← Chapters

အခန်း (၂၄)

Vol. 2 Ch. 24

အခန်း (၂၄)

Vol. 2 Ch. 24

ရုံးခန်းထဲရှိ အခြေအနေမှာ လွန်စွာ ကြောက်ဖို့ကောင်းလျက် ကမ္ဘာကြီး၏ အဆုံးသတ်လားပင် ခံစားရပေသည်။ မစ္စတာမု၏ ပုံမှန်ဆို မျှော်လင့်ချက် ကင်းကင်းဖြင့် မသိမသာ နေတတ်သည်။ ထို့ပြင် တစ်ခါတစ်ရံတွင် ပိုလို့ပင် မျှော်လင့်ချက်ကင်းနေတတ်ပေသည်။ ယခုအခါတွင် သူ၏ ဒေါသထွက်ကာ ညည်းနေသည့်အသံကြီးမှာ ပိုမိုကြောက်စဖွယ် ကောင်းနေပေသည်။

လင်အန်းသည် အသံတစိုးတစိမျှ မထွက်ရဲပေ။ သူသည် တုပ်တုပ်မျှမလှုပ်ပဲ ထိုနေရာမှ ပျောက်ကွယ်လို့ရရင် ပျောက်ကွယ်သွားချင်နေပေသည်။

ထိုအရာမှာ တခနတာသာဖြစ်၍ သူ့အား လွယ်လင့်တကူ မထွက်သွားခိုင်းပေ။ မုချောင်ယွင်သည် မျက်လုံးများမှိတ်ကာ သူ ဘာကိုစဥ်းစားနေလဲဆိုသည်ကို မသိရပေ။ သူသည် မျက်လုံးဖွင့်ကာ လင်အန်းအား ရုတ်တရက်ဆိုသလို လုပ်ဆောင်စရာအချို့အား ပြောလိုက်သည်။

မျက်တောင်များခတ်ကာ ညှင်ညှင်သာသာဖြင့် “ငါ့မိန်းမက Isle of El ကျွန်းမှာ တကယ်ပျော်နေတာလား?”

ထိုအချိန်တွင် လင်အန်း၏ နှလုံးသည်းများ တုန်လှုပ်လျက် အမှန်တိုင်းဖြေဖို့ရန်သာ ရွေးချယ်ခဲ့၍ “ဟုတ်ကဲ့” ဟုဖြေခဲ့သည်။

“ဟုတ်ပြီ သေချာပြီ။”

မုချောင်ယွင် ပြောလိုက်သည့် စကားနှစ်ခွန်းမှာ အလွန် ထူးခြားနေသည်။ လင်အန်းလည်း ထိုစကားကိုကြား၍ သူ့ခန္ဓာကိုယ်လည်း အနည်းငယ် သက်သာရာရကာ တိတ်တဆိတ်ဖြင့် “သူဌေး အဆင်ပြေရဲ့လား။” ဟု မေးလိုက်သည်။

ထိုအသံနှင့်လေသံမှာ တစ်ဖက်လူအပေါ် ကျောချမ်းစဖွယ် ကောင်းလှပေသည်။ သူဌေးသည် ထိုကဲ့သို့ လုပ်နိုင်မည်ဟု မထင်ထားပေ။ ဒါမှမဟုတ်လည်း နေသည် အနောက်အရပ်မှ ထွက်လာသည်ဟု တွေးနေသည်။

မုချောင်ယွင်သည် အပေါ်ယံအားဖြင့်သာ သူလုပ်နိုင်သည်ဟု ဆိုသော်လည်း တစ်ကယ်တမ်းမှာ ထိုကဲ့သို့ မဟုတ်ပေ။ သူ၏ အသွင်အပြင်မှာ အေးဆေးတည်ငြိမ်နေသော်လည်း တစ်ကယ်တမ်းတွင် မုန်တိုင်းကျရောက်တော့မည် အရိပ်အယောင်များသာ ဖြစ်ပေသည်။

“ အဲ့ဒါကို သူမကြိုက်တယ်ဆိုလည်း သွား အဲ့ El ကျွန်းတစ်ခုလုံးကို သွားဝယ်လိုက်။”

“.....”

လင်အန်းလည်း တိတ်တဆိတ် တုန့်ပြန်လိုက်သည်။ ထို့နောက် မုချောင်ယွင်သည် “အဲ့ ဖျော်ဖြေပွဲတွေကို ကြည့်ရတာရော ကြိုက်တာလား။” ဟု ထပ်မံမေးလိုက်သည်။

“ ဟုတ်ကဲ့၊ အဲ့ဒါရောပါပဲ။” ဟု လင်အန်းလည်း သတိထားကာ ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ အဲ့ဒါဆိုလည်း သူ့ကို ဝအောင်ကြည့်ခိုင်းလိုက်။ ပြီးရင် တခြားကျက်သရေရှိတဲ့ ပွဲတွေလည်း စီစဥ်ပေးလိုက်။ သူ့ကို ဒီစကားတွေ ပြောလိုက်။ သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး ဒီ အရှက်မရှိတဲ့ အရာတွေကနေ ထွက်နိုင်တဲ့ လူဖြစ်လာခိုင်းလိုက်။”

“.....”

လင်အန်းလည်း သူ့ စိတ်ထဲတွင် တိတ်တဆိတ် ညည်းတွားလိုက်သည်။ ငါကတော့ ယောက်ျားဆီက မဟုတ်ရင် မိန်းမဆီကတော့ သတ်တာ ခံရတော့မည်ကို ခံစားမိနေတော့သည်။

ရွှီယန်ယု၏ တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် လင်အန်း ပြောပြသော စကားများ ကြားပြီးသည့်နောက်တွင် “သူက ငါ့ကို ဒီလို အရှက်မရှိတဲ့အရာတွေထဲကနေ ထွက်လာစေချင်နေတာလား” ဟုပင် ပြန်လည်ကာ မေးမြန်းလိုက်သည်။

[ ဟ ဟ ဟ ဟ။ ငါတော့ ရယ်ရတာ သေတော့မယ်။ ငါပြောပါတယ် ဥက္ကဌမုက အရင်တုန်းက ဥက္ကဌနဲ့ မတူတော့ပါဘူးလို့။ တကယ် ရယ်ရတာပဲ။ အဲ့စကားက တကယ်ရယ်ရတယ်။ ဘယ်လိုတောင် ရယ်ရလွန်းတာလဲ။]

[ အထက်တန်းဆန်တဲ့ အနုပညာ လှုပ်ရှားမှုဆိုတာ ဘာလဲ သိချင်တာ။ မစ္စတာမုကိုယ်တိုင် လူချင်းတွေ့ပြီး သင်ပေးမှရတော့မယ်။]

[မစ္စတာမုကြည့်ရတာ တကယ် သဝန်တိုနေတဲ့ပုံပဲ။ တစ်ကယ်ကို နေကအနောက်က ထွက်လာသလိုပဲ။ လူအများစုက သူတို့ကို ဟန်ဆောင်စုံတွဲတွေဆို။ တစ်ကယ်လို့ ဟန်ဆောင်နေတာသာဆို ဒီလိုသဝန်တိုနေတာက တစ်ခုခုတော့ တစ်ခုခုပဲ။]

[ညီမရွှီက တကယ်ကိုချစ်စရာလေးပဲ။ သူမကို သဘောမကျဖို့က ခတ်ခဲလွန်းတယ်။ မစ္စတာမုကို ပြောချင်တာက မင်း သူမကိုကြိုက်တယ် လိုချင်တယ်ဆို မြန်မြန်လုပ်။]

[ ဟားဟားဟားဟား၊ ကမ္ဘာပေါ်မှာ အံ့သြစရာအကောင်းဆုံး ကိစ္စ ဖြစ်သွားတာပဲ။ ရွှီယန်ယုကို မုချောင်ယွင်က တစ်ကယ်ကြီး သဝန်တိုနေတာပဲ။ ဒီလိုအရာက ရေးပန်းစားတဲ့ ခေါင်းစဥ်ဖြစ်တာ တန်ပါတယ်။]

ရွှီယန်ယုလည်း ပြောစရာစကားမဲ့ကာ မဲ့သွားသည်။ သူဒီလိုစကားမျိုးပြောဖို့ လိုလို့လား?

ဘယ်လိုဖြစ်ဖြစ် လင်အန်းသည် ကောရှန်အား တစ်ခုခုစီစဥ်ခိုင်းလိုက်သည်မှာ El ကျွန်းအား ပိုင်ဆိုင်မှုစာချုပ်များ ဖြစ်ပေသည်။

ကောရှန်မှ သူဌေးမုက ပြောလိုက်သည်မှာ “ငါ့မိန်းမက ဒီကျွန်းမှာ တကယ်ပျော်နေတယ်ဆိုလို့ El ကျွန်းကို ငါ မင်းနာမည်နဲ့ ဝယ်ပေးလိုက်တယ်။” ဟု ပြန်ပြောပြခဲ့သည်။

ရွှီယန်ယုလည်း အနည်းငယ် မှင်သက်သွားသည်။ ရုတ်တရက် သူမဆီသို့ ကျွန်တစ်ကျွန်း လက်ဆောင်ပို့ပေးလိုက်ကာ မုချောင်ယွင် ဘာတွေတွေးနေလဲကို သူမ မသိပေ။

[ ငါကြားလိုက်တာအမှန်ပဲလား။ မနေ့က အဖြစ်အပျက်ကြောင့် မစ္စတာမုက ကျွန်းတစ်ကျွန်းလုံးကို ချက်ချင်း ဝယ်ပေးလိုက်တာဆို။]

[ ညီမရွှီက တကယ် မိုက်လိုက်တာ။ သူမကတော့ ဆင်းရဲတာကို ဘယ်တော့မှ ကြုံရတော့မှာ မဟုတ်ဘူး။ အဲ့လိုလက်ဆောင်အကြီးကြီးရတဲ့ မင်းကို တစ်ကယ် မနာလိုလိုက်တာ။]

[ဘယ်လိုတောင်စုံလုံးကန်းပြီး မစ္စတာမုက ဒီလို ကျွန်းကြီးတစ်ကျွန်းလုံးကို ဝယ်ပေးလိုက်တာလဲ။ တစ်ရက်ထဲနဲ့ကို ပိုင်ရှင်က ပြောင်းသွားတာပဲ။ တစ်ကယ်ကို ထူးခြားဆန်းကျယ်လိုက်ကြတာ။]

[ ကောင်းလိုက်တာ။ ကျေးဇူးပါနော် မစ္စတာမုနဲ့ ရွှီယန်ယုရေ။ မင်းတို့ ရှိတဲ့ပိုက်ဆံတွေနဲ့ အမြဲငါတို့ကို အံ့သြအောင်လုပ်ပေးလို့ပါ။ ဘာမဆိုကို လုပ်နိုင်တာပဲ။]

[မစ္စတာမုက El ကျွန်းကြီးတစ်ခုလုံးကိုဝယ်ပြီး လက်ဆောင်ပေးလိုက်တာကျ နည်းနည်း ကြီးကျယ်တယ်လို့ထင်တာ ငါတစ်ယောက်ထဲလား။ သူ့မိန်းမက မလိုချင်ရင်တောင် သူက ဒီကျွန်းကို မြန်မြန်ပဲ ပို့ပေးလိုက်တော့မယ်။ ဒါကဘယ်လိုအပြုအမူတွေလဲ။ ဒီလိုယောက်ျားမျိုး ဘယ်မှာသွားရှာရမလဲ။]

[မင်းရဲ့ မစ္စတာမုက ဒီမှာမဟုတ်ဘူး။ ဒါပေမယ့် မစ္စတာမုရဲ့ သတင်းတွေကတော့ နေရာတိုင်းပဲ။ ဒီ live ထဲမှာသာ သူ မပါတာ သူ့ရဲ့ပိုက်ဆံတွေကတော့ ဒီမှာကြီးပဲ။ ညီမရွှီအတွက် ကိုယ်ပိုင်ပစ္စည်းတွေဝယ်ပြီး လုပ်ချင်တာကို လုပ်နေကြတော့တာပဲ။ တစ်ကယ်ကို ရှာမှ ရှားတဲ့ ယောက်ျားမျိုးပဲ။]

[မနာလိုလို့ ငိုနေရပြီ။ ငါအထင်လွဲသွားတာပဲ။ မစ္စတာမုက တစ်ကယ်ကို လူကောင်းပဲ။ တကယ့် အကောင်းဆုံး အတော်ဆုံး ယောက်ျားပဲ၊ ချမ်းသာတယ်၊ ခန့်ညားတယ်၊ အာဏာလည်းရှိတယ်၊ အရေးကြီးဆုံးဖြစ်တဲ့ ချမ်းသာပြီး လွတ်လပ်ခွင့်ပေးတယ်။ လူဖြစ်ရကျိုးနပ်တဲ့ ဘဝမျိုးဆိုတာက ဒါမျိုးပဲ။]

[အခုက ရွှီယန်ယုက ဧည့်သည်အနေနဲ့ လာတာ။ တစ်ညထဲမှာပဲ El ကျွန်းရဲ့ ပိုင်ရှင်က သူမ ဖြစ်သွားပြီ။ စီစဥ်တဲ့အဖွဲ့ကတော့ သူ့မျက်နှာကိုပဲ ကြည့်နေရတော့မယ်။ ဒီလိုဖြစ်တာ အရမ်းမိုက်တာပဲ။ မစ္စတာမုက သူ့မိန်းမကို တော်တော်သဘောကျတာပဲ။ လူတွေ လာတာမလာတာက ကိစ္စမရှိဘူး။ သူ့မိန်းမနဲ့အတူရှိဖို့က ကျွန်းတစ်ကျွန်းဝယ်လိုက်ရုံပဲလေ။]

ရွှီယန်ယုလည်း စခရင်ပေါ်ရှိ စာများကို တစ်ချက်ကြည့်လိုက်ရင်း ရယ်ရခက် ငိုရခက် ဖြစ်နေတော့သည်။ မုချောင်ယွင်တစ်ယောက် ဘာတွေလုပ်နေလဲကိုပင် သူမ မစဥ်းစားနိုင်တော့ပေ။ ထိုကဲ့သို့ ထူးဆန်းသော အရာများကို စိတ်အခြေနေတစ်ခုခု ဖြစ်မှသာ လူတွေက လုပ်ကြခြင်းဖြစ်သည်။

သူတို့မှာ အမြဲလိုလို ထိုအရာများကို နားမလည်ကြသော်လည်း အခြေခံအားဖြင့်တော့ လက်ခံလေ့ရှိကြသည်။

El ကျွန်းရဲ့ ပတ်ဝန်းကျင် အခြေနေက မဆိုးဘူး။ သူမ ကြိုက်တယ်။

ရွှီယန်ယုသည် ထိုပတ်ဝန်းကျင်ကို အင်မတန် ကြိုက်နှစ်သက်ပေသည်။

ထို့နောက်တွင် ကောရှန်က မုချောင်ယွင်သည် သူမအတွက် အလွန်ကျက်သရေရှိသည့် ဖျော်ဖြေပွဲများ စီစဥ်ထားသည်ကို ပြောပြခဲ့သည်။ ရွှီယန်ယုလည်း ထိုစကားကိုကြားလိုက်သည်နှင့် စိတ်ဝင်စားစိတ်ကို မထိန်းနိုင်ကာ “ဘာဖျော်ဖြေပွဲတွေလဲ။” ဟုသိချင်စိတ်ဖြင့် မေးလိုက်တော့သည်။

ကောရှောင်လည်း တခနတာတွေးကာ “သူဌေးမုက လူတစ်ယောက်ကို ဟောခန်းကြီးငှားပြီး အဲ့ထဲမှာ အမအတွက် ဂန္တဝင် သံစုံတီးဝိုင်းကြီးကို ဖျော်ဖြေဖို့ စီစဥ်ထားတယ်။ ကမ္ဘာအဆင့်မှီတဲ့ သီဆိုဖျော်ဖြေမှုတွေရယ်၊ ကမ္ဘာကျော် စန္ဒယားဆရာတွေရဲ့ဖျော်ဖြေမှုတွေ၊ ဂန္တဝင် ရိုးရာအကတွေ၊ မြင်ရတာရှားပါးတဲ့ ပီကင်းအော်ပရာ ပြဇာတ်တွေ၊ ဘဲလေးကပွဲတွေ၊ အမျိုးသား…”

“.....”

[ ဟ ဟ ဟ ဟ ရယ်လိုက်ရတာ။ အဲ့ဒါတွေက ဂုဏ်သရေရှိတဲ့ ပြပွဲတွေပေါ့လေ။ ဘာလို့ ချဥ်စုတ်နေတဲ့အရာထဲမှာ နစ်မြှုပ်နေသေးတယ်လို့ ငါ့ကိုယ်ငါ ထင်နေရတာလဲ။]

[တစ်ခြားသူတွေ မစ္စတာမုစီက သင်ယူဖို့ အကြံပေးတယ်။ ကိုယ့်ဇနီးကိုယ်ချော့ဖို့က ဘာစကေးမှ မလိုဘူး။ ပိုက်ဆံသာ ပုံအောပြီးသုံးလိုက်။ အာ..၊ ဒီလို ဂုဏ်ရှိတဲ့ပွဲရဲ့နောက်ကွယ်မှာ ဘယ်လောက်တောင် ကောင်းလွန်းတဲ့ ဂီတပညာရှင်တွေကို ငှားထားတာလဲ။ အဲ့လိုအဆင့်မြင့်တဲ့ ဂီတပညာရှင်တွေကို ငှားဖို့က ပိုက်ဆံတော်တော်ကုန်မှာပဲ။]

[အမြဲတမ်း တစ်ယောက်ကတော့ ရှားပါးတာကို မင်း မြင်နိုင်မှာပါ။ မင်းရဲ့ မစ္စတာမုကတော့ သူ့မိန်းမရဲ့ ဝါသနာကို အင်တိုက် အားတိုက်နဲ့ လိုက်လုပ်ပေးနေရတော့မှာပဲ။ ဒါက မသိရင် ဝတ္ထုကြီးကျနေတာပဲ။ အရမ်းကို ရိုမက်တစ်ဆန်ပြီး ကြီးကျယ်လိုက်တာ။]

[ရွှီယန်ယုက နတ်သမီးကမ္ဘာမှာ နေသလိုပဲ။ ဟုတ်တယ်မလား။ မစ္စတာမုက မင်းအတွက် လက်ဆောင်ပေးဖို့ကို သူ့အချိန်တွေ ပိုက်ဆံတွေ ကုန်ခံဖို့ ဆန္ဒရှိမယ်လို့ ထင်တောင် မထင်ထားဘူး။ ရှေးတုန်းက စကားတွေအတိုင်းပဲ လူတစ်ယောက်က မင်းအတွက် အချိန်တွေ အင်အားတွေ အကုန်ပေးဆပ်နေတယ်ဆိုရက် အဲ့လူအတွက် မင်းကအရေးကြီးလို့ပဲ။]

[ ဒီနေ့ပြီးရင်တော့ ဒီအတွဲက တကယ်လား ဟန်ဆောင်နေတာလားဆိုပြီး ငါမတွေးနေတော့ဘူး။ ဒြပ်ဝတ္ထုပစ္စည်းတွေ ပိုက်ဆံတွေ စိတ်နှစ်ပြီးလုပ်ပေးတာတွေက အပေါ်ယံ ဆက်ဆံရေးဆိုတာထက်တော့ ပိုပါတယ်။ သူတို့နီးစပ်တာကိုတောင် သူတို့ကထုတ်မပြကြဘူးလေ။ ဒါပေမယ့် အခုကတော့ သူတို့က တစ်ယောက်တွက် တစ်ယောက်ကတော့ အရေးအကြီးဆုံးပဲ ဖြစ်မှာပါ။]

[ ဟုတ်တယ် အပေါ်က ပြောသလိုပဲ။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အပေါ်ယံကြည့်ပြီး ပုံမှန် ဟုတ်မဟုတ် မသိနိုင်ဘူး။ အခုလက်ရှိတော့ သူတိူ့က တစ်ယောက်ကို တစ်ယောက်ဂရုမစိုက်ကြပေမယ့် တစ်ယောက်အခြေနေကိုတော့ တစ်ယောက် ဂရုစိုက်ကြတယ်။ ကိုယ်ကဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် တစ်ဖက်က ဘာတွေလုပ်နေလဲဆိုတာကိုတော့ သိနေရမယ်လေ။ အဲ့လိုသိနေတာကလည်း ရင်းနှီးမှုရှိတာပဲလေ။ ]

ရွှီယန်ယုလည်း ဧည့်ခံပွဲရှိ သီဆို ဖျော်ဖြေရေး အစီစဥ်ကို တစ်ညလုံး ကြည့်နေခဲ့သည်။ ထိုအရာမှာ အလွန်ပင် ကျက်သရေရှိလှသည်။ စတိတ်စင်ပေါ်တွင် ခေတ်ပြိုင် အဆိုတော်များက ဖျော်ဖြေနေကြသည်။ ထိုသို့ နားထောင်ရသည်မှာ အလွန်ပင် ပျော်စရာကောင်းကာ စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။

ဒီနေ့တွေ ကျွန်းပေါ်မှာ နေတဲ့ဘဝသည် အတော်လေး စိတ်ချမ်းသာလှသည်။ နေ့တိုင်းလိုလိုပင် ထို ဖျော်ဖြေပွဲများရော ကြည့်လည်းကြည့်နိုင်သလို နားလည်း နားထောင်နိုင်ပေသည်။ ထို့ပြင် ဇိမ်ရှိသော အစားအသောက်များ ပင်လယ်ကမ်းခြေနားတွင် မျိုးစုံသော အားကစားများကြောင့်လည်း ပါဝင်ပေသည်။ ပရိတ်သတ်များသည် ရွှီယန်ယု၏ ဘဝမှာ လွယ်ကူလှကြောင်းကို သိရှိခဲ့ရသည်။ တကယ်ကို စိတ်ချမ်းသာစရာ၊ ပျော်ရွှင်ဖွယ်ရာပင်။

တခြားသော ဧည့်သည်များမှာ အလွန်ပင် စိတ်ကျေနပ်နေကြပေသည်။ ကျန်းချင်ယွင်နှင့် ရှန်ဖန့်တို့မှာ အကြာဆုံး နှစ်ရက်သာ နေထိုင်ခဲ့ကြသည်။ သူတို့၏ ကိစ္စများကို ဖြေရှင်းပြီးနောက်တွင် သူတို့၏ ချစ်ခြင်းများကို ထပ်မံ ဖွင့်ဟပြပြန်သည်။ သူတို့နှစ်ဦးသည် ပုံထဲတွင် အနီးကပ်ဆုံးဖြစ်သည်ကို ကြည့်ရှုကြသည်။ ကျွန်ပေါ်ရှိ အဓိကလုပ်ပေးသာ အရာမှာ အခြေခံအားဖြင့် ဓာတ်ပုံများရိုက်ပေးကြခြင်းဖြစ်သည်။

သို့သော် ရိုက်ကူးမှု အပြီးတွင် မုချောင်ယွင်က ရွှီယန်ယုအတွက် ကျွန်းတစ်ခုလုံးအား ဝယ်ကာ ပေးလိုက်သည်ကို သူမကြားခဲ့ရသည်။ သူသည် မယုံနိုင်ဖြစ်သွားကာ သူမ ကြားခဲ့ရသည်မှာ မှားနေသည်ဟုပင် တွေးထင်နေသည်။

မုချောင်ယွင်နှင့် သူမက အပေါ်ယံတွေပဲ မဟုတ်ဘူးလား။ ဒါ့အပြင် Hunk ပွဲကို ရွှီယန်ယုကြည့်နေတာကို မြင်ပြီး သူ့ကို စိတ်ဆိုးရမှာ မဟုတ်ဘူးလား။ အခု ဖြစ်လာတဲ့အကျိုးဆက်က သူ့ကို ကျွန်းတစ်ခုလုံးဝယ်ပေးလိုက်တာတဲ့လား။ တစ်ကယ်ကို ထူးဆန်းလွန်းတယ်။

ကျန်းချင်ယွင်သည် ဓာတ်ပုံရိုက်ဖို့ လုံးလုံးမျှ စိတ်မပါပေ။ ထိုအရာသည် လူတိုင်းအတိုင်း စိတ်မသက်သာရာဖြစ်ပေသည်။ ဘာကြောင့် ဒါတွေက ရွှီယန်ယုပိုင်တာတွေဖြစ်လာရတာလဲ။ သူ့မှာပိုက်ဆံရှိရင်တောင်မှ ဒီလိုမိန်းမမျိုးအတွက် မင်းပိုက်ဆံတွေကို ဖြုန်းမှာလား။ ဒါကတစ်ကယ် တန်လို့လား။

ရွှီယန်ယုသည် တစ်ကယ်ကို ဒုက္ခအိုး လှလှလေး ဖြစ်ပေသည်။

ဒီလောက်ချမ်းသာတဲ့ မုချောင်ယွင်ကို ဘာဆေးတွေများ တိုက်လိုက်တာလဲ။

တစ်ဖက်လူက ဘယ်လောက်တောင် သူ့ကို သည်းခံနိုင်လွန်းတာလဲ။

တကယ်ကို နားမလည်နိုင်တော့ဘူး။

ရွှီယန်ယုနှင့် ယှဥ်လိုက်မည်ဆိုလျှင် ကျန်းချင်ယွင်မှာ အစစရာရာ အနည်းငယ် နိမ့်ကျနေသည်ဟု သူမတွေးနေသည်။ သူမ၏ ယောက်ျားသည် မုချောင်ယွင်လောက် မချမ်းသာပေ။ ချမ်းသာသော မိသားစုမှ ဆင်းသက်လာသူဖြစ်သော်လည်း သူမအတွက် ထိုကဲ့သို့ ကျွန်းငယ်လေးမျိုး ဝယ်ပေးဖို့ရန် ပိုက်ဆံသုံးဖို့မှာ မဖြစ်နိုင်လှပေ။

ရွှီယန်ယုသည် သူမထက် ငွေးကြေး သုံးစွဲသည်တွင်လည်း ပိုမိုလွတ်လပ်လှသည်မှာ သူမအတွက် စိတ်မသက်သာရပေ။

ကျွန်းပေါ်နေထိုင်ရသည့်အချိန်များသည် မကြာမီ ကုန်ဆုံးတော့မည်ဖြစ်သည်။ ထိုခရီးမှ အကျိုးအမြတ် အများဆုံးရသူမှာ ရွှီယန်ယုဖြစ်ပေသည်။ မုချောင်ယွင်သည် El ကျွန်းကို သူမအတွက် ဝယ်ပေးခဲ့ခြင်းမှာ ရေပန်းစားသော ခေါင်းစဥ်အဖြစ် ရက်အတော်ကြာ ခေါင်းစည်းပိုင်းတွင်ရှိနေသည်။ အခုဆိုလျှင် ထိုကိစ္စအကြောင်းကို လူတိုင်းသိပြီပင်ဖြစ်သည်။ ထိုကျွန်းမှာ ရွှီယန်ယုအပိုင်ဖြစ်သည်ကို အားလုံးသိကြပြီ ဖြစ်ပေသည်။

ထိုကဲ့သို့ ကျွန်းငယ်လေးများကို ချမ်းသာသောသူများက ဝယ်ယူသည်ကို တွေ့ရသည်မှာ ပုံမှန်ခေါင်းစဥ်ပင်ဖြစ်သည်။ အခုခေါင်းစဥ်ကို အကျိုးအကြောင်း လျော်ညီစွာ ပြောရသည်မှာ ပုံမှန်မဟုတ်ပေ။ သို့သော် အဓိကအချက်မှာ El ကျွန်းသည် လူအများမှ ဟန်ဆောင်စုံတွဲဟု ပြောနေကြသော မုချောင်ယွင်နှင့် ရွှီယန်ယုတို့မှ ဝယ်ယူခဲ့ခြင်းကြောင့် ဖြစ်သွားခဲ့ရခြင်းဖြစ်သည်။

ယခုဆိုလျှင် သူတို့သာ ဟန်ဆောင်စုံတွဲဆိုလျှင် ဒီလို ကျွန်းမျိုးကို လက်ဆောင်အဖြစ် ပေးဖို့ရန်မှာ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ထိုအရာသည် လူအများအား ပြောင်းလဲမှုကို ခံစားမိစေပြီး ဟန်ဆောင်စုံတွဲဟုလည်း မခံစားမိတော့ပေ။

အင်တာနက်အသုံးပြုသူများမှာ သူတို့၏ အကြောင်းအား ပိုလို့ပင် မခန့်မှန်းနိုင်တော့ပေ။

သူတို့၏ ဆက်ဆံရေးမှာ တကယ့်ကို ပဟေဠိတွေနှင့်ပြည့်နှက်ကာ အလျှို့ဝှက်ဆုံးသော အရာဖြစ်နေပေသည်။

ရွှီယန်ယု၏ ဘဝသည် ဒီရက်ပိုင်းတွင် ငြိမ်သက်လာဟန်ရှိသော်လည်း အင်တာနက်ပေါ်ရှိ လူထုများ၏ အတွေးများမှာပင် မငြိမ်သက်သွားသေးပေ။ အကြောင်းမှာ FDA ၏ဆုပေးပွဲကိစ္စမှာ အင်တိုက်အားတိုက်ဖြင့် ပြန်စလာခြင်းကြောင့် ဖြစ်ပေသည်။

လူသိများသော ဒီဇိုင်နာအဖြစ် ရွေးချယ်ခံရပြီးနောက်တွင် ရွှီယန်ယုသည် လူထု၏ အဓိက အာရုံစိုက်ရာ ဖြစ်လာသည်။ သူမ၏ပုံများမှာ တရားဝင် လူမှုစာမျက်နှာများတွင် ပေါ်လာသောအခါတွင် ထိုအရာသည် ရေပန်းစားသော ခေါင်းစဥ်တစ်ခု ထပ်ဖြစ်လာပြန်သည်။

အားလုံး၏ အရင်က တွေးခဲ့သည်များနှင့် မတူပဲ FDA မှ လူအများ၏ ပစ်မှတ်ဖြစ်နေသော ရွှီယန်ယုအား အဓိကဧည့်သည်အဖြစ် ထားလေတော့သည်။ နေ့တိုင်း သူမ၏ ပုံများကို ပို့သည်သာမက သူမနာမည်စာရင်းကိုလည်း အရှေ့ဆုံးတွင် ထားထားသည်။

ထိုအရာမှာ နိုင်ငံတကာရှိ အကောင့်ဖြစ်သော်လည်း ပြည်တွင်း ဖျော်ဖြေရေးကဏ္ဍ၏ စည်းမျဥ်းများမှာ ပုံမှန်အားဖြင့် အမြင့်ဆုံးရရှိသောသူ၏ နာမည်ကို အရှေ့တွင်ရေးကာ ဒုတိယအမြင့်ဆုံးရရှိသူ၏ အမည်ကို အနောက်ဘက်တွင် ရေးခြင်းဖြစ်သည်။ ရွှီယန်ယု၏ နာမည်ကို အရှေ့တွင် ထားထားသည်မှာ အသိအသာကြီး မှားယွင်းနေခဲ့သည်။

All Chapters