အခန်း (၅)
Vol. 1 Ch. 5
နောက်တစ်နေ့မနက်၌ မနက်စောစောတွင် ရသစုံရှိုးရိုက်ကူးရေးစတင်ခဲ့၏။ ရိုက်ကူးရေးနေရာမှာ အိမ်၏ ထမင်းစားခန်း၌ ဖြစ်သည်။ ဖြစ်ချင်တော့ မုရှောင်က အစောကြီးနိုးလာခဲ့ပြီး မနက်စာကို တစ်ယောက်တည်းစားနေခဲ့သည်။ အချိန်က မနက်လေးနာရီပဲရှိသေး၏။
အစောကြီးနိုးနေရသည့် အကြောင်းရင်းမှာ သူ၏ များပြားလှသော အနုပညာသင်တန်းများကို အိမ်တော်ထိန်းအား အချိန်ရွှေ့ခိုင်းထား၍ဖြစ်သည်။ ထိုသို့စောစောထမှသာ သူ့သင်တန်းများအတွက် အချိန်မှီမည်ဖြစ်သည်။
ကံကောင်းစွာဘဲ ဆရာတွေ အားလုံးရောက်နေပြီဖြစ်သည်။
[ဘာလို့ ဒီလောက် အစောကြီးထပြီး တစ်ယောက်တည်းမနက်စာ စားနေရတာလဲ။ ကလေးရဲ့ဘ၀က ခက်ခဲလိုက်တာ။ ရွှီယန်ယုက သူ့ကို ဘာလို့ ဒီလိုပုံစံကြီး ဆက်ဆံရတာလဲ။]
[ငါကြားဖူးတာကတော့ ရွှီယန်ယုနဲ့ သူ့လင်ပါသားက ဆက်ဆံရေး မကောင်းဘူးတဲ့။ အဲ့တာ အမှန်ပဲထင်တယ်။]
[နေကြဦး။ ဒီကိုခဏလောက် အာရုံစိုက်ပေးကြပါဦး။ မုရှောင် ၀တ်ထားတဲ့ ဘေ့စ်ဘော၀တ်စုံက Pလုပ်ငန်းစုရဲ့brandတစ်ခုဖြစ်ပြီး ဒါကိုမနေ့ကမှ ရွှီယန်ယု အရောင်းဆိုင်ကနေ ၀ယ်သွားတာ]
[အဲ့တာအမှန်ပဲ။ ငါမှတ်မိသလောက်ကတော့ ရွှီယန်ယုက ဆယ်ကျော်သက်အ၀တ်တွေ ၀ယ်ခဲ့တာ လက်စသတ်တော့ သူ့လင်ပါသားလေးအတွက် ဖြစ်နေတာပဲ။ ပစ္စည်းတွေက မီလီယမ်နဲ့ ချီတန်တာ။ ဆက်ဆံရေးသာမကောင်းရင် ဘယ်သူက ဒီလောက်အများကြီး၀ယ်ပေးမှာလဲ]
[ဟားဟား ဒါလားဆက်ဆံရေး မကောင်းတာ။ ရယ်လိုက်ချင်သေးတယ်]
[ကြည့်ရတာ ကောလဟာလတွေက ဟုတ်မယ်မထင်ဘူး။ သူတို့ဆက်ဆံရေးက ငါတို့ထင်သလို မဆိုးဘူးလို့ခံစားရတယ်။]
နိုင်ငံခြားရောက်နေတဲ့ မုချောင်ယွင်မှာ ပြည်တွင်းကသတင်းများ မြင်လိုက်ချိန်မှာတော့ တိတ်ဆိတ်သွားခဲ့သည်။ ဒီရက်ပိုင်းအတွင်းဖြစ်နေတဲ့ သူ့အိမ်ကအကြောင်းတွေကို အိမ်တော်ထိန်းက သူ့အား ပြောပြပြီးဖြစ်သည်။
သူ့နိုင်ငံမှာ ဘာတွေဖြစ်နေလဲဆိုတာ သိပေမယ့် ရွှီယန်ယု၏ ရုတ်တရက် ပြောင်းလဲမှုကတော့ သူ့ကိုအံ့ဩစေသည်။
သူ့ပထမဆုံး တုံ့ပြန်မှုကတော့ သူမ ဒီကမ္ဘာကြီးပေါ်မှာ ဘာပဲလုပ်နေပါစေ သူ့ကိုမနှောက်ယှက်ဘူးဆိုရင် သူမ လုပ်ချင်တာ လုပ်လို့ရသည်ပင်။
Weibo မှာ နာမည်ကြီးနေတဲ့ ရွှီယန်ယုအကြောင်းတွေ မုချောင်ယွင်မြင်၏။ လက်မထပ်ခင်က ဒီအစီအစဉ်နှင့်ပတ်သက်ပြီး သူနားမလည်ခဲ့ပေ။ အမှန်တကယ်ပင် ဒီကိစ္စအပေါ် ထသည့် သူမ၏ အတွေးကိုသာ နားလည်ခဲ့၏။
ကျစ်လျစ်သော အသွင်အပြင်နှင့် အမျိုးသားတစ်ယောက်ဟာ ဝတ်စုံပြည့်၀တ်ဆင်ထားပြီး စီးထားသည့်သားရေရှူးဖိနပ်ဟာလည်း အလွန်ပင်ခံ့ညားလှသည်။ အပြင်မှ နေအလင်းရောင်ဟာ မှန်ပြတင်းများသို့ ဖောက်၀င်၍ သူ၏မျက်နှာပေါ်သို့ ထိုးကျလေ၏။ သူ၏ချောမောလှသော မျက်နှာမှာ အပြစ်အနာအဆာဟူ၍ မရှိပေ။ သူ၏စူးရှလွန်းသောအကြည့်များတွင်တော့ နားမလည်နိုင်ပြီး အပျက်သဘောဆောင်သည့်ခံစားချက်တွေ ပါ၀င်နေ၏။
သူ၏မျက်၀န်းနက်များဟာ ကြည့်မိသူအဖို့ ရုန်းမထွက်နိုင်အောင်ပင် ၀ပ်ဆင်းသွားလိမ့်မည်။ အဲ့ဒီမျက်၀န်းတွေက ကွယ်ဝှက်ထားတဲ့ အမှောင်ဘက်ခြမ်းရှိပေမယ့် ဆွဲဆောင်မှုရှိလွန်းလှ၏။ ဒါပေမဲ့ အကြောင်းပြချက်မရှိဘဲ အန္တရာယ်ရှိသည်ဟု ခံစားရပြီး တစ်ချိန်တည်းမှာပင် မျက်၀န်းတစ်စုံ၏ ပိုင်ရှင်က အရှိန်အဝါရှိလွန်းသည့်အတွက် မည်သူကမှ ဆယ့်စက္ကန့်ထပ်ပို၍ မကြည့်ရဲကြပေ။
မုချောင်ယွင်ရဲ့အတွင်းရေးမှူး လင်အန်းဟာ သူ၏ သူဌေးဆီသို့ လမ်းလျှောက်လာပြီး စာရွက်စာတမ်းတစ်ထပ်အား ပေးလိုက်ပြီး "သူဌေး ဒါက ဒီလချုပ်အစည်းအဝေးအတွက် အသေးစိတ် စီစဉ်ချက်ပါ။ ကြည့်ကြည့်လိုက်ပါဦး။"ဟုပြော၏။
မုချောင်ယွင်မှ တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာပြောလေသည်။
"ငါကြည့်လိုက်မယ်"
လင်အန်းမှ ထပ်ပြောလေသည်။ "သူဌေးရဲ့ဇနီးက ဒီရက်ပိုင်း အစီစဉ်ရိုက်ကူးရေးမှာ ပါ၀င်နေပါတယ်။ ရိုက်ကူးရေး ပထမနေ့မှာလည်း စိတ်ဆိုးဒေါသထွက်တာမျိုး မတွေ့ရပါဘူး။"
အဲ့နေ့က တုံ့ပြန်ချက်ကတော့ လွဲနေသည်ဟု ခံစားရ၏။ ပုံမှန်ဆိုရင် သူမက ဘာမှမဖြစ်သလိုမျိုး နေမှာမဟုတ်ဘူး။
သူမပုံစံက လွတ်လွတ်လပ်လပ် ပေါ့ပေါ့နေတတ်သည့်ပုံစံမျိုးမဟုတ်ချေ။
တကယ်လို့သာ သူကဒီလိုကိစ္စမျိုးကို ဂရုမစိုက်ဘူးဆိုရင် အဲ့လူက သူ မဟုတ်လို့ဖြစ်သည်။ ဒါကြောင့် သူ့ရဲ့အလိုလိုသိစိတ်အရ သူ့သူဌေးအားပြောခဲ့သည်။ "ရွှီယန်ယုက တစ်ခုခုမှားနေတာ ဖြစ်ရမယ်။ ဒါမှမဟုတ် သူ့နောက်ကွယ်ကတစ်ခုခု မဟုတ်လည်း သူ့မှာတခြားအတွေးရှိလို့ဖြစ်ရယ်။ ဒီမိန်းမက ရပ်တန့်မယ့် မိန်းမမျိုးမဟုတ်ဘူး"
မုချောင်ယွင်က လင်အန်းအား ပြောလေသည်။ "လွှတ်ထားလိုက်ပါ။ သူဖြစ်ချင်တာ သူလုပ်နေတာပဲ။"
လင်အန်းက တရိုတသေနှင့် လကုန်၌ တရုတ်သို့ပြန်မည့်ကိစ္စအား မေးလေသည်။"သူဌေး ပြန်လာမယ့်အကြောင်းကို သူဌေးမိန်းမ မသိအောင် လျို့ဝှက်ပေးထားရမလား။"
မုချောင်ယွင် တွေးသည်က ရွှီယန်ယု၏ ပင်ကိုစရိုက်က လွယ်လွယ် ပြဿနာရှာတတ်သည့် ပုံစံဖြစ်သည်။ထို့ကြောင့် ဖြစ်နိုင်လျှင် သူ့အားမပြောသည်က အကောင်းဆုံးဖြစ်သည်။
သူက ခေါင်းညိတ်လိုက်ပြီး "အွန်း"
လင်အန်းသည် သူ့သူဌေးဆိုလိုသည်အား သဘောပေါက်သွားသည်နှင့် ထွက်ခဲ့လိုက်၏။
တစ်ဖက်တွင်တော့ ရွှီယန်ယုသည် လက်သည်းအလှပြင်နေ၏။
လက်သည်း အလှပြင်ပေးသူရှေ့က ခုံရှည်ပေါ်၌ အနက်ရောင်ကတ္တီပါ လက်၀တ်ရတနာဗူးများ အများအပြားရှိပြီး အထဲ၌ တောင်အာဖရိက တွင်းထွက်စိန်များရှိလေသည်။
အလင်းရောင်အောက်တွင် အဌဂံပုံစံစိန်များ တဖြက်ဖြက် လတ်နေသည်မှာ မျက်စိကျိမ်းဖွယ်ဖြစ်၏။စိန်၏ အရောင်မှာ အလွန်လှပပြီး ရင်သပ်ရှူမောဖွယ်ဖြစ်သည်။ နှစ်လိုဖွယ်ကောင်းသော ထိုစိန်များမှာ လူတစ်ယောက်အတွက်အလွန်ပင် အဖိုးတန်လေသည်။ ဒီမှာတော့ စိန်တွေရာချီရှိနေပြီး စိန်တစ်လုံးစီ၏ တန်ဖိုးမှာ ယွမ်တစ်သောင်းကျော်ရှိသည်။
လက်သည်းအလှပြင်ပေးသူများမှာ စိန်အစစ်များ အောက်သို့ မတော်တဆပစ်ချမိမည်ကို ကြောက်နေကြသည်။ စိန်၏တန်ဖိုးများအား သူတို့မလျော်နိုင်၍ဖြစ်သည်။
ဒီလက်သည်းအလှပြင်ခြင်းသာ ပြီးမြောက်သွားခဲ့ရင် ဒါကသူမ ဘ၀တစ်လျှောက်လုံး ဈေးအကြီးဆုံးလက်သည်းအလှပြင်ခြင်း ဖြစ်လိမ့်မည်။ ဒါဆို သူမအလုပ်အကိုင်အား ပိုပြီးပွဲထုတ်လို့ရပြီဖြစ်သည်။
ဒါပေမဲ့ ပရိတ်သတ်တွေ မမျှော်လင့်ထားသည်က ဒီအဖိုးမဖြတ်နိုင်တဲ့စိန်တွေကို ရွှီယန်ယုက လက်သည်းအလှဆင်ဖို့ အသုံးပြုမည်ဆိုတာကိုပင်။
[ဘုရားရေ ဒါကတကယ်ကို အသုံးအဖြုန်းကြီးတာပဲ။ ငါတို့တွေ စိန်ကို လက်၀တ်ရတနာပဲ လုပ်၀တ်ကြတာ။လက်သည်း အလှဆင်ဖို့အတွက်ကတော့ ဈေးကြီးလွန်းတယ်။ တစ်ခုကို ယွမ်တစ်သောင်းနဲ့ပဲတွက်ဦး။ ဒီလက်သည်းအပေါ်က စိန်တွေ တန်ဖိုးက အနည်းဆုံးတော့ ယွမ်သိန်းနဲ့ ချီပြီးရှိတယ်။]
[ကောင်းတယ်။ ရွှီယန်ယု အနေအထားနဲ့ကြည့်မယ်ဆိုရင်တော့ ဒါမျိုးလုပ်တာက ပုံမှန်ပါပဲ။]
[လက်သည်းအလှပြင်တာကို စိန်အစစ်နဲ့မလုပ်နိုင်ရင်
မင်းကိုမင်း ချမ်းသာတဲ့လူလို့ မခေါ်သင့်ဘူး မဟုတ်လား။ ရွှီယန်ယုကတော့ တကယ့်လူချမ်းသာတွေရဲ့စံနှုန်းတွေကို ပြပေးသွားပြီ။]
ရွှီယန်ယုသည် tablet ပေါ်က ဒီဇိုင်းတစ်ခုအား လက်ညှိုးထိုးပြလိုက်သည်။ အလှပြင်ပေးသူမှာ ချက်ချင်းပင် သဘောတူလိုက်တာ ပြောလေသည်။
"ဒါက လှလိုက်တာ။ တော်တော်လေးလှတာပဲ။ ဒီနှင်းဆီတွေက တကယ်ပဲ ကဗျာဆန်တယ်။ ပညာရှင်က တကယ်ကြီးပါရမီရှိတာပဲ။ ဒါက တကယ့်အနုပညာတစ်ခုပဲ။"
သူ့ရှေ့မှာတော့ ဆွဲလို့မပြီးသေးတဲ့ ဒီဇိုင်းတစ်ခုရှိနေပြီး ထိုဒီဇိုင်းမှာ ဆူးနှင်းဆီတွေဖြစ်သည်။ ပုံမှန် နှင်းဆီနီတွေနဲ့ကွဲပြားစွာ ဆွဲနေသည့်နှင်းဆီများမှာ အဖြူရောင်ဖြစ်ပြီး ထိုနှင်းဆီပေါ်၌ ဆူးများစွာရှိပြီး ရှုပ်ထွေးပုံပေါ်ပေမယ့် တစ်မျိုးလေးလှနေ၏။
အကျဉ်းကျနေသော နတ်သမီးကဲ့သို့ ကြေကွဲမှုတွေအပြည့်နှင့်အရှိန်အဝါ ကင်းမဲ့နေပေမယ့် နှလုံးသားထဲတွင်တော့ ပဲ့တင်ထပ်နေသည့်ပုံစံမျိုး ခံစားရလေသည်။
ဒီဇိုင်းပုံစံမှာ တစ်ကြိမ်ကြည့်ရုံနှင့်တင် တကယ့်ပညာရှင်ကရေးထားသကဲ့သို့ နှစ်လိုဖွယ်အပြည့်ဖြစ်၏။
ရွှီယန်ယုက လက်သည်းအလှပြင်ပေးသူအား "လက်သည်းပေါ်မှာ ဒီပုံစံလေးဆွဲပေး"
လက်သည်း အလှပြင်ပေးသူမှ ကြားလိုက်သည်နှင့်ပင် စိတ်လှုပ်ရှားသွားရ၏။ ဒီလိုထိပ်တန်းအနုပညာတစ်ခုကို လက်သည်းပေါ်မှာ ရေးမယ်ဆိုရင် တကယ်ကြီးအံ့ဖွယ်တစ်ခုဖြစ်မှာပင်။
သူ မစ္စရွှီကို လက်သည်းအလှပြင်ပေးရသည်က တကယ်ကံကောင်းခြင်းပင်။ သူ သေချာလေးကြိုးစားပြီး ဒီပုံစံကို သူ၏နှလုံးသားတစ်ခုလုံးနှင့် ဆွဲပေးမည်ဟု တွေးလိုက်၏။
ထိပ်တန်းအလှပြင်သူတွေလောက်သာ မူလပုံနဲ့တူလုနီးပါး ဆွဲပေးနိုင်တာဖြစ်သည်။ အနည်းဆုံးတော့ ဒီဇိုင်းလုပ်ပြီးသွားသည်နှင့် ရွှီယန်ယု ကျေနပ်သွားရ၏။
အဖြူရောင် ဆူးနှင်းဆီများမှာ လှပသောလက်သည်းပေါ်၌ ရှိပြီး နှင်းဆီဖူး၏ ပွင့်ချပ်တစ်ခုချင်းစီမှာ အသက်၀င်လှသည်။
ထိုနှင်းဆီအား ဆူးများဖြင့်ရှုပ်ထွေးအောင် ရစ်ပတ်ထားပုံက ချစ်ခင်တပ်မက်ပေမယ့် တစ်ယောက်ကိုတစ်ယောက်ဖျက်ဆီးနေကြသည်နှင့် တူလှ၏။ ထိုပုံစံလက်သည်းဒီဇိုင်းက တကယ်ပင် လှပလေသည်။
ဒီလို လွတ်လပ်မှုမရှိတဲ့ ဘ၀ကံကြမ္မာလိုမျိုး လူတိုင်းက ပုံစံအမျိုးမျိုးနှင့် ချုပ်နှောင်ခံနေကြရတာဖြစ်သည်။ ဒီလက်ရာက တကယ်ပင် ခံစားသက်၀င်လေ၏။
ဒီလို လှပတဲ့လက်ရာပေါ်မှာ အဖိုးမဖြတ်နိုင်တဲ့ စိန်တွေ နှင်းဆီနှင့် ဆူးတွေအနားမှာ စီခြယ်ထားခြင်းဖြစ်သည်။
ချမ်းသာမှု ခမ်းနားမှု အလှတရားတွေကို တစ်ချို့သောကန့်သတ်ချက်တွေ တားမြစ်ချက်တွေကို ၀န်းရံထားသည်ဆိုတဲ့ပုံစံမျိုးဖြစ်၏။
[ ဝိုးး မိုက်လိုက်တာ ဒါကတကယ့် အနုပညာပဲ။ ဒီလောက်ဆို အပြောင်မြောက်ဆုံး လက်ရာလို့ ပြောလို့ရပြီမလား]
[ဝိုး ဆရာမဆွဲထားတဲ့မူလပန်းချီကလည်း တကယ်လှတာ။ ပြောတာထက်ကို ပိုလှသေး။]
[ကြည့်ကောင်းလိုက်တာ။ ငါ့ရဲ့စိတ်ဝိဉာဉ်ကတော့ ဒီနှင်းဆီဆူးတွေကြားထဲမှာ ရစ်ပတ်မိနေပြီ။]
[ ကြည့်ရတာတော့ မူလပန်းချီဆရာက တော်တော်လေးအတွကောင်းတာပဲ။ အနုပညာအရကြည့်ရင်တောင် ဒါကဆုတွေရနိုင်တဲ့လက်ရာမျိုးပဲ။]
[ဝိုးးးးးးးးးးးး ဒါက အခုထိမပြီးသေးဘူး ထင်တာပဲ]
[ဆူးတွေနဲ့နှင်းဆီရေးတဲ့ ဆရာကတော့ ဒီနေ့ရဲ့အဖြေရှာမရတဲ့ပုစ္ဆာပဲ]
ရွှီယန်ယုသည် အိမ်လေလံပွဲသွားဖို့ရာ အ၀တ်လဲနေ၏။ သူမက ငွေဖြူရောင်ဂါ၀န်နှင့် အဆင့်မြင့်ငွေဖြူရောင်စိန်တစ်ဆင်စာအား ၀တ်ဆင်ထားလေသည်။ တစ်ကိုယ်လုံးခြုံကြည့်လျှင် ကျက်သရေရှိလှပြီး ကြည့်သူတိုင်းရဲ့အာရုံစိုက်မှုကိုခံရ၏။
ပိုပြီးအာရုံစိုက်ခံရသည်က ဆူးနှင်းဆီဒီဇိုင်းဖော်ထားသည့် သူမ၏လက်သည်းဒီဇိုင်းဖြစ်ပြီး ဒီလိုနတ်သမီးပုံစံအပြင်အဆင်နှင့် တွဲစပ်လိုက်သောအခါ သတိထားမိကြသည်မှာ မဆန်းပေ။ ယခုပွဲတက်သည့်အခါ သူမက လူတိုင်း၏ အာရုံစိုက်ခံလေးဖြစ်လာတော့သည်။
လူတိုင်းမရနိုင်သော သူမ၏ဆွဲမက်ဖွယ်ပုံစံအား လူတိုင်းအံ့အားသင့်ကုန်၏။
တော်တော်လေး ရုတ်ရုတ်သဲသဲဖြစ်သွားပြီး လေလံပွဲမှလူများပါ ရွှီယန်ယုကို စိတ်၀င်တစား စကားလာပြောကြ၏။
ပွဲလာသူတွေထဲမှ လေးဆယ်ကျော် အမျိုးသမီးတစ်ဦးသည် လှပစွာ၀တ်စားထားပြီး ငွေမျှင်ရောင်ဆံပင်အတိုနှင့်ဖြစ်ကာ တည်ငြိမ် ရင့်ကျက်သည့်အသွင်ရှိ၏။
ရွှီယန်ယုသည် သူမနှင့်စကားပြောသည့်အခါ သူမက သူ့လက်သည်းဒီဇိုင်းအား စိတ်၀င်စားသည်ကို သိလိုက်ရ၏။
ဒါပေမဲ့ သူက အဆုံးထိ ဘာမှမပြောသည့်အတွက် အဲ့အကြောင်းကို သူ့အားမေးခွင့်မရလိုက်ပေ။
ဒါပေမဲ့ အဲ့အမျိုးသမီး အတော်လေး စိတ်၀င်စားနေမှန်းတော့ သိလိုက်ရ၏။
ပရိတ်သတ်များက ရွှီယန်ယု အနားက အမျိုးသမီးတွေ တွေ့သောအခါ သူသည် နယ်နယ်ရရမဟုတ်ဘဲ ကမ္ဘာ့ထိပ်တန်း brand တစ်ခု၏ အမှုဆောင်တစ်ယောက်ဖြစ်ကြောင်း သိလိုက်ကြသည်။
[ ဒီတစ်ယောက်က brand g ရဲ့ အာရှ-ပစိဖိတ်အပိုင်းမှာ
လုပ်တဲ့တစ်ယောက် မဟုတ်ဘူးလား]
[မစ္စ စတယ်လာက ရွှီယန်ယုကို ဘယ်လိုသိတာလဲ]
[ပူးပေါင်းမှု တစ်ခုခုလုပ်တော့မှာများလား]
[မဟုတ်သေးဘူး။ ရွှီယန်ယုကို အခွင့်အရေးမပေးနဲ့။သူက မထိုက်တန်ဘူး]
မစ္စ စတယ်လာနဲ့ စကားပြောသည့်အပိုင်းက ခဏသာဖြစ်သည်။ လျှိယွီမှ ဒီနေ့လေလံတင်ရောင်းချမည့်အရာနှင့်ပတ်သက်၍ ရွှီယန်ယုအား ရှင်းပြလေသည်။
ရောင်းချမည့် အိမ်မှာ တရုတ်ပုံစံရှေးဟောင်းအိမ်ကြီးထဲမှ တစ်ခုအပါအ၀င်ဖြစ်ပြီး အကုန်လုံးမှာ ရှေးဟောင်းတန်ဖိုးကြီး စာရင်း၀င်လေသည်။ တန်ဖိုးဖြတ်ဖို့ရန်ပင်ခက်သည့် အနောက်တိုင်း ပုံစံအိမ်များလည်း ရှိသေးသည်။ အဓိကကတော့ ရွှီယန်ယုဟာ အိမ်တစ်လုံး၀ယ်ချင်နေတယ်ဆိုပေမယ့် ဘယ်လိုပုံစံအမျိုးအစားကို သူလိုချင်နေတာလဲဆိုတာကတော့ ခန့်မှန်းရခက်နေ၏။
ဒါပေမဲ့ လျိုယွီသိသည်က သာမန်အိမ်လောက်ကတော့ သူမကို စိတ်ကျေနပ်စေမှာ မဟုတ်ပေ။ သူပထမဆုံးမိတ်ဆက်ပေးတဲ့ အိမ်ဟာဆိုရင် အကောင်းဆုံး တရုတ်အိမ်ဖြစ်သည်။ ဒီအိမ်ကြီးက ဇာတ်ကားတော်တော်များများမှာလည်း ပါ၀င်ပြီးတော့ ပန်းပုလက်ရာများနှင့် အဆောက်အဦး၏ ဆေးသားဟာလည်း အံ့မခန်းပင်ဖြစ်သည်။ ဒါနဲ့ပတ်သက်ပြီး ပြဿနာမရှိပေ။
လျှိုယွီမှ အကြောင်းစုံ ပြောပြီးသည့်အခါ ရွှီယန်ယု၏ အမြင်အား စောင့်နေ၏။
ရွှီယန်ယုသည် သဘောကျသည့်အိမ်အားမပြောဘဲ လျိုယွီ ရှင်းမပြရသေးသော မေးခွန်းအား မေးလိုက်၏။ "မြို့တော်Aမှာ အဓိကနေရာဘယ်နှစ်ခုရှိလဲ "
လျိုယွီမှာ နားမလည်ပေမယ့် ဖြေလိုက်၏။ " သုံးခုရှိပါတယ် "
ရွှီယန်ယုဟာ ဒီနေ့လေလံတင်တဲ့အိမ်နေရာကို tabletနှင့်ကြည့်လိုက်ပြီး မြေပုံပေါ်တွင် သွယ်လျလှပသောလက်ချောင်းအား တင်ထား၏။ ဒါပေမဲ့ သူဘာတွေတွေးနေသလဲတော့ ဘယ်သူမှမသိပေ။
"တိုက်ဆိုင်တာပဲ။ ငါက အဲ့သုံးနေရာလုံးမှာအဆောက်အဦးတွေ အကုန်၀ယ်ပြီးသွားပြီ။ မြို့တော်Aရဲ့ ဘယ်နေရာမှာမဆို သက်တောင့်သက်သာ အနားယူလို့ရတာပဲ။"
လျိုယွီမှ အံ့ဩစွာဖြင့် "ဟုတ်ပါတယ်။ ဒီနေ့ လေလံတင်တဲ့အိမ်က မြို့တော်Aရဲ့အဓိက သုံးနေရာရဲ့ တောင်ဘက်ဆုံးနဲ့မြောက်ဘက်ဆုံးမှာရှိပါတယ်။ မမစ္စစ်ရွှီက အရှေ့ဘက်ခြမ်းမှာနေချင်ရင် အရှေ့ဘက်မှာရှိတဲ့ အိမ်ကိုသွားနေလို့ရပြီး ဆင်ခြေဖုံးရပ်ကွက်မှာ နေချင်ရင် အဲ့ရပ်ကွက်က အိမ်ကိုသွားလိုက်ရုံပါပဲ။ ဒါက တကယ့်ကိုအမျှော်မြင်ရှိပြီး သက်တောင့်သက်သာဖြစ်ပါလိမ့်မယ်။" ဟုပြော၏။
အနာဂတ်မှာ သူအလုပ်လုပ်ချင်တာပဲဖြစ်ဖြစ် အနားယူချင်တာပဲဖြစ်ဖြစ် အဓိကနေရာအတွင်းမှာ သူနေချင်တဲ့နေရာ နေလို့ရပြီပင်။
ဒါပေမဲ့ မစ္စစ်ရွှီရဲ့လိုအပ်ချက်ပြည့်ဖို့ဆိုရင် အိမ်ကြီးခြောက်အိမ်လုံးကို လေလံအောင်ရမည်ဖြစ်သည်။
ဒီအိမ်တွေကဈေးကြီးပေမယ့်လို့ လေးဘီလီယမ်လောက်ဆိုရပြီဖြစ်သည်။ ငွေရေးကြေးရေးက ပြသနာမဟုတ်ချေ။ ဒီအိမ်တွေရဲ့ ပမာဏကလည်း အသေးအဖွဲ့သာဖြစ်သည်။ ရွှီယန်ယု လိုချင်သည်နှင့် ရနိုင်သည့်အနေအထားများဖြစ်၏။
ထို့နောက် လျိုယွီ၏ လေလံဆွဲဖို့ရန်ကဒ်ပြားထောင်လိုက်သည့်အချိန်မှာတော့ ကြည့်ရှုသူများက မျက်လုံးပင်ပြူးကုန်ကြ၏။
ရျွီယန်ယု၏ အိမ်၀ယ်ဖို့ရန် ဘီလီယမ်များသုံးစွဲနေခြင်းအား ကြည့်ရှုသူများ တွေ့လိုက်ကြရ၏။
"ဂုဏ်ယူပါတယ် ၀ယ်သူ နံပါတ်၁၈ ရွှီယန်ယုမှ နံပါတ်၂ ကျန်းတုဖီးနစ်အိမ် အားရရှိသွားပါတယ်"
"ဂုဏ်ယူပါတယ် ၀မ်ရှန့်ဟွားထန်အိမ်တော်ကို နံပါတ်၁၈က ရရှိသွားပါတယ်"
"မစ္စစ်ရွှီ မှ ရီလန်ပေယွမ်အား လေလံအောင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်"
"၀ယ်သူ နံပါတ်၁၈ မစ္စစ်ရွှီမှ viloaleopold ဗီလာအား ရရှိသွားပါတယ်"
ကြည့်ရှုသူထဲမှ တစ်ယောက်က အံ့ဩနပန်းဖြင့် ပြောနေကြသည်။
[မစ္စစ်ရွှီက မြို့တော်Aရဲ့ အခမ်းနားဆုံး အိမ်တွေကို ၀ယ်ချင်နေတာလား။ တကယ်ကြီး သူဌေးကို အရိုအသေပေးပါတယ်။]