← Chapters

အခန်း (၁၆၂)

Vol. 11 Ch. 162

အခန်း (၁၆၂)

Vol. 11 Ch. 162

ဆောင်းဦးကျူပင်တည်းခိုဆောင်ထဲ၌ (၃)ရက်ခန့် နေထိုင်ခဲ့ပြီးနောက် လင်းရှို့ယီက ထိုနေရာတွင် ထပ်နေမည် ဆိုလျှင်လည်း အကျိုးမရှိတော့ကြောင်း ပြောခဲ့သည်။ သူက ထိုနေရာတွင် စွမ်းအားများကို ထပ်မံစုပ်ယူနိုင်ခြင်း မရှိတော့ပေ။

ဘာကြောင့်မှန်း မသိသော်လည်း သူက စံအိမ်ထဲတွင် အချိန်ကြာမြင့်စွာ ထိုင်နေသည့်အချိန်တိုင်း လက်နက်တစ်ခုဆီမှ ထွက်ပေါ်လာသော အငွေ့အသက်တစ်ခုအလား အလွန်ထက်မြက်သည့် အငွေ့အသက်တစ်ခုကို ခံစားမိနေခဲ့၏။ ထိုအရာကို သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က ကိုင်တွယ်နိုင်ခြင်းပင် မရှိခဲ့ချေ။ ရှားရှားပါးပါး ကြောက်ရွံ့နေခဲ့သည့် လင်းရှို့ယီက ရေတွင်းအောက်ခြေတွင် ရတနာရှိမရှိ သွားကြည့်သင့်သည်ဟု ချန်းပင်အန်းကို စနောက်ခဲ့သည်။

ချန်းပင်အန်းကတော့ ဘာကြောင့် ထိုသို့ဖြစ်ရကြောင်း အကြမ်းဖျင်း သိနေခဲ့၏။ သူနှင့်ချွေးချန်းတို့ တိုက်ခိုက်နေစဉ် အတောအတွင်း သူ၏သွေးကြောမှတ်ထဲမှ ထွက်သွားခဲ့သော ဓားချီစွမ်းအင်အမျှင်နှစ်ခုက ယခင်မြို့နတ်ဘုရားကျောင်းဆောင်၏ ကံကြမ္မာကို ထိခိုက်သွားစေခဲ့သည်။

ထိုအရာက ဓားဝိညာဉ် စိုးရိမ်ခဲ့သောကိစ္စတစ်ခု ဖြစ်နေသည့်အတွက်ကြောင့် ချန်းပင်အန်းက တိတိကျကျ မပြောခဲ့ပေ။ သူက ချွေးချန်းကိုကြည့်လိုက်ပြီး တည်းခိုဆောင်ထဲမှ ထွက်သွားခဲ့ကြသည်။

မူလတုန်းကတော့ လွန်ခဲ့သော ရက်အနည်းငယ် အတောအတွင်း ချွေးချန်းက တော်တော်လေး ခံစားချက် ကောင်းနေခဲ့၏။ သို့သော် ချန်းပင်အန်းဆီမှ ထိုအကြည့်ကို မြင်လိုက်ရသည့်အခါ အနည်းငယ် ပို၍ကြောက်လန့်လာသလို ခံစားနေခဲ့ရသည်။ သူ ကျူးလွန်ခဲ့သော မကောင်းမှုများက ချက်ချင်းပင် ပြန်လည်ပေးဆပ်ရတော့မည်ဟု စဉ်းစားမိလာခဲ့၏။

သူတို့တည်းခိုဆောင်ထဲမှ ထွက်သွားသည့်အချိန်တွင် လူတစ်ယောက်က တည်းခိုဆောင်ထဲ၌နေရန် ရောက်လာခဲ့သည်။ ချွေးချန်းက လူသစ်ကို အလေးမထားခဲ့ပေ။

သို့သော် ထိုအရာက ခုံရုံးဝါတိုင်းပြည်၏ အငြိမ်းစား အမတ်အိုကြီးဖြစ်ကြောင်း တွေ့လိုက်ရသည့်အတွက် အံ့ဩနေခဲ့ကြ၏။ သူနှင့် သူ့မိသားစုဝင်များ၊ အစေခံများက ရှုခင်းများ ကြည့်ရှုရန်အတွက် စီရင်စုမြို့လေးထဲကို ရောက်လာပြီး တည်းခိုဆောင်၏ အပြင်ဘက်တွင် မြင်းလှည်း (၃)စီး ဆိုက်ကပ်ထားခဲ့သည်။

အမတ်အိုကြီးက ကလေး(၃)ယောက်ကို ပြန်တွေ့လိုက်ရသည့်အချိန်တွင် အတော်လေးကို ဝမ်းသာသွားပုံရ၏။ သူတို့အားလုံးက အဝတ်အစားအသစ်များ ဝတ်ဆင်ထားပြီး မြက်ဖိနပ်များအစား ဖိနပ်အသစ်များ စီးထားသည်ကို မြင်လိုက်ရသည့်အချိန်တွင် ပို၍ဝမ်းသာနေခဲ့၏။ အမှန်အတိုင်းပြောရလျှင် သူက ကလေးများနှင့်အတူ မြို့အပြင်ဘက်ကို လိုက်ပို့ချင်နေခဲ့သည်။

ထိုမိသားစုဝင်များထဲတွင် စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ရိုးရှင်းသော်လည်း တည်ငြိမ်ခန့်ညားသော ပုံစံဝတ်ဆင်ထားသော မိန်းမလှလေးတစ်ယောက်နှင့် အလွန်ကြီးကျယ်ခမ်းနားပြီး စိမ်းပြာရောင်ဝတ်စုံဝတ်ထားသော လူတစ်ယောက် ဖြစ်သည်။

ထိုအရာက သူ၏သမီးအကြီးဆုံးနှင့် သားအငယ်ဆုံးဖြစ်ကြောင်း အဘိုးအိုက သူတို့ကို မိတ်ဆက်ပေးခဲ့၏။ သူတို့တွေကတော့ စာသင်သားများ ဖြစ်လာပြီး မိသားစုကို ဂုဏ်ယူရအောင် လုပ်ဆောင်ပေးရန်မှာ အိမ်မက်တစ်ခုထက် မပိုတော့ကြောင်း သူက ပြောခဲ့သည်။

သူ့အဖေက သူတို့အကြောင်း အပြင်လူများကို ပြောနေသော်လည်း စိမ်းပြာဝတ်လူကတော့ ခံစားချက်ကင်းမဲ့စွာ ရပ်နေခဲ့၏။

အမျိုးသမီးကတော့ အပြုံးနှင့် စိုက်ကြည့်နေခဲ့သည်။ အဆုံးတွင်တော့ ယုလုကို မြင်သွားခဲ့သည့်အချိန်တွင် သူမ၏အပြုံးက ပို၍လှပလာခဲ့၏ ။ သူမက အလွန်ထူးခြားသော စားဖွယ်ရာတစ်ခုကို မြင်လိုက်ရသလို ခံစားချက်မျိုးဖြစ်လာသည်။

ရုတ်တရက်ဆိုသလို သူမက အင်္ကျီလက်တစ်ဖက်ကို မြှောက်လိုက်ပြီး အနည်းငယ် ဘေးသို့လှည့်၍ ခေါင်းငုံ့လိုက်၏။ သူမက ချောင်းဆိုးချင်စိတ်ကို မနည်းတားဆီးနေရသလိုမျိုး ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင်တော့ သူမက အင်္ကျီလက်ကိုကွယ်၍ နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်ခြင်းဖြစ်သည်။

ထိုအရာကိုမြင်သည့်အခါ ချန်းပင်အန်းက အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိ၏။ ယုလုကတော့ ပုံမှန်အတိုင်း ပြုံးနေပြီး ချွေးချန်းကို လှည့်ကြည့်၍ မေးလိုက်သည်။

“ကျွန်တော်တို့ ဘယ်အချိန်သွားကြမလဲ သခင်လေး…”

“အခုပဲသွားမယ်…”

ချွေးချန်းက အေးစက်စွာ ပြန်ဖြေလိုက်သည်။

“ငါ့ရဲ့ခန္ဓာကိုယ်က အသားမကျမှာ စိုးရတယ်…”

အဘိုးအိုက ပြုံးလိုက်၏။

“မကြာသေးခင်က ငါ တုပ်ကွေးမိနေတော့ လေမထိအောင် ကာကွယ်နေရတာ။ ဒါကြောင့် ငါက သခင်လေးချွေးနဲ့ လှည်းတစ်စီးတည်း စီးလိုက်မယ်။ ငါက ကမ်းပါးပေါ်မှာရှိတဲ့ စာတွေအကြောင်း သခင်လေးချွေးဆီမှာ မေးမြန်းဖို့ အခွင့်ကောင်း ရတာပေါ့…”

“မင်းတို့နှစ်ယောက် ငါတို့နောက်ကနေ လိုက်လာခဲ့။ တကယ်လို့ မင်းတို့က မြို့ထဲကနေ ခြေလျင်မသွားချင်ဘူးဆိုရင်တော့ မြင်းလှည်းစီးမလား မစီးဘူးလား မင်းတို့သဘောပဲ..”

မြင်းလှည်းနှစ်စီးက စီးဆင်းတိမ်တိုက်လမ်းကြားထဲမှ ထွက်လာပြီး ရှေ့ဆုံးမြင်းလှည်းထဲတွင်တော့ ချွေးချန်းနှင့် အဘိုးအိုတို့က တင်ပျဉ်ခွေ ထိုင်နေကြသည်။ သူတို့နှစ်ယောက်၏ ကြားထဲတွင် အလွန်တင်းမာသော အခြေအနေတစ်ခု ဖြစ်ပေါ်နေခဲ့၏။

အဘိုးအိုက လက်နှစ်ဖက်ကိုဆုပ်ပြီး အရိုအသေပေး၍ပြောလိုက်သည်။

“ကျွန်တော် ရောက်လာတာကို ကြိုပြီး မပြောခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ တော်ဝင်နန်းဆရာ…”

ချွေးချန်းက သူ၏ခါးတွင် ရှိနေသော ကျောက်စိမ်းခါးပတ်ကို လက်နှင့် ပုတ်လိုက်ပြီး မကျေမနပ်ဖြစ်နေသည့် အမူအရာနှင့် အဘိုးအိုကို ကြည့်လိုက်သည်။ သူက အေးစက်စွာ မေးလိုက်၏။

“မင်း မိသားစုထဲက အဲဒီဂျပုလေးက ဒီနေရာကို ဘာလာလုပ်တာလဲ။ ငါက မင်းရဲ့သားတွေကို တကယ်သတ်မသတ် စမ်းသပ်ကြည့်ဖို့ ကြိုးစားနေတာလား..”

ချွေးချန်း၏ စကားလုံးများက ရိုင်းစိုင်းသော်လည်း အဘိုးအိုကတော့ ရင်းနှီးကျွမ်းဝင်သော အမူအရာနှင့် ပြန်ဖြေလိုက်သည်။

“ကျွန်တော့်ရဲ့သားက ဘယ်အရာမှ မထူးချွန်ပါဘူး။ဒါပေမယ့် သူက အမြဲတမ်း ဉာဏ်နီဉာဏ်နက်တွေ သုံးတတ်သည်။ သူက ဒီလိုအခြေအနေမျိုးမှာ ဘာလုပ်ရမယ်ဆိုတာ မသိဘူး။ ဒါကြောင့် ကျွန်တော်က သူ့ရဲ့ကိုယ်စား ပြန်လည်ပြင်ဆင်ပေးဖို့ မျှော်လင့်နေတာ။ သူက တော်ဝင်နန်းဆရာနဲ့ တာ့လီအင်ပါယာကို အကောင်းဆုံး ကူညီပေးဖို့ မျှော်လင့်နေပါတယ်။ ဒါက တော်ဝင်နန်းဆရာအတွက်တော့ စိန်ခေါ်မှုတစ်ခု ဖြစ်မှာပါ။ တကယ်လို့ တော်ဝင်နန်းဆရာက အခြေအနေကို ပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင် ကျွန်တော့်ရဲ့ရည်ရွယ်ချက်တွေကို နားလည်မှုလွဲသွားတာသိမှာပါ။ တော်ဝင်နန်းဆရာက ကျွန်တော့်ရဲ့သားကို အရမ်းအထင်ကြီးနေတာ..”

ချွေးချန်းက ခေါင်းခါပြီး ပြောလိုက်သည်။

“မင်းရဲ့ရည်ရွယ်ချက်က ဘယ်လိုလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ငါ ဂရုစိုက်တာကတော့ မင်း ဘာလုပ်ရမယ်ဆိုတာနဲ့ မင်းရဲ့ရည်ရွယ်ချက်ကြောင့် ဖြစ်လာမယ့် နောက်ဆုံးရလဒ်ကိုပဲ။ အဲဒီဂျပုလေးက ငါတို့ရဲ့ သဘောတူညီချက်ကို ချိုးဖျက်လိုက်တဲ့အတွက် ငါက သူ့ကို သေချာပေါက် အပြစ်ပေးရလိမ့်မယ်။ ဒါကမှ ငါ စိုးရိမ်ရမယ့် အရာတစ်ခုပဲ။ အဖေ တစ်ယောက်အနေနဲ့ တကယ်လို့ မင်းကသာ အခြေအနေကို ပြေလည်အောင် မကြိုးစားချင်ဘဲ ငါတို့ရဲ့ သဘောတူညီချက်ကို ဖျက်သိမ်းချင်တယ်။ ပိယွင်တောင်ပေါ်မှာရှိတဲ့ ကျောင်းတော်အသစ်ရဲ့ တောင်ထိပ်သခင်အဖြစ် တာဝန်ထမ်းဆောင်ဖို့ဆန္ဒမရှိဘူးဆိုရင်တော့ ငါက ဒီကိစ္စကို နောက်မှပဲ ဖြေရှင်းတော့မယ်။ တကယ်လို့ မင်းက အဆုံးထိ ငါ့ကို တိုက်ခိုက်နိုင်ဦးမယ်လို့ စဉ်းစားနေသေးရင်တော့ မင်းက စမ်းသပ်ကြည့်လို့ရတယ်..”

ထိုစကားကိုကြားသည့်အခါ အဘိုးအို၏ အမူအရာက အနည်းငယ် မည်းမှောင်သွားခဲ့သည်။

“တော်ဝင်နန်းဆရာက ဘာလို့ဒီလောက်တောင် အတင်းအကျပ် ဖြစ်နေရတာလဲ။ ကျွန်တော့်သားက ဒီလိုလုပ်တယ်ဆိုတာ ဘောင်ကျော်နေတာ သိပါတယ်။ ဒါပေမယ့် တာ့လီအင်ပါယာရဲ့ တော်ဝင်နန်းဆရာက ရေရှည်ကို ပိုပြီးတော့ ကြည့်သင့်တယ် မဟုတ်လား။ အနည်းဆုံးတော့ ကျွန်တော်တို့ရဲ့လုပ်ရပ်ကို နည်းနည်းပိုပြီးတော့ သည်းခံပေးဖို့အတွက် တာ့လီအင်ပါယာရဲ့ အစီအစဉ်တွေထဲမှာ ကျွန်တော်က နည်းနည်းလောက်ဖြစ်ဖြစ် အရေးပါတယ် မဟုတ်လား…”

“မင်းလို ဉာဏ်နီဉာဏ်နက်များပြီး လှည့်စားတတ်တဲ့လူမျိုးက ငါ့ကိုဒီလိုမျိုး စမ်းသပ်ချင်တယ်လို့ ခံစားမိတယ်ဆိုရင်တော့ ဒါက ပုံမှန်လုပ်ရပ်မျိုးပဲ ဖြစ်မှာပါ။ ငါက အတိတ်တုန်းကလည်း ဒီလိုအရာမျိုးကို အကျွမ်းဝင်နေပြီ။ ဒါပေမယ့် အဲဒါဆိုရင်တောင် အခြေအနေက ပြောင်းလဲသွားပြီ…”

ချွေးချန်းက အနည်းငယ် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

“ငါ့ဆရာက ငါ့ကို သင်ပေးခဲ့တယ်။ တစ်ချို့ကိစ္စတွေနဲ့ ပတ်သက်လာရင်တော့ ခွင့်ပြုချက်မရှိဘဲ နည်းနည်းလေးတောင် ဆန့်ကျင်ခွင့်ပေးလိုက်လို့ မရဘူး…”

ချွေးချန်းက ရှေ့ကို အနည်းငယ်ကုန်းလိုက်ပြီး အဘိုးအို၏ မျက်လုံးထဲကို တည့်တည့်စိုက်ကြည့်လိုက်သည်။ သူက ခနဲ့သလို အမူအရာနှင့် ပြောလိုက်၏။

“မင်းက ငါနဲ့အတူ လှည်းတစ်စီးထဲမှာ ထိုင်ခွင့်ရှိတယ်လို့ ထင်နေတာလား။ ပုန်းအောင်းခြင်းနဂါးကျောင်းဆောင်ထဲမှာရှိတဲ့ မှင်ကျောက်တုံးလေးပေါ်က ရေနဂါးလေးက မင်းရဲ့အစစ်အမှန်ခန္ဓာကိုယ်ဆိုတာ ငါမသိဘူးလို့ ထင်နေတာလား။ အဲဒါက ငါ့လက်ထဲ ရောက်နေတာကို မင်းမသိဘူးလား…”

“ဘာလို့ဒီလိုတွေလုပ်နေရတာလဲ တော်ဝင်နန်းဆရာ…”

အဘိုးအိုက ပြုံးရုံလေးပြုံးပြီး မေးလိုက်သည်။

“ကျွန်တော်တို့က မဟာမိတ်တွေပါ။ တကယ်လို့ ကျွန်တော်တို့အချင်းချင်း ပြဿနာတွေ ရှိမယ်ဆိုရင်တောင် တစ်ခြားလူတစ်ယောက်ရဲ့ မဟာတာအိုအုတ်မြစ်ကို ခြိမ်းခြောက်ဖို့ မလိုပါဘူး…”

ထို့နောက် အဘိုးအို၏အပြုံးက ပျောက်ကွယ်သွားပြီး သူ၏မျက်လုံးထဲတွင် အေးစက်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

“ဒါက နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိနိုင်မယ့်အရာတစ်ခု ဖြစ်မှာပါ။ တော်ဝင်နန်းဆရာရဲ့ လုပ်ရပ်ကြောင့် ရလဒ်က နှစ်ဖက်စလုံး ပျက်စီးသွားမှာကို မကြောက်ဘူးလား…”

ချွေးချန်းက အဘိုးအို၏မျက်လုံးထဲကို စူးစူးနစ်နစ် စိုက်ကြည့်လိုက်သည်။ သူ၏စကားလုံးများက ပို၍ပင် ကြောက်စရာကောင်းလာပြီး သူ၏လေသံကလည်း အလွန်အမင်း တင်းမာလာခဲ့၏။ ထိုအရာက ရေနက်ပိုင်းထဲတွင် ပြင်းထန်သော ရေစီးကြောင်းတစ်ခုကို ဖုံးကွယ်ထားသည့် တည်ငြိမ်သော မြစ်ရေပြင်တစ်ခုကဲ့သို့ဖြစ်နေ သည်။

“မင်းက ငါ့ကို ခြိမ်းခြောက်ဖို့ အခွင့်အရေး မရှိဘူး။ ငါက ဘာလိုချင်တယ်ဆိုတာကိုပဲ မင်းက အဖြေရှာရမှာ.. နားလည်လား။ ပြီးရင်တော့ ငါက ရှေးဟောင်းမိုးကြိုးစွမ်းရည်ကိုသုံးပြီး မင်ကျောက်တုံးထဲမှာ အိပ်ပျော်နေတဲ့ ရေနဂါးလေးကို တိုက်ခိုက်ပြီး မင်းရဲ့နှစ်ပေါင်း(၃၀၀)ကျင့်ကြံမှုတွေကို ဖယ်ရှားပစ်မယ်။ ငါက မင်းမိသားစုထဲမှာရှိတဲ့ အဲဒီဂျပုလေးကို မဖြေရှင်းချင်ဘူး။ အဆုံးမှာတော့ မင်းက ဒေါသဖြေဖျောက်လို့ရအောင် သူ့ကို ထားခဲ့ပေးမယ်…”

အဘိုးအို၏မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်တစ်ခု ပေါ်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“မင်း အရမ်းလွန်နေပြီ ချွေးချန်း…”

“ငါက အရမ်းလွန်တာလား..”

ချွေးချန်းက အားရပါးရ ရယ်လိုက်၏။

“မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ။ မင်းနဲ့ မင်းမိသားစုက ငါ့ဆီကနေ ဘာလို့လေးစားမှု ရသင့်တယ်လို့ ထင်နေရတာလဲ။ မင်းကိုယ်မင်း ပြန်ကြည့်လိုက်စမ်း။ ပြီးတော့ မင်းရဲ့သားလို့ခေါ်တဲ့ ဂျပုလေးကိုလည်း ကြည့်လိုက်။ မင်းတို့တွေက ဘယ်နေရာမှာ အသုံးကျလို့လဲ…”

“ထပ်ပြောရမယ်ဆိုရင် အပြင်ဘက်မှာရှိတဲ့ ခရမ်းနေမင်းစံအိမ်သခင်မကိုပဲ ကြည့်လိုက်။ သူက ယုလုရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ နဂါးချီစွမ်းအင်တွေကို မြင်တာနဲ့ အရူးတစ်ယောက်လို တံတွေးမျိုချနေတယ်။ တကယ်လို့ ငါက မပြည့်စုံတဲ့ မင်းမိသားစုကို အမြင့်ပေါ်တင်ပေးလိုက်မယ်ဆိုရင်တောင် မင်းတို့က အဲဒီမှာ နေနိုင်မယ်လို့ ထင်နေတာလား…”

ချွေးချန်း၏ မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံးတစ်ခုပေါ်လာပြီး သူ၏မေးခွန်းကို ကိုယ်တိုင်ပြန်ဖြေပေးလိုက်သည်။

“ မင်းတို့က ရထားတဲ့အရာတွေကို မယူနိုင်ပါဘူး…”

အဘိုးအိုက ပြန်ဖြေရန် အခွင့်အရေးမရသေးခင်း ချွေးချန်းက ပြတင်းပေါက်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။

“ထွက်သွားတော့..။ မင်းကိုကြည့်ရတာ ငါ့မျက်လုံးတွေ ညစ်ပတ်တယ်။ တကယ်လို့ ငါသာ (၃)ရက်အတွင်း မင်းဆီကနေ ကျေနပ်စရာကောင်းတဲ့ အဖြေမျိုးမရဘူးဆိုရင် ငါက မင်းကို ဘာမှတုံ့ပြန်နေမှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင်တော့ မင်းက ငါ့ကိုလာရှာပြီး ငါ့အသက်ကို ယူလို့ရတယ်…”

အဘိုးအိုက အချိန်တော်တော်ကြာ တိတ်ဆိတ်သွားခဲ့ပြီးနောက် တလေးတစားဦးညွတ်ပြီး မြင်းလှည်းထဲမှ ထွက်သွားခဲ့သည်။

ထိုတစ်ချိန်လုံး ချွေးချန်း၏ စိတ်အခြေအနေက လုံးဝကိုတည်ငြိမ်နေပြီး ရာသီဥတုအခြေအနေကြောင့် ပုံမှန်စကားပြောနေသလိုထက် မပိုခဲ့ပေ။ လှည်းကတော့ ရှေ့ကိုဆက်၍ သွားနေခဲ့ပြီး ချွေးချန်းကတော့ မျက်လုံးမှိတ်၍ စတင်ရေတွက်လိုက်၏။

“တစ်…”

သိမ်မွေ့သော လေပြေလေညင်းလေးတစ်ခုက ကြိုတင်သတိပေးထားခြင်းမရှိဘဲ မြင်းလှည်းထဲကို ဖြတ်တိုက်လာသည့်အတွက် ချွေးချန်း၏ အဖြူရောင်ဝတ်စုံလေးက အနည်းငယ် သိမ်မွေ့စွာ လှုပ်ရှားသွားခဲ့သည်။

မြင်းလှည်းထဲမှ ထွက်သွားပြီးနောက် ကလေးငယ်များနှင့် သဘောကောင်းစွာ စကားပြောနေခဲ့သော အဘိုးအိုက လမ်းမဘေးတွင် တစ်ယောက်တည်း ရပ်နေပြီး စီရင်စုမြို့ထဲမှ ထွက်ခွာသွားသောအဖွဲ့ကို ကြည့်နေခဲ့သည်။

စိမ်းပြာဝတ်လူနှင့် လှပသော အမျိုးသမီးတို့ကတော့ သူ့နောက်တွင် ရှိနေသော မြင်းလှည်းထဲမှ ထွက်လာကြပြီး သူတို့၏မျက်နှာပေါ်တွင် ရှုပ်ထွေးသည့် အမူအရာတစ်ခု ရှိနေကြသည်။

ထိုအချိန်တွင် အဘိုးအိုကတော့ ချွေးချန်း ရှိနေသော မြင်းလှည်းကို ဆက်၍ စိုက်ကြည့်နေခဲ့၏။ အဆုံးတွင်တော့ သူက ရှုံးနိမ့်သွားသော အမူအရာနှင့် အကြည့်ကို ရုတ်သိမ်းလိုက်သည်။ သူက အားနည်းချက်များကို ရှာတွေ့ခဲ့ခြင်း မရှိချေ။

အဘိုးအိုက သူ့သားနှင့်သမီးတို့ကို အပြုံးနှင့် ပြန်လှည့်ကြည့်လိုက်၏။

“ငါတို့က တစ်ယောက် လိုနေတယ်။ ဒါပေမယ့် မိသားစု ဆုံဆည်းရတာဆိုတော့ ငါလည်း အရမ်းဝမ်းသာပါတယ်…”

ခရမ်းနေမင်းစံအိမ် တည်ထောင်သူ သခင်မဖြစ်သော အမျိုးသမီးက စိမ်းပြာဝတ်လူထက် ပို၍စူးရှထက်မြက်သည်။ ရေနဂါးတစ်ကောင် ဖြစ်သည့်အတွက် သူမက တစ်ဖက်လူ၏ စိတ်အခြေအနေကို စစ်ဆေးကြည့်ရှုနိုင်သော မွေးရာပါ အရည်အချင်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့၏။ ရေနဂါးအိုကြီး၏ စိတ်အခြေအနေက တစ်စုံတစ်ခု လွဲမှားနေကြောင်း သူမက နားလည်သွားသည်။

ထိုအရာကို နားလည်သွားသည်နှင့် သူမက စဉ်းစားမနေဘဲ လေထဲသို့ ချက်ချင်း ပျံသန်းသွားခဲ့ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ စီရင်စုမြို့ထဲမှ ထွက်ပြေးရန် ကြိုးစားလိုက်၏။

သို့သော် သူမနှင့် သူမအဖေ၏ ကွာဟမှုက အဆင့်တစ်ခုတည်း မဟုတ်သည်ကို သူမက မေ့လျော့နေခဲ့သည်။ အဘိုးအိုကတော့ ဒေါသအထွဋ်အထိပ်ကို ရောက်နေပြီဖြစ်၏ ။ စီရင်စုမြို့ကြီးက သူ့လက်ထဲတွင် ပျက်စီးသွားခြင်း ရှိမရှိကို ဂရုမစိုက်နိုင်တော့ပေ။

ထို့ပြင် ခုံရုံးဝါတိုင်းပြည်ကပင် သူ့ကို ထိန်းသိမ်းထားနိုင်ခြင်း မရှိသည့်အတွက် ယခုလို သေးငယ်သော စီရင်စုမြို့လေးတစ်ခုကတော့ ပြောနေစရာပင် မလိုအပ်ပေ။ ဤနေရာတွင် ပါရမီရှိပြီး အစွမ်းထက်သော ပညာရှင်များ ရှိနေသော်လည်း မည်သူကမျှ ရေနဂါးအိုကြီးကို ခြိမ်းခြောက်နိုင်သော အဆင့်မျိုး မရောက်ခဲ့ပေ။

လက်ရှိအခြေအနေတွင် တာ့လီအင်ပါယာ၏ တောင်ပိုင်းချဲ့ထွင်မှုက သေချာသွားပြီ ဖြစ်သည့်အတွက် သူ၏အစစ်အမှန်ပုံစံကို ဖုံးကွယ်ထားရန်လည်း မလိုတော့ပေ။ သို့သော် သူက တာ့လီအင်ပါယာနှင့် တည်ငြိမ်သော မဟာမိတ်တစ်ခု တည်ဆောက်ရန် လိုအပ်သေးသည်။

မလိုအပ်သော သူ၏ခရီးစဉ်ကြောင့် သူက လိုချင်နေသော ရလဒ်နှင့် ဆန့်ကျင်ဖက်ကိုရခဲ့ပြီး တာ့လီအင်ပါယာ၏ တော်ဝင်နန်းဆရာကို ဒေါသထွက်သွားစေခဲ့သည်။ အဘိုးအိုက အလျင်လိုနေခဲ့သည့်အတွက် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်နိုင်ခဲ့၏။

ရလဒ်အနေနှင့် သူ၏စိတ်အခြေအနေက အလွန်အမင်းကို လှုပ်ရှားနေပြီး ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းများ ဆုံးရှုံးသွားခဲ့ရသည်။ ထိုအခြေအနေတွင် သူက သူ့သားဖြစ်သူ ရေခဲစားစရာမဟာမြစ်နတ်ဘုရားထက် ပို၍ပြည့်စုံသော စိတ်အခြေအနေကို ပြသနိုင်ခြင်း မရှိတော့ချေ။

မည်သို့ဖြစ်စေကာမူ သူနှင့်ကန်ကြည့်ကျောင်းတော်က ချွေးမင်ဟွမ်တို့က ချောက်ကမ်းပါး၏ အပေါ်တည့်တည့်တွင် မိုးကြိုးရေကန်တစ်ခုကို မြင်တွေ့ခဲ့ရပြီး မိုးကြိုးရေကန်ထဲမှ သူတို့ကို မောင်းထုတ်ခဲ့သော စာသင်သားအဘိုးအို တစ်ယောက်ကိုလည်း တွေ့ခဲ့ရသည်။

ထို့ပြင် ထိုအဖြစ်အပျက်များ ပြီးဆုံးသွားပြီးနောက် သူ၏လက်ဖဝါးပေါ်တွင် ရွှေရောင်စကားလုံးတစ်ခု ပေါ်လာခဲ့သည်။

စိမ်းပြာဝတ်လူ ပို့ပေးခဲ့သော မဟာမြစ်နန်းတော်မှ လျှို့ဝှက်စာထဲတွင် တာ့လီအင်ပါယာမှ တော်ဝင်နန်းဆရာ အကြောင်း သူ့အဖေကို ပြောပြထားသည်။ သူက ချွေးချန်းလုပ်ဆောင်ခဲ့သော အရာအားလုံးကိုလည်း အသေးစိတ် ပြောပြခဲ့ပြီး ချွေးချန်းက သူ၏ကျင့်စဉ်အဆင့်ကို လုံးဝဖယ်ရှားပစ်ခဲ့ကြောင်း ပြောပြခဲ့၏။

ထိုစာထဲတွင် မကောင်းသော ရည်ရွယ်ချက်များ မပါခဲ့ပေ။ သူ့အဖေက သူ့အတွက် ချွေးချန်းနှင့် ဆွေးနွေးပေးရန်သာ စိမ်းပြာဝတ်လူက မျှော်လင့်နေခဲ့သည်။ သူက မဟာမြစ်နန်းတော်အတွက် ပို၍များပြားသောအကျိုးအမြတ်များ ရနိုင်ခြင်း ရှိမရှိ သိချင်နေခဲ့၏။ မည်သို့ဖြစ်စေကာမူ မဟာမြစ်နန်းတော်က ချွေးချန်းနှင့် ရင်ဆိုင်ရဲခြင်းမရှိချေ။

အကယ်၍ သူတို့က ချွေးချန်းကို သတ်ရဲလျှင်ပင် သူတို့က မည်သို့အကျိုးအမြတ်များ ရှိနိုင်မည်နည်း။ အကယ်၍ သူတို့ကသာ ထိုသို့လုပ်ဆောင်နိုင်ခဲ့မည်ဆိုလျှင် တာ့လီအင်ပါယာ၏ တောင်ပိုင်းချဲ့ထွင်မှု အတောအတွင်း မဟာမြစ်နန်းတော်က သေချာပေါက် ပျက်စီးသွားရပါလိမ့်မည်။

“အဖေ ဘာလို့ဒီလိုလုပ်ခဲ့ရတာလဲ။ အဖေ… အစ်မက တစ်ခုခုမှားသွားလို့လား…”

စိမ်းပြာဝတ်လူက တုန်ယင်နေသော အသံနှင့် မေးလိုက်သည်။

အဘိုးအိုက ရှုံ့တွနေသော လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏လက်ချောင်းလေးများကို လက်သည်းအဖြစ် ပြောင်းလဲလိုက်သည်။ သူက လက်ကို ဖြည်းညင်းစွာ ဆွဲယူလိုက်ပြီး အေးစက်သောအမူအရာနှင့် ပြန်ဖြေလိုက်၏။

“မင်းအစ်မက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမလုပ်ထားဘူး။ အဓိကတရားခံက မင်းပဲ…။ မလိုလားအပ်တဲ့ မင်းရဲ့လုပ်ရပ်တွေက ငါ့ရဲ့နှစ်(၃၀၀)ကျင့်ကြံမှုတွေကို ပျက်စီးသွားအောင် လုပ်ခဲ့တယ်။ ဒါက ပိုပြီးတော့ ပြဿနာတက်နိုင်တယ်။ ဒါကြောင့် ငါ့ရဲ့ခံစားချက်တွေက မကောင်းဘူး။ ဒါက မင်းအတွက် အကြောင်းပြချက် လုံလောက်ရဲ့လား…”

အဘိုးအို၏ လက်ချောင်းလေးများ ကြားထဲတွင် အနီရောင်ပန်းပွင့်လေးများ ပေါ်လာခဲ့သည်။ သူတို့က အလွန်သေးငယ်ပြီး ချစ်စရာကောင်းသော်လည်း အမှန်တရားနှင့် လုံးဝကို ဝေးကွာနေခဲ့၏။

ကောင်းကင်ပေါ်တွင် ..

အမျိုးသမီး၏ ခန္ဓာကိုယ်ထဲမှနေ၍ အလွန်ကြီးမားသော သွေးစီးကြောင်းကြီး(၅)ခု ထွက်လာပြီး သူမက အပိုင်းပိုင်း ဖြတ်ခံရသော အသားတုံးတစ်ခု၏ အခြေအနေထက်ပင် ပို၍ကြောက်စရာကောင်းသွားခဲ့သည်။

သူမ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ဒဏ်ရာများက အလွန်နက်ရှိုင်းလှသည့်အတွင် အရိုးများကိုပင် မြင်တွေ့ နေရ၏။ ထိုအရာကိုသာမက သူမက မျက်စိတမှိတ်အတွင်း ပေတစ်ထောင်ကျော် ပျံသန်းသွားခဲ့သော်လည်း စီရင်စုမြို့လေးဆီသို့ ချက်ချင်း ပြန်ဆွဲခေါ်ခံလိုက်ရသည်။

သို့သော် ထိုအရာက ကောင်းကင်ပေါ်တွင် တိုက်ခိုက်နေခြင်းဖြစ်သည့်အတွက် စီရင်စုမြိုထဲတွင် ရှိနေသော မြို့သူမြို့သားများကတော့ သတိမထားမိခဲ့ကြပေ။ ထိုအချိန်တွင် ကောင်းကင်ကြီးပေါ်ကို မော့ကြည့်နေသော လူအနည်းစုက သူတို့မြင်လိုက်ရသော မြင်ကွင်းများကြောင့် အံ့ဩနေကြသော်လည်း မြို့ထဲရှိ တစ်ချို့လူများကတော့ လုံးဝမသိကြပေ။

နောက်ဆုံးတွင်တော့ အမျိုးသမီးက မြေပေါ်သို့ ပြန်ကျလာပြီး ခန္ဓာကိုယ်တစ်ခုလုံးက အသားစများ ဖြစ်နေခဲ့၏။ သူမ ဝတ်ဆင်ထားသော ဝတ်စုံကလည်း အပိုင်းပိုင်းအစစ ပျက်စီးနေပြီး သူမက ဘောလုံးတစ်လုံးကဲ့သို့ မြေပေါ်တွင် ခွေနေရသည်။ သူက နာနာကျင်ကျင် အော်ဟစ်နေခဲ့ပြီး ရေနဂါးအိုကြီးက သူမကို အလွတ်ပေးရန် တောင်းဆိုနေခဲ့၏။

သူမက အလွန်အစွမ်းထက်သော ခရမ်းနေမင်းစံအိမ်၏သခင်မ ဖြစ်ပြီး ခုံရုံးဝါတိုင်းပြည်ထဲတွင် အဆင့်(၁၀)ရောက်ရန် မျှော်လင့်ချက်ရှိနေသည့် နတ်ဘုရားသဖွယ် ပညာရှင်ဖြစ်သည်။ လက်ရှိအချိန်တွင်တော့ သူမက ခွေးလေခွေးလွင့် တစ်ကောင်ကဲ့သို့ လူးလှိမ့်အော်ဟစ်နေခဲ့ရ၏။

အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည့်အချိန်တွင် အမျိုးသမီးက လမ်းမဘေးတွင် ရှိနေသော ဆိုင်တစ်ဆိုင်ဆီသို့ လွင့်သွားခဲ့သည်။ သူမက ထိုနေရာတွင် တိုင်လုံးကြီးတစ်ခုနှင့် တိုက်မိသွားခဲ့ပြီး တိုင်လုံးကြီး၏ရှေ့တွင် ပြုတ်ကျလာခဲ့၏။

စိမ်းပြာဝတ်လူ၏ မျက်နှာက ချက်ချင်းပင် ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး မေးလိုက်သည်။

“တော်ဝင်နန်းဆရာက ဒေါသထွက်သွာခဲ့တာလား။ ကျွန်တော်က ဒီလိုမလိုအပ်တဲ့ လုပ်ရပ်မျိုးလုပ်ခဲ့တဲ့အတွက် မှားတယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမယ့် ဒါက သူ့ဆီကနေ ဒီလိုတုံ့ပြန်မှုမျိုး တကယ်ပဲ ရနိုင်လို့လား။ ကျွန်တော်တို့က တာ့ဆွေအင်ပါယာနဲ့ ပူးပေါင်းလိုက်မှာကို သူက မကြောက်ဘူးလား…”

အဘိုးအိုက စိုးရိမ်နေသော သူ့သားကို ခဏကြာစိုက်ကြည့်နေပြီး ရုပ်ပိုင်းဆိုင်ရာ အပြစ်မပေးနိုင်သည့်အတွက် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ သူကတော့ သူ့သားနှင့်ပတ်သက်ပြီး အတော်လေးကို အလွန်စိတ်ပျက်နေပုံရ၏။

စိမ်းပြာဝတ်လူက သေလုဆဲဆဲဖြစ်နေသော သူ့အစ်မကို သွားထူပေးလိုက်ပြီး မြင်းလှည်းပေါ်သို့ ပြန်သွားခဲ့သည်။ မြင်းလှည်းမောင်းသမားက မဟာမြစ်နန်းတော်၏ မြစ်အစောင့်ဖြစ်သည်။

စိမ်းပြာဝတ်လူက မြင်းလှည်း၏ ကန့်လန့်ကာကို မြောက်လိုက်ပြီး မြစ်အစောင့်ကို ပြောလိုက်၏။

“မင်းပြောတာမှန်တယ် ဆွေပင်… ငါက မဆင်မခြင်မလုပ်သင့်ဘူး…”

မြစ်အစောင့်က ကြာပွတ်ကို မြောက်လိုက်ပြီး မြင်းလှည်းကို ဆောင်းဦးကျူပင် တည်းခိုဆောင်သို့ ပြန်မောင်းလာရင်း ပြောလိုက်သည်။

“တိမ်တိုက်တွေထဲမှာတောင် အနားသတ် စည်းမျဉ်းတစ်ခုဆိုတာ အမြဲတမ်းရှိတာပဲလေ။ ဒါက ခြွင်းချက်မှ မရှိတာ။ အခုတော်ဝင်နန်းဆရာက သည်းမခံနိုင်ဘူးဆိုတာ ကျွန်တော်တို့သိပြီဆိုမှတော့ နောက်ပိုင်း သူနဲ့ရင်ဆိုင်ဖို့ ပိုပြီးလွယ်သွားပါပြီ။ အခုချိန်မှာ နည်းနည်းလောက် ဆုံးရှုံးသွားတာက နောက်ပိုင်းမှာ တစ်ချို့အကန့်အသတ်တွေကို ကျော်သွားဖို့အတွက် ပိုပြီးတော့ကောင်းတယ်။ ပိုပြီးတော့ ပြင်းထန်တဲ့ အကျိုးဆက်တွေကိုလည်း မရနိုင်တော့ဘူး…”

စိမ်းပြာဝတ်လူက သူ့အစ်မကို လှည်းထဲတွင် နေရာချလိုက်ပြီးနောက် မြစ်အစောင့်၏နောက်တွင်ထိုင်၍ ရေရွတ်လိုက်သည်။

“နည်းနည်းလောက် ဆုံးရှုံးတာလား။ ငါ့အဖေက နှစ်ပေါင်း(၃၀၀)ကျင့်ကြံမှုကို ဆုံးရှုံးခဲ့ရတယ်။ သူ့ရဲ့ဒေါသမျိုးနဲ့ ငါက ဒီကိစ္စကို ဆုတောင်းနေမှပဲ ရတော့မယ်။ တစ်ခြားလူတွေကတော့ ဒါကို သိချင်မှ သိလိမ့်မယ်။ ဒါပေမယ့် ငါ့အဖေရဲ့ တခြားညီအစ်ကိုမောင်နှမတွေ ဘယ်လိုသေသွားလဲဆိုတာ မင်းက တိတိကျကျသိနေတာပဲလေ…”

မြစ်အစောင့်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။

“သူတို့သေသွားတာ ကောင်းတာပေါ့ မဟာမြစ်နတ်ဘုရား။ အခုမင်းတို့(၃)ယောက်ပဲ အသက်ရှင်လျက် ကျန်တော့တယ်။ မင်းတို့အားလုံးက ခွဲလို့ မရတော့ဘူး…”

“အတိတ်တုန်းကတော့ ငါက မင်းရဲ့ခန္ဓာကိုယ်ကို ခေါ်လာပေးရတာ။ အမှန်အတိုင်း ပြောရရင်တော့ ငါက မတူညီတဲ့နေရာတွေကနေ မင်းရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ယူလာပြီး တစဆီ ပြန်ဆက်ပေးခဲ့ရတာ။ အဲဒါက တော်တော်လေးကို နာကျင်ရနိုင်တယ်…”

အကယ်၍ ဆွေပင်ကသာ တစ်ချိန်လုံး သူ့ကို နှစ်သိမ့်ပေးရန်ကြိုးစားနေလျှင် ပို၍မသက်မသာ ခံစားရပါလိမ့်မည်။ သူက စီရင်စုမြို့ထဲတွင် အချိန်ကြာကြာမနေနိုင်ဘဲ ဤပြဿနာများမပြီးမချင်း မဟာမြစ်နန်းတော်ထဲကိုပင် ထွက်ပြေးပြီး ပုန်းနေချင်ခဲ့သည်။ ထို့ကြောင့် ဆွေပင်ဆီမှ ထိခိုက်စေနိုင်သော စကားလုံးများ ကြားသည့်အခါ သူက အနည်းငယ်ပို၍ စိတ်အေးသွားခဲ့၏။

သူက မြစ်အစောင့်ကို ကြည့်လိုက်သည်။ ထို့ကြောင့်လည်း သူနှင့် စီရင်စုကြီးကြပ်သူ ဝေ့လီတို့ကို ချွေးချန်းက အထင်ကြီးနေရခြင်းဖြစ်၏။

“ကျေးဇူးပြုပြီး ငါ့ကို မဟာမြစ်နတ်ဘုရားလို့ မခေါ်ပါနဲ့တော့။ ငါက မင်းဆီကနေ ဒီလိုစကားမျိုးကိုကြားဖို့ အသားမကျတော့ဘူး။ လွန်ခဲ့တဲ့နှစ်တွေအတောအတွင်း ငါက မင်းကို ကောင်းကောင်းဆက်ဆံခဲ့တယ်။ မင်းကလည်း ငါ့ကို လုံးဝသစ္စာမဖောက်ခဲ့ဘူး။ ဒါက ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းထားနိုင်တယ်လို့ ထင်တာပဲ။ ငါတို့က ခက်ခဲတဲ့အချိန်တွေကို အတူတူကျော်ဖြတ်ခဲ့တယ်။ ငါတို့က အတူတူ ရှေ့ဆက်လျှောက်လာကြပြီး ငါတို့ရဲ့ကံကြမ္မာတွေက ပိုပြီးတော့ကောင်းလာနိုင်တာပေါ့…”

စိမ်းပြာဝတ်လူ၏ မျက်နှာပေါ်တွင် စိတ်ဓာတ်ကျနေသည့် အမူအရာတစ်ခုပေါ်လာပြီး ကြုံးဝါးလိုက်သည်။

“ငါ့အဖေ ဖတ်ခဲ့တဲ့စာတွေက ကွန်ဖြူးရှပ်သူတော်စင်တွေထက် မနည်းဘူး။ သူ့ရဲ့ကိုယ်ပိုင်စာအုပ် စုဆောင်းမှုက ခုံရုံးဝါတိုင်းပြည်တစ်ခုလုံးမှာတောင် အကြီးဆုံးပဲ။ ဒါပေမယ့် ဘာလို့ သူက ဒေါသကြီးနေရတာလဲ…”

“မင်းအဖေက ဒေါသကြီးတာ မဟုတ်ဘူး…”

ဆွေပင်က အပြုံးနှင့်ပြန်ဖြေလိုက်သည်။

“သူက အဲဒီစာသင်သားငယ်လေးတွေကို တကယ်ပဲ တရင်းတနှီး ရှိနေတယ်လို့ ထင်နေတာလား…”

ထိုစကားကိုတော့ စိမ်းပြာဝတ်လူက တုံ့ပြန်နိုင်ခြင်း မရှိချေ။

ဆွေပင်က ခဏကြာတွေဝေသွားပြီးနောက် ဆက်ပြောလိုက်သည်။

“မင်းအဖေက ဒီလောက်ထိ ဒေါသထွက်နေရတယ်ဆိုတာ သူ့ရဲ့တာအိုအကူနဲ့ ပတ်သက်နေတယ်။ မင်းက ဒါကို လျှို့ဝှက်ထားပေမယ့် တာ့လီအင်ပါယာရဲ့ တော်ဝင်နန်းဆရာကတော့ သေချာပေါက် သိနေမယ်ဆိုတာ မင်းအဖေက သိတယ်။ တကယ်လို့ သူကသာ အနာဂတ်ထိ ကြိုမြင်နိုင်မယ်ဆိုရင် သူက မင်းနဲ့မင်းအဖေကို အချင်းချင်းတိုက်ခိုက်လာအောင် သေချာပေါက် လုပ်လာမှာပဲ…”

ထိုစကားကို ကြားသည့်အခါ စိမ်းပြာဝတ်လူက အနည်းငယ်တုန်လှုပ်သွားခဲ့သည်။ ထိုအချိန်တွင် မြင်းလှည်းထဲမှ နေ၍ အသက်ကြီးကြီး လူတစ်ယောက်၏အသံကို ကြားလိုက်ရ၏။

“ဆွေပင်… ဉာဏ်အရမ်းကောင်းတာကလည်း ကောင်းတဲ့အရာတစ်ခုမဟုတ်ဘူး..”

“ကျွန်တော်က စာသင်သား တစ်ယောက်ဖြစ်ခဲ့ဖူးတယ်ဆိုတာ မမေ့ပါနဲ့။ ကျွန်တော်က လက်ရှိအတိုင်းပဲ ရှိနေချင်တယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်က စာသင်သားသရဲ တစ်ယောက်ဖြစ်နေပြီ။ သေခြင်းတရားကို ကြုံပြီးသွားပြီဆိုမှတော့ ကျွန်တော်က ဘာမှကြောက်စရာမလိုတော့ဘူး…”

မြင်းလှည်းထဲတွင် ရုတ်တရက် ပေါ်လာသော ရေနဂါးအိုကြီးက အပြုံးနှင့် ပြောလိုက်သည်။

“အသုံးမကျတဲ့ ငါ့ရဲ့သားကို မင်းလို လူတစ်ယောက်က အကြံပေးနေတော့ ငါလည်းစိတ်ချပါပြီ…”

ထိုအချိန်တွင် စိမ်းပြာဝတ်လူကတော့ အတော်လေး မသက်မသာ ခံစားနေရ၏။ အတိတ်တွင်တော့ သူ့အဖေက ဆွေပင်ဟုခေါ်သော မြစ်အစောင့်ကို အထင်သေးနေသော်လည်း သူကတော့ သိုသိုသိပ်သိပ်သာ နေထိုင်ခဲ့သည်။ သို့သော် ယခုတော့ သူက တိုင်းပြည်တစ်ခုကို စတင်တည်ထောင်နေခဲ့သည့်အချိန်တွင် စွမ်းရည်ရှိသော လက်အောက်ငယ်သားများကို လိုအပ်သည်။ ဆွေပင်က သူ့အဖေဘက်သို့ ယိမ်းသွားမှာကို စိမ်းပြာဝတ်လူက စိုးရိမ်လာခဲ့၏။

ဆွေပင်က သူ့အတွေးကို သိနေသည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး ပြောလိုက်၏။

“စိတ်မပူပါနဲ့ ။ ငါက မင်းကို သစ္စာမဖောက်ဘူး။ ငါက သရဲတစ်ကောင်ဖြစ်နေပေမယ့် ဖြူစင်မှုနဲ့ပြတ်သားမှုတော့ ရှိပါသေးတယ်…”

ရေနဂါးအိုကြီးက မြင်းလှည်း၏ထောင့်တွင် ဘောလုံးတစ်ခုကဲ့သို့ ခွေနေသော သူ့သမီးကို အေးစက်စွာ ကြည့်လိုက်သည်။ ထို့နောက် သူက မြင်းလှည်း၏ ကန့်လန်ကာကိုကြည့်လိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

“မင်းရဲ့သမီးက ဘာတွေဖြစ်နေတယ်ဆိုတာ ငါကြားခဲ့တယ်။ ငါက သူ့ကို ရေပြင်ညီတောင်တန်းရဲ့ တောင်တန်းနတ်ဘုရားဖြစ်လာအောင် ကူညီပေးရမလား…”

ဆွေပင်က ခေါင်းခါပြီး ပြောလိုက်သည်။

“သူက ဘဲငန်းတစ်ကောင်ထက်တောင် ပိုပြီးအဆင့်နိမ့်တဲ့သတ္တဝါတစ်ကောင်ပါပဲ.. သူ့ကို ဒီတိုင်းပဲထားလိုက်ပါ…”

ရေနဂါးအိုကြီးက အားရပါးရ ရယ်လိုက်သည်။

“ဒါက ငါ ပြောချင်နေတဲ့စကားနဲ့ အတူတူပဲ…”

ထိုအချိန်တွင် စိမ်းပြာဝတ်လူနှင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသော အမျိုးသမီး၏ နှလုံးသားထဲတွင်တော့ ဝမ်းနည်းမှုများ ပြည့်နှက်လာခဲ့၏။ တစ်ယောက်က ရေခဲစားစရာမြစ်၏ မြစ်နတ်ဘုရားဖြစ်ပြီး တစ်ယောက်ကတော့ ခရမ်းနေမင်းစံအိမ်၏ တည်ထောင်သူဖြစ်သည်။ သူတို့နှစ်ယောက်လုံးက အဆင့် (၁၀)ကို ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

သူတို့၏ ပိုင်နက်အသီးသီးတွင်လည်း သူတို့ကို နတ်ဘုရားများအဖြစ် ကိုးကွယ်ကြပြီး သာမန်ဘုရင်များကပင် သူတို့ကို လေးစားကြောက်ရွံ့ကြရသည်။ သို့သော် သူတို့အဖေ၏ ရှေ့တွင်တော့ သူတို့က အလွန်အဆင့်နိမ့်သော ရွံစရာသတ္တဝါများ ဖြစ်နေခဲ့လေ၏။

All Chapters