← Chapters

ပထမဆုံး စွမ်းဆောင်နိုင်သည့် စွမ်းရည်၊ မိုက်မဲမှုထဲက ကြီးမြတ်သော ဉာဏ်ပညာ

Vol. 14 Ch. 186

ပထမဆုံး စွမ်းဆောင်နိုင်သည့် စွမ်းရည်၊ မိုက်မဲမှုထဲက ကြီးမြတ်သော ဉာဏ်ပညာ

Vol. 14 Ch. 186

[ဆယ်ရက်အကြာတွင် သင်သည် “ဟား၊ သာမန်လူတွေပဲ” ဟူသော ကြွေးကြော်သံဖြင့် သာမန် အခြေအနေသို့ ဝင်ရောက်ပြီး လော်ထျန်းစည်းဝေးပွဲသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။]

[သင် ကံကောင်းသည်၊ ဒုတိယနေ့တွင် လော်ထျန်းစည်းဝေးပွဲသို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီပြီး အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။]

စုရှင်း မြင်လိုက်သည်နှင့် တပြိုင်နက် စိတ်လှုပ်ရှားစွာဖြင့် တိတ်တဆိတ် ရွတ်ဆိုလိုက်သည်–

“မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်ကို ၂၄ နာရီကြာ အသက်သွင်းပါ။”

[ဒင်, သင်သည် မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်ကို ၂၄ နာရီကြာ အောင်မြင်စွာ အသက်သွင်းခဲ့ပါသည်။ စွမ်းအင်မှတ် ၂.၄ သန်း ကုန်ကျကာ လက်ကျန် စွမ်းအင်မှတ် ၄၃.၇၃ သန်း ရှိသည်။]

စုရှင်း၏ အမြင်အာရုံကို အဖြူရောင် အလင်းတန်း တစ်ခု ဖြတ်ပြေးသွားပြီးနောက် သူ့မျက်စိရှေ့မှ မြင်ကွင်းများ ပြောင်းလဲသွားကာ ဖြစ်စဉ်အတွင်းသို့ ရောက်ရှိသွားသည်။

“ငါ့တပည့်၊ နောက်တောင်ကိုသွားပြီး ဦးလေး ရှန်းနန်ကို လောထျန်းစည်းဝေးပွဲ ပါဝင်ဖို့ ဖိတ်ကြားလိုက်ပါ။”

မော့ကြည့်လိုက်ရာ စုရှင်းသည် စကားပြောနေသူမှာ ရင်းနှီးပြီးသား အကြီးအကဲ နျိုရော်လီ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“ဆရာ့ အမိန့်အတိုင်းပါ!”

စုရှင်း ဦးညွှတ်ပြီး နောက်တောင်သို့ ဦးတည်သွားသည်။

လမ်းတစ်လျှောက်တွင် စုရှင်းသည် သူ့စိတ်ထဲသို့ ရောက်လာသော မှတ်ဉာဏ် အပိုင်းအစများကို ပြန်လည် စုစည်းလိုက်သည်။

“ငါ့ရဲ့ ကိုယ်ပိုင်လက္ခဏာက လောထျန်းဂိုဏ်းရဲ့ တရားဝင် တပည့် လောရှောင်ချွမ်းအဖြစ် ရှိနေတုန်းပဲ… ဒါပေမဲ့ အခု ငါက နတ်ဘုရား အသွင်ပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူ၊ နတ်ဘုရား အင်အားနယ်ပယ်ရဲ့ နောက်ဆုံးအဆင့်က ပါရမီရှင် တစ်ယောက် ဖြစ်နေပြီလား။”

“လောထျန်းဂိုဏ်းရဲ့ လက်ရှိမျိုးဆက် အသက်တစ်ရာ အောက်မှာ ထူးချွန်ထက်မြက်ဆုံး ပါရမီရှင် သုံးဦးထဲက တစ်ဦး၊ အသက်တစ်ရာ မပြည့်ခင် ကိုးပတ်လည် ရွှေအမြုတေကို သန့်စင်နိုင်ခဲ့ပြီး စိန်ခေါ်မှုငါးခုကို ကျော်လွန်ကာ နတ်ဘုရားအသွင် ပြောင်းလဲခြင်းကို ရောက်ရှိခဲ့တယ်… ငါ နတ်ဘုရား တစ်ပါးဖြစ်ဖို့ အရည်အချင်း ပြည့်မီပြီလား။”

သူ့စိတ်ထဲရှိ ကိုယ်ပိုင်လက္ခဏာ မှတ်ဉာဏ်များကို စုပ်ယူပြီးနောက် စုရှင်းသည် စဉ်းစားတွေးတောနေခဲ့သည်။

“လောထျန်းဂိုဏ်းက ငါထင်ထားတာထက်တောင် ပိုပြီး အစွမ်းထက်တယ်နဲ့ တူတယ်။”

“နတ်ဘုရားအသွင် ပြောင်းလဲခြင်း ကျင့်ကြံသူတွေက တရားဝင် တပည့်တွေပဲလား။ ဒါဆို အကြီးအကဲ ရာထူးအတွက်ကျ ဘယ်အဆင့် ကျင့်ကြံမှု လိုအပ်မလဲ… ဒါမှမဟုတ် သန့်ရှင်းသော အမွေခံ ရာထူးအတွက်ရော။”

စုရှင်း အခု သိသည်မှာ ကျမ်းဂန်စာတိုက်ထဲမှ အဘွားကြီးသည် အနည်းဆုံး ခန္ဓာကိုယ် ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ ဖြစ်သည်။

သူ့ဆရာ နျိုရောလီကမူ ခန္ဓာကိုယ် ကျင့်ကြံမှုကို အဓိကထားသော်လည်း ခန္ဓာကိုယ် ပေါင်းစည်းခြင်း ကျင့်ကြံသူထက် မနည်းသည့် ကျင့်ကြံမှု ရှိနိုင်သည်။

“ဟင်၊ ရာစုနှစ်ပေါင်းများစွာ အမွေအနှစ်ရှိတဲ့ ကျင့်ကြံမှုဂိုဏ်း တစ်ခုနဲ့ ထိုက်တန်ပါတယ်။ လောထျန်းဂိုဏ်းကနေ ပေါ်ထွက်လာတဲ့ နတ်ဘုရားတွေ မနည်းဘူး ဖြစ်ရမယ်။ ဒီလို အခြေခံက တကယ်ကို ကြောက်မက်ဖွယ် ကောင်းတယ်။”

စုရှင်း သူ့စိတ်ထဲမှာ အနည်းငယ် ပျော်ရွှင်နေသည်။

လော်ထျန်းဂိုဏ်း ပိုသန်မာလေလေ၊ စုရှင်းအတွက် အကျိုးအမြတ် ပိုများလေလေပင်။

အဘယ့်ကြောင့်ဆိုသော် ‌ဤ “စွဲလမ်းစေသော ကမ္ဘာ”၏ ရတနာများသည် ပိုပြီး ပေါများသည်ဟု အဓိပ္ပာယ် သက်ရောက်ပြီး စုရှင်းသည် ပို များပြားသည့် ကျင့်ကြံမှု နည်းစနစ်များနှင့် နတ်ဘုရား စွမ်းရည်များအား ရယူနိုင်မှာ ဖြစ်သောကြောင့်ပင်။

ထိုသို့တွေးရင်း စုရှင်းသည် နောက်တောင်စို့ လျင်မြန်စွာ ရောက်လာခဲ့ပြီးနောက် ဦးလေးငယ်ရှန်းနန်ကို တွေ့လိုက်ရသည်။

ဦးလေးရှန်းနန်သည် သာမန် လယ်သမား တစ်ယေယက်လို ရှိနေဆဲပင် ဖြစ်သည်။ စုရှင်း ရောက်လာသည်ကို မြင်သောအခါ သူ့လယ်အလုပ်ကို ရပ်လိုက်သည်။

စုရှင်းအနား ကပ်လာပြီး ပြုံးကာ ချီးကျူးလိုက်သည်–

“တူလေး၊ မင်းရဲ့ ကျင့်ကြံမှုက ပိုပြီး မြင့်မားလာပြီ။ အသက်တစ်ရာမပြည့်ခင် နတ်ဘုရား အသွင်ပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူ ဖြစ်လာပြီ။ နည်းနည်းလောက် ပိုကြိုးစားရင် ငါတို့ လောထျန်းဂိုဏ်းရဲ့ သန့်ရှင်းသော အမွေခံ ဖြစ်လာနိုင်တယ်။”

သန့်ရှင်းသော အမွေခံ?

ထိုစကားကို ကြားသည့်အခါ စုရှင်းသည် စိတ်လှုပ်ရှားသွားပြီး ချက်ချင်း မေးလိုက်သည်–

“ဦးလေး၊ ကျွန်တော်တို့ဂိုဏ်းရဲ့ သန့်ရှင်းသော အမွေခံဖြစ်ဖို့ ဘယ်လို လိုအပ်ချက်တွေ ရှိပါသလဲ။”

ဤစကားကို ကြားသည့်အခါ ရှန်းနန်ယိုထျန်းက စုရှင်းအား ထူးဆန်းစွာ ကြည့်လိုက်သော်လည်း ဆက်ပြီး ရှင်းပြခဲ့သည်–

“မင်းရဲ့ ခန္ဓာကိုယ် ကျင့်ကြံမှုက အခု နတ်ဘုရား အင်အားနယ်ပယ်ရဲ့ နောက်ပိုင်းအဆင့်ကို ရောက်နေပြီဆိုတော့၊ အကယ်၍ မင်းသာ အသက်တစ်ရာ မပြည့်ခင် ဟင်းလင်းပြင် ဖျက်ဆီးခြင်း နယ်ပယ် ဒါမှမဟုတ် ဟင်းလင်ပြင် ပြန်လည် တည်ဆောက်ခြင်း နယ်ပယ်မှာ ကျင့်ကြံသူဖြစ်ပြီး ကျင့်ကြံမှုရဲ့ ပြီးပြည့်စုံတဲ့ အခြေအနေကို ရောက်ရှိမယ်ဆိုရင် ငါတို့ဂိုဏ်းရဲ့ သန့်ရှင်းသော အမွေခံ ဖြစ်လာနိုင်တယ်။”

“သန့်ရှင်းသော အမွေခံ ဖြစ်တယ် ဆိုတာက နတ်ဘုရား ဖြစ်ဖို့ လမ်းတစ်ဝက် ရောက်နေပြီလို့ ပြောတာပဲ၊ နတ်ဘုရား ဖြစ်လာဖို့ အခွင့်အရေး အများကြီး ရှိတယ်…”

ထိုသို့ပြောရင်း ရှန်းနန်ယိုထျန်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်–

“မင်းရဲ့ ဦးလေးက လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က လောထျန်းဂိုဏ်းရဲ့ သန့်ရှင်းသော အမွေခံပဲ!”

စုရှင်း အနည်းငယ် အံ့ဩသွားပြီး ရုတ်တရက် မေးလိုက်သည်–

“ဒါဆို ဦးလေးက နတ်ဘုရား ဖြစ်သွားပြီလား။”

ထိုစကားကို ကြားသည့်အခါ ရှန်းနန်ယိုထျန်း၏ မျက်နှာသည် မှောင်သွားသည်။ သူသည် ချောင်း နှစ်ချက် ဟန့်ကာ ပြောသည်–

“အဟွတ်၊ အဟွတ် စကားကုန် မပြောဘဲ ထားတာ အကောင်းဆုံးပဲ။ သွားကြရအောင်၊ လောထျန်းစည်းဝေးပွဲ စဖို့ အချိန်ရောက်ပြီ!”

စုရှင်း၏ စကားများသည် ရှန်းနန်ယိုထျန်း အတွက် နာကျင်စေသည့် အကြောင်းအရာ တစ်ခုကို နှိုးဆွလိုက်မိပုံ ရသည်။ သူသည် လမ်း‌တစ်လျှောက်လုံး တိတ်ဆိတ်သွားခဲ့သည်။

ရှန်းနန်ယိုထျန်းကို လောထျန်းစည်းဝေးပွဲသို့ ပို့ဆောင်ပြီးနောက် မကြာခင်မှာပင် စုရှင်းသည် ခွင့်တောင်းပြီး ကျမ်းဂန်တိုက်ဆီကို ဦးတည်သွားခဲ့သည်။

ကျမ်းဂန်တိုက် အဝင်ဝတွင် အိပ်ငိုက်နေသည့် အဘွားအိုကို မြင်သည့်အခါ စုရှင်းသည် စူ့မှာ အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူသည် အဘွားကြီးကို ကြည့်လိုက်ပြီး သူ့ဘာသာသူ တွေးလိုက်သည်–

“ပြောရရင် ဒီအဘွားကြီးကို ငါကျေးဇူးဆပ်ဖို့ ရှိသေးတယ်။ ဒါပေမဲ့ သူ အဲဒါကို မှတ်မိမှာ မဟုတ်ဘူး ထင်တယ်။”

အဘွားကြီးကို နှုတ်ဆက်ပြီးနောက် စုရှင်းသည် “ကောင်းကင်၊ မြေကြီး၊ လူ” ဓားပညာ၏ “သုံးပါရမီ ဓားပညာ” ကို မှတ်တမ်း တင်ထားသည့် ကျမ်းစာအုပ်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။

“ငါ ဉာဏ်ပိုကောင်းချင်တယ်!”

စုရှင်းသည် စိတ်မပါ့တပါနှင့် ကြွေးကြော်သံကို အော်ဟစ်လိုက်ပြီး ကြီးမြတ်သော ဉာဏ်ပညာ အခြေအနေထဲသို့ ဝင်ရောက်လိုက်သည်။

ကြီးမြတ်သော ဉာဏ်ပညာ အခြေအနေတွင် စုရှင်းသည် သူ၏ တွေးခေါ်မှုများ အလွန် ကြည်လင်နေသည်ကို ခံစားမိသည်။ သူ၏ သင်ယူနိုင်စွမ်းနှင့် နားလည်နိုင်စွမ်းများသည်လည်း အဆပေါင်းများစွာ တိုးပွားလာခဲ့သည်။

သူ အချိန်ကို တစ်ချက် ကြည့်လိုက်သည့်အခါ အကျဉ်းခန်းမှ မထွက်ခင် ၂၃ နာရီ ကျန်နေသေးသည်။

စုရှင်းသည် သုံးပါရမီ ဓားပညာ၏ ဒုတိယအပိုင်း ဖြစ်သည့် မြေဓားကို စတင် နားလည်အောင် လုပ်ဆောင်ခဲ့သည်။

မြေဓားသည် ကောင်းကင်နှင့် မြေကြီးကြား ဆက်သွယ်နိုင်ပြီး အသုံးပြုသူအား ကမ္ဘာ၏ သဘာဝ အနှစ်သာရကို ပေးစွမ်းနိုင်သည့် အတွက် အစွမ်းအစကို သိသိသာသာ မြှင့်တင်ပေးနိုင်သည်။

သူ၏ လက်ရှိ ကြည်လင်နေသည့် စိတ်အခြေအနေတွင် ကျန်ချိန်မှာ တစ်ရက်ပင် မပြည့်တော့မှန်း သိသည့်အတွက် မြေဓား၏ အကြောင်းအရာများကို အလွတ် ကျက်မှတ်ရန်သာ အာရုံစိုက်ခဲ့သည်။

မကြာခင်မှာပင် တစ်ရက်တာ ကုန်ဆုံးသွားခဲ့သည်။ မြှုပ်နှံသရုပ်ပြခြင်း ပြီးဆုံးပြီးနောက် စုရှင်းသည် လက်တွေ့သမ္ဘာသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

လက်တွေ့ကမ္ဘာတွင် စုရှင်းသည် အနည်းငယ် ပူထူနေသည့် သူ၏ နားထင်များကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။

“ဒီ သုံးပါရမီ ဓားပညာက နက်နဲပြီး နားမလည်နိုင်အောင်ပါပဲ။ သူ့ရဲ့အကြောင်းအရာတွေက ပင်လယ်ကြီးလို ကျယ်ပြောလွန်းတယ်။ ဒီတစ်ရက်တည်းမှာ စကားလုံး ထောင်ပေါင်းများစွာကို အလွတ်ကျက်ခဲ့ရပေမဲ့ မြေဓား အကြောင်းအရာရဲ့ သုံးပုံတစ်ပုံလောက်ပဲ မှတ်မိသေးတယ်…”

“မြေဓား အပိုင်းကို အပြည့်အဝ မှတ်မိဖို့ဆိုရင် အနည်းဆုံး နှစ်ကြိမ်လောက် ထပ်ကြိုးစားရဦးမယ်။”

စုရှင်းသည် ကံကောင်းမှုဖြင့် ဉာဏ်အလင်းပွင့်ခြင်း၏ စွမ်းအားကို နားလည်လာခဲ့သည်။

ဒီတစ်ခါတွင် စုရှင်း၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် နားလည်နိုင်စွမ်းများသည် သုံးဆ တိုးလာခဲ့သော်လည်း တစ်ရက်အတွင်း မြေဓား အကြောင်းအရာ၏ သုံးပုံတစ်ပုံကိုသာ မှတ်မိနိုင်ခဲ့သည်။

သို့သော် အရင်က ကံကောင်းမှုဖြင့် ဉာဏ်အလင်းပွင့်ခြင်း ရရှိခဲ့စဉ်က သူသည် တစ်ကြိမ် အသက်သွင်းရုံဖြင့် ဆယ်နှစ်တာ သင်ယူမှုနှင့် ညီမျှသည့် နလည်မှုကို ပိုင်ဆိုင်ခဲ့သည်။

လူဓားအပိုင်း တစ်ခုလုံးကို အလွတ် ကျက်မှတ်နိုင်ခဲ့ရုံ သာမက အကြောင်းအရာတွေကိုပါ အပြည့်အဝ နားလည်ခဲ့သည်။ “ဓားကျင့်ကြံမှု အထွေထွေ အကျဉ်းချုပ်”တွင် အသေးစိတ် ဖော်ပြထားသည့် ဓားကျင့်ကြံသူများဆိုင်ရာ နိယာမများကိုပင် သင်ယူခဲ့ရသည်။

…

All Chapters