မင်းတို့တွေ အကုန်လုံး သေသင့်တယ်
Vol. 121 Ch. 1807
ပြတင်းပေါက် ဘေးနားတွင် မတ်တပ်ရပ်နေရင်း …
လင်းရီသည် အောက်ရှိ လမ်းကျဉ်းလေးထံသို့ စိုက်ကြည့်နေလျက် ရှိသည်။
လမ်းပေါ်တွင် လူတို့ များသထက် များလာပြီး ထောင့်တိုင်းနီးပါးက ပိတ်ဆို့ခံထားရသည်ကို သူ သတိထားမိလိုက်သည်။
လင်းရီ၏ မျက်နှာထက်တွင် မည်သည့်အမူအရာမျှ ဖြစ်ပေါ်မနေချေ။ ယခုပုံစံကို ကြည့်ရသလောက်တော့ သူသာ အပြင်ထွက်သွားခဲ့မည်ဆိုပါက အသက်ဆုံးရှုံးရမည်မှာ ကျိန်းသေသလောက်ပင်။
အရေးကြီးဆုံးကတော့ ကျိုးလျန် ဘယ်နေရာမှာ အဖမ်းခံထားရလဲဆိုတာကို သူ ရှာဖွေဖို့ လိုအပ်သည်။
ကောင်းကင်ယံရှိ ဖိုးလမင်းအား မော့ကြည့်လိုက်ရင်း … အရုဏ်တက်ဖို့ နှစ်နာရီလိုသေးသည်ဟု လင်းရီ မှန်းဆလိုက်၏။
ဤသည်က သူ၏ နောက်ဆုံး အခွင့်အရေးပင်။
ကျိုးလျန် ဘယ်မှာ ရှိနေမလဲဆိုတာကို သိရှိနိုင်မည့်နည်းလမ်းတစ်ခုအား သူ စဉ်းစားဖို့ လိုလေသည်။
လင်းရီသည် အသက်ကို ပြင်းပြင်းရှူရှိုက်လိုက်၏။ အပြင်ဘက်ရှိ အခြေအနေက သူ့အတွက် အန္တရာယ် အရမ်းများသည်ကို လင်းရီသိသည်။
အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်သွားနိုင်မလဲ ဆိုတာကိုလည်း မသေချာပေ။ ထို့ကြောင့် အိမ်ထဲတွင် စက္ကူနှင့် ဖောင်တိန်တစ်ချောင်းအား ရှာဖွေလိုက်သည်။ ၎င်းနောက် စာနှစ်စောင်အား ရေး၍ ရင်ဘက်ရှိ အိတ်ထောင်ထဲ ထည့်ထားလိုက်၏။
အရာအားလုံး ပြင်ဆင်ပြီးသည့်နောက် လင်းရီသည် သူ့လက်ထဲရှိ သေနတ်နှစ်လက်အား ထိတွေ့ကိုင်တွယ်ရင်း လသာဆောင်သို့ ပြေးထွက်လာခဲ့သည်။ သို့သော် အတွင်းပိုင်းထဲ၌သာ ရပ်နေရင်း လင်းရီ မရွေ့လျားချေ။
မိနစ်အနည်းငယ်ကြာပြီးနောက် အခြား အစွန်းတစ်ဖက်ခြမ်းရှိ လမ်းကြားလေးထံမှ ခြေလှမ်းသံများ ထွက်ပေါ်လာပြီး လင်းရီ ဘေးတိုက် တစ်ချက် ရှိုးကြည့်လိုက်ရာ အမေရိကန် စစ်သားများ ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။
၎င်းတို့က ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ရှာဖွေနေပြီး သဲလွန်စ တစ်စုံတစ်ရာအား ရှာဖွေလိုနေကြဟန်ပင်။
ပစ်မှတ်က ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေခဲ့၏။ သို့သော် လင်းရီ မလှုပ်ရှားသေးချေ။
သူ့စိတ်ထဲတွင် ကျိုးလျန်အား ဖမ်းဆီးခေါ်ဆောင်သွားသည့်လူမှာ အမေရိကန် စစ်သားများ မဖြစ်နိုင်ဟု စိတ်ထဲ သိနေခဲ့၏။ ကမ္ဘာ့ အင်အားကြီး နိုင်ငံ တစ်ခု ဖြစ်နေလျှင်ပင် တစ်ချို့သော စည်းမျဉ်းစည်းကမ်းများကိုတော့ လိုက်နာရန် လိုအပ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် အဓိက ပြဿနာမှာ အနက်ရောင်မြွေ အဖွဲ့သာ ဖြစ်ရမည်။
ဤသို့သော ပုံစံဖြင့်ပဲ နှစ်ဘက်မှာ မည်သူ့ကိုမျှ မမြင်ကြဘဲ အချင်းချင်း ကျော်သွားခဲ့ကြ၏။
တိုက်တန်းပေါ်တွင်တော့ လင်းရီသည် သူ၏ အသက်ရှူသံနှင့် နှလုံးခုန်သံကို သေချာထိန်းချုပ်ကာ သူ၏ နောက်ထပ် ပစ်မှတ် ပေါ်လာမည့် အချိန်အား စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေလျက် ရှိ၏။
နောက်ထပ် မိနစ် ၂၀ ကျော်ကြာပြီးနောက်
ခြေလှမ်းသံများ တစ်ဖန် ထွက်ပေါ်လာခဲ့ပြီး စစ်ဝတ်ယူနီဖောင်းများနှင့် အမျိုးသား နှစ်ဦးက လမ်းကြားထဲသို့ ဝင်ရောက်လာလေသည်။
သူတို့က တစ်စုံတစ်ခုကို ပြောဆိုနေဟန် ရပြီး အကွာအဝေးကြောင့် လင်းရီလည်း ရှင်းရှင်းလင်းလင်း မကြားရပေ။
သေချာစောင့်ဆိုင်းနေရင်း နောက်ကျောရှိ စကေဘာအား တိတ်တဆိတ် ထုတ်ကာ အချိန်မရွေး လှုပ်ရှားရန် အဆင့်သင့် ဖြစ်နေခဲ့၏။
ထိုနှစ်ယောက် လသာဆောင် အနီးနားသို့ ရောက်လာသည့်အချိန်တွင်ပဲ လင်းရီ အထက်မှ ခုန်ချလာသည်။
သူတို့ထဲက တစ်ယောက်အပေါ်သို့ လင်းရီ တက်ခွလိုက်ပြီး ၎င်း၏ ပါးစပ်အား အုပ်ထားလိုက်၏။
ရုတ်ချည်းဖြစ်ပေါ်လာသည့် ပြောင်းလဲမှုက နှစ်ယောက်လုံးကို တဒင်္ဂမျှ ကြောင်အမ်းသွားစေခဲ့လေသည်။ သို့သော် ပရော်ဖက်ရှင်နယ်များ ဖြစ်သည့်အလျောက် နောက်တစ်စက္ကန့်တွင် ရုတ်တရက် ပေါ်ပေါက်လာသည့် အခြေအနေအား လိုက်လျောညီထွေ ဖြစ်စွာ လက်သင့်ခံနိုင်သွားခဲ့သည်။
အခြား နောက်တစ်ယောက်မှာ မသိစိတ်အလျောက် သူ၏ သေနတ်အား မြှောက်လိုက်ရင်း လင်းရီ၏ ဦးခေါင်းထံသို့ ချိန်ရွယ်လိုက်၏။ သို့သော် ခလုတ်ဆွဲတော့မည့် အချိန်မှာပဲ လည်ပင်း တစ်ချက် အေးစက်သွားသယောင် ခံစားလိုက်ရလေသည်။
သူ၏ သွေးလွတ်ကြောများ ဖြတ်တောက်ခံလိုက်ရပြီး ခန္ဓာကိုယ်ထဲရှိ အားအင်အကုန်လုံးက လေလျော့သွားသည့် ပူဖောင်းနှယ် ခန္ဓာကိုယ်ထဲက ထွက်ခွာသွားခဲ့တော့သည်။ ခလုတ်ဆွဲရန် မဆိုထားနှင့်၊ စကားပြောနိုင်သည့် ခွန်အားပင် မကျန်ရစ်တော့ချေ။
လူတစ်ယောက်အား သတ်ဖြတ်ပြီးနောက် လင်းရီသည် တစ်ဖက်သူ၏ ဦးခေါင်းသို့ သေနတ်ဖြင့် ရွယ်ထားရင်း အသံနိမ့်ပြီး မေးလိုက်သည်။
“ အသံထွက်မယ်ဆို ချက်ချင်း အသေပဲ …”
အနက်ရောင်မြွေ အဖွဲ့သားမှာ ထိတ်လန့်သွားခဲ့ပြီး အသံမထွက်ဝံ့ပါဘဲ သူ၏ ခေါင်းအား ဆက်တိုက် ညိမ့်ပြလာခဲ့သည်။ လက်နှစ်ဖက်အား လေထဲသို့ မြှောက်ထားလိုက်ပြီး ဘာမျှ မလှုပ်ရှားဝံ့တော့ချေ။
သူတို့ စန်တာကလယ်ရာထဲက ထွက်လာစဉ်က လင်းရီနှင့် ကျိုးလျန်တို့နှစ်ယောက်သည် အနက်ရောင်မြွေ အဖွဲ့သား နှစ်ဦးအား သတ်ဖြတ်ခဲ့ပြီး ၎င်းတို့၏ အဝတ်ကို လဲဝတ်ခဲ့ကြ၏။ ယခုထိလည်း ဆက်လက်ဝတ်ဆင်ထားဆဲ ဖြစ်လေသည်။
ထို့ကြောင့် အလောင်းမှနေ၍ မျက်နှာဖုံး၊ အရေးပေါ် ဆေးပစ္စည်းများနှင့် လက်နက်များကိုသာ ချွတ်ယူလိုက်သည်။
“ အလောင်းကို အမှိုက်ပုံးထဲ ထည့်ထားလိုက် ..”
လင်းရီ သေနတ်ဖြင့် ညွှန်ပြ၍ စေခိုင်းလိုက်၏။ အနက်ရောင်မြွေ အဖွဲ့သားမှာ ဘာမျှ ပြန်မပြောဝံ့ဘဲ လင်းရီ၏ အမိန့်ကို နာခံ၍ သူ့ ရဲဘော်ရဲဘက်၏ အလောင်းကို အနီးရှိ အမှိုက်ပုံးထဲ ပစ်ထည့်ထားလိုက်သည်။
အခင်းဖြစ်သည့်နေရာအား ရှင်းလင်းပြီးသည့်နောက် လင်းရီနှင့် ဓားစာခံမှာ လမ်းကြားလေးထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။
“ မင်းတို့ ဒီနေရာကို ဘယ်လိုရှာတွေ့ခဲ့တာလဲ …” လင်းရီ အသံကိုနိမ့်ပြီး မေးလိုက်သည်။
“ ဒေသခံနှစ်ယောက်က ရဲကို ဖုန်းဆက်လာလို့ … အဲ့သတင်းက စစ်တပ်ကို ရောက်သွားပြီး အဲ့ကနေတဆင့် ငါတို့ သိသွားတာပဲ …”
“ ရဲကို ဖုန်းဆက်တယ် ဟုတ်လား …”
လင်းရီ သူ့ကိုယ်သူ ရေရွတ်ရင်း ဖြည်းဖြည်းချင်း သဘောပေါက်လာခဲ့၏။
အဆိုပါ ဒေါက်တာ စုံတွဲ နှစ်ယောက်သာ ဖြစ်ရမည်။
ထိုနှစ်ယောက်က အသတ်ခံရခြင်း မရှိပေ။ ထိုအစား ဆေးရုံက ထွက်သွားပြီး ရဲခေါ်ခဲ့ခြင်း ဖြစ်၏။
“ ဖက်ခ်ပဲ …”
လင်းရီ ဒေါသူပုန်ထစွာဖြင့် ကျိန်ဆဲလိုက်မိသည်။ အကယ်၍ သူသာ ထိုစုံတွဲကို ထပ်တွေ့ခဲ့ပါက ဦးနှောက်ထဲသို့ ကျည်ဆံပစ်ထည့်ပေးလိုက်ဖို့ရာ ဝန်လေးနေမှာ မဟုတ်တော့ချေ။
“ ငါ့ ရဲဘော်ကို မင်းတို့ ဘယ်ခေါ်သွားလဲ …”
“ ငါ … ငါ မသိဘူး …. “
“ မင်း မပြောဘူးပေါ့ ….”
လင်းရီသည် သေနတ်အား ကိုင်ထားရင်း အနက်ရောင် မြွေအဖွဲ့သား၏ ဦးနှောက်သို့ ဖိနှိပ်လိုက်ကာ ခြိမ်းခြောက်လိုက်သည်။
“ ဟေ့ကောင် … မင်းကို ဖမ်းနိုင်တယ်ဆိုမှတော့ တခြားသူတွေကိုလည်း ဖမ်းနိုင်တယ်… ဒီတော့ မင်းအသက်က ဘာတန်ဖိုးမှမရှိဘူး .. မင်းမှာ ဆုံးဖြတ်ဖို့ အချိန်သုံးစက္ကန့်ရမယ်… ပြီးရင် ဘုရားသခင်ဆီ သွားလိုက်တော့ …”
“ မဟုတ်ဘူး မဟုတ်ဘူး … မလုပ်ပါနဲ့ …”
အနက်ရောင်မြွေ အဖွဲ့သားမှ သူ၏ လက်အား မြှောက်လိုက်ပြီး ချက်ချင်း ဒူးထောက်ချလိုက်တော့သည်။
“ ငါတကယ်မသိလို့ပါ … မှောင်တော့ ငါတို့တွေ ဆေးရုံကို ဝင်စီးတယ်… အဲ့လူကို ဖမ်းပြီးတာနဲ့ ခေါင်းဆောင်က သူ့ကို ခေါ်သွားပြီး ငါတို့ ကျန်တဲ့လူတွေကို မြို့ထဲ မင်းရဲ့ ခြေရာလက်ရာတွေ လိုက်ရှာခိုင်းတာပဲ .. ဒါကြောင့်မို့ ခေါင်းဆောင် မင်းရဲ့လူကို ဘယ်နေရာ ခေါ်သွားလဲ ငါမသိတာ ….”
လင်းရီသည် သေနတ်အား ကိုင်ထားရင်း တစ်ဖက်သူ၏ ဦးခေါင်းသို့ အပြင်းအထန် ဖိနှိပ်ထားလိုက်ကာ “ ဒါဆို အခု ငါ့ကို လိုက်ရှာနေတဲ့ လူတွေထဲမှာ သိမယ့်လူ ရှိလား …”
“ ရှိတယ် ရှိတယ်… ငါတို့ အသင်းခေါင်းဆောင် သိလောက်တယ်…”
“ အသင်းခေါင်းဆောင်လား …”
“ ဒီတစ်ခေါက် လာတဲ့ အသင်းက စုစုပေါင်း ၆ သင်းရှိတယ်… ငါက အသင်း ၄ က … ပြီးတော့ ဒီဧရိယာကို ရှာဖွေဖို့ တာဝန်ကျတဲ့လူပဲ …”
“ ငါ့ကို အဲ့လူဆီ ခေါ်သွားပေး …”
“ အိုကေ အိုကေ …”
သေနတ်ဖြင့် ချိန်ရွယ်ခံထားရသဖြင့် အနက်ရောင်မြွေ အဖွဲ့သားသည် မည်သည့် မိုက်ကန်းသည့် လုပ်ရပ်ကိုမျှ မလုပ်ဝံ့ပေ။
နှစ်ယောက်သား လမ်းကြားထဲမှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာလေသည်။
မှောင်မိုက်သည့် ည၏ ဖုံးလွှမ်းမှုကြောင့် မည်သူကမျှ လင်းရီအား အထူးတလှယ် အာရုံစိုက်မနေကြချေ။
ထိုအစား သူတို့ လုပ်စရာရှိသည်ကို ဆက်လက်လုပ်ကိုင်နေကြရင်း သူ့အား ရှာဖွေနေခဲ့ကြ၏။
အနက်ရောင်မြွေ အဖွဲ့ဝင်၏ လမ်းပြမှု အောက်မှာပဲ လင်းရီသည် ရပ်ကွက် အဆောက်အဦးတစ်ခု၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိလာခဲ့သည်။
အဆောက်အဦးက နှစ်ထပ်ဖြစ်ပြီး ဗီလာပုံစံ ဖြစ်၏။ အဓိက framework များ ပြီးစီးထားပြီး ကျန်သည့် ပစ္စည်းပစ္စယများတော့ ထည့်သွင်းရန် လိုအပ်နေဆဲပင်။
အတွင်းဘက်ခြမ်းတွင်တော့ ပရမ်းပတာဖြစ်နေပြီး အစားအသောက် အမှိုက်ခွံများ၊ လက်နက်များနှင့် ကျည်အိမ်တို့က မြေပြင်တွင် ပြန့်ကျဲနေသည်။ အရေးပေါ် အခြေအနေ၌ အဆင့်သင့် ကောက်ယူ အသုံးပြုရန်သာ လိုအပ်၏။
အတွင်းတွင်တော့ လူသုံးယောက်ရှိနေသည်ကို လင်းရီ မြင်တွေ့လိုက်ရသည်။
နှစ်ယောက်က နံရံကို မှီ၍ အိပ်နေပြီး မုတ်ဆိတ်နှင့် အသက်ကြီးသည့် တစ်ယောက်ကတော့ သစ်သား ကုတင်ပေါ်တွင် ဟောက်သံထွက်သည်အထိ နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့၏။
မျှော်လင့်ထားသည့်အတိုင်း ကုတင်ပေါ် တက်အိပ်နေသည့် လူက သူတို့ အသင်း ၄ ၏ ခေါင်းဆောင် ၊ လီယွန်ပင် ဖြစ်သည်။
ထိုခဏမှာပဲ အိမ်တွင်းရှိ ခြေလှမ်းသံတို့က အိပ်မောကျနေသည့် လူများအားလုံး တစ်ပြိုင်တည်းနီးပါး မျက်လုံးပွင့်လာစေပြီး ၎င်းတို့၏ သတိအာရုံမှာတော့ အလွန်အမင်း ထက်ရှလှပေသည်။
အခြေအနေ မဟန်တော့သည်ကို မြင်တော့ လင်းရီသည် သူ၏ ဓားကို သွက်လက်စွာ လှုပ်ရှား၍ ဘေးရှိ အနက်ရောင်မြွေ အဖွဲ့ဝင်အား သတ်ဖြတ်လိုက်သည်။
ယခုအချိန်၌ အသက်တစ်ချောင်း၏ တန်ဖိုးအား လင်းရီ ဂရုစိုက်နေဖို့ အာရုံရှိမနေချေ။
သူ့ရှေ့ရှိ လူများအားလုံး ..…
ဤလူများအားလုံးက သေသင့်သည့် လူများပင်။
ဘေးရှိ တစ်ယောက်ကို ရှင်းပြီးနောက် လင်းရီသည် နံရံတွင် မှီအိပ်နေသည့် လူထံ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ရောက်ရှိလာသည်။ အေးစက်စက် အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီး ယခုလေးတင် မျက်လုံးပွင့်လာခဲ့သည်လူမှာ သူ့လည်ပင်းအား လက်ဖြင့် ညှစ်ထားရင်း သေဆုံးသွားခဲ့၏။
ကနေဦးတုန်းက လင်းရီ နောက်တစ်ယောက်ကို ဆက်ရှင်းရန် ကြံရွယ်ထားသော်လည်း သူ့ဘက်က အနည်းငယ် နှောင့်နှေးသွားခဲ့သည်။
ကျန်နှစ်ယောက်မှာ ချက်ချင်း အသိစိတ်ပြန်ဝင်လာပြီး ၎င်းတို့၏ လက်နက်များ ရှိရာဘက်သို့ ပြေးသွားခဲ့ကြ၏။
ထိုကဲ့သို့သော အခြေအနေအောက်တွင် တစ်စက္ကန့်၏ တန်ဖိုးက အဖိုးမဖြတ်နိုင်လောက်အောင်ကို တန်ကြေးရှိလိုက်ပြီး သေခြင်း ရှင်ခြင်းကို စီရင်ချမှတ်ပေးလိုက်နိုင်သည်။
စကေဘာအား လှမ်းပေါက်လိုက်ရင်း လင်းရီသည် သူ၏ သေနတ်ဖြင့် လီယွန်၏ ဦးခေါင်းအား ချိန်ရွယ်ထားလိုက်သည်။
တစ်ချိန်တည်းတွင် သူ ပစ်လွှတ်လိုက်သည့် စကေဘာက ကျန်တစ်ယောက်၏ လည်ပင်းသို့ ထိုးစိုက်သွားခဲ့ပြီး ဆန့်တငင်ငင် ဖြစ်ကာ ကြမ်းပြင်သို့ လဲကျသေဆုံးသွားခဲ့၏။
လီယွန် ... သူရှိသည့် နေရာ၌သာ ရပ်တန့်နေရင်း မည်သည်ကိုမျှ မဆင်မခြင် မပြုလုပ်ဝံ့ချေ။
ထိုအခိုက်အတန့်တွင် သူ၏ လက်က လက်နက်ပေါ်သို့ လှမ်းပြီး ဖြစ်နေသည်။
အကယ်၍ စက္ကန့်ဝက်လောက်သာ အချိန်ပိုရခဲ့မည်ဆိုပါက ရှေ့ရှိ အခြေအနေမှာ အတော်လေး ပြောင်းလဲသွားနိုင်လောက်သည်။ သေနတ်ဖြင့် ချိန်ရွယ်ထားခြင်း ခံရသည့်လူမှာ လင်းရီ ဖြစ်နေလောက်ချေပြီ။
“ မင်း ဘာချင်တာလဲ …” လီယွန် ပြောလိုက်၏။
“ ငါ့လူဘယ်မှာလဲ…”