← Chapters

နောက်ဆုံး ခြေလှမ်း၌ ကျဆုံးခြင်း

Vol. 121 Ch. 1802

နောက်ဆုံး ခြေလှမ်း၌ ကျဆုံးခြင်း

Vol. 121 Ch. 1802

လျန်ရူရွှယ် မလှုပ်မယှက် ဖြစ်သွားခဲ့သည်။ အံ့အားမှင်တက်မှုကြောင့် သူမ၏ ကိုယ်မှာ အေးခဲသွားသည့်နှယ်ပင်။

အချိန်အတော်ကြာသည်ထိအောင် ပင်ကိုယ်စိတ်အခြေအနေသို့ ပြန်မရောက်ရှိနိုင်သေးချေ။

စာပါ အကြောင်းအရာတို့က သူမအား ရှော့ခ်ရသွားစေသည်ဟု ပြောသည်ထက် သူမအား အံ့အားသင့်သွားစေခဲ့သည်ဟု ပြောလျှင် ပိုမှန်မည်။

အထူးသဖြင့် “ LRXI Love You “ ဆိုသည့် အိုင်ဒီက သူမ၏ စိတ်ခံစားချက် လှိုင်းတံပိုးတို့အား ဘောင်ဘင်ခပ်သွားစေသည့် လေပြင်း တစ်ခုကဲ့သို့ပင်။ ဤအိုင်ဒီကို အသုံးပြုသူက သေချာပေါက် လင်းရီ ဖြစ်မှာကို သူမ ယုံကြည်သည်။

သို့သော် ရေးသားထားသည့် အကြောင်းအရာတို့က သူမအား မယုံကြည်နိုင်စရာ ကောင်းသည်ဟု ခံစားသွားစေခဲ့၏။

ကြောက်မက်ဖွယ်ရာ အကောင်းဆုံးနှင့် ရှော့ခ်ရစရာ အကောင်းဆုံးက ကျုံးဝေ့တပ်ဖွဲ့အတွင်း၌ တကယ်ကြီး သစ္စာဖောက် တစ်ဦး ရှိနေခဲ့သည်တဲ့လော။

ထိုမျှ တင်းကြပ်သည့် အဖွဲ့အစည်းကြီး အတွင်း၌ သစ္စာဖောက် သူလျှိုများက မည်သို့ ရောက်ရှိနေနိုင်သနည်း။

ဤကိစ္စက သူမ ကိုင်တွယ်နိုင်သည့် အခြေအနေထက် ကျော်လွန်သွားပြီဟု ခံစားလိုက်ရသည်။ ကျုံးဝေ့တပ်ဖွဲ့ ပါဝင်ပတ်သက်နေသည့် မည်သည့် ကိစ္စကမျှ သေးသေးမွှားမွှားဟု မသတ်မှတ်နိုင်ချေ။

“ ဘိုးဘိုး ….”

“ ဘာလဲကွဲ့ …” လျန်ရှန့်ဟော် ပြုံးလိုက်ပြီး “ လင်းရီ အသက်ရှင်နေသေးတာကို မြေးက ဘာလို့ ပျော်နေတဲ့ပုံ မပေါ်တာ …”

လျန်ရူရွှယ်သည် ဖုန်းကို လျန်ရှန့်ဟော်ထံ ကမ်းပေးလိုက်သည်။

“ လင်းရီ သမီးဆီ မက်ဆေ့ချ် ပို့လာတယ်… ကျုံးဝေ့တပ်ဖွဲ့ထဲမှာ သစ္စာဖောက် ရှိနေပြီ…”

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာ ….”

လျန်ရှန့်ဟော် ဒေါသထွက်သွားခဲ့၏။ သူသည် တန်းထျန် အတွင်းမှ အတွင်းအား ထုတ်သည့် နည်းလမ်းကို မတတ်မြောက်ပါသော်လည်း လုပေချိန်နှင့် ပတ်သက်မှုကြောင့် စာရေးစာချီ အလုပ်တစ်ချို့ကို ပြုလုပ်ခဲ့ဖူးသည်။

ယခု လင်းရီက ကျုံးဝေ့တပ်ဖွဲ့ထဲတွင် သစ္စာဖောက် ရှိနေသည်ဟု ပြောလာခဲ့သဖြင့် စိတ်ပိုင်းဆိုင်ရာ ခံစားချက်အရ သူ လက်သင့် မခံနိုင်ခဲ့ချေ။

“ ဖုန်း ဒီကိုပေးစမ်း …”

“ ဒီမှာ …”

ဖုန်းထဲရှိ စာပါ အကြောင်းအရာအား ဖတ်ရှုပြီးသည့်နောက် လျန်ရှန့်ဟော်သည် အလွန်အမင်း လေးနက် တည်ကြည်လာခဲ့ပြီး မျက်မှောင်ကြုတ်လျက် အချိန်အတော်ကြာအောင် အတွေးနက်နေလျက် ရှိသည်။

“ ဒါ လင်းရီ ပို့လာခဲ့တယ်ဆိုတာ သေချာလား …”

“ သေချာတယ်…”

လျန်ရူရွှယ်သည်လည်း ဤကိစ္စ၏ လေးနက် ပြင်းထန်သည့် အမှုအား ကောင်းစွာ နားလည်သည်။ ထို့ကြောင့် သူမ ဂရုမစိုက် မလုပ်ဝံ့ပေ။ သို့‌သော် မေးလ်ပို့လာသူက လင်းရီ ဖြစ်သည်ကိုတော့ သူမ ရာနှုန်းပြည့် သေချာသည်။

လွန်ခဲ့သည့် ခရစ်စမတ်က နိုင်ငံ၏ အထင်ကရ အဆောက်အဦးကြီးများ၌ ထိုစကားလုံးများဖြင့် သူမကို သူချစ်ကြောင်း တစ်ကမ္ဘာလုံးသိအောင် ဝန်ခံခဲ့သည်။

သူကလွဲ၍ ကျန်သည့် မည်သူကမျှ ယခုလို အိုင်ဒီအသုံးပြုသူ မရှိနိုင်ပေ။

“ ငါ နားလည်ပြီ…”

အသက်ပြင်းပြင်း ရှူသွင်းရင်း လျန်ရှန့်ဟော် ပြောလိုက်၏။

“ လင်းရီက စန်တို့စ်မှာ ရှိမနေဘူး .. ဒါ လမ်းကြောင်းလွဲလိုက်တာပဲ …”

“ ဘိုးဘိုးပြောနေတာ သူ အခုလိုလုပ်လိုက်တာက သစ္စာဖောက်ရဲ့ အာရုံကို ဆွဲဆောင်ဖို့ပေါ့နော်…”

“ အမှန်ပဲ …” လျန်ရှန့်ဟော် ခေါင်းညိမ့်ပြီးနောက် အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

“ တကယ်လို့ ကျုံးဝေ့တပ်ဖွဲ့ထဲမှာ သစ္စာဖောက် ရှိနေမယ်ဆိုရင် သိပ်မကြာခင်မှာပဲ စန်တာ ကလယ်မှာ ပိုက်စိပ်တိုက် ရှာနေတဲ့လူတွေ စန်တို့စ်ဆီ အာရုံစိုက်လာလိမ့်မယ်.. အဲ့လို ဖြစ်လာရင် သူ အခု ရှိနေတဲ့ နေရာကလည်း လုံးဝ လုံခြုံပြီ…”

“ ဒီတော့ သူ တကယ်ဦးတည်မယ့်နေရာက စန်တို့စ် မဟုတ်ဘဲ ကလော်နီပေါ့နော်…”

“ အင်း …”

“ ဒါဆိုလည်း ဒီသတင်းကို ဘိုးဘိုးလုဆီ အမြန်ပြောပြလိုက်လေ… “ လျန်ရူရွှယ် စိတ်လှုပ်ရှားတကြီးဖြင့် မတ်တပ်ရပ်လိုက်ပြီး “ သမီး ကားသွားယူလိုက်မယ်.. ကျုံးဝေ့တပ်ဖွဲ့ဆီ အခုပဲ သွားကြစို့ …”

“ မလုပ်နဲ့ …”

လျန်ရှန့်ဟော် ဟန့်တားလိုက်ပြီး “ ဒါက အသေးအမွှား ကိစ္စလေး မဟုတ်ဘူး … လုံးဝ လုံခြုံ စိတ်ချရအောင် အဘိုးတို့ အဲ့ကို သွားလို့ မဖြစ်ဘူး … သူ့ကို ဒီလာခိုင်းလိုက်မယ်….”

ထို့နောက် လျန်ရှန့်ဟော်သည် လုပေချိန်ထံသို့ ဖုန်းခေါ်လိုက်၏။

ဖုန်းအား လက်ခံရရှိပြီးနောက် လုပေချိန်ကလည်း ချက်ချင်း အပြေးအလွှား ရောက်လာသည်။

“ မင်း အလောတကြီးနဲ့ ခေါ်လိုက်တာ ဘာကိစ္စလဲ …”

တွေ့တွေ့ချင်းမှာပဲ လုပေချိန် အလောတကြီးဖြင့် မေးမြန်းလာခဲ့သည်။

လျန်ရှန့်ဟော်၏ ဖုန်းခေါ်ဆိုလာမှုက သူ့အား အတော်လေး ဇဝေဇဝါ ဖြစ်သွားစေခဲ့လေသည်။

သူတို့၏ နုပျိုတက်ကြွသည့် ရက်များ၌ပင် လျန်ရှန့်ဟော်သည် သူဦးဆောင်သို့ နောက်သို့သာ အမြဲတမ်း လိုက်လျက် ရှိပြီး အကြောင်း ကိစ္စ တစ်စုံတစ်ရာ ရှိသည့် အခါ၌လည်း လျန်ရှန့်ဟော်ကိုယ်၌ကသာ သူ့ထံသို့ ရောက်လာတတ်လေ့ ရှိ၏။ သို့သော် ယခုတစ်ကြိမ်တွင်တော့ သူ့အား လာတွေ့ဖို့ ပြောဆိုခဲ့လေသည်။

အရေးကြီးဆုံးကတော့ ဖုန်းထဲတွင် လျန်ရှန့်ဟော်၏ လေသံမှာ အလွန်အမင်း အရေးကြီးသည့် ကိစ္စတစ်ခုအား တိုင်ပင် စရာ ရှိသည့်နှယ် လေးနက်နေခဲ့၏။

အရေးကြီး ကိစ္စ တိုင်ပင်စရာ ရှိသည်ဟုပဲ ပြောခဲ့သည်က လုပေချိန်အား စိတ်လေးထင့်နေစေသည်။

“ ဒါကို တစ်ချက်ကြည့်လိုက် …"

လျန်ရှန့်ဟော်သည် ဖုန်းအား ကမ်းပေးလိုက်ပြီး “ လင်းရီ မီလိလေးဆီ လျှို့ဝှက်ပို့လာခဲ့တဲ့ စာ ….”

“ သူက ဒါကို ပို့ခဲ့တယ် ဟုတ်လား …”

စာကို မဖတ်ကြည့်ရသေးသော်လည်း လင်းရီ၏ အပြုအမူတို့က ထူးဆန်းလှ၏။

ယုတ္တိကျကျ ပြောရမည်ဆိုပါက ထိုကဲ့သို့ အန္တရာယ်များသည့် အခုက်အတန့်၌ ကျုံးဝေ့တပ်ဖွဲ့သို့ သတင်းမပို့ဘဲ အဘယ်ကြောင့် မဆိုင်သည့် မိန်းကလေးထံ စာပို့လာရသနည်း။

သို့သော် စာပါ အကြောင်းအရာများအား ဖတ်ရှုကြည့်ပြီးသည့်နောက် လုပေချိန်၏ မျက်နှာအမူအရာ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့တော့သည်။

ကျုံးဝေ့ တပ်ဖွဲ့တွင် သစ္စာဖောက် တစ်ယောက် ပေါ်လာသည်က သူ့အား တည်တည်ငြိမ်ငြိမ်နှင့် တုံ့ပြန်ဖို့ ခက်ခဲအောင် ပြုလုပ်နေတော့သည်။

“ လင်းရီ စန်တာကလယ်ရာကို ရောက်ပြီး သိပ်မကြာခင်မှာပဲ နိုင်ငံခြားသားတွေ သူ ရှိတဲ့နေရာ ပြေးလာပြီး သူ့ကို ဝိုင်းထားလိုက်ကြတယ်… ဒီကနေ တဆင့် ကျုံးဝေ့ တပ်ဖွဲ့ထဲမှာ သစ္စာဖောက် ရှိနေပြီလို့ လင်းရီ ကောက်ချက်ချလိုက်တာ ဖြစ်မယ်…” လျန်ရှ့န်ဟော် ပြောလိုက်ပြီး “ ဒါကြောင့်မို့ပဲ ကျုံးဝေ့တပ်ဖွဲ့ဆီ ရည်ရွယ်ချက်ရှိရှိနဲ့ သူ အခု စန်တို့စ်ကို ရောက်နေပါတယ်ဆိုပြီး သတင်းပို့လိုက်တယ်… အဲ့လိုမှပဲ နိုင်ငံခြားသားတွေကို အဲ့ဒီနေရာဆီ ရွေ့လျားသွားခိုင်းပြီး သူ့အတွက်လည်း လုံခြုံမှာ …”

“ လင်းရီ တွေးခေါ်တဲ့ပုံစံနဲ့ဆိုရင် ဒီလိုက သူ တကယ်လုပ်မယ့် ပုံစံပဲ …” လုပေချိန် အသံဩဩဖြင့် ပြောလိုက်၏။

သို့သော် သူ အစိုးရိမ်ဆုံးက ကျုံးဝေ့တပ်ဖွဲ့ထဲရှိ သစ္စာဖောက်က မည်သူဆိုတာလဲပင်။

“ နာရီ ၂၀ အတွင်းမှာ လင်းရီ ကလော်နီကို သွားမယ်ဆိုတာတော့ ငါတို့ သေချာတယ်… ဒီသတင်းက မှန်လောက်တယ်…” လျန်ရှန့်ဟော် ပြောလိုက်ပြီး “ ငါတို့ လူတစ်ချို့ကို အဲ့နေရာဆီ ပို့လို့ရတယ်… ကျုံးဝေ့ တပ်ဖွဲ့အတွက်ကတော့ စန်တာကလယ်ရာက အခြေအနေကိုပဲ ဆက်ပြီး စုံစမ်းကြတာပေါ့ … တကယ်လို့ နိုင်ငံခြားသားတွေသာ စန်တို့စ်ကို တကယ်ကြီး ရွေ့လျားသွားတယ်ဆိုရင် ဆိုလိုသာ လင်းရီခန့်မှန်းတဲ့ အတိုင်း ကျုံးဝေ့တပ်ဖွဲ့ထဲမှာ သစ္စာဖောက် တစ်ယောက်တော့ ရှိနေပြီ… ငါတို့ ဒီကိစ္စ သတိထားမှ …..”

“ ငါ နားလည်တယ်… ကျန်တာ ငါ ဂရုစိုက်လိုက်မယ်…”

ခေတ္တကြာအောင် တိတ်ဆိတ်နေပြီးနောက် လုပေချိန်သည် ဖုန်းအား လျန်ရူရွှယ်ထံ ပြန်ပေးလိုက်၏။

“ လင်းရီ သူ အခု ဘယ်မှာရှိနေလဲ မေးလိုက် …”

“ ဟုတ် …”

ဖုန်းအား ယူလိုက်ရင်း လျန်ရူရွှယ်သည် လင်းရီထံသို့ မေးလ်ပြန်စာ ပို့လိုက်ကာ လင်းရီ၏ အခြေအနေအား ပိုမို နားလည်ရန် ကြိုးစားလိုက်သ်ည။

“ သူ အခု ချီပိုပါမှာ … သူနဲ့အတူ ရှိတဲ့ အသင်းသားတစ်ယောက်က သေနတ်ပစ်ခံထားရလို့ အဲ့မှာ ခဏ‌ ဆေးကုနေတာ … ပြီးတာနဲ့ ကလော်နီကို ဦးတည်တော့မှာ ….”

လုပေချိန် ခေါင်းညိမ့်လိုက်သည်။ ထို့နောက် စကားထပ်မပြောတော့ဘဲ ရှေ့ဆက်မည့် အစီအစဉ်အား စဉ်းစားတွေးတောနေသည်။

လျန်ရူရွှယ်သည် ဘေးမှနေရင်း အကြီးအကဲ ခေါင်းဆောင်အား အကဲခတ်နေလျက် ရှိ၏။ စစ်တပ်ထဲတွင် အကောင်းဆုံးအား အချိန်အား ပေးဆပ်ခဲ့ပြီးသည့်တိုင် သူ၏ ကိုယ်နေဟန်ထားနှင့် အမိန့်ပေးနေသည့် လေသံတို့က နေဝင်ဆည်းဆာအချိန်နီး အဘိုးကြီး တစ်ယောက်ဟု ယုံကြည်ရန် ခက်ခဲလှလေသည်။

တိတ်ဆိတ်စွာဖြင့် လျန်ရူရွှယ်သည် တစ်ဖက်သို့လှည့်ပြီး ရှန်းရှုရီထံသို့ စာပို့ကာ လင်းရီနှင့် ပတ်သက်သည့် ကိစ္စများအား ရှင်းပြလိုက်၏။

သူမ ရည်ရွယ်သည်ကတော့ ရှန်းရှုရီအား ဤကိစ္စ ကိုင်တွယ်စေလိုသည် မဟုတ်ဘဲ သူမ အမေထံမှတဆင့် ချင်ရင်ယွဲ့ သိရှိသွားစေလိုသောကြောင့်ပင်။

ယခု အချိန်၌ လင်းရီ၏ အဖေကသာ သူ့အား ကူညီပေးနိုင်သည်။

ချီပိုပါ ၊ ပနားမား ။

ကျိုးလျန် ခွဲစိတ်ပြီးသည်မှာ ငါးနာရီကျော် ကြာချေပြီ။

အချိန်တစ်ခုထိ ကြာအောင် အနားယူ စောင့်ကြည့်ပြီးနောက် ကျိုးလျန်၏ အခြေအနေမှာ သိသိသာသာ သက်သာကောင်းမွန်လာပြီး သူ၏ စိတ်အခြေအနေသည်လည်း မဆိုးရွားတော့ချေ။ ခြေထောက် ထိခိုက်ဒဏ်ရာကြောင့် သူ့စိတ် ထိခိုက်သွားခြင်းလည်း မရှိပေ။

သို့သော် လင်းရီ စိတ်အပူဆုံးကတော့ သူ့ခြေထောက် ပြန်လည်ကောင်းမွန်နိုင်ပါ့ဦးမလား ဆိုတာကိုပင်။

နာရီကို တစ်ချက် ငုံ့ကြည့်လိုက်ရင်း မွန်းလွဲညနေ သုံးနာရီ ကျော်ပြီ ဖြစ်ကြောင်းကို သတိမူမိလိုက်သည်။ ဒဏ်ရာ သက်သာပြီ ဆိုတာနှင့် သူတို့တွေ ကလော်နီသို့ ခရီးနှင်ကြမည် ဖြစ်၏။

ဤ သေခြင်းနှင့် ရှင်ခြင်းကြား ကစားနေရသည့် စိန်ပြေးတမ်း ကစားပွဲမှာ နောက်ဆုံး၌ အဆုံးသတ်သွားခဲ့လေပြီ။

ဤအတောအတွင်း လင်းရီနှင့် လုပေချိန်မှာ တောက်လျှောက် အဆက်အသွယ် မပြတ်ခဲ့ပေ။

အာရုံစူးစိုက်ခံရသည်ကို ရှောင်ကြဉ်ရန်အလို့ငှာ လုပေချိန်သည် နင်ချဲ့ကို စေလွှတ်လိုက်ပြီး ချိုးယွီလော့နှင့် အသင်း ၂ အဖွဲ့ဝင်များကိုတော့ စန်တာ ကလယ်ရာ၌သာ ဆက်လက် နေထိုင်ခိုင်းရင်း ထိုနေရာရှိ အခြေအနေများအား မျက်ခြေမပြတ် စောင့်ကြည့်နေစေသည်။

လင်းရီ မျှော်လင့်ထားခဲ့သည့်အတိုင်း ကျုံးဝေ့တပ်ဖွဲ့မှ လင်းရီ၏ သတင်းကို လက်ခံရရှိပြီးနောက် စန်တာကလယ်ရာ၌ စခန်းချနေသည့် နိုင်ငံခြား အင်အားစုများသည် တစ်သုတ်ပြီးတစ်သုတ် ထွက်ခွာသွားခဲ့ကြ၏။ ချိုးယွီလော့နှင့် အသင်း ၂ အဖွဲ့ဝင်များ၏ အနီးကပ် စောင့်ကြည့်နေမှုအောက်တွင် ၎င်းတို့က စန်တို့စ်မြို့ထံသို့ ဦးတည်နေကြကြောင်းကို အတည်ပြုလိုက်နိုင်လေသည်။

ဤ လှုပ်ရှားမှုက လုပေချိန်နှင့် လျန်ရှန့်ဟော်ကို ကျုံးဝေ့တပ်ဖွဲ့အတွင်း၌ သစ္စာဖောက် တစ်ယောက် ရှိနေပြီ ဆိုသည့် အချက်ကို ခိုင်မာစွာ ယုံကြည်သွားစေခဲ့သည်။

All Chapters