့ စိတ်ဝင်စားဖွယ်ပုံစံတစ်ခုကို ဖြစ်ပေါ်စေခဲ့တာပဲ….”

ချန်းပင်အန်းက ထိုစကားများကို စိတ်ထဲတွင် သေသေချာချာ မှတ်ထားလိုက်သည်။

အဖြူရောင်ဝတ်စုံနှင့် မိန်းမပျိုက ခြံဝင်းထဲတွင် ရပ်နေရင်း အပြုံးနှင့် ပြောလိုက်သည်။

“ချန်းပင်အန်း…

မင်းက ငါ့ကို နှစ်ပေါင်း(၆၀)ကို စောင့်နေရမယ်။ ပြီးတော့ မင်းက အဲဒီအချိန်ကျရင် ဆံပင်ဖြူဖွေးနေတဲ့ အဘိုးကြီးတစ်ယောက် ဖြစ်မသွားပါစေနဲ့။ တကယ်လို့ အဲဒီလို ဖြစ်သွားမယ်ဆိုရင်တော့ငါက သဘောတူညီချက်ကို ရုတ်သိမ်းပြီး မင်းကို သခင်အဖြစ် အသိအမှတ်ပြုတော့မှာ မဟုတ်ဘူး…”

ချန်းပင်အန်းက မတ်တပ်ရပ်လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။

သူမက သူ့ဆီသို့ လျှောက်လာပြီး လက်ဖဝါးကို ဆန့်ထုတ်ကာ ကတိသစ္စာပြုရန် လက်ဖဝါးထိကပ်ရန် ပြင်လိုက်သည်။

ချန်းပင်အန်းသည် ချက်ချင်း လက်ကို မြင့်မြင့်မြှောက်လိုက်၏။ သို့သော် သူတို့နှစ်ဦး၏ လက်ဖဝါးများသည် လေထဲတွင် မထိရသေးခင် အချင်းချင်း ဖြတ်သန်းသွားကြသည်။

အဖြူရောင်ဝတ်စုံနှင့်မိန်းမပျိုလည်း ပျောက်ကွယ်သွားပြီဖြစ်၏။

ချန်းပင်အန်းက မူလနေရာတွင် ပြန်ထိုင်လိုက်ပြီး ရုတ်တရက် ဦးခေါင်းကို ပုတ်လိုက်ကာ သစ်သားဓားကို သတိရသွားသည်။ ထိုသစ်သားဓားထဲတွင် ပုန်းအောင်းနေသော ရွှေရောင်ဝတ်စုံနှင့် မိန်းကလေးအကြောင်းကို စာသင်သားအိုကြီးနှင့် ဓားဝိညာဉ်ဆီတွင် မေးမြန်းရန် မေ့လျော့သွားခဲ့လေ၏။

……………..

ဆောင်းဦးကျူပင်တည်းခိုဆောင်ရှိ လျှို့ဝှက်အခန်းတစ်ခုအတွင်း…

ချွေးချန်းက လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း တည်ငြိမ်စွာ ထိုင်နေသည်။ သူ၏ဘေးတွင် လျှိုကျားဟွေဟူသော အမျိုးသမီးတစ်ဦးက သူ၏အမူအရာများကို သတိထား၍ စောင့်ကြည့်နေသည်။

လျှိုကျားဟွေသည် ခရမ်းနေမင်းစံအိမ်မှ တာ့လီ၏ မဟာမိတ်အဖြစ် လုပ်ဆောင်နေသူဖြစ်ပြီး ဤမဟာမိတ် ဆက်ဆံရေးသည် ခရမ်းနေမင်းစံအိမ် တည်ထောင်သူ၏ ခွင့်ပြုချက်ဖြင့် ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် သူမက ချွေးချန်း၏ စကားလုံးတိုင်းကို အလေးအနက်ထား နားထောင်နေရ၏။

ချွေးချန်းက ခရမ်းနေမင်းစံအိမ်၏ အတွင်းရေးကိစ္စများကို ပေါ့ပေါ့ပါးပါး မေးမြန်းပြီးနောက် ရုတ်တရက် ရယ်ရင်း ပြောလိုက်သည်။

“လျှိုကျားဟွေ …

ဝေ့လီက မင်းရဲ့ ချစ်သူမဟုတ်လား။ သူက တာ့လီအတွက် အတားအဆီး ဖြစ်လာနိုင်တယ်ဆိုရင် ဒီနေ့ပဲ သူ့ကို မင်းကိုယ်တိုင် သတ်ဖို့ ငါ ပြောရင်၊ မင်း လက်ခံနိုင်မှာလား…”

လျှိုကျားဟွေ၏ စိတ်ထဲတွင် ထိတ်လန့်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တင်းမာလာသည်။ သူမ၏မျက်နှာက ဖြူဖျော့သွားပြီး၊ စကားပြောရန် ကြိုးစားသော်လည်း အသံမထွက်လာခဲ့ပေ။

သူမ၏ အခြေအနေကို မြင်သည့်အခါ ချွေးချန်းက ရယ်မောပြီး ဆက်ပြောလိုက်သည်။ “မင်းကို ကြည့်ရတာ တကယ့်ကို ထိတ်လန့်နေတာပဲ။ ငါက ချစ်သူတွေကို ဖျက်ဆီးတတ်တဲ့ လူမျိုးလို့ ထင်နေတာလား။ ဒါပေမယ့် အမှန်အတိုင်းပြောရရင် ငါက အဲဒီလိုလူမျိုးပဲ…”

လျှိုကျားဟွေ၏ မျက်နှာက ပို၍ဖြူဖျော့သွားပြီး မျက်ရည်များ ထွက်ကျလုမတတ် ဖြစ်သွားသည်။ သူမက လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားရင်း၊ တုန်ယင်မှုကို ဖုံးကွယ်ရန် ကြိုးစားနေ၏။

ချွေးချန်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“ဒါပေမယ့် မင်းကိုယ်တိုင် သတ်ဖို့ ဆိုတာက သိပ်ရက်စက်လွန်းတယ်။ ပြီးတော့ ခရမ်းနေမင်းစံအိမ်က အခု တာ့လီနဲ့ မဟာမိတ်ဖြစ်နေတာပဲ။ မင်းလို အိမ်တော်ကိစ္စေါ ကြိုးစားစီမံထားတဲ့သူကို ငါ ဒုက္ခမပေးပါဘူး။ ငါ့နောက်မှာ ရပ်နေတဲ့ ရေခဲစားစရာ မဟာမြစ်နတ်ဘုရားက ဝေ့လီနဲ့ ဆက်ဆံရေး သိပ်မကောင်းဘူး။ သူကိုယ်တိုင် လုပ်လိုက်လည်း ရတယ်…”

လျှိုကျားဟွေက မျက်ရည်များ ထွက်ကျလုမတတ် ဖြစ်နေသော ခံစားချက်ကို ထိန်းချုပ်ရင်း ခေါင်းငုံ့၍ တုန်ရီသော အသံဖြင့် ပြောလိုက်သည်။

“တော်ဝင်နန်းဆရာ…

ဝေ့လီကို တကယ်သတ်ရမယ်ဆိုရင် ကျွန်မကိုယ်တိုင် သတ်ပါ့မယ်။ မဟာမြစ်နတ်ဘုရားကို ခိုင်းစရာ မလိုပါဘူး…”

All Chapters