← Chapters

အခန်း (၁၅)

Vol. 2 Ch. 15

အခန်း (၁၅)

Vol. 2 Ch. 15

[အရေးကြီးဆုံးအချက်အနေနဲ့ ဒီရှပ်အင်္ကျီစီးရီးက တောင်ပံကျိုးနေတဲ့ နတ်သမီးတစ်ဦးပုံပဲ။ အဲ့ဒါက စမရောင်းသေးတဲ့ လက်ရာ။ အဲ့ဒါကို မုရှောင် အဆင်သင့်ဝတ်ဖို့ ပြုလုပ်ထားပြီးသား။ ဆိုလိုတာက ဒီစီးရီးရဲ့ ပထမဆုံးထုတ်ကုန်ကို မဖြန့်ချိရသေးဘူး။ အဲ့ဒါကို မုရှာင်ဆီ သူ့ မွေးနေ့ လက်ဆောင်အဖြစ် ပေးခဲ့တာ ]

[ဒီအင်္ကျီစီးရီးရဲ့ ကုန်ကျစရိတ်တွေက မိုးထိအလား များတယ်လို့ မပြောချင်ပေမယ့်လည်း brand တွေရဲ့အကြံတွေအရလည်း ဒီလောက်မြန်မြန် ထုတ်ပြောဖို့ကတော့ မဖြစ်နိုင်လောက်ဘူး။ ပြီးတော့ ဒါကို မုရှောင်ဝတ်ဖို့ ဂရုတစိုက်နဲ့ ပြုလုပ်ဖို့လိုတယ်။ ဒီလောက်အလုပ်ကြိုးစားတာ ဘယ်လိုတောင် အံ့သြဖို့ကောင်းလိုက်လဲ။]

[ အတောင်ကျိုးနေတဲ့ နတ်သမီး စီးရီးရဲ့ အတွင်းပိုင်းက ကိစ္စတွေနဲ့ တခြားတစ်ဖက်မှာရှိတဲ့ ပုံစံတွေကိုသိအောင် ငါ တရားဝင် website ကို သွားလိုက်တယ်။ အဲ့ဒါမှာ ပုံစံမျိုးစုံရှိနေခဲ့ပြီး တစ်ခုချင်းစီမှာ သူ့အဓိပ္ပါယ်နဲ့ သူရှိတယ်။ မင်းတို့ နတ်သမီး အင်္ကျီစီးရီးတွက် လိုတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ဖို့လိုတယ်။ ပြီးတော့ မတူတဲ့ ပုံစံတွေနဲ့  ဒီဇိုင်းတွေအားလုံးကို မြင်စေရမယ်။]

[ ဒါတွေတင်မကဘူး တခြားဟာတွေရောပဲနော်။ မုရှောင်ဝတ်တဲ့ ဒီအင်္ကျီကပဲ ကမ္ဘာပေါ်မှာ အထူးခြားဆုံး ပုံစုံဖြစ်နေရမယ်။ တရားဝင် website တွေကလည်း နောက်ပိုင်း ထူးခြားတဲ့ပုံစ့ဆိုလို ဒီတစ်မျိုးပဲရှိတော့မယ်လို့ ပြောထားတယ်။ ဆိုလိုတာက ရွှီယန်ယုက ဒီပုံစံကို သူ့တစ်ယောက်ထဲတွက် ရည်ရွယ်ပြီး ထုတ်ထားတယ်ဆိုတာပဲ။ တစ်ကမ္ဘာလုံးတွက် ကန့်သန်ထုတ်ကုန် ဖြစ်ဖို့ကလည်း တော်တော်ခက်ခဲတာပဲ။]

[ မင်းတို့ တောင်ပံကျိုးနေတဲ့ နတ်သမီးလေးရဲ့ ကျောဘက်က တောင်ပံခေါက်ပုံကို ကြည့်လိုက်ရင် သိပ်စိတ်ကျေနပ်စရာ မကောင်းဘူးလို့ပဲ ခံစားရလိမ့်မယ်။ ဒါပေမယ့် မင်းတစ်ခြားတစ်ဖက်ကို ကြည့်မယ်ဆိုရင် နွေးထွေးမှုနဲ့ ပေးဆပ်ခြင်းဆိုတဲ့ အရာကို မင်းခံစားမိလိမ့်မယ်။ ဒီပုံစံကြောင့်ပဲ နောက်ထပ်တစ်ဆင့်ကို တက်နိုင်လိမ့်မယ်။ အဲ့ပုံစံက အရမ်းကို ပြည့်စုံတယ်လို့ ခံစားရလိမ့်မယ်။ ဒီပုံစံမှာရှိတဲ့ အယူအဆတွေက နိုင်ငံတကာမှာရှိတဲ့ လက်ရာတွေကို မြင်နိုင်စေတယ်။ ဒါပေမယ့်လည်း ရွှီယန်ယုရဲ့ လက်ရာကတော့ ဒီထက်ပိုဆိုးတယ်။]

[ အထူးသဖြင့်၊ ဒီအင်္ကျီစီးရီးအတွက် ပထမဆုံးအထည်လုပ်ငန်းကို မုရှောင်ကို ပေးလိုက်တယ်။ မုရှောင်လေး ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် ကြီးလာလိမ့်မယ်လို့ ရွှီယန်ယု မျှော်လင့်နေလိမ့်မယ်။ ပြီးတော့ သူနွေးထွေးမှုတွေ ပေးနိုင်မယ်လို့လည်း မျှော်လင့်နေတယ်။ ဒါက သူမ ဖော်ပြပေးချင်တဲ့ အရာတွေဖြစ်တယ်။]

[ ငါထပ်ပြီး တုန်လှုပ်သွားတယ်။ ရွှီယန်ယုလို မိထွေးမျိုး ဖြစ်ဖို့က တကယ်ကို ရှားတယ်။ ဘာလို့ဆို မင်းကို ဒီလို ဂရုစိုက်ပေးနိုင်တဲ့သူက အများကြီး မရှိနေဘူးလေ။]

[ရွှီယန်ယုက မုရှောင်ကို ဒီလို တိုက်ရိုက် ထုတ်လွှင့်မှုတွေမှာ အရင်က ထုတ်ပြတာမျိုးတွေ ဒါမှမဟုတ် သူတို့ကို ဒီလိုတစ်နေရာထဲမှာ တူတူရှိနေတာမျိုးတွေကို မင်းတို့အရင်က သတိထားမိကြဖူးလား။ တကယ့်စောင့်ရှောက်မှုတွေရော အပြုအမူတွေရောက ကင်မရာရှေ့မှာ ထုတ်ပြနေဖို့ မလိုဘူးလေ။ ပြီးတော့ ဘယ်တော့မှ မလို စကားလုံးတွေနဲ့လည်း ဖော်ပြနေစရာ မလိုဘူး။ တစ်ခြားသူက မင်းအပေါ်လုပ်ပေးတဲ့ အရာတွေကို သေသေချာချာ ပြန်တွေးလိုက်ကြည့်။ သူမက သူမလင်ပါသားအပေါ် တကယ်ရော စေတနာပါရဲ့လား။]

[ သူမရဲ့ပင်ကိုယ်စရိုက်ကိုက အဲ့လိုအရာတွေကို ထုတ်မပြောတတ်ရုံပါပဲ။ သူမ မုရှောင်လေးအပေါ် ဘယ်လောက် ကောင်းပြပေးတယ် ဆိုတာကို မပြောလောက်ဘူးလို့ ငါတွေးနေတာ။ ပြီးတော့ သူမက အပေါ်ယံမှာပဲ ဒီလို စောင့်ရှောက်ပေးနေတာ မဟုတ်လောက်ဘူး။ ဒါပေမယ့်လည်း နောက်ပိုင်းကျရင် သူမ မိဘအနေနဲ့ ဒီထက် ကြပ်မက်လိမ့်မယ် ထင်တယ်။]

မုရှောင်က တောင်ပံတစ်ဖက်ကျိုးနေတဲ့ နတ်သမီးလေးအင်္ကျီကို ယူသွားပြီးတဲ့ နောက်ပိုင်း သူ့ခံစားချက်တွေက လုံးဝ ရှုပ်ထွေးသွားခဲ့သည်။ သူက အင်္ကျီကို စိုက်ကြည့်နေရင်းနဲ့ သေတ္တာပေါ်က လက်မှတ်က တစ်ခြားအရာတွေထက် သူ့ကို ပိုပြီးတုန်လှုပ်သွားစေခဲ့လေသည်။ အဲ့အရာကြောင့်ပဲ သူစိတ်တွေ မတည်မငြိမ် ဖြစ်လာသည်။ 

ထိုအမျိုးသမီးက သူ့ကို ပေးလိုက်တဲ့ ဒီအထူးလက်ဆောင်က တကယ့် စေတနာမေတ္တာပါတယ်ဆိုတာ သူ ခံစားမိသည်။ ရွှီယန်ယု ဒီလိုတွေ လုပ်ပေးတာက ဒါက ပထမဆုံးကြိမ်လည်း မဟုတ်ပေ။ 

ဒီရက်ပိုင်းလည်း သူ့စိတ်တွေက ရှုပ်ထွေးနေဆဲဖြစ်သည်။ ပြီးတော့ သူ့ရဲ့မိထွေးက အရင်တုန်းကနဲ့မတူပဲ တစ်ခြားတစ်ယောက်ပြောင်းသွားသလို သူ ခံစားနေရသည်။ ဒါမှမဟုတ် သူက အရင်လို ဆိုးဆိုးရွားရွားပဲ ဆက်ဆံနေခဲ့သေးတာလား။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ သူ့စိတ်နေစိတ်ထားက တော်တော်ကို ပြောင်းလဲလာခဲ့သည်။ 

မုရှောင်ဟာ တကယ့်ကို စိတ်တွေရှုပ်ထွေးနေပြီး သူအတိတ်မှာ ကြုံခဲ့ရသည်များအား မည်သို့မျှ မေ့မရပေ။ ရွှီယန်ယုက အခုလိုတွေ ပြောင်းလဲသွားပေမယ့်လည်း သူလုပ်ခဲ့တဲ့အရာတွေက ပျောက်သွားပြီလို့ ပြောဖို့အတွက်ကတော့ ခတ်ခဲပေလိမ့်မည်။ သူ့ကိုယ်သူ လှေကားပေါ်က လိမ့်ကျအောင် ပြုလုပ်တာပြီးရင် အဲ့လို နောက်ထပ်ပြဿနာတွေလည်း ဖြစ်ခဲ့ဖူးတာပဲ မဟုတ်ပေလား။ 

အဲဲဒါက ဒီနှစ်သူ့ရဲ့မွေးနေ့မှာပေါ့၊ သူ့အတန်းဖော်တစ်ယောက်ဆီက သူကြောင်လေးတစ်ကောင် လက်ဆောင်ရခဲ့တယ်။ အရင်က သူ ကြောင်တွေ အရမ်းသဘောကျခဲ့ပေမယ့်လို့ ရွှီယန်ယုကတော့ ကြောင်တွေကို အရမ်းမုန်းခဲ့သည်။ ဒါ့အပြင် သူ့မကိုယ်သူမလည်း အရမ်းမုန်းခဲ့သည်။ အတိတ်ကအတိုင်းပဲ သူမနားကပ်လာသမျှ အရာတိုင်းကိုလည်း မကြိုက်ချေ။ အဲ့အချိန်မှာ ကြောင်လေးတစ်ကောင်ဟာ သူမအတွက် နွေးထွေးမှုလေး ပေးနိုင်ခဲ့သော်လည်း တခြားနည်းနဲ့ သတ်ပစ်ခဲ့ကြလေသည်။ 

ဒါဟာ မုရှောင် ဘာလို့သူ့မိထွေးကို အရင်က မုန်းနေရလဲဆိုတဲ့ အကြောင်းပြချက်တစ်ခုဖြစ်သည်။ သူက နွေးထွေးမှုဆိုတဲ့ အဓိပ္ပါယ်ကိုပေးတဲ့ တစ်ခုတည်းသောအရာကို ယူဆောင်သွားခဲ့သည်ကို ဘယ်လိုပင် အပြစ်မတင်ပဲ နေနိုင်ပါ့လိမ့်မည်နည်း။ ဒါပေမယ့် အခုချိန်မှာ ဖြစ်နေတဲ့အရာတွေက သူ့ကို အရင်နဲ့မတူတဲ့ ခံစားချက်တွေကို စတင်ဖြစ်ပေါ်စေခဲ့သည်။ 

ရွှီယန်ယုရဲ့အခုပုံစံက သူ အရင်က သိခဲ့တဲ့ပုံစံနဲ့ ကွဲပြားနေတယ်လို့ မုရှောင် ခံစားလာရသည်။ တစ်ဖက်သူရဲ့မျက်လုံးထဲ သူ့ကိုမုန်းတီးမှုတွေ အပြစ်တင်စိတ်တွေကို သူ ရှာမတွေ့ခဲ့ပေ။ ဒါ့အပြင် သူနဲ့ပတ်သတ်လို့ အဲ့လိုအရာတွေ တခုမျှမတွေ့ချေ။ တစ်ချို့သော မကောင်းတဲ့ ခံစားချက်များသည် အေးအေးဆေးဆေးနှင့် ကွဲထွက်နေသည့်အပြင် တစ်ယောက်နှင့်တစ်ယောက် ပြောဆိုနေရာတွင်လည်း ငြိမ်သထက် ငြိမ်နေတော့သည်။ 

သူက လူတွေရဲ့ မျက်လုံးတွေက လိမ်မပြောဆိုသည့် အရာကို ယုံကြည်နေခဲ့သည့်အတွက် အားလုံးကို စောင့်ကြည့်နေမိသည်။ ပြီးခဲ့တဲ့ ဆောင်းဦးရာသီပွဲမှာ သူ ဘာမှမတုံ့ပြန်ခဲ့ခြင်းက ထိုအရာကို သူ မမြင်တာ မဟုတ်ရင် မျက်ကွယ်ပြုထားတာဟု ဆိုလိုခြင်းမဟုတ်ပေ။ 

တကယ်တော့ သူ စောင့်ကြည့်နေခဲ့တာ ကြာပြီ။ ပြီးတော့အခုချိန်မှာ သူ့မိထွေးက အရင်ထက် ပိုကောင်းလာတယ်လို့ ခံစားမိသည်။ 

မုရှောင်က ဒီနေ့ည သူ့သူငယ်ချင်းပေးတဲ့ ကြောင်လေး၏  နာမည်ကို ထောင်ဇီဟု တွေးလိုက်မိသောအခါတွင် သူအနည်းငယ် စိုးရိမ်ပူပန်နေခဲ့သည်။ ဒါပေမယ့် သူ့ရဲ့ဘဝမှာရှိတဲ့ အရာတွေက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဒါ့အပြင် အချို့သောအရာများ၏ အဆုံးသတ်များကိုလည်း ပြောင်းလဲနိုင်ပြီဖြစ်သည်။

အခုချိန်မှာ သူ့ရဲ့ပြန်မွေးဖွားလာမှုကြီးက သူ့ဘဝရဲ့မကျေနပ်စရာ အရာတွေကို ပြောင်းလဲဖို့အတွက် အခွင့်အရေးပင် ဖြစ်သည်။ ဒါကြောင့် သူက အခုလက်ရှိအချိန်ဟာ ဘာဖြစ်မလဲဆိုတာကို အတိတ်ကကဲ့သို့ ဆုံးဖြတ်၍ မရတော့ပေ။ 

မုရှောင်က ရှေ့သို့ ရဲရဲရင့်ရင့်ဖြင့် ဆက်တိုးရန် ခနတာ အချိန်ယူကာ တွေးနေခဲ့သည်။ ဒါ့အပြင် ရွှီယန်ယု သူ့ကိုမွေးနေ့ပွဲမှာ ပေးထားတဲ့အင်္ကျီကို ဝတ်လိုက်တော့သည်။ 

ဒီ့မတိုင်ခင်ကဆိုလျှင် သူ့မှာ အခုလိုအတွေးမျိုး ဘယ်တုန်းကမျှမရှိခဲ့ပေ။ ရှိခဲ့လျှင် ရူးသွားသလားပင် ထင်မြင်နေတော့ပေမည်။ အဓိကအားဖြင့် သူ့အတိတ်ဘဝမှ ပြသနာများကို အနည်းငယ် ပြေလည်စေချင်ရုံ ဖြစ်ပေသည်။

ရွှီယန်ယုက ခြေလှမ်း ၉၉ လှမ်းကို လှမ်းရင် မုရှောင်က နောက်ဆုံးခြေလှမ်း တစ်လှမ်းကို လှမ်းဖို့ရန် ဆုံးဖြတ်ခဲ့သည်။ သူ့ရဲ့ဘဝတစ်လျှောက်မှာ ဒီအရာတွေက သူပြန်လည်မွေးဖွားပြီးမှ ဖြစ်လာခြင်းဖြစ်သည်။ ဒါ့အပြင် အမုန်းတရားသည် မည်သည့်အရာကိုမျှ မဖြေရှင်းနိုင်ပေ။ သူက သူကိုယ်သူမှ စကာ စပြောင်းလဲခဲ့လေသည်။ 

မုရှောင်ဟာ ဒါကစမ်းသပ်မှုပဲဖြစ်စေ စိတ်အရပဲဖြစ်စေ ဒီအခြေခံ ပြဿနာလေးများကို ဖြေရှင်းချင်ပါလျှင် မတွန့်ဆုတ်နေသင့်ဘူးဟု ခံစားမိခဲ့သည်။ ထိုသို့မှမဟုတ်လျှင် သူသည် မည်သည့်အရာကိုမျှ ဖြေရှင်းနိုင် ပြောင်းလဲနိုင်မည် မဟုတ်တော့ချေ။ 

တစ်ဖက်မှာဆိုလျှင်လည်း ရှန်မိသားစု၏ မင်္ဂလာပွဲမှာ အင်မတန် ကြီးကျယ်လှပေသည်။ ထိုပွဲရဲ့ ၁၅ ရက်မြောက်နေ့က ရှန်မိသားစု အကုန်လုံး ပါဝင်ဆင်နွှဲကြမည့် ထူးခြားသော ရက်ပင်ဖြစ်သည်။ ထိုမင်္ဂလာပွဲမှာ အလွန်ပင်ကြီးကျယ် ခမ်းနားကာ စည်ကားလှသည်။ ထိုပွဲဟာ အနည်းဆုံး ဒေါ်လာ ၃၀ မီလီယံလောက် ကုန်ကျမည်ဖြစ်သည်။ ထိုအရာက ရှန်မိသားစု ဘယ်လောက် ချမ်းသာကြောင်း ဖော်ပြလိုခြင်း ဖြစ်သည်။ 

အဲ့ပွဲမှာ ကျန်းချင်ယွင်ဝတ်သော ပန်းရောင်စိန်စီဘယက်ကြီးသည် အလွန်တရာမှ ခမ်းနား ကြီးကျယ်လှသည်။ ရှန်ဖန့်သည် ထိုလည်ဆွဲကို လေလံပွဲတွက် ၄.၃ သန်းပေးကာ လေလံအောင်ခဲ့ခြင်း ဖြစ်သည်။ 

ဒီပန်းရောင်စိန်သည် ဥရောပတိုက်တခွင်လုံးတွင် တစ်လုံးတည်းသာရှိသော စိန်ဖြစ်သည်။ ထိုအရာဟာ တန်ဖိုးမဖြတ်နိုင်သော ကျောက်မျက်ရတနာ တစ်ခုပင်။ ထိုကျောက်မျက်ရတနာကို ဒီလိုမျိုးလွယ်လင့်တကူ မဝတ်ချင်သော်ငြားလည်း ရှန်ဖန့်ရဲ့ မင်္ဂလာပွဲအခမ်းအနားမှာတော့ အားလုံးရဲ့ စိတ်ဝင်စားမှုရဖို့ရန်အတွက်ငှာ ဝတ်ဆင်ဖို့ရန် ထိုစျေးကြီးသည့်အရာကို ရွေးချယ်လိုက်သည်။ သေချာတာကတော့  ကျန်းချင်ယွင်တုန်းက ဝတ်ထားတဲ့ ပန်းရောင်စိတ်လည်ဆွဲက တစ်ဆယ်ကာရက်ထက်တောင် ပိုများခဲ့သည်။ ထိုအကြောင်းမှာ လူမှုကွန်ရက်ပေါ်တွင် မင်္ဂလာဆောင်ပြီးသွားသည်နှင့်တစ်ပြိုင်နက် အလွန်ပင် ပြောစရာဖြစ်လာခဲ့သည်။ 

ထိုပန်းရောင်စိန်လည်ဆွဲက လူတွေရဲ့အာရုံကို အင်မတန် ဖမ်းစားနိုင်သည်။ ထိိုလည်ဆွဲသည် လူတွေရဲ့အာရုံကို မဆွဲဆောင်နိုင်သည်မှာ မဖြစ်နိုင်ပေ။ ထို့ပြင် ပန်းရောင်စိန်များဆိုသည်မှာ စိန်များထဲတွင် ထွဋ်ခေါင်ရတနာတစ်ပါး ဖြစ်သည့်အပြင် အင်မတန်မှပင် တန်ဖိုးကြီးမားလှပေသည်။ ထို့အပြင် သူ့ရဲ့ စိန်တစ်လုံးချင်းစီမှာ တခြားသောစိန်များထက် ဂရမ်များစွာ တန်ဖိုးကြီးလွန်းလှသည်။ 

ထိုကဲ့သို့ စိန်အရည်အသွေးကောင်းကောင်းနှင့် ကြီးမားသော ပန်းရောင်စိန်များကို ချမ်းသာသောလူများ အားလုံးတို့ပင် မဝတ်ဆင်နိုင်ကြပေ။ ထို့ကြောင့် ပိုင်ဆိုင်ဖို့ဆိုလျှင် ပိုလို့ပင် ရှားလှလေ၏။ 

ထို့ကြောင့် ကျန်းချင်ယွင်ရဲ့ ယခုလို တန်ဖိုးကြီးတဲ့လည်ဆွဲကို လူမှုကွန်ယက်သုံးစွဲသူများ မြင်လိုက်ရသောအခါ လွန်စွာပင် အံ့သြသွားခဲ့ရသည်။ 

[ ဟူးးးး၊ ဒါက ရှန်ဖန့် ကျန်းချင်ယွင်အပေါ် ဘယ်လောက်ကောင်းကြောင်းကို တွေ့နိုင်တယ်။ သူက ဒီလောက်အဖိုးတန်တဲ့ အရာကို သူမအတွက် ဝယ်ပေးဖို့ ဆန္ဒရှိတယ်လေ။]

[ငါလေလံပွဲမှာတုန်းက ဒီထက်သေးတဲ့ ပန်းရောင်စိန်ကို လေလံဆွဲတာ မြင်ဖူးသေးတယ်။ အဲ့ဒီ့ကျောက်က အခုလိုတောင် သန့်မနေဘူး။ သူ့အပေါ်က ကျောက်ဖြတ်ရာတွေကလည်း ဒီလို တောက်ပ မနေဘူး။ အဲ့ဒါတောင် ယွမ် ၂၀၀မီလီယမ်လောက် တန်ကြေးရှိတယ်။ ဒီထက်သာကြီးရင် အဲ့နှစ်ဆလောက် ရှိမယ်ထင်တယ်။]

[ အဲ့ဒါက ခန့်မှန်းခြေ ၄၀၀ မီလီယံလောက် ရှိမယ်ထင်တယ်။ ဒီလို ၄၀၀ မီလီယံတန် လည်ဆွဲကို ပုံမှန်ဝတ်နေကြအရာလို လည်ပင်းမှာ ဝတ်လာတယ်။ ထိပ်တန်းသူဌေးတွေရဲ့ ဘဝတွေကတော့ ရိုးရှင်းပြီး ဟန်ဆောင်မှု ကင်းလိုက်တာကွာ။]

[ကျင်းချင်ယွင်က ဒီလိုစျေးကြီးတဲ့လည်ဆွဲကို ဝတ်လာတယ့်အတွက် သူမကို အဓိက ကာကွယ်ပေးရတော့မယ်။ သူမ အန္တရာယ်တွင်းထဲ ဆင်းနေတာလို့ ငါထင်တာပဲ။ ငါတို့ဘယ်လိုပဲပြောပြော ရှန်မိသားစုက လုံခြုံရေးအတွက် ထိပ်တန်း BG အဖွဲ့ကို အဖွဲ့လိုက် ငှားထားတယ်လေ။ ဒီပွဲက တကယ်ကို ကြီးကျယ်ခမ်းနားပြီး လူချမ်းသာတွေရဲ့ ပုံစံမျိုးစံကို တွေ့ရတာပဲ။]

[အဲ့ဒါက ဘာကိုပြောတာလဲ? ရှန်မိသားစုက ကျင်းချင်ယွင်ကို သူ့တို့ရဲ့သမီးအရင်းလို သဘောထားပြီး တုန်နေအောင် ချစ်ပေးတယ်လို့ ဆိုလိုတာ။ ပြီးတော့ ဘာတွေပဲဖြစ်ဖြစ် သူမကို အကောင်းဆုံးဆိုတဲ့ အရာတွေပဲ ပေးတာလေ။ ]

[ ဘယ်လိုတောင် ပျော်ရွှင်စရာကောင်းတဲ့ ဘဝကြီးလဲ။ မနာလိုလိုက်တာ။]

[ ၁၅ ရက်မြောက်နေ့မှာတော့ ရှန်မိသားစုက မင်္ဂလာပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တယ်။ ပွဲတစ်ခုလုံးက ကြီးကျယ်တာထက်ကို ကြီးကျယ်လွန်းတယ်။ ကျန်းချင်ယွင်ရဲ့ ပန်းရောင်စိန်လည်ဆွဲကြောင့် သူမ အာရုံစိုက်မှုကို ရသွားတယ်။ လူပေါင်းများစွာအတွက် သူမရဲ့ လည်ဆွဲအကြောင်းက ပြောစရာအတိပဲ]

ထိုပန်းရောင်စိန်နှင့် မင်္ဂလာပွဲအခမ်းအနားမှာ ကျန်းချင်ယွင်နှင့် ရှန်မိသားစုရဲ့ ပေါင်းစည်းမှုကို ပြောစမက်တွင်စရာ ဖြစ်နေခဲ့သည်။ မင်္ဂလာပွဲပြီးတဲ့နောက် ဒီလိုများစွာသော ယှဥ်ပြိုင်မှုဖြစ်နေတဲ့ ခေါင်းစဥ်များကို လူတွေအား မလုပ်စေလိုခြင်းငှာ ခက်ခဲလွန်းလှချေ။ 

၁၆ရက်မြောက်နေ့တွင် အင်တာနက်သုံးစွဲသူများ ပိုမို၍ အာရုံစိုက်လာသောအရာမှာ မွေးနေ့ပါတီ၏ တစိတ်တစ်ပိုင်းနှင့် ရွှီယန်ယုဝတ်မည့် ရတနာများကြောင့် ဖြစ်သည်။ လူအများသည် ရွှီယန်ယုဝတ်ဆင်မည်မှာ ကျန်းချင်ယွင် ဝတ်ဆင်ခဲ့သည်ထက် ပိုမိုသာလွန်မည်ကို မျှော်လင့်ခဲ့ကြပြီး သူမ အရင်က မှာယူဖူးသော ယွမ်ပေါင်း ၃၀၀ မီလီယံတန် Rose illusion နာရီပင်ဖြစ်သည်။

ထိုမွေးနေ့ပွဲတွင် မမျှော်လင့်စွာဖြင့် ရွှီယန်ယုသည် မည်သည့် လက်ဝတ်လက်စားကိုမျှ မဝတ်ဆင်ခဲ့ပေ။ ဒါ့အပြင် သူမသည် မည်သည့် ဝင့်ကြွားစေသောအရာကိုမျှ မဝတ်ဆင်ခဲ့ချေ။ သူမသည် ဂါဝန်ဖြူဖြူလေးနှင့် နှင်းဆီပုံအချို့ပါသော စကပ်လေးအား ဝတ်ဆင်လာခဲ့သည်မှာ နတ်ဘုရားတစ်ပါးအလားပင် ဖြစ်နေလေသည်။ Sprophecy က ခုထိ မထုတ်ဝေရသေးတဲ့ ဒီဇိုင်းအသစ်ပင်။ ဒီအထည်က ခပ်လျှိုလျှိုဖြစ်တယ် ထင်ရပေမယ့် ဒီစကပ်တစ်ထည်ရဲ့တန်ဖိုးက အင်မတန် စျေးကြီးလှသည်။ ဒီအပေါ်မှာရှိတဲ့ ပုံစံတွေက လက်နဲ့ပုံဖော်ထားတာဖြစ်တယ်။ ဒီစကပ်တစ်ထည်ကို ချုပ်ဖို့သုံးထားတဲ့ ပိတ်စသည်လည်း တစ်မီတာကို ယွမ်နှစ်သောင်း ပေးရသည်။

ဒါပေမယ့် ဒီဟာက အလွန် ကျက်သရေရှိပြီး နူးညံ့သိမ်မွေ့လှသည်။ သူမက ပိုးသား ကုတ်အင်္ကျီကို ပေါ့ပေါ့ပါးပါးပဲ ဝတ်ဆင်ကာ သူမရဲ့ဆံပင်ရှည်ကိုလည်း သပ်သပ်ရပ်ရပ်သာ ဖြီးထားသည်။ သူမ၏ ခေါင်းထက်တွင် ငွေရောင် နှင်းဆီပန်းကလစ်ကိုလည်း ပန်ထားခဲ့သည်။ 

[ ရွှီယန်ယုရဲ့အဝတ်တွေက ဒီနေ့ အရမ်းရိုးရှင်းနေသလိုပဲ။ သူက ကျန်းချင်ယွင်လိုမျိုး မချမ်းသာလို့လား။ အဲ့ဒါကြောင့် သူမ ဘာလက်ဝတ်ရတနာမှ မဝတ်တာလား?]

[ အဲ့ဒါကြာင့် ရုတ်တရုက် ကျင်းချင်ယွင်လို အရောင်အဝါမရှိဘူးလို့ ထင်လာကြတယ်။]

[အဝတ်အစားတွေက ဒီလောက်ရိုးရှင်းနေတာ ဒီမွေးနေ့ပွဲကိို သူမ သိပ်ဂရုမစိုက်ဘူးလို့ ငါထင်တယ်။ ]

သူမရဲ့ အတွေးအများစုက ဒီမွေးနေ့ပွဲအတွက်သာ ဖြစ်ပေသည်။ မုရှောင်ရဲ့ အတန်းဖော်တွေ အကုန်လုံးကို ဖိတ်ကြားခဲ့သည့်အတွက် ထိုပွဲမှာ လွန်စွာပင် အသက်ဝင်လှသည်။ သူတို့အားလုံးက ငယ်ရွယ်ပြီး အားအင်အပြည့်ဖြင့် ပါဝင်လာကြသည်။ 

ဒါ့ကြောင့်ပင် အပန်းဖြေဖို့ရန်နေရာများ နှင်းလျှောစီးရန်နေရာများနှင့် မုမိသားစု၏ လက်အောက်ရှိ ပင်လယ်ကဲ့သို့ပြုလုပ်ထားသော ပန်းခြံများကို ဖွင့်လှစ်ခဲ့လေသည်။ ထို့နောက် ကလေးများသည် ထိုနေရာတွင် တပျော်တပါး ဆော့ကစားနေကြလေသည်။ 

ဒါ့အပြင် နာမည်ကြီး အနုပညာသည်များကိုလည်း ဖျော်ဖြေရန်လို့ငှာ ဖိတ်ကြားခဲ့သည်။ သို့သော်လည်း အဓိကဖြစ်သည့် မွေးနေ့ရှင်လေး မုရှောင်မှာ စိတ်မပါသဖွယ်ဖြစ်နေတာ သူ့ကိုယ်သူပင် ဘာတွေးနေမှန်းမသိ ဖြစ်နေတော့သည်။ 

ပထမဆုံးအနေနှင့် သူသည် နာရီကိုသာလျှင်ကြည့်နေပြီး သူ့အဖေ လာမည် မလာမည်ကို သူ မသိပေ။ သူ အကြိမ်ကြိမ် နှောင့်နှေးနေခဲ့ရသည်မှာ သူတိူ့၏ အိမ်တော်ထိန်းမှ သူ့လေယာဥ်က ထွက်လာနေပြီ။ လမ်းမှာတခုခုကြောင့် ကြာနေသည် ဟုပြောထားလေသည်။ 

ပြီးနောက် ကြောင်လေးအား ဂရုစိုက်ပေးရန် အိမ်အကူတစ်ယောက်မှ ယူသွားလေသည်။ သူ အားအင်အပြည့်ဖြစ်နေသော ထောင်ဇီလေးကို မြင်လိုက်ရသောအခါ မုရှောင်သည် သူ၏ နှလုံးသားထဲတွင် ဆစ်ခနဲနာကျင်သွားခဲ့ရသည်။ သူဟာ ဒီကြောင်လေးကို သေချာကာကွယ်သွားမည် ဖြစ်သည်။ ထိုကြောင်လေးအား စောစောထွက်သွားရန် ခွင့်မပြုနိုင်ပေ။

မုရှောင်သည် သက်ပြင်းချကာ သူ၏စိတ်ခံစားချက်များကို ဖုံးကွယ်ကာ ထားလိုက်သည်။ ထို့နောက် သူ့မွေးနေ့ပွဲသို့လာရောက်သော အတန်းဖော် သူငယ်ချင်းများအား မင်္ဂလာပါဟု အသံတိုးတိုးလေးဖြင့် လေးနက်စွာ နှုတ်ဆက်ခဲ့သည်။

All Chapters