← Chapters

အခန်း (၁၃)

Vol. 2 Ch. 13

အခန်း (၁၃)

Vol. 2 Ch. 13

ရွှီယန်ယု ဖန်တွေနဲ့ တိုက်ရိုက်လွှင့်မှုပြီးတဲ့နောက်မှာ အင်တာနက်ပေါ်မှ သတင်းများမတွေ့ရဘဲ ရက်အတော်ကြာပျောက်သွားခဲ့သည်။ ရွှီယန်ယု ၀န်ထမ်းခေါ်ယူနေသည့်အတွက် မအားလပ်ဘဲ ပျောက်နေသည်ဟု အင်တာနက်သုံးသူများက ထင်နေကြ၏။

" အရင်လက်ထပ်ကြမယ် အချစ်လား နောက်မှပေါ့ " အစီစဉ်ကို ဒီနေ့အထူးဧည့်သည်နှစ်ယောက် ဖိတ်ခေါ်ထားပါတယ်။

တိုက်ရိုက်လွင့်မှုက နေ့လည်နှစ်နာရီမှာ စမှာဖြစ်ပြီး ဖိတ်ကြားထားတဲ့ ဧည့်သည်တွေကတော့ လက်တလောလူကြိုက်များနေကြတဲ့ ကျီခိုင်တင်းနဲ့စုန်းရှီ ရှန်လန်ချန်း နဲ့ ကုစစ်၀မ်တို့ ဖြစ်ပါတယ်။

ကျီခိုင်တင်းနဲ့ စုန်းရှီတို့က ဒီနေ့တိုက်ရိုက်လွှင့်မှုမှာ ဖျော်ဖြေပွဲတစ်ခုအား သွားခဲ့သည်။ သူတို့စုံတွဲက တွေ့နေကျစုံတွဲများလို သာမန်ပုံစံဖြင့်ဖြစ်သည်။ တအားကြီးပြင်ဆင်ထားသည်မျိုး မရှိပေ။ တစ်ခါတစ်လေ ဧည့်သည်အဖြစ်ပါ၀င်သူ အမျိုးသားက တစ်ဖက်မိန်းကလေးအပေါ်ထားသည့် စိတ်ထဲမှအပြုအမူများမြင်နေရလေသည်။ ကျီခိုင်တင်း မျက်လုံးထဲ စုန်းရှီသာရှိနေခြင်းက တွေ့ရသူများအား သူ့နှလုံးသားထဲမှ နက်နက်ရှိုင်းရှိုင်းသဘောကျနေမှန်း မြင်ရလေသည်။

[ ပါးဖြတ်ရိုက်ခံရသလို ခံစားလိုက်ရတယ်။ ဒီစုံတွဲက

ငါ့ကို အားကျအောင် လုပ်နေတာပဲ။ ]

[ ဆက်ဆံရေး တကယ်ကောင်းမှန်း မြင်နေရတာပဲဟာ။ ခံစားချက်တွေက အတုအယောင် မဟုတ်ဘူးလေ။ ]

တစ်ဖက်တွင်တော့ ရှန်လန်ချန်းနဲ့ ကုစစ်၀မ်တို့ကလည်း တိုက်ရိုက်လွှင့်မှုအပြီးတွင် ထိပ်ဆုံးရှာဖွေမှုထဲ ပါလာခဲ့ပြီး နာမည်ကြီးနေလေသည်။ ယနေ့ တိုက်ရိုက်လွှင့်မှုရိုက်ကွင်းက အပန်းဖြေစခန်းတစ်ခုမှ အားလပ်ရက်တစ်‌ရက် ဖြစ်သည်။

ပတ်၀န်းကျင်က သာယာပြီး လေထုမှာ လက်ဆတ်လေသည်။

ဒါပေမဲ့ ကုစစ်၀မ် ဘာလို့ ဓာတ်မတည့်မှုဖြစ်နေတယ်လို့ ခံစားနေရလဲ မသိဘူး။ ခန္ဓာကိုယ်တစ်ခုလုံး အနီဖုများ ထွက်လာတာ ဖြစ်သည်။

နောက်မှသိရသည်က နေ့လယ်က တည်ခင်းတဲ့ဟင်းပွဲတွင် နာနတ်သီးဖျော်ရည်ပါလေသည်။ နာနတ်သီးနှင့် ဓာတ်မတည့်သည့်သူအဖို့ ထိုအခြေနေက ပြင်းထန်၏။

ကုစစ်၀မ်မှာ ထိုသို့ဖြစ်ပြီးနောက် စိတ်အခြေအနေ မကောင်းတော့ပေ။ ပြီးတော့ ရှန်လန်ချန်းက နေ့လည်ကဟင်းပွဲထဲ ပါ၀င်တဲ့ပစ္စည်းတွေကို တိတိကျကျ မသိခဲ့၍ ဒေါသဖြစ်ရလေသည်။ သူတို့လက်ထပ်တာ နှစ်နှစ်ကြာပြီးတာတောင် သူ မသိသည့် ဓာတ်မတည့်တာမျိုး ရှိနေသည်။

ဒါက သတိမထားမိလို့ မသိတာမျိုးလားဆိုတာ နားမလည်နိုင်တော့ပေ။

ပြောရရင် ဒီအဖြစ်အပျက်ကြောင့် ကုစစ်၀မ်က ရှန်လင်ချန်းအား ဆူလေသည်။ ရှန်လန်ချန်း ဘာမှပြန်မပြောရဲပေ။ ဆူနေသည့်အချိန်၌ တော်တော်ကြီးရိုးသားတာဖြစ်သည်။ ရှင်းပြခွင့်ကို မပေးပေ။

ကြည့်ရှုသူများမှာ ဒီလိုကိစ္စမျိုး ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၍ မယုံနိုင်စရာကောင်းနေသည်။

ဒီလိုအပြုအမူက အံ့ဩစရာကောင်းပေမယ့် ဒါက ရှန်လန်ချန်းက သူ့ကိုအပြစ်ရှိသလို ခံစားရအောင် လုပ်လို့ ဖြစ်တာဆိုပြီး ကြည့်ရှုသူများက တွေးကြလေသည်။

ကုစစ်၀မ်၏ စိတ်အခြေနေကလည်း အနည်းငယ်ဆိုးလာခဲ့ပြီး တင်းမာလာခဲ့သည်။ တိုက်ရိုက်လွှင့်မှုမှာ နှစ်ဦးနှစ်ဖက် အချင်းများနေကြသည်က သူတို့ဆက်ဆံရေးမကောင်းဘူးဟု ခံစားရစေသည်။

[ ဘုရားရေ သူတို့အရမ်းရင်းနီးတယ် ထင်ထားတာ။

သူတို့လက်ထပ်ထားတာ ဒီလောက်ကြာနေပြီကို သူ့မိန်းမမှာ ဘာဓာတ်မတည့်မှုရှိမှန်း မသိဘူးတဲ့။ ဒါက အန္တရာယ်များတဲ့ဟာကို။]

[ ကုစစ်၀မ်က တော်တော်စိတ်ကြီးတာပဲ။ ဒေါသတွေထွက်ပြီး ရှန်လန်ချန်းကို ပြစ်တင်ပြောဆိုနေတာ ဒီလို လင်မယား ဆက်ဆံရေးက တော်တော်ဆိုးတာပဲ။ ကြည့်ရတာ မွန်းကြပ်လိုက်တာ။ ]

[ ကင်မရာရှေ့မှာတောင် စကားများနေကြတာ။ အပြင်မှာ လည်း ဒီလိုပဲဆိုရင် သူတို့ဆက်ဆံရေးကတော်တော်ဆိုးတာပဲ။ နောက်ဆုံးတော့ ရွှီယန်ယုနဲ့မုချောင်ယွင်တို့စုံတွဲထက် ဆက်ဆံရေးဆိုးတာမျိုး မြင်ဖူးပြီ ]

[ ရယ်ရတယ် မစ္စရွှီနဲ့မစ္စတာမုကို ထည့်ပြောစရာ လိုလို့လား ]

[ နောက်ဆုံးနဲ့ နောက်‌ဆုံးရှေ့က တစ်ယောက်တဲ့ မရယ်ရဘူးလား။ သူတို့ဆက်ဆံရေး ကောင်းတယ်လို့ ငါလည်းမထင်ဘူး]

အင်တာနက်သုံးသူများမှာ ရှန်လန်ချန်းနဲ့ကုစစ်၀မ်တို့စုံတွဲအား နောက်ဘိတ်ဆုံးအတွဲလို့ သတ်မှတ်ပြီး ရွှီယန်ယုနဲ့မုချောင်ယွင်အား ဒုတိယနောက်ဆုံးအဖြစ်သတ်မှတ်လိုက်ကြသည်။ အတူရှိတာ ကောင်းတယ်ဆိုပေမယ့် သူတို့စုံတွဲတွေ အတွက်တော့ တစ်ယောက်နဲ့တစ်ယောက် မဆုံတာ ပိုကောင်းမည်ဖြစ်သည်။

ပထမနဲ့ ဒုတိယ ပါ၀င်သူများမှာ ရှန်ဖန့် ကျန်းချင်ယွင်တို့စုံတွဲနဲ့ ကျီခိုင်တင်းနဲ့စုန်းရှီတို့ စုံတွဲဖြစ်သည်။ ရှန်ဖန့်ကတော့ သူ့ဇနီးအတွက် အကုန်လုပ်ပေးတာမျိုးဖြစ်ပြီး တခြားအမျိုးသား ပါ၀င်သူများ မလုပ်ပေးတဲ့ ကာကွယ်တဲ့အပြုအမူမျိုးပါ ရှိလေသည်။

ကျီခိုင်တင်းနဲ့ စုန့်ရှီတို့မှာ သိသာတဲ့ပုံစံမျိုး မပြပေမယ့်လို့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိမှန်း သိနိုင်လေသည်။တစ်ချက်ကြည့်ရုံနဲ့ ရှင်းရှင်းလင်းလင်း သိနိုင်သည့် အနေအထားမျိုးဖြစ်သည်။

ရက်အနည်းငယ် ငြိမ်သက်ပြီးသည့်နောက်မှာ ရွှီယန်ယု၏ တိုက်ရိုက်လွှင့်မှုအစီစဉ် ပြန်စတင်ခဲ့သည်။

ရှေ့၌ ပင်လယ်ပြင်ကြီး မြင်တွေ့နေရပြီး လှိုင်းသံနှင့် စင်ရော်ငှက်သံများပါ ကြားရလေသည်။ ပင်လယ်သို့ရောက်နေခြင်းဖြစ်မှန်း မကြာခင်ပင် ကြည့်ရှုသူများ သိသွားကြ၏။

ရွှီယန်ယု၏ တိုက်ရိုက်လွှင့်မှုနေရာက အမြဲတစေ ခန့်မှန်း၍ မရပေ။ ဒီကမ္ဘာပေါ်က နေရာတိုင်းက တိုက်ရိုက်လွှင့်တဲ့နေရာ ဖြစ်သွားနိုင်သည်။

ပထမဆုံးအနေနဲ့ တိုက်ရိုက်လွှင့်မှုက‌နေ ပင်လယ်ကို မြင်တွေ့ရတဲ့ ခံစားချက်က တော်တော်လေးမိုက်ပေသည်။

နောက်ထပ်မြင်တွေ့ရသည်က ကြည့်ရှုသူများ မမြင်တွေ့ဖူးသည့် အဆင့်မြင့် အပျော်စီး‌လှေ တစ်စီးဖြစ်သည်။ ထိုသင်္ဘောမှာ တော်တော်လေးခမ်းနားလှပြီး ပင်လယ်ပြင်ပေါ်က နန်းတော်တစ်ခုနှင့်ပင် တူလှသည်။

ရွှီယန်ယု၏ လက်ထောက် လျိုယွီ၏ အသံအား တိုက်ရိုက်လွှင့်မှု၌ ကြားလိုက်ရသည်။ သူက ကြည့်ရှုသူများအား ရွှီယန်ယု လွန်ခဲ့တဲ့နှစ်ရက်က ၀ယ်ခဲ့သည့် ထိုအပျော်စီး‌လှေ အကြောင်း ရှင်းပြ‌နေသည်။

ထိုအဆင့်မြင့် သ‌င်္ဘောအား ထိပ်တန်းရေယာဉ်ထုတ်လုပ်သူ beeau မှ ကမ္ဘာ့အကောင်းဆုံး စက်ကိရိယာများ အသုံးပြုပြီး ပြုလုပ်ထားသည်။ ထိုသင်္ဘော၌ ရေကူးကန်တစ်ခုပါပြီး ကဇာတ်ရုံတစ်ခုနှင့် အသေးစားဆေးရုံတစ်ခုပါ ပါရှိလေသည်။ နံရံများမှာ ငွေမျှင်ရောင် ဆေးသုတ်ထားပြီး တီးဝိုင်းတစ်ခုဖျော်ဖြေနိုင်ပြီး လူတစ်ရာကျော်ဆန့်တဲ့ ဖျော်ဖြေပွဲလုပ်ရန်နေရာပါရှိလေသည်။ 2020ခုနစ် Asterda တစ်နှစ်တာဆုပေးပွဲ၌ Savannah လှေမှာ အပျော်စီးလှေ ချန်ပီယံရရှိခဲ့လေသည်။

လျိုယွီပြောသည်ကို နားထောင်ရပြီးနောက် အင်တာနက်သုံးသူများ အံ့ဩသင့်သွားရ၏။

[ ဒီရက်တွေထဲ ရွှီယန်ယု ဒီလောက်ကြီးမားတဲ့ကိစ္စလုပ်နေမှန်း မထင်ခဲ့ဘူး။ သတင်းအသစ်တက်မလာတာ မအံ့ဩတော့ပါဘူး။ သူက အပျော်စီးလှေ ၀ယ်ဖို့ လုပ်နေတာကိုး။ ]

[ အား 2.2 ဘီလီယမ်တွေ ဘယ်လောက်တောင်မှလဲ တစ်ယောက်ယောက် ငါ့ကိုနှိုးကြပါဦး ]

[ Savannah လား ငါအင်တာနက်ပေါ်မှာ ရှာကြည့်ခဲ့တယ်။ဒီလှေက ထိပ်တန်းအ‌ပျော်စီး လှေတွေထဲမှာ အပြည်ပြည်ဆိုင်ရာ‌ ရေပန်းစားမှုဆု ရထားတဲ့လှေတဲ့။ဒါက အကောင်းဆုံးဖြစ်ရမယ် ]

[ ဒါက တော်တော်လေး ခမ်းနားတာပဲ။ ဒီလိုအိမ်မက်ဆန်တဲ့မြင်ကွင်းမျိုးက အပြင်မှာ တွေ့ရဖို့မလွယ်ဘူး]

[ ရွှီယန်ယုက လိုချင်တာဆို ရအောင်ယူတာပဲ။ ကွယ်ဝှက် တိတ်ဆိတ်တာ မျိုးမရှိဘူး။ သူ့လိုလူမျိုး မမြင်ဖူးဘူး။ ]

[ ငါစိတ်အေးအေး ထားပြရပါစေဦး။ နှစ်ဘီလီယမ်တန်တဲ့အပျော်စီးလှေကို ပြောပြီးပြီးချင်း တန်း၀ယ်တာတဲ့။ အချမ်းသားဆုံးလူတွေရဲ့ဘ၀က ဒီလိုအနေအထားမျိုးပေါ့။ တကယ်ကြီး အံ့ဩလို့သေနေပါပြီ။ ]

[ အစ်မကြီးရွှီက လူသားတွေရဲ့သုံးစွဲမှု ကန့်သတ်ချက်ကို ဖောက်ထွက်တဲ့ စွန့်ဦးတီထွင်သူပဲ။ Sevannah က ကမ္ဘာ့ထိပ်တန်း အပျော်စီးလှေထဲက တစ်စီးတဲ့။ ဒါက သာမန်လူတွေ ၀ယ်နိုင်တဲ့အရာတွေ မဟုတ်ဘူး။ ဒီထိပ်တန်း အပျော်စီးလှေကိုပိုင်တဲ့ ပိုင်ရှင်က ဘယ်အဆင့်မှာရှိလဲဆိုတာ တစ်ချက်လောက်ကြည့်ကြဦး။ အဲ့ဩစရာကြီး ဒါကသာမန်လုပ်ငန်းတစ်ခုလိုပဲတဲ့။ ]

[ မတူညီတဲ့အသိုင်းအဝိုင်း ပတ်၀န်းကျင်ကို မြင်ရတာလို့ပဲ ထင်တယ်။ ချမ်းသာတဲ့ဘ၀က တော်တော်လေးလှပတာပဲ။ဒီလို အပျော်စီးလှေမျိုး မြင်ရတာနဲ့တင် ဘ၀မှာ ကံကောင်းနေပါပြီ ]

ကင်မရာမှ ရွှီယန်ယုဘက် လှည့်လိုက်သည်နှင့် ထိုမှတ်ချက်များကို တွေ့ကာ ပြောလေသည်။

"တကယ်တော့ god's prophercyမှာ အလုပ်လျှောက်ထားတဲ့သူတွေကို ဒီ Sevannah ပေါ်မှာ လူတွေ့မေးမြန်းဖို့ ရည်ရွယ်ထားတာပါ။ ကုမ္ပဏီက ဆက်သွယ်တာနှင့် ဒီအပျော်စီးသင်္ဘောပေါ်လာပြီး ပင်လယ်‌ထဲ လူတွေ့မေးမြန်းမှုမှာ ပါ၀င်ရမှာပါ။ "

တိုက်ရိုက်လွှင့်မှုမှာ ကြေငြာပြီးသည်နှင့် ကြည့်ရှုသူများ ထပ်ပြီးအံ့အားသင့်ရပြန်သည်။ တက်လာသည့် မှတ်ချက်များ မြင်ရုံနှင့် ဘယ်လောက်ထိ တုန့်ပြန်မှု မြင့်မားသလဲဆိုတာ သိနိုင်သည်။

ထိပ်တန်းကုမ္ပဏီများ၏ မရေမတွက်နိုင်တဲ့ လူတွေ့မေးမြန်းမှုများအား မြင်ဖူးပေမယ့် ဒီလိုခမ်းနားတဲ့လူတွေ့မေးမြန်းမှုမျိုးတော့ မတွေ့ဖူးပေ။ ပင်လယ်ထဲမှာ လူတွေ့မေးမြန်းမှာတဲ့။

အတော်ကြီး လက်ဖွာတာပဲ။ ဒီသတင်းက စိတ်လှုပ်ရှားစရာကောင်းလေသည်။

[ စိတ်လှုပ်ရှားမနေနဲ့။ သတ္တိရှိရှိနဲ့ အစ်မကြီးရွှီကို ဒူးထောက်လိုက် ]

[ ငါ အသက်ရှင်တာ ကြာလှနေပြီ။ ရွှီယန်ယုလို စီးပွားရေး လုပ်ငန်းရှင်မျိုး မတွေ့ဖူးဘူး။ မင်း အိမ်မက်ထဲမှာ နေထိုင်နေတာမျိုး မဟုတ်ဘူးမလား ]

[ ဒီသတင်းက တကယ်ကြီးလား။ အံ့ဩစရာကောင်းလိုက်တာ ]

[ ရွှီယန်ယု အလုပ်ကို ငါတကယ် သဘောကျတယ် တခြားချမ်းသာတဲ့လူတွေတောင် ရွှီယန်ယုလို လုပ်နိုင်မှာ မဟုတ်ဘူး ]

[ အပေါ်ထပ်က တစ်ယောက်ပြောတာမှန်တယ်။ ဒါက ကြေငြာဆင်းတာမျိုး မဖြစ်နိုင်ဘူး။ ငါပြောခဲ့သလိုပဲ သူ့အဆင်နဲ့ လူတစ်ယောက်က ဒီလိုလုပ်နေစရာမလိုဘူး။ ဒီလိုတွေလုပ်ဖို့ ပိုက်ဆံတွေ အချိန်တွေ အင်အားတွေ ဖြုန်းတီးစရာမှ မလိုတာ။ ဒါက ပင်ပန်းခက်ခဲပြီး အကျိုးမှမရှိတာ။ အလုပ်လျှောက်တဲ့သူတွေကို မေးမြန်းချင်တယ်ဆိုရင်တောင် ဒါက သူလစာဘယ်လောက် ပေးမလဲဆိုတာနဲ့ပဲဆိုင်တာ။ ဒီအလုပ်ခေါ်ယူမှုမှာ ကောင်းကောင်း အလုပ်လုပ်ချင်နေတာပဲ စစ်မှန်မှုကို သူ့ဆီမှာမြင်နေရတယ် ]

[ ဟုတ်တယ် ရွှီယန်ယုက မင်းတို့အတွက် အချိန်ရော အင်အားရော သုံးပြီး ဒါတွေ လုပ်ထားတာ။ ဒါက အလုပ်လျှောက်တဲ့ သူတွေအတွက် ကံကောင်းတာပေါ့။ ငါတော့ အင်တာဗျူးအောင်သွားတဲ့သူတွေကို အားကျနေပြီ ]

[ အင်တာဗျူး မအောင်ရင်တောင် ငါက ကမ္ဘာ့ထိပ်တန်းအပျော်စီးလှေပေါ် ရောက်ဖူးတာပေါ့ ]

တိုက်ရိုက်လွှင့်မှု ပြီးတဲ့နောက် ရွှီယန်ယုက ထိပ်တန်းရှာဖွေမှုထဲ ရောက်သွားပြန်၏။ ဒါက အချိန်‌တော်ကြာ weiboမှာ နေရာယူထားပြီး ချက်ချင်းပင် သတင်းခေါင်းစီးပိုင်းသို့ ရောက်သွားလေသည်။ သူတို့ရဲ့ကိုယ်ရေးမှတ်တမ်းအား လက်ခံမယ်လို့ မတွေးထားတဲ့ အင်တာနက်အသုံးပြုသူများက အခုတွင် အခွင့်အရေးရှိဖို့ရန် မျှော်လင့်နေကြသည်။

လျိုယွီမှ အလုပ်‌လာလျှောက်သူများအား စစ်ဆင်းခြင်းမှာ မြင့်တက်လာခဲ့သည်။ အတွေ့အကြုံရှိအလုပ်လျှောက်သူများ၏ အလုပ်လျှောက်စာများမှာလည်း တိုးလာခဲ့သည်။ အရေအတွက်လည်း များလာခဲ့သလို အရည်အချင်းမှာလည်း တိုးလာခဲ့ပြီး ကျွမ်းကျင်တဲ့ အလုပ်လျှောက်သူများကို ရှာတွေ့ခဲ့သည့်မှတ်တမ်းများလည်း ရှိလေသည်။

လျိုယွီ၏ အကောင့်မှာ အလုပ်လက်ခံစာရရှိသူ ငါးရာခန့်ရှိပြီး ထိုသူများ၏ IDများအား တင်ထားသောအခါ အင်တာနက်ကွန်ရက်တစ်ခုလုံး အားကျနေရတော့သည်။

အရည်အချင်းရှိသူများထဲမှ တစ်ယောက်ဟာ အင်တာဗျူးမှာ လျိုယွီအကြိုက်တွေ့သည့်အတွက် ရွှီယန်ယုဆီသို့ ရောက်သွားခဲ့သည်။

ထိုလူ၏ အလုပ်လျှောက်စာမှာ ပေါ်လွင်ပြီး ပြည့်စုံလွန်းနေသည်။

ကုန်းယွမ်မှာ F နိုင်ငံ ထိပ်တန်းကုမ္ပဏီတစ်ခုမှ ဥက္ကဌတစ်ယောက်ဖြစ်ခဲ့သည်။ သူက လူမသိတဲ့ထုတ်ကုန်တစ်ခုကို လူသိများအောင် စွမ်းဆောင်ပေးခဲ့သည်။

ဒါပေမဲ့ ရွှီယန်ယုမှာ မြင်လိုက်သည်နှင့် တိတ်ဆိတ်သွားခဲ့သည်။

မူလ၀တ္ထုမှာ ဒီလူရှိသောကြောင့် ဖြစ်သည်။

All Chapters