← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

ရုတ်တရက်ဆိုသလို ခြံဝန်းထဲရှိ အမိုးပွင့်စတိတ်စင်ပေါ်မှ ထွက်လာသောအသံမှာ ကြော့ရှင်းကာ ထို ရော့ခ်ဂီတသံမှာ တုပ်လှုပ်ဖွယ်ဖြစ်၍ ထိုအဆိုတော်၏ အသံမှာ လွန်စွာ ရင်းနှီးနေဟန် ဖြစ်နေသည်။ 

မုရှောင် ထိုအသံကိုကြားသည်နှင့် လှည့်ကြည့်လိုက်မိသည်။ ဒါဟာ သူ၏အကြိုက်ဆုံး ရက်ပါအဆိုတော် မဟုတ်ပါလား။ ဒါဟာ သူတို့အကြီးစားအားပေးသူတွေအတွက်ပင် မကြားဖူးလှသော သံစဥ်ဖြစ်သည်။ ဒါကခုချိန်ထိ မထုတ်ရသေးသောသီချင်းများ ဖြစ်နေပါလိမ့်တကား။ ဒါဟာ သူ့မွေးနေ့ပွဲအတွက် ရေးစပ်ထားပေးတဲ့ သီချင်းတစ်ပုဒ် ဖြစ်နိုင်ပါ့မလား။ ဒါတွေက အိပ်မက်တွေများလား။

ရွှီယန်ယုသည် သူ၏မွေးနေ့ပွဲအတွက် ATR ကို အထူးဖိတ်ကြားခဲ့ခြင်း ဖြစ်ပေသည်။ 

မုရှောင်သည် အံ့သြမှင်သတ်နေကာ သူ၏အတန်းဖော် သူငယ်ချင်းများကလည်း မှင်သတ်နေခဲ့ကြသည်။ ဒါက တစ်ကယ့်ကို ရက်ရောလွန်းတာပဲ။ ATR ပွဲတွက်လက်မှတ်တွေက ဝယ်ဖို့ရန် ဘယ်လောက်ချမ်းသာ အောင်မြင်နေသူဖြစ်ပါစေ ခက်ခဲလှသည်။ ဒါတောင် မွေးနေ့ကို လာရောက်ဖျော်ဖြေပေးတာ ဘယ်လိုဆက်နွယ်မှုမျိုးပါလိမ့်။

[ ဘုရားရေ အစ်မရွှီ အစ်မ သူ့ကိုအရမ်းအလိုမလိုက်နဲ့၊ နင် နင့်ရဲ့လင်ပါသားကို အရမ်းအလိုလိုက်လွန်းတယ်။]

[ ငါ အရမ်းကို တုန်လှုပ်သွားခဲ့တယ်။ ဒါက နိုင်ငံတကာမှာ ကျော်ကြားတဲ့ ATR အဖွဲ့မလား။ ငါအရင်က ဒီပွဲကို ကြည့်ချင်လွန်းလို့ ဒေါ်လာတွေ ရာနဲ့ထောင်နဲ့ချီပြီး အကုန်ခံခဲ့ရတာ။ ဒီတစ်ခါတော့ သူတို့ကို ငါ့အိမ်ကို တိုက်ရိုက်ဖိတ်ကြားလာမယ်လို့ မမျှော်လင့်ဖူးဘူး]

[ ရွှီယန်ယု - ကလေးက ဒါတွေကို ကြိုက်နေသ၍ ငါကျေနပ်တယ်။]

[ ဒါက မုရှောင်ကို ပေးလိုက်တဲ့ အံ့သြဖို့ကောင်းတဲ့ လက်ဆောင်ပဲ။ သူ့ရဲ့မျက်လုံးတွေက ချက်ချင်း အရောင်တွေတောက်လာတယ်လို့တောင် ခံစားရတယ်။]

[ ညီမရွှီရေ ဒါက ကလေးအတွက် မလွန်ဘူးလား။ ငါမနာလိုလွန်းလို့ ရွှီ့ရဲ့ ကလေးတောင်ဖြစ်ချင်သွားပြီ။]

[ အရင်ဆုံး တန်းစီရအောင်၊ ဟုတ်ပြီလား။ ညီမရွှီက တကယ်ကို လူကောင်းတစ်ယောက်ပဲ။ သူမက လူတွေကို ခံစားရအောင်လုပ်နေတယ်။ သူမက ကောင်းတယ်၊ ကောင်းလွန်းတယ်။ သူမက လူတွေကို မျက်ရည်ကျလောက်တဲ့ထိပဲ။]

မုရှောင်ရဲ့ အတန်းဖော်တွေဟာလည်း ATR အဖွဲ့ရဲ့ အားပေးသူတွေဖြစ်သည်။ ဒါက ချမ်းသာတဲ့မိသားစုက လူငယ်လေးတွေနဲ့ မင်းသားမင်းသမီးတွေသာလျှင် သူတို့ရဲ့ လူကြီးတွေဆီက ဘယ်လို ဆက်ဆံခံရလဲဆိုတာကို သိသင့်သည်။ မိခင်အစစ်တွေသာ တစ်ယောက်ထဲ လုပ်နိုင်တာတွေပေါ့။ 

ဒါက ရွှီယန်ယု တခြားသာမန်မိဘတွေနဲ့ယှဥ်ရင် ကွဲထွက်နေတာကို တွေ့မြင်နိုင်သည်။ သူမက သူမကလေးရဲ့ စိတ်ထဲမှာရှိတဲ့ ခံစားချက်၊ ဝါသနာ၊ စိတ်ခံစားမှုအခြေနေတွေကို ဂရုစိုက်ရုံသာဖြစ်ပြီး ဒြပ်ဝတ္ထုပစ္စည်းတွေပေါ်မှာ စိတ်ကျေနပ်နေခြင်း မဟုတ်ပေ။ 

ရွှီယန်ယုကဲ့သို့ သားသမီးတွေရဲ့ဝါသနာတွေကို ထောက်ပံ့ပေးတဲ့ မိဘမျိုးက ဒီအတန်းဖော်တွေကြားထဲ မရှိခဲ့ပေ။ ဒီလိုအရာမျိုးတွေကို သူတို့ရဲ့မိဘတွေကို သွားပြောတဲ့အခါမှာ သက်ပြင်းချကာ စိတ်ပျက်စရာကောင်းတယ်ဟုသာ တွေးထင်ကြသည်။ 

ဒါဟာ အားလုံးကြားက ကွဲပြားမှုဖြစ်ပြီး အားလုံးကိုလည်း တုန်လှုပ်သွားစေခဲ့သည်။ အဲ့လိုမိဘမျိုးသာလျှင် သားသမီးအပေါ် သေချာ လေးစားမှုပေးနိုင်ကြပေသည်။ 

စိတ်လှုပ်ရှားစွာဖြင့် မုရှောင်လည်း စင်ပေါ်ကိုပြေးတက်ကာ သူရဲ့အကြိုက်ဆုံး ATRရဲ့ အဖွဲ့ခေါင်းဆောင်ဆိုတော်ကို ပြေးဖက်လိုက်သည်။ သူက ကလေးငယ်တစ်ယောက်ကဲ့သို့ သူ့ရဲ့စိတ်ညစ်စရာတွေအားလုံးမှ ထွက်လာကာ ငိုပြီးရင်း ငိုနေတော့သည်။ သူ့ရဲ့အိုင်ဒေါကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာ သူဟာ သူ့ရဲ့စိတ့ညစ်စရာတွေ စိုးရိမ်ပူပန်မှုတွေ မကျေနပ်မှုတွေ ရှုပ်ထွေးမှုတွေကနေ ရုန်းထွက်နိုင်ခဲ့သည်။ 

မုချောင်ယွင် လေဆိပ်ကနေ ပြန်ရောက်လာတဲ့အခါမှာ သူ့သားက တရှုံ့ရှုံ့နှင့်ငိုနေသည်ကို တွေ့လိုက်ရသည်။ သူရဲ့သားအား မည်သူအနိုင်ကျင့်သည်ကို မသိခဲ့ပေ။

ဒါပေမယ့် ဘာတွေဖြစ်နေသည်ကို သူသိသွားသည့်အခါ သူ ရုတ်တရက်ဆိုသလို တိတ်ဆိတ်သွားခဲ့သည်။ သူအရင်ကလည်း ဒီလို တိတ်ဆိတ်ခဲ့ရသည်မှာ ဘယ်လောက်တောင်များခဲ့ရသည်ကို သူ မသိချေ။ ဒီအခြေအနေက သူ့အတွက် အရမ်းထူးဆန်းလှသည်။ 

မုချောင်ယွင် ရွှီယန်ယုရဲ့ တည်ငြိမ်နေတဲ့ မျက်နှာထားကို မြင်လိုက်ရသောအခါ သူပြန်ရောက်လာသည်ကို သိသည်ထိတိုင် သူမ မသိလည်း ဘာမှပြောင်းလဲသွားမည် မဟုတ်ပေ။ 

မုရှောင်သည် ငိုထားသော မျက်လုံးနီလေးများဖြင့် အိမ်ပြန်လာသော သူ့ အဖေဆီ ပြေးသွားခဲ့သည်။ တစ်ခါတလေ တခြားသူတွေက သူ့ကို မနာလိုဖြစ်နေကြပေမယ့် သူ ဘာကို မနာလိုနေမှန်းကို သေချာထုတ်ပြောဖို့ငှာ မသိကြချေ။ ဒီတချိန်မှာတော့ သူတို့ မုရှောင်ကို တကယ် မနာလိုခဲ့ကြပေ။

ဒါက မုရှောင် အချစ်များစွာကို ရရှိထားတယ်ဟု ဆိုလိုနိုင်သည်။ 

အရပ်ရှည်ရှည်နှင့် တောင့်ဖြောင့်လှသော အမျိုးသားသည် သူ့အိတ်ကပ်မှ သန့်ရှင်းမွှေးကြိုင်လှသော လက်ကိုင်ပဝါတစ်ထည်ကို ထုတ်ယူလိုက်သည်။ ထိုပေါ်တွင် ရွှေချည်များဖြင့် စာလုံးများ ရေထိုးထားသည်။ ထိုအရာဟာ မု ဆိုတဲ့ အရာကို ပုံဖော်ထားတာ ဖြစ်ပုံရသည်။ သူ ကောင်လေးငယ်လေးရဲ့ မျက်ရည်များကို သုပ်ပေးလိုက်ကာ သူ့ ပုခုံးကိုပုတ်၍ ပြောလိုက်သည်မှာ

“ ကဲ။ မငိုနဲ့တော့ ဒီမှာ သားတွက်ယူလာတဲ့ လက်ဆောင်တွေကို ကြည့်လိုက်ပါဦး။ ဒီနေ့တော့ မင်းက ကမ္ဘာပေါ်မှာ အပျော်ဆုံးလူဖြစ်မယ် ထင်တယ်။”

မုရှောင် သူ့အဖေကိုကြည့်ပြီးနောက် ရွှီယန်ယုကို ကြည့်လိုက်ကာ မျက်ရည်များထပ်ကျလာပြန်သည်။ ဒါပေမယ့် သူ သူ့ခေါင်းကိုငုံ့ထားကာ ဒီတစ်ခါသူ့မွေးနေ့က သူ့ဘဝတစ်လျှောက်လုံး မေ့မရတော့မည့် နေ့သာဖြစ်ပေသည်။ 

[ ဘုရားရေ၊ မစ္စတာမု ပြန်ရောက်လာပြီ။ ဒါဟာ သတင်းထူးပဲ။ ရက်တွေအများကြီး ကြာပြီးတဲ့နောက်မှာမှ ယောက်ျား တစ်ယောက်ပါဝင်လာတာပဲ။ ငါထင်တာ ညီမ ရွှီက သူ့ယောက်ျားနဲ့ တူတူမရှိတော့ဘူး ထင်ထားတာ။]

[ရယ်မိပြီ၊ မစ္စတာမုသာ ပြန်မလာဘူးဆိုရင် သူ့မှာ တစ်ခုခုမကောင်းတာ ဖြစ်တော့မယ်ထင်တယ်။]

[ သူဒီတစ်ခါပြန်လာတာ ရွှီယန်ယုအတွက် မဟုတ်ဘူး။ သူ့သားမွေးနေ့အတွက် ပြန်လာတာ။ မင်းတို့က ဘာလို့ ဒီလောက်စိတ်လှုပ်ရှားနေရတာလဲ။ ငါ့အထင်တော့ ဒီနှစ်ယောက်ရဲ့ ဆက်ဆံရေးက ဆိုးရွားနေတုန်းပဲထင်တယ်။ ကျန်းချင်ယွင်က ရှန်ဖန့်ရဲ့ ချစ်ခင်တာကို ခံရတယ်။ ပန်းရောင်စိန်ကြီးကို သူမ ပေးလိုက်တာက ပိုပြီးခမ်းနားသွားစေတာပဲ။ တကယ်ကိုကွာခြားကြတာပဲ။ စိတ်ခံစားမှုတွေအရဆို ဒီအရာတွေကို ဘယ်တော့မှ ယှဥ်နိုင်မှာမဟုတ်ဘူး။]

[ ငါတော့ ဒီအရာတွေက အဲ့လောက်ဆိုးရွားတယ် မထင်ဘူး။ မစ္စတာမုရဲ့ရင်မှာတော့ ရွှီယန်ယု ရှိသေးတယ်ထင်တယ်။ မစ္စတာမုက မုရှောင်အတွက် လက်ဆောင်တွေကို လေကြောင်းကနေယူလာတဲ့ အပိုင်းကို ကင်မရာကနေ ဖျက်လိုက်တယ်။ အဲ့ထဲမှာ လက်ဆောင်တွေက ရာချီပါလာတာ။ အဲ့ထဲက တစ်ခုက ရတနာသေတ္တာကြီးလေ။ အဲ့ဒါကိုလုံခြုံတဲ့နေရာမှာ ထားထားတယ်။ အဲ့ဒါကို မစ္စတာမုရဲ့ အတွင်းရေးမှုးက တိတ်တိတ်လေးယူသွားတာ။ ဒါက တန်ဖိုးကြီးလို့ လုံလုံခြုံခြုံထားဖို့လိုလို့ ဖြစ်လိမ့်မယ်။ ပြီးတော့ အဲ့ဒါက ရွှီယန်ယုကို ပေးဖို့နေမယ်။]

[ ဒါက ရွှီယန်ယုကို ပေးဖို့အတွက်လို့ ဘယ်လိုသက်သေပြနိုင်လဲ။ အဲ့ဒါကို မင်းသက်သေပြနိုင်လား။]

[ဘာလို့ဆို အဲ့သေတ္တာက ရွှီယန်ယုရဲ့ အဝတ်လဲခန်းထဲမှာရှိတယ်။ အဲ့ဒါကြောင့် သူမကို ပေးထားတယ်ဆိုတာလေ။ ဒီမှာသက်သေပြဖို့ စခရင်ရှော့တွေ။]

[ အဲ့လိုဆိုတိုင်း ဒါက တန်ဖိုးကြီးတဲ့ အရာလို့ မဆိုနိုင်ဘူးလေ။ ဒါက ကျပန်းယူလာတဲ့ဟာလည်း ဖြစ်နိုင်တာပဲ။ ပြီးတော့ အဲ့ဒါကို သူမဆီ မပေးဘူး ဆိုရင်လည်း မကောင်းလို့နေမှာပေါ့။ တစ်ခုခုတော့တစ်ခုခုပဲနေမှာပေါ့။]

[ မွေးနေ့ညစာစားပွဲမတိုင်ခင် ရွှီယန်ယု ကိုယ်ပေါ်မှာ ဘာလက်ဝတ်ရတနာမှ မဝတ်ထားဘူး။ အခု သူမရဲ့ရင်ဘက်မှာ ဒေါင်းသဏ္ဍာန် စိန်ရင်ထိုးကြီးကို ထိုးထားတာတွေ့ရတယ်။ 99 ရာခိုင်နှုန်းက သေတ္တာထဲမှာ တစ်ခုခုရှိရမယ်တဲ့။ အဲ့ရင်ထိုးရဲ့ ဘရန်းကိုသိချင်ရင်တော့ မင်း ကိုယ့်ဘာသာရှာကြည့်လိုက်။ အဲ့ဒါက ပြီးခဲ့တဲ့လက Maastricht ရှိ European Art Fair လေလံတင်ပွဲမှာ ရောင်းချခဲ့တဲ့ဟာဖြစ်တယ်။ Graff ရင်ထိုးက စုစုပေါင်းစိန် ၁၃၀၅ လုံးနဲ့လုပ်ထားပြီး ၁၂၀၈ ကာရက်ရှိတယ်။ အဲ့ရင်ထိုးပြုလုပ်တဲ့သူက အင်မတန်တော်ပြီး သူ့ဘဝတစ်လျှောက်လုံးမှာ လက်ရာအမြောက်ဆုံးဟာပဲ။ အဲ့ဒါကိုရောင်းတဲ့စျေးက ၁.၆ ဘီလီယံရှိပြီး ၁.၂ ဘီလီယံကတောင် နည်းသေးတယ်။]

[ အဲ့ပြန်လှည့်ထွက်ခဲ့တဲ့သူက မစ္စတာမုကို ဓာတ်ပုံရိုက်ခဲ့တဲ့သူပဲ။ အခုတော့ သူ အဲ့ဒါကို ရွှီယန်ယုကို ပေးဖို့အခွင့်ရေးရလာပြီ။ ဘာကိုဆိုလိုတာလဲ! ဆက်ဆံရေးမကောင်းကြတဲ့ သူကိုဘယ်လိုလုပ် တစ်ဘီလီယံကျော်တဲ့ အရာကို ပေးမှာလဲ။ ဒါကသိပ်တော့ နည်းလမ်းမကျဘူး။]

အင်တာနက်သုံးဆွဲသူတွေက မုချောင်ယွင်နှင့် ရွှီယန်ယုတို့က ဟန်ဆောင်စုံတွဲတွေဆိုတာကို မယုံကြည်နိုင်ဖွယ် တွေ့ရှိခဲ့ကြသည်။ သူတို့ဒါကို ဘယ်လိုများ တွေးမိခဲ့ကြတာပါလိမ့်။ ဒီအရာကား ယုတ္တိမရှိပေ။ ထိုသို့ဖြစ်ဟန်မတူချေ။

မုချောင်ယွင်၏ လူမှုစာမျက်နှာတွင် အင်တာနက်သုံးဆွဲသူများမှ ထိုကဲ့သို့ ပြောဆိုနေကြကာ ဘာလို့ အဲ့လောက်စျေးကြီးသည့်အရာကို ရွှီယန်ယုကို လက်ဆောင်ပေးလဲဆိုတာ မေးချင်နေကြသည်။ ထိုအရာဟာ ဟန်ဆောင်စုံတွဲများကြား မလုပ်ကြသော အရာပင်ဖြစ်ပေသည်။

ဒါပေမယ့် မစ္စတာမု လူမှုကွန်ယက်ပေါ်တွင် ပြန်လည် ဖြေရှင်းပြောကြားခဲ့သောအရာကြောင့် အင်တာနက်သုံးစွဲသူများအားလုံးအဖို့ အံ့သြစရာအတိဖြစ်ခဲ့ကာ သူတို့ရဲ့ အတွေးများကိုပင် သံသယဝင်ခဲ့ကြသည်။ 

အင်တာနက်အသုံးပြုသူတစ်ဦးမှ မေးမြန်းခဲ့သည် - ဥက္ကဌမုက လေလံပွဲမှာ ၁.၂ ဘီလီယံလောက် သုံးခဲ့ပြီး ဒီလောက်တန်ဖိုးကြီးတဲ့ ရင်ထိုးကို ဘာလို့ ရွှီယန်ယုကို ပေးလိုက်ရတာလဲ။ တစ်ကယ်ကို နားမလည်နိုင်စရာပဲ။

မမျှော်လင့်ပဲ ထိုကောမန့်အောက်တွင် မုချောင်ယွင် ပြန်ဖြေခဲ့သည်မှာ “ မင်းရဲ့ မေးမြန်းမှုတွက် ကျေးဇူးတင်ပါတယ်။ ငါ့ရဲ့ပိုင်ဆိုင်မှုတွေက ၁.၂ ဘီလီယံပေးဖို့ လုံလောက်ပါတယ်”

“….”

“…...”

[ ရယ်သေပြီ၊ ဘယ်သူက သူ့ကို ၁.၂ ဘီလီယံကို တတ်နိုင်လားလို့ မေးလိုက်တာလဲ။ အဲ့ဒါက တော်တော် ဒေါသထွက်စရာပဲနော်။]

[ ငါကတော့ ဥက္ကဌမုကို တကယ် လေးစားတယ်။ သူကဝယ်နိုင်ရုံ ဘယ်ကမလဲ တတ်လည်းတတ်နိုင်တယ်လေ။ အဲ့ဒါကို သဘောပေါက်သင့်တယ်နော်။ ဒါက ၁.၂ ဘီလီယံတန်တဲ့ လက်ဝတ် ရတနာနော်။ ၁၂ ယွမ် မဟုတ်ဘူး။]

[ မစ္စတာမု သိတာကတော့ လူတွေကို ဘယ်လို ဒေါသထွက်အောင် လုပ်ရမလဲ ဆိုတာပဲ။ ဒါကြီးက ရယ်စရာကောင်းလိုက်တာ။]

[ ၁.၂ ဘီလီယံက မစ္စတာမုအတွက်တော့ ၁၂ ယွမ်လောက်ပဲ ရှိတယ်လို့ ငါတကယ်ကို တွေးမိတယ်။ နောက်ဆုံး သူက အဲ့လို စျေးတွေကို လိုက်ပြီး ဂရုစိုက်တဲ့သူမှ မဟုတ်တာ။ အဲ့ဒါကို တကယ်တမ်း လိုက်ဂရုစိုက်နေကြတာက အဲ့အင်တာနက်သုံးနေတဲ့ သူတွေပဲလေ။]

[ တကယ်တော့ ၁.၂ ဘီလီယံဆိုတာက အရမ်းကြီးလည်း ဟုတ်မနေဘူး။ ဒါပေမယ့် အဲ့ဒီဟာက ကျန်းချင်ယွင် ဝတ်ထားတဲ့ လက်ဝတ် ရတနာတွေကို ပေါင်းလိုက်တဲ့ စျေးထက်တောင် အဆပေါင်းများစွာ ရှိနေသေးတယ်။]

[ မစ္စတာမု မဟုတ်ဘူးလို့ ပြောနေရင်တောင် တစ်ခုခုလွဲနေတာကို ငါ့မှာ ဝိုးတိုးဝါးတားလေး အာရုံရနေတယ်။ သူတို့ရဲ့အိမ်ထောင်ရေးက ငါတို့တွေးထားသလိုပဲ ဆိုးရွားနေတာလား။ သူတို့နှစ်ယောက်က အဆင်မပြေတာတောင် လက်ဆောင်ပေးဖို့ ဒီလောက်အကုန်အကျ ခံနေကြတာ။ သူတို့နှစ်ယောက်သာ ချစ်နေကြမယ်ဆိုရင်တော့ အဲ့ဒါက နတ်ဘုံအလားပဲ ဖြစ်နေမှာ။]

[ငါ့တော့မထင်ပါဘူး။ ငါ မနေ့က သူ့တို့ကို တွေ့လိုက်တုန်းက သူတို့ တစ်ယောက်နဲ့ တစ်ယောက် စကားတောင် မပြောကြဘူး။ သူတို့က မတွေ့ရတာကြာပြီလေ။ သူတို့သာ တကယ့်စုံတွဲတွေဆိုရင် အခုချိန်သူတို့ တော်တော်လွမ်းနေကြမှာ။ အခုပုံစံကြီးက သူစိမ်းတွေထက်တောင် သူတို့က ပိုဆိုးနေတယ်။ အဲ့ဒါကြီးက ကောင်းတဲ့ဟာတော့ ဟုတ်မနေဘူးနော်။]

[ ကောင်းပါ့ဟယ်။ တစ်ကယ် မိုက်တဲ့သူစိမ်း။ ငါ့ကိုလည်း ဘီလီယံလောက်တန်တဲ့ ရင်ထိုးမျိုး ပေးကြပါလို့။ ငါလည်း ဒီလို ယောက်ျားမျိုးလိုချင်တယ်လေ။]

[ရယ်စရာပဲ။ များသောအားဖြင့် လက်ဆောင်ရတာက သိပ်ပြီး စိတ်ပူဖို့တော့ မလိုပါဘူး။ ဘာလို့ဆို ရွှီယန်ယုက လက်ဆောင် ပြန်ပြီးပေးစရာမှ မလိုတာ။ ဘယ်လိုတောင် ကောင်းလိုက်တဲ့ အရာလဲ။ ဘယ်သူက မနာလို သဝန်တိုနေလဲဆိုတာတော့ ငါ ဘယ်သူ့ကိုမှ မပြောတော့ပါဘူး။]

[ ရွှီယန်ယုအစက ဘာ လက်ဝတ်ရတနာမှ မဝတ်ထားဘူး။ ဒါပေမယ့် မစ္စတာမုက သူ့ကို အဆင့်မြင့်ပြီး အရည်အသွေးကောင်းတဲ့ လက်ဝတ်လက်စား ဝတ်ပေးလိုက်တာ။ အဲ့ဒါက တိုက်ဆိုင်တာလား ဟန်ဆောင်တာလားတော့ ငါလည်းမသိ။ ဒါပေမယ့်လည်း သူတို့ တစ်ယောက် လိုအပ်ချက်ကို တစ်ယောက် ဖြည်းဆည်းပေးနေတာက တကယ် တွေးစရာပဲ။]

မုရှောင်၏ မွေးနေ့ပွဲပြီးသည့်တိုင်အောင် အဲ့ဒါက နောက်ထပ် သုံးရက်လောက်ထိကို အတော်လေး လူပြောများတဲ့ အရာတစ်ခု ဖြစ်နေခဲ့သည်။ အင်တာနက်ပေါ်ရှိ လူမှုစာမျက်နှာ အားလုံးတွင် ရှန်မိသားစု၏ လူပြောများသော ခေါင်းစဥ်မှာ ပျောက်ကွယ်သွားခဲ့သည်။

များသောအားဖြင့် မုရှောင်၏ မွေးနေ့၊ ATR အဆိုတော်များမှာ မုရှောင်ရဲ့မွေးနေ့ပွဲမှာ လာရောက်ဆင်နွှဲခြင်း၊ ရွှီယန်ယုနှင့် မုချောင်ယွင်တို့အကြောင်းနှင့် ဒေါင်းပုံစံ ကျောက်မျက်ရတနာ ရင်ထိုးတို့မှာ လူအများကို ဆွဲဆောင်နေသည့် ရေပန်းစားနေသည့် ခေါင်းစဥ်များပင် ဖြစ်သည်။

ကျန်းချင်ယွင်လည်း သူမနှင့် ရှန်မိသားစုရဲ့ ခမ်းနားလှတဲ့ မင်္ဂလာပွဲကြီးသည် ခဏတာ ရေပန်းစားသည့် ခေါင်းစဥ်တစ်ခု ဖြစ်ခဲ့ရမည်ဟု သူမမထင်ခဲ့ပေ။ လူတွေအားလုံး၏ စိတ်ဝင်စားမှုများကို မုရှောင်၏ မွေးနေ့ပွဲမှ အကုန်ယူသွားခဲ့ခြင်း ဖြစ်သည်။ ထိုအရာမှာ တကယ်ပင် စိတ်ပျက်စရာကောင်းသည်။

ထိုပွဲနှစ်ခုလုံးကို စောင့်ကြည့်နေကြသော အင်တာနက် အသုံးပြုသူများသည် ထိုနှစ်ခုတွင် ဘယ်ပွဲက ပိုမိုစွဲမက်ဖွယ် ကောင်းသည်ကို အသေအချာ တိုင်ပင်နေကြတော့သည်။

ရှန်မိသားစုရဲ့ပွဲဟာ ကောင်းမွန်လှသည် ဆိုသော်လည်း အင်တာနက်အသုံးပြုသူတို့အတွက် အထူးအဆန်းတော့ မဟုတ်ဘဲ မြင်နေကြအရာမျိုး ဖြစ်သည်။ ထို့အပြင် ပင့်ရှိုက်ကြသည့် အသံများမှာလည်း တခနတာပဲ ဖြစ်ကြသည်။

မုရှောင်အတွက် ပြင်ပေးထားသည့် မွေးနေ့ပွဲသည်ပင် ပို၍ လေးနက်ခဲ့သည်။ မုရှောင်၏ စိတ်ထဲတွင် ကြိုက်နှစ်သက်သည့်အရာကို တွေးပေးသည်သာမက သူအကြိုက်ဆုံး အဆိုတော်နှင့် အတူတကွ ရှိနေစေခဲ့သည်။ ထို့ပြင် သူ့မွေးနေ့ပွဲတွင် သီဆိုစေဖို့ရန် သီချင်းသစ်တစ်ပုဒ်ကိုလည်း ဖန်တီးစေခဲ့သည်။

သူ့မွေးနေ့ပွဲတွင် ထိုကဲ့သို့ သူမ၏ စိတ်ရောကိုယ်ပါ ပြုလုပ်ထားပေးခြင်းသည် လူအများ၏ နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့သည်။ မုရှောင်သာမက အင်တာနက် အသုံးပြုသူတို့ ရင်ထဲတွင်လည်း အမှတ်တရကောင်းတစ်ခု စွဲကျန်ရစ်နေသည်။ ထိုကဲ့သို့ လေးနက်သော အရာမျိုးကို ဘယ်နေရာမှာမဆို တွေ့ဖို့ရန် ခက်ခဲလှပေသည်။

တစ်ဖက်တွင်လည်း မုချောင်ယွင်သည် တရုတ်ပြည်ရှိ မုရှောင်၏ မွေးနေ့အား ကျင်းပပြီး သိပ်မကြာခင်မှာပဲ နိုင်ငံခြားသို့ ပြန်ထွက်သွားခဲ့သည်။ သူသည် ပြန်လာစဥ်က သိုသိုသိပ်သိပ် ပြန်လာခဲ့ပြီး ပြန်ထွက်သွားသည့် အခါ၌လည်း တိတ်တဆိတ် ပြန်ထွက်သွားသည်။

ဒါပေမယ့်လည်း မုချောင်ယွင်၏ လေဆိပ်ရှိ ပုံများကို လူမှုစာမျက်နှာများပေါ်တွင် တင်ခဲ့ကြကာ နောက်ထပ် လူပြောများသော ခေါင်းစဥ်များ ဖြစ်လာခဲ့ရပြန်သည်။

[ မင်းဘာလိုချင်တယ်ဆိုတာကိုပဲ ပြောစမ်းပါ။ ဘာစာနာစိတ်မှလည်းမရှိ၊ ရသစုံရှိုးရိုက်ကူးဖို့ ဘာစိတ်ဝင်စားမှုမှလည်း မရှိဘဥနဲ့ ဒီတိုင်းကို တန်းထွက်သွားတာပဲ။]

[ ဘာလို့ ဟန်ဆောင်နေတဲ့သူတွေက အတူပူးပေါင်းရမှာလဲ။ တကယ်ကို အဲ့လိုလုပ်ဖို့ မလိုအပ်တဲ့ပုံပါပဲ။ လက်ဆောင်ပေးတယ်ဆိုတာက ရှင်းပြဖို့လွယ်လွယ်လေးပဲလေ။ ဘာလို့ဆို သူတို့က မတွေ့တာပဲ ကြာလှနေပြီကို။ တစ်ခုခုကို လျော်ကြေးအဖြစ်ပေးတိုင်း အကုန်လုံးကို ဆိုလိုနေတာမှ မဟုတ်တာ။]

[ဒီတိုင်းပဲ လမ်းခွဲလိုက်ကြပါ။ ဘာမှလည်း စိတ်လှုပ်ရှားမနေနဲ့တော့။ အများကြီး ပိုမျှော်လင့်ရင် ပိုပြီးပဲ စိတ်ပျက်ရလိမ့်မယ်။ ဒီအတွဲက ရုပ်ဝတ္ထုပစ္စည်းတွေအရတော့ ပြည့်စုံတယ် ဆိုပေမယ့်လည်း ခံစားချက်တွေအရတော့ ဘာကိုမှ မျှော်လင့်မနေကြနဲ့။]

[ ငါကဇီဇာကြောင်တဲ့သူ မဟုတ်ဘူးနော်။ ဒီလိုပစ္စည်းတွေနဲ့ နေရတာ အဆင်ပြေတယ်လို့လည်း ပြောလို့ရတာပဲလေ။]

All Chapters