← Chapters

နောက်ဆုံး စစ်ပွဲ

Vol. 121 Ch. 1809

နောက်ဆုံး စစ်ပွဲ

Vol. 121 Ch. 1809

ထိုမြင်ကွင်းကို မြင်တော့ လင်းရီ အံတင်းတင်းကြိတ်ထားခဲ့သည်မှာ သူ့သွားများ တဂျစ်ဂျစ် မြည်သံကိုပင် ပြန်ကြားနိုင်သည်အထိပင်။ အင်အား အများအပြား အသုံးပြုထားမိသောကြောင့် ကားစတီယာရင်ဘီး၏ အပြင်ဘက် ပလတ်စတစ် အလွှာသည်ပင် အက်ကွဲသွားခဲ့လေသည်။

ရဲတပ်ဖွဲ့ သိုင်းပြိုင်ပွဲ၌ လင်းရီ အသုံးပြုခဲ့သည့် နည်းပရိယာယ်သည် သူ့ထံသို့ ပြန်လည် အသုံးပြုခြင်း ခံရလိမ့်မည်လို့ ဘယ်တုန်းကမျှ မျှော်လင့်မထားခဲ့ချေ။

အနီးအနားတွင် ထိုင်နေရင်း …

လီယွန်သည် လင်းရီ၏ ကိုယ်မှ ဖြာထွက်နေသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်တို့ကြောင့် အသက်ရှူမွန်းကြပ်လာသယောင်ပင် ခံစားနေရတော့သည်။

ဤသည်က ညှင်းပန်းခံနေရသည်ထက်ပင် ကြောက်ဖို့ ကောင်းလှ၏။

ယခုအချိန်မှပဲ သူ့ရှေ့ရှိ ဤလူက မည်သို့သော လူစားမျိုးဖြစ်သည်ကို စစ်မှန်စွာ နားလည်သွားခဲ့တော့သည်။

ဤမျှ တင်းကြပ်စွာ စောင့်ကြည့်နေသည့် ကြားက ထိုလူသာ ပုန်းအောင်းလိုလျှင် မည်သူကမျှ ရှာတွေ့နိုင်မှာ မဟုတ်ချေ။

ဤ ကြောက်ဖို့ကောင်းသည့် အာရှသားက သာမန်လူတစ်ယောက် လုံးဝ မဖြစ်နိုင်ပေ။

အချိန်အနည်းငယ်ကြာပြီးနောက် လင်းရီသည် သူ့ကိုယ်သူ အတင်းအကြပ် တည်ငြိမ်အောင် ပြုလုပ်လိုက်ရင်း ဤစကားအား တစ်လုံးချင်း ပြောလိုက်သည်။

“ အခု ကားမောင်းနေတဲ့လူကို သိလား … “

“ ငါ …. မသိဘူး ….”

လီယွန် ဖြည်းညင်းစွာဖြင့် မဝံ့မရဲ ဖြေဆိုလိုက်၏။ လင်းရီ၏ ကိုယ်မှ ဖြာထွက်နေသည့် လူသတ်ငွေ့တို့က အနားတွင် သူ့အား တစစီ ဆွဲဖြဲပစ်နိုင်သည့် နတ်ဆိုးတစ်ကောင် လာထိုင်နေသကဲ့သို့ပင်။

“ ငါတို့ခေါင်းဆောင် ဂရီလို ဖြစ်နိုင်တယ်… မဟုတ်လည်း သူ့ လက်အောက်ငယ်သား တစ်ယောက်ယောက်ပေါ့ …”

လင်းရီ ဘာမျှ မဆိုဘဲ အခြေအနေအား နောက်မှ တိတ်ဆိတ်စွာ စူးစမ်းလေ့လာနေလျက် ရှိသည်။ ထို့နောက် သူတို့ကြားတွင် အကွာအဝေး တစ်ခုခြားပြီး ဂရုတစိုက်နှင့် နောက်ကလိုက်ပါလာကာ အရမ်း အနီးကပ်ကြီးလည်း မမောင်းဝံ့ပေ။

သူ့ရှေ့ရှိ မြင်ကွင်းအား မကြည့်ရက်၍ လင်းရီ မျက်လုံးမှိတ်ပစ်လိုက်ချင်သည့် အခိုက်အတန့်တို့က မရေမတွက်နိုင်အောင်ကိုပင်။

သို့သော် … ရှောင်ပြေး၍ မရမှန်း သူ့ကိုယ်သူ နားလည်ထားသည်။

တစ်ချိန်တည်းတွင် လင်းရီသည် လမ်းပေါ်ရှိ လူများက ကားထဲရှိလူအား အလေးပြု နှုတ်ဆက်နေသည်ကို မြင်တွေ့နေရ၏။ ထိုအရာကို မြင်တွေ့တော့ ကားထဲတွင် ရှိနေသူက အနက်ရောင်မြွေ အဖွဲ့၏ ခေါင်းဆောင် ဖြစ်လိမ့်မည်ဟု လင်းရီ အလိုအလျောက် မှန်းဆလိုက်သည်။

မဟုတ်ပါက ကင်းလှည့်နေသည့် လူများမှာ ထိုသို့ ပြုမူလာမှာ မဟုတ်ပါချေ။

လင်းရီသည် ကားကို ညာဘက်သို့ မောင်းသွားလိုက်သည်။

ဤ အနေအထားက ကားဘေးရှိ ခရီးသည်ထိုင်ခုံနှင့် ကပ်လျက် ရှိနိုင်မည့် အနေအထားပင်။

ဂရီလိုကဲ့သို့ အဆင့်အတန်းနှင့်လူက ကားကို သူကိုယ်တိုင်တော့ မောင်းမှာ မဟုတ်လောက်ချေ။

“ တကယ်လို့ ကားထဲမှာ ထိုင်နေတဲ့လူက ငါတို့ ခေါင်းဆောင်သာဆိုရင် မင်းအခု လုပ်နေတာက ကိုယ့်သေတွင်းကိုယ် တူးတာပဲ …”

လီယွန် သတိပေးလိုက်သည်။

“ မင်းက အခု အသုံးမဝင်တော့ဘူး … ဒီတော့ ဘုရားသခင်နဲ့ သွားတွေ့လိုက်တော့ …”

လင်းရီသည် စကေဘာအား ဆွဲထုတ်၍ လီယွန်၏ သွေးလွတ်ကြောအား ဖြတ်တောက်လိုက်ကာ သွေးတို့အား နေရာအနှံ့ ဖြန်းပက်သွားစေသည်။ လင်းရီ၏ မျက်နှာသို့လည်း တစ်ချို့တစ်ဝက် လာစင်ခဲ့၏။

လီယွန်ကို ဖြေရှင်းပြီးနောက် လင်းရီသည် လီဗာကိုနင်း၍ ကားအား အရှိန်တင်လိုက်သည်။ ယခုဆို ကားက လန်ခရူဇာနှင့် ဘေးချင်းကပ် ယှဉ်မောင်းတော့မည့် အနေအထားပင်။

ခရီးသည် ထိုင်ခုံတွင် ထိုင်နေသည့် လူက ထိုလူများ၏ ခေါင်းဆောင် ဟုတ်မဟုတ် လင်းရီ ရာနှုန်းပြည့် မသေချာသော်ငြား ရှည်ဝေးဝေး ဂရုမစိုက်လိုတော့ပေ။ သူ၏ စိတ်ခံစားချက်တို့က ထိန်းချုပ်မှုအောက်မှ လွတ်ကင်းနေလျက် ရှိတော့၏။

ယခုအချိန် .... သူ အရာတစ်ခုတည်းကိုသာ ပြုချင်သည်။ ပြီးတော့ ထိုအရာကလည်း ကားထဲရှိ လူအား ဓားဖြင့် လည်လှီးဖို့ပင်။

ရှေ့ရှိ ကားလေးထဲတွင်တော့ ဂရီလိုသည် စီဂါတစ်လိပ်အား ပါးစပ်ထဲ ခဲလျက် ဇိမ်ပြေနပြေ ဖွာနေလျက် ရှိသည်။

“ ခေါင်းဆောင် … ဒါက အလုပ်ဖြစ်ပါ့မလား …” ဒရိုင်ဘာက မေးမြန်းလိုက်၏။

“ မင်း ဟွာရှန့်တွေကို နားမလည်ပါဘူး … ဒီကောင်တွေက စိတ်ဝင်စားဖို့ ကောင်းတဲ့ လူမျိုးတွေကွ …”

“ သူတို့ရဲ့ အတိတ်သမိုင်းတွေထဲမှာ မရေမတွက်နိုင်တဲ့လူတွေက ဒီလို အခြေအနေမျိုးအောက်မှာ အသက်ပေးသွားခဲ့ကြတယ်… သူတို့ ဘယ်လိုပဲ ဆက်ဆံခံရပါစေ စကားတစ်ခွန်းဟမှာ မဟုတ်ဘူး … အရိုး တော်တော် မာကြတဲ့ကောင်တွေ…”

“ အဲ့တစ်ချက်ကိုတော့ ကျုပ် နားလည်တယ်… ကျုပ်တို့ဘက်က နည်းလမ်း အစုံ အသုံးပြုထားတောင် ဘာစကားတစ်ခွန်းမှ မပြောလာတာကို ကြည့်ရင် သူက ကျုပ် ကြုံခဲ့ဖူးသမျှ လူတွေထဲမှာ မာရည်ကျောရည် အရှိဆုံးလူပဲ …”

“ ဒါကြောင့်မို့ ပြောတာပေါ့ … ဟွာရှလူမျိုးတွေက အတော်လေး သစ္စာကြီးတဲ့လူတွေ … သူတို့ အများစုက ရင်းနှီးပတ်သက်တဲ့ ဆက်ဆံရေးတွေကို တန်ဖိုးထားကြတယ်… “ ဂရီလိုသည် သူ့စီးကရက်မှ ဆေးလိပ်ပြာအား ခါချရင်း ပြောလိုက်သည်။

“ ကျန်တဲ့ တစ်ယောက်လည်း ချီပိုပါကနေ ထွက်သွားသေးဦး မဟုတ်ဘူး … သူ့ အဖော် ဒီလို အခြေအနေမျိုး ဖြစ်နေတာ မြင်ရင် ကျိန်းသေပေါက် သူ့ကိုယ်သူ ကိုယ်ထင်ပြလာမှာပဲ … အဲ့ဒါ ဟွာရှန့် လူမျိုးတွေရဲ့ အားနည်းချက်ပဲ … သူတို့ရဲ့ နှလုံးသားက နူးညံ့ကြတယ်… ငါတို့က အဲ့တာကို အကျိုးရှိရှိ အသုံးချပေးဖို့ လိုတယ်…”

“ နားလည်ပါပြီ… ဒီမစ်ရှင်ကလည်း ဒီလောက်တောင် ကြာနေပြီဆိုတော့ အဆုံးသတ်ဖို့ အချိန်ရောက်နေပြီ…”

ထိုအချိန်တွင် ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

ဝှစ် …

ကားက ဘေးချင်းကပ် အနေအထားသို့ ရောက်သောအခါ လင်းရီသည် စတီယာရင်ဘီးအား ဘယ်ဘက်သို့ ရစ်၍ ကားဘော်ဒီအား ဝင်တိုက်လိုက်သည်။

ကားထဲရှိနေသည့် လူနှစ်ယောက်မှာ ရှော့ခ်ရသွားခဲ့ကြလေသည်။

ရုတ်တရက် ဖြစ်ပေါ်လာသည့် တိုက်ခိုက်မှုကြောင့် ခဏတာ မိန်းမောတွေဝေသွားခဲ့ကြ၏။

သို့သော် လင်းရီမှာ တစ်ချက်တည်းနှင့် မရပ်တန့်ခဲ့ချေ။

သူ့ကားကို ထိန်းချုပ်၍ ဂရီလို စီးနေသည့် ကားကို ဘေးရှိ ဆိုင်အဝင်ဝသို့ရောက်အောင် အတင်းတွန်းအားပေးလိုက်ပြီး အတင်းအကြပ် ရပ်တန့်လိုက်လေသည်။

ပြင်းထန်သည့် အကျိုးသက်ရောက်မှုက ဂရီလိုနှင့် ဒရိုင်ဘာကို မူးဝေသွားစေခဲ့သည်။

သို့သော် သူတို့၏ ကိုယ်ကာယ ကြံ့ခိုင်မှုက သာမန်လူတို့ထက် ကျော်လွန်နေပြီး ဖြစ်ပြီး ယခင်ကလည်း ပြင်းထန်သည့် မုန်တိုင်းတို့အား ဖြတ်ကျော်လာခဲ့ဖူးသည့် လူများပင်။

ဂရီလိုသည် သူ၏ ပင်ကိုယ်အသိစိတ်အား အလျင်အမြန် ပြန်လည်ရရှိသွားခဲ့ပြီး ကျိန်ဆဲကာ သေနတ်ဆွဲ၍ ထိုသောက်ရူးအား သတ်ပစ်ရန် ကြံရွယ်လိုက်သည်။

သို့သော် လင်းရီက ထိုသို့ ပြုလုပ်နိုင်ရန် အခွင့်အရေး မပေးခဲ့ပေ။

စကေဘာကို ချက်ချင်း ပစ်ပေါက်လိုက်ပြီး ဒရိုင်ဘာ၏ အသက်ကို နှုတ်ယူလိုက်ကာ ထို့နောက် သေနတ်ကို ဂရီလို၏ ဦးခေါင်းသို့ ချိန်ရွယ်ထားလိုက်လေသည်။

“ မလှုပ်နဲ့ … မဟုတ်ရင် မင်း သေသွားမယ်…”

လင်းရီ၏ ခြိမ်းခြောက်မှုက ချက်ချင်း အစွမ်းပြပြီး ဂရီလိုသည် ခရီးသည် ထိုင်ခုံ၌ လက်နှစ်ဖက်မြောက်ရင်း သူ၏ ရပ်တည်မှုကို ဖော်ပြလိုက်သည်။

တစ်ချိန်တည်းတွင် အနက်ရောင်မြွေ အဖွဲ့သားများက ဒီရေလှိုင်းကဲ့သို့ အုပ်စုလိုက် ရောက်ရှိလာခဲ့တော့သည်။

သူတို့အကုန်လုံးက သေနတ်များအား လင်းရီ၏ ဦးခေါင်းထံသို့ ချိန်ရွယ်ထားခဲ့ကြ၏။

ထို့ပြင် ဒါဇင်ချီသည့် အမေရိကန် စစ်သားများကလည်း သူတို့၏ အာရုံကို လင်းရီထံ၌ ပစ်မှတ်ထားနေလျက် ရှိသည်။ ထိုအချိန်၌ လင်းရီအနား ဝန်းရံနေသူတို့မှာ လူတစ်ရာအောက် မနည်းပေ။

သို့သော် မည်သူကမျှ ပစ်ခတ်မလာချေ။ အဘယ်ကြောင့်ဆိုသော် ဂရီလိုက လင်းရီ၏ လက်ထဲ၌ ရှိနေသောကြောင့် ဖြစ်၏။

လင်းရီ သေနတ်ဖြင့် ဂရီလို၏ ဦးခေါင်းအား ချိန်ရွယ်ထားပြီး လက်ထဲတွင် ထိန်းချုပ်ခလုတ်ကို ကိုင်၍ ကျယ်လောင်စွာ အော်လိုက်၏။

“ ဘယ်သူမှ မလှုပ်နဲ့ … ကားထဲမှာ ဖောက်ခွဲရေး ပစ္စည်းတွေပါတယ်… ငါ ဒီခလုတ်နှိပ်လိုက်တာနဲ့ အားလုံး အဆုံးသတ်ပြီပဲ …”

ဤသည်ကို ကြားတော့ မည်သူကမျှ မဆင်မခြင် မလှုပ်ရှားဝံ့ကြတော့ချေ။

သူတို့၏ မျက်လုံးထဲ၌ လင်းရီကား ဘာမဆို လုပ်ဝံ့နေသည့် အရူးတစ်ယောက်ပင်။ မည်သူကမျှ သူတို့၏ အသက်အား မရင်းပေးလိုကြချေ။ အထူးသဖြင့် အမေရိကန် စစ်သားများအတွက်ဆို ပိုမှန်သည်။

သို့သော် လူအုပ်ထဲတွင် တစ်ယောက်သောသူက ဖြည်းညင်းစွာဖြင့် နောက်သို့ ဆုတ်နေလျက် ရှိ၏။

သို့သော် သူ၏ လှုပ်ရှားမှုတို့က အတော်လေး သိမ်မွေ့လှပြီး လူတိုင်းက စိတ်တုန်လှုပ်နေသည့် အခြေအနေသို့ ကျရောက်နေသဖြင့် မည်သူကမျှ သူ့ကို သတိမမူမိလိုက်ကြချေ။

ထိုကဲ့သို့‌ အနေအထားအောက်၌ အနက်ရောင်မြွေ အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ယောက်သည် လမ်းကြားလေးထဲသို့ ပြန်လည် ဆုတ်ခွာသွားခဲ့၏။

ထို့ပြင် ထိုလူက …. ချိန်ကွမ်းကျဲ့ပင် ဖြစ်သည်။

အနောက်တွင်တုန်းက လင်းရီသည် ကျုံးဝေ့တပ်ဖွဲ့သို့ မက်ဆေ့ချ်ပို့လာပြီး စန်တို့စ်တွင် ရှိမည်ဟု သတင်းပေးလာခဲ့၏။

သူကလည်း ထိုသတင်းကို တိတ်တိတ်လေး ဖြန့်လိုက်သည်။ သို့သော် စန်တို့စ်သို့ သွားနေသည့် လမ်း၌ အနက်ရောင်မြွေ အဖွဲ့အစည်းမှ လင်းရီသည် ချီပိုပါတွင် ပုန်းနေသည်ဟူသည့် သတင်းတစ်ခုကို လက်ခံရရှိလိုက်သည်။

ကနေဦးတုန်းကတော့ သူလည်း ထိုသတင်းကို မယုံကြည်ချေ။ သို့သော် ကျိုးလျန်အား ဖမ်းဆီးမိပြီးနောက်တွင် သူ မနေနိုင်ဘဲ လင်းရီအား လေးစားမိသွားခဲ့သည်။

လမ်းကြောင်းလွဲသည့် နည်းပရိယာယ်ကို လှလှပပလေး ကစားပြသွားခဲ့သည်မှာ သူပင် အလိမ်ခံလိုက်ရတော့မလို့ပင်။

အကယ်၍ လင်းရီ၏ အကြံသာ အောင်မြင်သွားခဲ့မည်ဆိုပါက အန္တရာယ်လည်း အတိကင်းသွားပြီး အချိန်တစ်ခု ပေးလိုက်ရုံမျှဖြင့် နိုင်ငံသို့ လုံခြုံစွာ ပြန်ရောက်နိုင်ပြီ ဖြစ်၏။

သို့သော် ယခု … မည်သည်ကမျှ အရေးမကြီးတော့ချေ။

လင်းရီသည် ကျိုးလျန်အတွက် ကိုယ်ထင်ပြလာပြီး ၎င်းရူးမိုက်မှု၏ အကျိုးဆက်ကိုတော့ စိတ်ကူးယဉ်ကြည့်နိုင်သည်။

ဤမျှ အချိန်ကြာပြီးသည့်နောက် သူတို့၏ အစီအစဉ်မှာ နောက်ဆုံး၌ အထမြောက်အောင်မြင်သွားခဲ့ပြီ ဖြစ်၏။

ထိုအကြောင်း တွေးမိတော့ ချိန်ကွမ်းကျဲ့သည် အေးစက်စွာပြုံးရင်း လူတိုင်း၏ အမြင်အောက်မှ ပျောက်ကွယ်သွားခဲ့တော့သည်။

သူ ဤသတင်းကို တင်ပြဖို့ စီစဉ်ထား၏။

တစ်ချိန်တည်းတွင် လင်းရီသည် ဂရီလိုကို ကားထဲမှ ဆွဲထုတ်လိုက်ပြီး လက်တစ်ဖက်က ထိန်းချုပ် ခလုတ်ကို ကိုင်ထားကာ ကျန်တစ်ဖက်က ဂရီလို၏ လည်ပင်းကို ဖျစ်ညှစ်ထား၏။

သူ၏ သေနတ်ကို ဂရီလို၏ မေးသို့ ထောက်ထားရင်း ရန်လိုနေသည့် ခြင်္သေ့တစ်ကောင်ကဲ့သို့ သူ့အနားရှိ လူတိုင်းအား ဟိန်းဟောက်လိုက်သည်။

“ ငါ့ရဲဘော်ကို ကားထဲ ပြန်ထည့်ပေးစမ်း … မဟုတ်ရင် အားလုံး အတူသေကြမယ်…”

All Chapters