← Chapters

ဖမ်းခံရပြီ

Vol. 121 Ch. 1804

ဖမ်းခံရပြီ

Vol. 121 Ch. 1804

“ သတ္တိရှိတယ်ဆို အခုချက်ချင်း ရဲခေါ်လိုက် … ငါ ဒီမှာ စောင့်နေလိုက်မယ်…”

“ ဒါဆိုလည်း မင်း စောင့်နေစမ်း … ရဲတွေရောက်လာရင် မင်း ခုလို လေသံမျိုး ထွက်နိုင်မှာ မဟုတ်တော့ဘူး …”

စွပ်ကျယ်အနက်နှင့် လူငယ်က ချီတုံချတုံ ဖြစ်ခြင်း အလျဉ်းကင်းစွာဖြင့် ဖုန်းအား ကောက်ကိုင်၍ ရဲကို ဖုန်းဆက်လိုက်သည်။

လင်းရီကတော့ ဘေးတွင် နံရံကို မှီလျက် ဇိမ်ပြေနပြေ ရှိနေပြီး ရဲများ ရောက်အလာကို စောင့်ဆိုင်းနေသည်။

စွပ်ကျယ်အနက်နှင့်လူက သူ့အဖော်ကို မတ်တပ်ရပ်ရန် ကူညီပြီးနောက် အားပေးစကား ဆိုလိုက်၏။

“ မစိုးရိမ်နဲ့တော့ … ရဲတွေ ခဏနေဆို ရောက်လာတော့မှာ … ဒီကောင် ကျိန်းသေပေါက် သင်ခန်းစာ ပေးခံရမှာပဲ …”

သူ့အဖော်လည်း သွေးထွက်နေသည့် ခေါင်းအား လက်ဖြင့် ကိုင်ထားရင်း အေးတိအေးစက် အပြုံးဖြင့် “ ဒါက ငါတို့ရဲ့ နယ်မြေ … ဒါကို တနယ်တခြားက လာတဲ့ ဟွာရှန့်က လာအနိုင်ကျင့်နေတယ်ဆိုတော့ ကျိန်းသေပေါက် သူ့ကို ဖမ်းသွားမှာပဲ ..”

ဒေသခံ ရဲများက သူတို့ဘက်ကနေ ရပ်တည်ပေးမှာပါ ဟူသော အတွေးဖြင့် နှစ်ယောက်လုံးက အတော်လေး ဘဝင်လေဟပ်နေခဲ့ကြသည်။

မည်သို့ပင်ဆိုစေ သူက ဆင်းရဲသည်ဟု သတ်မှတ်ခံထားရသည့် ခေတ်နောက်ကျနေသည့် ဟွာရှန့်နိုင်ငံတစ်ယောက် ဖြစ်နေခဲ့လေသည်။ ပနားမားနှင့် နှိုင်းယှဉ်၍ မရချေ။ အနိုင်ကျင့်သည်ဟု ခံစားရမည်က သဘာဝသာ ဖြစ်၏။

မိနစ် နှစ်ဆယ် အတွင်းမှာပဲ လမ်းကြား အပြင်ဘက်တွင် ရဲ alarm ပေးသံများ ထွက်ပေါ်လာပြီး

မကြာမီ ရဲကားတစ်စင်းက လမ်းကြားအပြင်ဘက်တွင် ရပ်တန့်လာခဲ့သည်။ ရဲအရာရှိ နှစ်ဦးက ကားထဲမှထွက်လာပြီး လမ်းရီထံသို့ ခပ်သွက်သွက် လျှောက်လာသည်။

ရိုက်နှက်ခံထားရသည့် လူနှစ်ယောက်ကို မြင်တော့ မျက်နှာသေနှင့် ဖြစ်နေသည့် ရဲအရာရှိမှာ ချက်ချင်းဆိုသလို အကျည်းတန်သွားခဲ့တော့၏။ သူ ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်လေသည်။

“ ဟွာရှန့် … သူတို့ကို အခုလို ဒဏ်ရာရအောင် လုပ်ခဲ့တာ မင်းလား ….”

“ ဒီကောင်တွေက ငါ့ကို ဓားပြတိုက်ချင်တယ်… ဒါက ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာပဲ …” လင်းရီ ပခုံးတွန့်ပြ၍ အပြုံးလေးဖြင့် ပြောလိုက်သည်။

“ မစ္စတာ …. မင်း သူ ပြောတာတွေ နားထောင်မနေနဲ့ … ငါတို့ သူ့ကို ဓားပြမတိုက်ရပါဘူး … သူကသာ ငါတို့ကို ပြန်ပြီး ဓားပြတိုက်ချင်နေတာ …”

“ မပူနဲ့ … ငါတို့ ဒီကိစ္စ တာဝန်ယူပေးမယ်…”

ရဲအရာရှိမှ လက်ထိပ်တစ်စုံအား ထုတ်၍ လင်းရီအနားသို့ ရောက်လာသည်။

“ မင်းကို ဓားပြတိုက်တယ်ဆိုပြီး သံသယ ရှိတယ်… ကျေးဇူးပြုပြီး ငါတို့နဲ့ လိုက်ခဲ့ပေးပါ …”

ဤ ရိုးရှင်းပြီး အကြမ်းထည်ဆန်သည့် နည်းလမ်းက လင်းရီအား ရူးချင်သလိုလို ဖြစ်သွားစေခဲ့သည်။ ၎င်းတို့က တစ်ဖက်ပိတ်ကြီးဖြင့် သူ့ကို ဖမ်းဆီးရန် ကြိုးစားနေလေသည်။ ကြည့်ရသည်မှာ မြို့အသေးစားတင် မကဘဲ တစ်နိုင်ငံလုံးကပါ ယခုလို ပုံစံမျိုး ဖြစ်နေဟန်ရ၏။

“ မင်းတို့က ငါ့ကို ဘာမျှ မပြောမဆိုနဲ့ ခေါ်သွားချင်နေတယ်ပေါ့ … မင်းတို့ လုပ်ပုံကိုင်ပုံတွေက တအား တဖက်သတ် မဆန်လွန်းဘူးလား …”

“ တစ်စုံတစ်ယောက်က မင်းကို ဓားပြတိုက်ပါတယ်ဆိုပြီး တိုင်ကြားလာတာ မင်းက ငြင်းချင်တာလား …”

ရဲအရာရှိမှ အေးစက်စွာ ပြောလိုက်ပြီး “ ငါတို့အခု ဘာစကားမှ မကြားချင်ဘူး … မင်း ငါတို့နဲ့ လိုက်ခဲ့တာ ပိုကောင်းလိမ့်မယ်… ပစ်ခတ်ရအောင် မလုပ်နဲ့ ….”

လင်းရီ မျက်လုံးမှေးကျဉ်း၍ ရဲနှစ်ယောက်အား သိမ်းကျုံးကြည့်လိုက်သ်ည။

“ ငါက ပစ်ဖို့ ပြောမယ်ဆိုရင်ကော …..”

“ မင်းက ငါတို့ကို ပစ်စေချင်တယ်ပေါ့ …”

နှစ်ယောက်မှာ ရန်စ ခံလိုက်သလို ခံစားလိုက်ရပြီး ချက်ချင်းဆိုသလို ခါးမှ သေနတ်များအား ဆွဲထုတ်လိုက်ကြတော့၏။

“ ဒါ မင်း တောင်းဆိုတာပဲ… ငါတို့ကို မယဉ်ကျေးဘူးဆိုပြီး အပြစ်မတင်နဲ့ …”

သို့သော် သူတို့နှစ်ယောက် တိုက်ခိုက်ခါနီး အချိန်မှာပဲ လင်းရီဘက်က လှုပ်ရှားလာခဲ့၏။ သူတို့နှစ်ယောက်အား ပစ်ခတ်ရန် အခွင့်အရေး မပေးပါဘဲ လင်းရီသည် ရှေ့သို့ လျှပ်စီးကဲ့သို့ လျင်သည့် အမြန်နှုန်းဖြင့် ပြေးဝင်လာသည်။

သူ၏ လက်ချောင်းများအား ထက်ရှသည့် ဓားသဖွယ် ဖြောင့်တန်းလိုက်ရင်း ရဲအရာရှိတစ်ဦး၏ လည်ပင်းကို လက်ဝါးဇောင်းဖြင့် ခုတ်လိုက်၏။

တစ်ဖက်သူမှာ လင်းရီ၏ ခွန်အားကို မည်သို့မျှ တောင့်ခံနိုင်ခြင်း မရှိပေ။ နေရာ၌ ချက်ချင်း သတိလစ်သွားခဲ့ပြီး မြေပြင်သို့ ဘိုင်းခနဲ ပစ်လဲကျသွားခဲ့၏။

အခြေအနေကို အခွင့်ကောင်းယူ၍ လင်းရီသည် နောက်ထပ်တစ်ယောက်အား ခြေထောက်ဖြင့် ကန်လိုက်၏။ ထိုကန်ချက်၌ ယခင်ကထက်ပင် ပိုပြီး ခွန်အားသုံးထားလေသည်။ နံရံနှင့် ပစ်ဆောင့်သွားပြီးသည့်နောက် ထိုအမျိုးသား၏ နှုတ်ခမ်းထောင့်စွန်းမှ သွေးတို့ စီးကျလာခဲ့ကာ ချက်ချင်း မေ့မြောသွားခဲ့တော့သည်။

စက္ကန့်အနည်းငယ် အတွင်းမှာပဲ ဆဲသံ၊ ဆူသံတို့ဖြင့် ဆူညံနေသည့် လမ်းကြားလေးမှာ ချက်ချင်း တိတ်ကျသွားခဲ့၏။

စွပ်ကျယ်အနက်ရောင် လူငယ်နှင့် သူ့အ‌ဖော်မှာ လင်းရီအား မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေလျက် ရှိပြီး ကြောက်ရွံ့တုန်လှုပ်မှုတို့က ၎င်းတို့၏ မျက်နှာထက်၌ မှင်ကြောင် ရေးထိုးထားသကဲ့သို့ပင်။

“ မင်း ရဲကို ဘယ်လိုတောင် တိုက်ခိုက်ဝံ့နေတာတုန်းကွ … ဒါ ပြစ်မှုကျူးလွန်လိုက်တာပဲ …”

“ မင်းကိုယ်မင်း စောက်ရေးမပါတာတွေ ပြောနေတာ တအား များနေပြီလို့ ကိုယ့်ကိုယ်ကို မထင်ဘူးလား …”

လင်းရီသည် ထိုနှစ်ယောက်အား နှစ်ချက်ရိုက်ပေးလိုက်ရာ နေရာ၌ သတိလစ်သွားခဲ့တော့၏။

၎င်းနောက် မြေပြင်တွင် ပြုတ်ကျနေသည့် သေနတ် နှစ်လက်နှင့် ရဲနှစ်ယောက်ထံမှ ကျည်အိမ် လေးကတ်ကို နှိုက်ယူလိုက်သည်။ ထို့နောက် အိတ်ထောင်ထဲ ထည့်ထားလိုက်၏။

မထွက်ခွာမီ သတိလစ် မေ့မြောနေသည့် လူလေးယောက်အား ဘေးရှိ အမှိုက်ပုံးထဲ ထည့်ထားခဲ့ကာ အချိန်တစ်ခု ကြာသည်အထိတော့ ၎င်းတို့အား မည်သူကမျှ တွေ့ရှိသေးဦးမှာ မဟုတ်ချေ။

ထိုမျှလောက်ကပဲ သူနှင့် ကျိုးလျန်တို့နှစ်ယောက်ကို ထွက်ပြေးလွတ်မြောက်သွားရန်အတွက် လုံလောက်နေနှင့်ပြီး ဖြစ်၏။

သူ၏ ရည်မှန်းချက် အထမြောက် အောင်မြင်ပြီးသည့်နောက် လင်းရီ ခေါင်းမော့၍ အထက်ကောင်းကင်ရှိ ဖိုးလမင်းအား မော့ကြည့်လိုက်သည်။ ထို့နောက် သူ၏ လျှာထုပ်ဦးထုပ်အား ခပ်ငိုက်ငိုက် ဆောင်းလိုက်ရင်း ပုဂ္ဂလိက ဆေးရုံသို့ ဦးတည်လာခဲ့လိုက်လေသည်။ ဘက်စ်သတ္တုရိုင်းများ လုယူခံလိုက်ရသည်မှလွဲ၍ အရာအားလုံးက ကောင်းသည့် ဘက်ခြမ်းသို့ ဦးတည်နေလျက် ရှိသည်။

ဆယ်မိနစ်ကြာအောင် စောင့်ဆိုင်းပြီးနောက် လင်းရီ ဆေးရုံသို့ ပြန်လာခဲ့လိုက်သည်။

အထဲသို့ ဝင်ရောက်ပြီးနောက် လင်းရီ ခြေလှမ်းအား ခပ်သွက်သွက် လမ်းလျှောက်ကာ ကျိုးလျန်နှင့် တွေ့ရန် ဟန်ပြင်သည်။

သို့သော် ထိုအချိန် တစ်ခုခု မှားယွင်းနေသည်ကို လင်းရီ သတိထားမိလိုက်သည်။

သူ ဂရုတစိုက်နှင့် စူးစမ်းကြည့်လိုက်ရာ ဆေးရုံရှိ လေထုက တစ်ခုခု ထူးဆန်းနေပြီး တိတ်ဆိတ်လွန်းလှ၏။ စိတ္တဇ ဆေးရုံအဟောင်းကြီး တစ်ခုကဲ့သို့ အသံတစ်သံပင် မကြားနေရချေ။

ထို့ပြင် သက်လတ်ပိုင်း‌ ဒေါက်တာ စုံတွဲလည်း ဤနေရာ၌ ရှိမနေချေ။ ၎င်းတို့ ဘယ်ရောက်သွားခဲ့လဲဆိုတာကို မည်သူမျှ မသိကြချေ။

ဆေးရုံကြီး တစ်ခုလုံးက စွန့်ပစ်ခံထားရသည့် ခံစားချက်မျိုး ခံစားနေရသည်။ အခြေခံအကျဆုံး ဖြစ်သည့် သက်ဝင်လှုပ်ရှားမှုများအားလုံး ပျောက်ဆုံးနေခဲ့သည်။

ရုတ်ချည်းဆိုသလို လင်းရီ ရင်ခုန်နှုန်း မြန်ဆန်သွားခဲ့ပြီး သူ၏ နာ့ဗ်ကြောများအားလုံး တင်းမာသွားခဲ့၏။

လေထုထဲတွင် သွေးအနံ့အသက်များကိုပါ သူ ရရှိနေသည်။

လင်းရီ လှည့်ကြည့်လိုက်တော့ အပြင်ဘက်ရှိ သဲသောင်ပြင်၌ ရှုပ်ယှက်ခတ်နေသည့် ခြေရာများနှင့် တံခါးတစ်လျှောက် ဒရွတ်တိုက်ရာများကို မြင်တွေ့နေရသည်။

မြေပြင်ပေါ်၌ သွေးအစွန်းရာ တစ်ခုလည်း ကျန်ရစ်နေခဲ့လေသည်။

လင်းရီ ချက်ချင်းလက်ငင်းပဲ ဇောချွေးတွေပြန်လာပြီး နဖူးတစ်ပြင်လုံး ချွေးအေးတို့ စို့သွားခဲ့၏။ သူ ချက်ချင်းပဲ ဒုတိယထပ်သို့ ချီတာ တစ်ကောင်လို ပြေးတက်သွားသည်။

ထိုနေရာသို့ရောက်တော့ ပရမ်းပတာ အခြေအနေတစ်ခုအား လင်းရီ မြင်တွေ့လိုက်ရ၏။

ဒုတိယထပ်ရှိ ထိုင်ခုံများမှာ မှောက်လန်နေပြီး ထိုင်ခုံခြေထောက်တစ်ချို့ကလည်း ကျိုးလျက်ရှိကာ မြေပြင်၌ ပြန့်ကျဲနေသည်။

ဧရာမ သွေးအိုင်ကြီး တစ်ခုလည်း ရှိပြီး နေရာတစ်ခုလုံးက ကံဆိုးမိုးမှောင် ကျစွာဖြင့် ဖျက်စီးခံရထားသည့် ပုံစံပင်။

လင်းရီ၏ မျက်နှာသွင်ပြင်မှာ စက္ကူတစ်ရွက်နှယ် ဖြူလျော်သွားခဲ့ပြီး ချက်ချင်းဆိုသလို ကျိုးလျန်ရှိနေသည့် အခန်းထဲသို့ ပြေးသွားခဲ့၏။

သို့သော် အတွင်းတွင် မည်သူမျှ ရှိမနေချေ။ နေထိုင်သူ သက်ရှိကင်းမဲ့သည့် သုဿန်တစပြင်ပမာ တိတ်ဆိတ်နေသည့် မြင်ကွင်းကိုပဲ သူ မြင်တွေ့လိုက်ရ၏။

ဘန်း ဘန်း ဘန်း ဘန်း …

ထိုအချိန်၌ သေနတ်ပစ်ခတ်သံ အတွဲလိုက် ထွက်ပေါ်လာခဲ့၏။

ကျည်ဆံတို့က သေနတ်ပြောင်းဝမှနေ၍ အပူရှိန် မြင့်မားစွာဖြင့် ပျံသန်းထွက်လာပြီး လေထုထဲ၌ပင် သံလျှပ်တို့ ထသွားသယောင် ခံစားလိုက်ရသည်။

လင်းရီ၏ တုံ့ပြန်မှုက မယုံကြည်နိုင်လောက်အောင် လျင်သည်။ မတိုက်ခိုက်လာခင်ကတည်းကရင် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သူ ခံစားမိခဲ့ပြီး ဖြစ်သည်။

ဘေးနေရာသို့ ကိုယ်ကို ဒိုင်ဗင်ပစ်လိုက်ပြီး ရှေ့သို့ ကျွမ်းလှိမ့်လိုက်သည်။ မသိစိတ်က အိတ်ထောင်ထဲရှိ သေနတ်အား ဆွဲထုတ်လိုက်၍ သုံးချက် အမြန် ပစ်ခတ်၍ ခြုံခို တိုက်ခိုက်လာသည့် လူနှစ်ယောက်အား ချက်ချင်း သတ်ဖြတ်လိုက်သည်။

ထိုအချိန်မှာပဲ ကုတင်အောက်နှင့် ဗွီရိုများထဲတွင် ပုန်းအောင်းနေသည့် လူများနှင့် အပြင်ဘက်မှ လူများ ဒါဇင်ကျော်လိုက် ပြေးဝင်လာကာ လင်းရီအား ဝိုင်းရံထားလိုက်ကြသည်။

အဆိုပါ တိုက်ခိုက်သူများက အခြား မည်သည့်အရာကိုမျှ ထည့်သွင်းစဉ်းစားနေခြင်း မရှိချေ။ လင်းရီအား မြင်သည်နှင့် သေနတ်အား ၁၈၀ ဒီဂရီ ဝှေ့ရမ်း ပစ်ခတ်ကြတော့သည်။

ပြင်းထန်သည့် သေနတ်သံများက လေထုအလယ်တွင် ပင့်ကူမျှင်သဖွယ် မီးတောက်များအား ဖန်တီးသွားခဲ့ပြီး အပေါ်မှ ဆင်းသက်လာခဲ့ကာ ဆေးရုံတစ်ခုလုံးသို့ သွယ်ယှက်တန်းသွားခဲ့၏။

လင်းရီ လျင်မြန်စွာ တုံ့ပြန်၍ လူနာအခန်း ပြတင်းပေါက်သို့ ဒိုင်ဗင်ပစ်လိုက်လေသည်။

ခလွမ်း …

လင်းရီကြောင့် ဖန်ပြတင်းပေါက်မှာ အက်ကွဲသွားခဲ့သည်။

ပထမထပ်သို့ ခုန်ဆင်းချလာခဲ့ပြီးနောက် လင်းရီသည် အရှိန်အား ထိမ်းသိမ်းရန် အလို့ငှာ ရှေ့သို့ ကျွမ်း(ဂျွန်း)တစ်ပတ်လှိမ့်လိုက်၏။

သို့သော် ထိုအချိန်၌ လူဆယ်ယောက်ကျော်မှာ ဘယ်ကမှန်း မသိ ထွက်လို့လာလေသည်။

အကုန်လုံးက လက်နက်များအား ကိုင်ဆောင်ထားကြပြီး လင်းရီထံသို့ တရစပ် ပစ်ခတ်ကြတော့၏။

“ ဖက်ခ်ပဲ …”

လင်းရီ ကျိန်ဆဲ၍ ကားထံသို့ ပြေးသွားခဲ့သည်။ သို့သော် အတွင်းပိုင်း ဖျက်ဆီးခံထားရသည်ကို သတိပြုမိလိုက်လေသည်။ ထပ်မံ၍ မောင်းနှင်ဖို့ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် ကားအား ကျည်ကာ အဖြစ် အသုံးပြုရင်း ပြေးလာနေသည့် သေနတ်ဖြင့် ပြေးလာနေသည့် လူများထံသို့ အကြိမ်ရေ အနည်းငယ် ပစ်ခတ်လိုက်သည်။

လူသုံးယောက်ကျော်မှာ လင်းရီ၏ ပစ်ခတ်မှုများအောက်၌ ကျသွားခဲ့လေသည်။ ထိုကဲ့သို့ ဆုံးရှုံးမှုကြောင့် အနက်ရောင်မြွေ အဖွဲ့သားများမှာ ပိုပြီး သတိချပ်လာခဲ့ကြပြီး ယခင်လို မျက်စိမှိတ် တရစပ် ပစ်ခတ်ချင်းမျိုး မပြုလုပ်ကြတော့ချေ။

ဤကြားကွက်လပ်ကို အခွင့်ကောင်းယူ၍ လင်းရီသည် ညအမှောင်ထဲ၌ နောက်ထပ် လာမည့် ကျည်ဆံများအား ကာဗာပေးနိုင်မည့် အရာအား ရှာဖွေလိုက်သည်။

လင်းရီ၏ ညအမြင်က အံ့ဩဖို့ကောင်းလောက်အောင် ကောင်းမွန်လှပြီး အခြားသူများထက် ကန့်သတ်ခံထားရသည့် အရာကား အနည်းငယ်သာလျှင် ရှိသည်။

အဆိုပါ အားသာချက်ကို အသုံးပြု၍ လင်းရီသည် သူ့အနား ဝိုင်းရံနေသည့် လူများထံမှ ဖြည်းဖြည်းချင်း ဆုတ်ခွာရင်း ညအမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

“ သူ့နောက်လိုက်ကြ …”

အနက်ရောင်မြွေ အဖွဲ့သား တစ်ဦးမှ ညာသံပေးလိုက်၏။

“ ငါတို့သူ့ကို လွှတ်ပေးလိုက်လို့ မဖြစ်ဘူး …”

All Chapters