← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

တစ်ဖက်၌ God’s Prophecy ဆောင်းဦးဖက်ရှင်ရှိုးပွဲသည်လည်း အောင်မြင်မှုများစွာ ရခဲ့သည်။ နောက်ဆုံးရသတင်းများအရ နိုင်ငံတကာ စျေးဝယ်စင်တာများတွင် ထိုပစ္စည်းများကို တင်သွင်းနေပြီ ဖြစ်သည်။

တရုတ်နိုင်ငံတွင်သာလျှင် မြို့ပေါင်း ၁၉ မြို့တွင် ပထမဦးစားပေးအနေဖြင့် ဆိုင်ခန်းများ စတင်ဖွင့်လှစ်မည် ဖြစ်သည်။ ထို့နောက် God’s Prophecy အသင့်ဝတ် လက်ဝတ်လက်စားများကို အလွယ်တကူ အွန်လိုင်းကရော အပြင်ကနေပါ ဝယ်ယူနိုင်ရန် ပြုလုပ်မည်ဖြစ်သည်။

ရွှီယန်ယုသည် မြို့တော် A ရှိ ပထမဆုံး God’s Prophecy စက်ချုပ်ဆိုင်ဖွင့်ပွဲ အခမ်းအနားကို ထိုနေ့တွင်ပဲ တက်ရောက်ခဲ့သည်။ သူမသည် နှင်းကဲ့သို့ဖြူလှသော ကုတ်အင်္ကျီကို ဝတ်ဆင်ခဲ့သည်။ ထိုအရာမှာ သူမကို ပိုပြီးလှပကာ သွယ်လျစေသည်။

သူမ၏ ဘေးတစ်ဖက်တွင် မစ္စတာ ဟန်ရှန့် ဟုခေါ်သော အသက်ငါးဆယ်အရွယ်ရှိသော လူတစ်ယောက်ဖြစ်ကာ သူ၏ အကြောင်းကို သိကြသော တစ်ခြားသူများအဖို့ အံ့သြစရာဖြစ်ခဲ့သည်။ အကြောင်းမှာ ဟန်ရှန့်သည် လုံထျန်း အဖွဲ့၏ ဥက္ကဌဖြစ်ကာ ပထမဆုံး ဆိုင်ဖွင့်ခဲ့သည့်နေ ရာမှာလည်း လုံထျန်း စျေးဝယ်စင်တာမှာ ဖြစ်သည်။ ထို့နောက် လုံထျန်း အုပ်စုသည် တရုတ်ပြည်ရှိ ထိပ်တန်းကုမ္ပဏီ တစ်ရာထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။

တကယ်အောင်မြင်တဲ့သူတစ်ယောက်က God’s Prophecy ဆိုင်၏ ဖဲကြိုးဖြတ် ဖွင့်ပွဲအခမ်းအနားတွင် ပေါ်လာမည်ဟု တွေးထင်ခဲ့သည်။ ဒီလို ပွဲတွေရဲ့နောက်ကွယ်မှာ ဘယ်လို ဆက်ဆံရေးတွေ ပူးပေါင်းဆောင်ရွက်မှု ရှိနေခဲ့မည်နည်း။

ရွှီယန်ယု၏ အပေါင်းအသင်းများအား အင်တာနက်အသုံးပြုသူများ မြင်လိုက်ရသဖြင့် သက်ပြင်းများသာ ချနေတော့သည်။ ထို့ပြင် သူမ လက်တွဲလုပ်ဆောင်သည့် သူများမှာလည်း ထိပ်တန်းအဆင့်ရှိ လုပ်ငန်းပိုင်ရှင်များဖြစ်သည်။

ဖဲကြိုးဖြတ် ဖွင့်ပွဲအခမ်းအနားသည် အလွန် ခမ်းနားလှသည်။ သတင်းတင်ဆက်သူများနှင့် အင်တာဗျူးသူများသည် ရွှီယန်ယု၏ နောက်ပိုင်း ဆက်လုပ်ဆောင်မည့် အရာများနှင့် အနောက်ဥရောပ စျေးကွက်ထဲသို့ ထိုးဖောက် ဝင်ရောက်မည့်အကြောင်းကို တစ်ယောက်ပြီး တစ်ယောက် မေးမြန်းနေခဲ့သည်။

အမှတ်မထင် သတင်းတင်ဆက်သူတစ်ယောက်က ရုတ်တရက် မေးခဲ့သည်။ “ မစ္စရွှီ၊ ကျွန်တော် မေးချင်နေတာလေး တစ်ခုရှိပါတယ်။ အင်တာနက်ပေါ်က လူများကလည်း သိချင်နေတဲ့ အရာတစ်ခုပါပဲ။ နောက်ဆုံးအကြိမ် ကျင်းပခဲ့တဲ့ God’s prophecy ဆောင်းဦးဖက်ရှင်ပွဲရဲ့ ညစာစားပွဲကို ဥက္ကဌမု တက်ရောက်ခဲ့ပါလား။ လိုင်းပေါ်မှာလည်း ထိုကိစ္စနဲ့ပတ်သတ်လို့ ဘာမှတိကျတဲ့ အကြောင်းအရာမှ မရှိလို့ပါ။ ဖြစ်နိုင်မယ်ဆိုရင် တက်တယ်၊ မတက်ဘူးဆိုတာလေးကို ဖြေကြားပေးပါ။ ကျေးဇူးတင်ပါတယ်။”

ထိုသတင်း ထွက်ပေါ်လာသည်နှင့် အင်တာနက်အသုံးပြုသူများ၏ အကြည့်များသည် မုချောင်ယွင် ညစာစားပွဲသို့ တက်ရောက်ခဲ့လားအပေါ် အာရုံရသွားခဲ့ကာ သူထိုပွဲကို တက်ရောက်ခဲ့ရင် ဘာကြောင့် တက်ရောက်ခဲ့လည်းဆိုတာက မသေချာသည့်အတွက် သိချင်လာကြသည်။

ထိုအရာကို ကြားလိုက်ရသဖြင့် သူမလည်း ခနတာ မှင်သက်သွားခဲ့သည်။ အကြောင်းမှာ အင်တာနက်ပေါ်တွင် ထိုကဲ့သို့သော အကြောင်းအရာကို အာရုံစိုက်ကြသည်ကို သူမ မထင်ထားပေ။ ထို့နောက် သူမလည်း ရှက်စရာမရှိသဖြင့် ဖြေလိုက်သည်။ “ အဲ့နေ့က သူ ညစာစားပွဲကို တကယ် တက်ရောက်ခဲ့ပါတယ်။”

[သေချာတယ်။ သူမလည်း ဝန်ခံလိုက်ပြီဆိုတော့ အဲ့နေ့က ဗီဒီယိုထဲမှာ တွေ့လိုက်ရတဲ့သူက တကယ် ဥက္ကဌမုပဲ။]

[အခုတော့ ဘာသံသယမှ ဖြစ်စရာ မရှိတော့ဘူး။ ဘုရားရေ ဒီပြသနာကလည်း ဖြေရှင်းပြီးသွားပြီ။ ဒီကိစ္စတွေက စုံထောက်တွေ အမှုဖြေရှင်းတာထက် ပိုခက်ခဲတယ်။ တကယ့်ကို ဇာတ်လမ်းတွဲကြီးပဲ။]

[ ဒီအရာတွေကို အသေးစိတ် လိုက်ရှာနေရတာ ပင်ပန်းတယ်။ နောက်ပွဲတွေသာ ငါတက်လို့ရရင် ဒါတွေကိုမြင်ရဖို့ တင်ပေးနိုင်မှာပဲ။]

[ တကယ်ပါပဲ။ အဲ့လောက်ကြီးလဲ လူမသိသူမသိ နေမနေနဲ့။ ဟုတ်ပြီလား။ မင်းနဲ့ မင်းယောက်ျားနဲ့က အခြေနေမဆိုးလှဘူးလို့ ယုံပါတယ်။ ငါ့မိန်းမက မြို့ Y မှာပွဲလာကျင်းပမယ်ဆိုရင်လည်း ယောက်ျားဖြစ်သူက စိတ်မချပဲ အဲ့ထိလိုက်လာပြီး ကြည့်မှာပဲလေ။]

[ ဟုတ်ပါ့။ အဲ့လိုပဲဖြစ်ရမှာပဲလေ။ ဒီလိုမှမဟုတ်လည်း ဘာအကြောင်းပြချက်လဲဆိုတာ ငါလည်း အဖြေမရှာနိုင်တော့ဘူး။ ပုန်းရှောင်မနေနဲ့။ မင်းချစ်တယ်ဆိုရင် အဲ့ဒါကိုထုတ်ပြလိုက်။ မင်းတွေ့တယ်ဆိုရင် မင်းအဲ့အကြောင်းပြောချလိုက်။ တစ်ယောက်နဲ့တစ်ယောက်ကသာ တွေ့ဖို့ကမလွယ်ပေမယ့် ငါတို့က သက်သေတွေရှာဖို့ နေရာတိုင်းမှာရှိတယ်။]

[ အခုမှပဲ ငါလည်းနားရတော့တယ်။ မင်းတို့တွေ အဆင်မပြေဘူးလို့ ပြောဖို့ မဖြစ်နိုင်တော့ဘူး။ ပြီးတော့ ဘာလို့ သူများမိသားစု ကိစ္စတွေကို အဲ့လောက် သိချင်နေရတာလဲ။ အဲ့တော့ ငါတို့ မမြင်ရတဲ့ကိစ္စတွေက မရှိဘူးလို့လည်း မပြောနိုင်ဘူး ဆိုတာကို သက်သေပြသွားခဲ့ပြီ။ သူတို့ကြား ဘာမှမဖြစ်ဘူးလို့လည်း မပြောနိုင်တော့ဘူး။ ]

[ တော်တော်များများက သူတို့ကို ဟန်ဆောင်စုံတွဲလို့ ပြောနေကြတယ်။ သူတို့ဆက်ဆံရေးက မကောင်းဘူး။ သူတို့က တစ်ယောက်နဲ့တစ်ယောက် စကားတောင် မပြောကြဘူး။ အခုတော့ အဲ့ကိစ္စက မဟုတ်ဘူး ဆိုတာကို သက်သေပြဖို့ သဲလွန်စတွေ အမျာကြီးပဲ။ ဒါပေမယ့်အခုတော့ တစ်ယောက်နဲ့ တစ်ယောက် သီးသန့်လုပ်ကြတဲ့ ပွဲတွေကိုတောင် သူတို့တက်ကြတယ်ဆိုတာက သက်သေပဲ။ အဲ့တော့ မင်းတို့ထင်ခဲ့ကြသလို မဖြစ်နိုင်ဘဲ သူတို့ဆက်ဆံရေးလည်း မဆိုးရွားနေဘူး။ တစ်ဘီလီယံကျော်တဲ့ လက်ဝတ်ရတနာကို လက်ဆောင်ပေးတာက အကောင်းဆုံး သက်သေပဲလေ။ အဲ့မှာ ငါတို့မမြင်ရသေးတဲ့ အရာတွေ အများကြီး ရှိသေးတယ်။]

[ အဲ့ဒါတော့ ဟုတ်တယ်။ လူထုပြယုဂ်တွေက သူတို့ရဲ့ ချစ်ခြင်းတွေကို လူအများရှေ့မှာ ထုတ်ပြနေဖို့ဆိုတာက အရမ်းကို ချဲ့ကားလွန်းနေတယ်။ ပြီးတော့ သူတို့အတွဲက နောက်ကြောင်းတွေက မြင့်တယ်ဆိုပေမယ့်လည်း စိတ်ကူးထားသလောက်တော့ မကောင်းနေပုံပဲ။ မကောင်းဘူးလို့ မြင်နေရတဲ့အရာတိုင်းလည်း မကောင်းတာမှ မဟုတ်တာ။ အဲ့တော့ ဘယ်အရာကိုမဆို အပေါ်ယံပဲ မြင်ရုံနဲ့ အလွယ်တကူ မဆုံးဖြတ်ကြနဲ့]

အကြောင်းမှာ ရွှီယန်ယုသည် မုချောင်ယွင် မှာ သူမ၏ ညစာစားပွဲသို့ ထိုနေ့ညတွင် တက်ရောက်ခဲ့သည်ကို လူအများရှေ့တွင် ဖြေကြားခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့သော် သူမတို့သည် ကင်မရာရှေ့တွင် ပေါ်ထွက်မလာကြဘဲ သူတို့၏ ပုံရိပ်များကိုသာ ရိုက်ကူးမိကြခြင်း ဖြစ်သည်။ ယေဘူယျအားဖြင့် အဲ့နေ့ညက ထိုအတွဲ တူတူရှိနေသည်ကို ဆုံးဖြတ်လို့ရပေသည်။

အရာအားလုံး အံ့သြစရာကောင်းပေ၏။

ရွှီယန်ယု ကိုယ်တိုင်ပင် ထိုကိစ္စကို လူမှုကွန်ရက်ပေါ်တွင် လူသိရှင်ကြားပြောခဲ့ရသည်။ ထို့နောက် ဟန်ရှန့်သည် လူမှုစာမျက်နှာပေါ်တွင် ပုံနှစ်ပုံတင်ခဲ့သည်။ ပထမတစ်ခုမှာ မုချောင်ယွင်နှင့် အတူတကွ ရိုက်ထားသောပုံဖြစ်ပြီး နောက်တစ်ခုမှာ ရွှီယန်ယု ဖဲကြိုးဖြတ် အခမ်းအနားတွင် ရိုက်ထားသော ပုံဖြစ်သည်။

အသေးစိတ် ပြောရမည်ဆိုလျှင် မုချောင်ယွင်နှင့် ရိုက်ထားသောပုံမှာ ညစာစားပွဲမတိုင်ခင် နေ့ပိုင်းတွင် ရိုက်ထားသော ပုံဖြစ်သည်။ ထိုပုံထဲတွင် ဝတ်ထားသော ဝတ်စုံမှာ မစ္စတာမု ပွဲတွင် ဝတ်ထားသောပုံနှင့် အတူတူဖြစ်သည်။ ဒါ့ကြောင့် သူသည် ထိုပုံကို အဓိက တင်ထားခြင်း ဖြစ်သည်။

အင်တာနက်အသုံးပြုသူများသည် ထိုပုံကို မြင်လိုက်ရသောအခါ အရယ် မရပ်နိုင်ကြတော့ပေ။

[ ဥက္ကဌဟန်ကလည်း စိတ်ဝင်စားစရာပဲ။ ဒီအတွဲကို တူတူရှိဖို့တောင် ကူပေးလိုက်သေးတယ် နည်းနည်းတော့ ရယ်စရာကောင်းသားပဲ။]

[ဒါကရော နောက်ထပ် ချစ်နေကြတာပဲလား ချစ်စရာလေးတွေပါပဲ။]

အစပိုင်းတွင် ရွှီယန်ယုသည် ဘာကြောင့် မုချောင်ယွင်ညစာစားပွဲကို ရောက်လာသည့်ကိစ္စကို လူတွေဂရုစိုက်နေကြသည်ကို မသိခဲ့ချေ။ အကြောင်းမှာ သူမက တစ်ချိန်လုံး အလုပ်အကြောင်းသာ တွေးနေခြင်းကြောင့် ဖြစ်သည်။ တစ်ခြားအရာများကိုတွေးဖို့ရန် သူမအလုပ်များနှင်ပင် သူမ မအားခဲ့ပေ။ လျိုယွိ ရှင်းပြသည့်အခါမှသာလျှင် အပြောင်းအလဲတွေ ရှိနေသည်ကို သူမသတိထားမိတော့သည်။

မုချောင်ယွင်သည် ထိုနေ့က တကယ်ပင် ညစာစားပွဲ၌ ရှိနေခဲ့သည်ဖြစ်သည်။ ထိုပွဲတွင် သူတို့သည် စကားအနည်းငယ် ပြောဖြစ်ခဲ့ကြသည်။ သူတို့ပြောခဲ့ကြသည်မှာ မုရှောင်ရဲ့အကြောင်းပင် ဖြစ်သည်။

ရွှီယန်ယု အားချိန်၌ မုရှောင်၏ အခန်းသို့သွားကာ သူ့ကို သူမနှင့် မုချောင်ယွင် ပြုလုပ်ခဲ့သည့် ဆုံးဖြတ်ချက်ကို ပြောပြချင်ခဲ့သည်။

မုရှောင် ကြောင်ဖြူလေးကို လက်ထဲတွင် ဖက်လိုက်သောအခါ နူးညံ့မှုကို ခံစားလိုက်ရသည်။ သူ့အမူအရာက တညိငြိမ်နေကာ မည်သည့်အရာ တွေးနေသည်ကိုတော့ ဘယ်သူမှ မသိပေ။

ရွှီယန်ယု တံခါးကိုခေါက်လိုက်သောအခါ သူ အသိတစ်ချို့ပြန်ဝင်လာခဲ့သည်။ ထို့နောက် အနည်းငယ် ပျာယာခတ်သွားခဲ့သည်။ တစ်ခြားသူများအား သူတွေ့လိုက်ရသောအခါ သူ့လက်ထဲရှိ ကြောင်လေးလည်း မှင်သက်နေခဲ့သည်။

ထိုအရာကို မြင်လိုက်ရသည်မှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ်ဖြစ်သည်။ ထိုမူမမှန်မှုသည် ရွှီယန်ယု၏ အကြည့်များထဲတွင် ဘယ်လိုမှ မရုန်းထွက်နိုင်တော့ပေ။

ထုံးစံအတိုင်း ထောင်ဇီလို့ခေါ်တဲ့ ကြောင်လေးအား ရွှီယန်ယု မြင်လိုက်ရသောအခါ အလွန် အံ့အားသင့်ခဲ့ရသည်။ အကြောင်းမှာ ထောင်ဇီလေးသည် မူလပိုင်ရှင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ဇာတ်လမ်းကိုထိုသို့ ဖော်ပြခဲ့သည်မှာ သူ၏ လင်ပါသားမှာ ကြောင်လေးများကို အလွန် နှစ်သက်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကြောင်လေးအား လေသာဆောင်သို့ တမင်တကာ သွားစေကာ မသိမသာ တွန်းချ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် သူတို့နှစ်ယောက်ကြားရှိ ပြသနာများမှာ ပိုမိုပြင်းထန်လာခဲ့ကာ ယခုအခြေနေသို့ ရောက်ရှိခဲ့ရခြင်း ဖြစ်သည်။

ထိုကြောင်လေးမှာ မုရှောင်အတွက် အလွန် ထူးခြားသည်ဟု ရွှီယန်ယု ခံစားမိခဲ့သည်။ သူသည် ထိုကြောင်လေးကို ခနတာတွေ့မြင်လိုက်ရသော်လည်း သူတို့သည် အချိန်ကြာကြီး ပတ်သတ်ခဲ့သည့်ဟန် ရှိခဲ့ကြသည်။ ထို့ကြောင့် ထိုကြောင်လေးအား အလွန်ပင် မြတ်နိုးခဲ့ခြင်းဖြစ်သည်။

သူ့အတန်းဖော်သူငယ်ချင်း လက်ဆောင်ပေးသည့် နေ့ကတည်းကပင် ထိုအရာကို သူမ သတိထားမိခဲ့ခြင်း ဖြစ်သည်။ ထိုအရာသည် ဝတ္ထုထဲတွင် မပါသည့် အကြောင်းအရာ ဖြစ်သော်လည်း ထိုကြောင်လေးသည် သူ့အား နွေးထွေးမှုများစွာ ပေးသည့်အတွက် အလွန် သဘောကျခဲ့ရသည်။ ထိုအရာကို သူမ ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ခဲ့ပေ။

ထို့ကြောင့် ကလေးတွေက ကြောင်လေးတွေကို မွေးတော့မယ်ဆိုရင် ကာကွယ်ပေးတတ်ဖို့လည်း လိုအပ်သည်။

ရွှီယန်ယုသည် ခနတာ တွေဝေနေကာ ကြောက်လန့်နေသော မုရှောင်အား မေးခဲ့သည်။“ မုရှောင် မင်းအရင်က ကြောင်မွေးတာ အတွေ့အကြုံ မရှိဖူးသေးဘူး မလား။ ကြောင်တွေ အကြောင်းလည်း သိပ်မသိဘူးမလား။ မင်းကြောင်ကိုသေသေချာချာ ဘယ်လို ပြုစုရမလဲဆိုတာလည်း မသိသေးဘူးမလား။”

မုရှောင်လေးသည် နှလုံးခုန်သံများပင် မြန်လာခဲ့သည်။ အချိန်အတော်ကြာပြီးနောက် တစ်ခုခုမှားနေသည်ကို ခံစားမိတော့သည်။ ထိုအချိန်မှာပင် သူအနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။ ဘယ်အရာက ဘာဖြစ်တော့မည်ကိုပင် သူသေချာခံစားလိုက်ရသည်။ သို့သော်လည်း ကြောက်နေလို့တော့ အကြောင်းမထူးပေ။ ထို့ကြောင့်သူသည် ခေါင်းမာမာဖြင့် တင်းတင်းမာမာ ပြန်ဖြေလိုက်သည်။

“ ဟုတ်တယ် အဲ့တော့ ဘာဖြစ်လဲ ကျွန်တော်ကြောင်တွေသဘောကျတယ်။ အဲ့တော့ ကျွန်တော်ကြောင်မွေးချင်တယ်။”

ထိုသို့ ခပ်မာမာဖြင့် ပြောလိုက်ကာ ရွှီယန်ယု သူ့ကိုလှောင်ကာ ဆူပူမည်ဟု ထင်နေတော့သည်။

တစ်ခါနားထောင်ရုံဖြင့် ရွှီယန်ယုသည် တစ်ခါထဲ လက်ခံလိုက်မည်ကို မထင်ထားခဲ့ပေ။

“ ဒါဆိုလည်း တစ်ကောင်မွေးကြမယ်လေ မင်းကို Pet Group ပေးဖို့ ပြောပြီးပြီ။ ”

“ ??????”

“??????”

မုရှောင် အံ့အားသင့်သွားကာ သူ အမြင်မှားနေလားဟု တွေးနေမိသည်။

ထိုအချိန်တွင် သူရူးနေတာလား ရွှီယန်ယု ရူးနေတာလားလို့ တွေးနေမိတော့သည်။

သူ့ကို Pet Group ပေးတယ်။ ဒါက ဘာကို ပြောချင်တာလဲ။

“ ကဲ၊ ငါတို့ အဲ့အကြောင်းတွေးနေတာ မင်းက ခုမှ ၁၅ နှစ်ပြည့်မွေးနေ့ပြီးခါစပဲ ရှိသေးပေမယ့် ငယ်ငယ်လေးထဲက ဒါတွေကို သိထားသင့်တယ်လေ။ ပြီးတော့ မင်းကြောင်တွေကို ပြုစုရတာ ကြိုက်တယ်ဆိုရင် ဒီ group ထဲမှာ အကောင်းဆုံး ကြောင်မွေးတဲ့ သူတွေရှိတယ်။ မင်း ဘာလုပ်ချင်လဲဆိုတာကို လေ့လာလို့ရတယ်။ အဲ့ဒါမှ မင်း ဒီလောကထဲမှာ ကျင်လည်လာပြီး ပိုပြီးကောင်းတဲ့နေရာတစ်ခုကို ရောက်လာမှာ။ နောက်တစ်ခုက မင်းလေ့လာပြီးတဲ့နောက် သန်မာလာပြီဆိုရင် မင်း ထောင်ဇီကို သေချာဂရုစိုက်လို့ရပြီ၊ ဟုတ်ပြီလား။”

ဒါက ရွှီယန်ယု မုရှောင်ကို ပထမဆုံးအကြိမ် စကားတွေအများကြီး ပြောခဲ့ခြင်းဖြစ်သည်။ အရင်က မုရှောင်က သူမကို ခုခံလွန်းတာကြောင့် အခုမှသာ အခုလိုစကားတွေ အများကြီး ပြောဖြစ်ခဲ့ခြင်း ဖြစ်သည်။

မုရှောင်သည် မှင်သက်နေဆဲဖြစ်ကာ ရွှီယန်ယုက အံ့ဩစရာဖြစ်နေ၍ သူ့အတွက် ဒီလိုလုပ်ပေးမည်ကို မတွေးရဲခဲ့ပေ။ ကြောင်တွေမွေးကာ ပြုစုစောင့်ရှောက်သည့် ကိစ္စက အသေးအဖွဲ့သာ ဖြစ်သော်လည်း သူ လေ့လာဖို့ရန် group ပြုလုပ်ပေးခဲ့သည်မှာ အလွန်ပင် ကြီးကျယ်လှသည်။ ကြီးကျယ်လွန်းပေသည်။

ထိုအရာကို သူ့အဖေနှင့် ဆွေးနွေးပြီးသော်လည်း သူ့အဖေ၏ အကြောင်းကို သူကောင်းကောင်းသိပေသည်။ သူ ကြောင်တစ်ကောင် မွေးချင်ရုံလောက်နဲ့ ထိုအရာ စီစဥ်ဖို့ကို လုပ်မည်မဟုတ်ပေ။ သို့သော် ဒီဆုံးဖြတ်ချက်ကို အဓိကချသူမှာ ရွှီယန်ယု ဖြစ်သည်။

ဤသည်မှာ သူအရင်က သိခဲ့ဖူးသော ကြောင်ကိုမုန်းတီးသည့် မိထွေးနှင့်မတူလှပေ။ အလွန်ပင်ကွာခြားလှသည်။

တူညီသည့် မျက်နှာရှိသော်လည်း သူတို့သည် တကယ်ကို မတူသည့် သူနှစ်ယောက် ဖြစ်သည်။ သေချာ အနီးကပ်ကြည့်လျှင် မတူညီသည်ကို ဝိုးတိုးဝါးတား မြင်နေရသည်။

သူမက အရမ်း သဘောကောင်းတာပဲ။ သူမရဲ့ မျက်လုံးထဲမှာ ကြင်နာမှုတွေကို မြင်နေရတယ်။

ထိုအခါ မုရှောင် တွေဝေသွားသည်။ ထိုအခိုက်အတန့်လေးတွင် သူထင်ထားတာနှင့် အကုန်ခြားနားနေသည်။

ရွှီယန်ယုသည် မျက်မှောင်ကျုံ့လျက် မေးလိုက်သည်မှာ “ ဘာလို့ရပ်နေတာလဲ။ သဘောတူတာလား မတူဘူးလား။”

“ဟင့်အင်း၊ မဟုတ်ဘူး။”

မုရှောင်သည် ခေါင်းကို တောင့်တောင့်ကြီး ငြိမ့်ပြလိုက်သည်။ သူ့မိထွေးသည် ကြောင်မွေးဖို့ရန် ဒီလောက်ထိ အရေးတယူ လုပ်မည်ဟု သူ မတွေးခဲ့ဖူးပေ။

အရင်လို ရက်စက်ကြမ်းကြုတ်တဲ့ မိထွေးတစ်ယောက် မဟုတ်ပေ။ အခြားမိဘများသည် ကြောင်မွေးဖို့ရန် ကုမ္ပဏီတစ်ခုလုံးကို ပါဝင်ခိုင်းမည် မဟုတ်ပေ။ ဒါက ကလေးကို လုံးဝအလိုက်လိုက် ဖျက်စီးခြင်း ဖြစ်သည်။

သူတွေးလိုက်သည်မှာ သူအကြိုက်ဆုံး အဆိုတော်ကို ခေါ်ကာ အံ့သြစေမယ့် လက်ဆောင်ပေးသည်ဟုသာ ထင်ခဲ့သည်။ ဒီလိုလုပ်ပေးသည်မှာ အံ့သြစရာကောင်းကာ ဒီထက် အံ့သြစရာကောင်းသည့် အရာများ ရှိသေးသည်ဟု မမျှော်လင့်ထားခဲ့ပေ။

မုရှောင်သည် ထစ်ငေါ့ငေါ့ဖြင့် ရုတ်တရက် မေးလိုက်သည်။

“ ဒီ… ဒီလောက် ကြီးတဲ့ ကုမ္ပဏီကြီးကို ငှားတာ ဘယ်လောက်တောင် ကုန်သွားလဲ။”

ရွှီယန်ယုသည် “ ဘယ်လောက်မှမရှိပါဘူး သုံးဘီလီယံလောက်ပဲ ရှိတယ်။” လို့ပြန်ဖြေလိုက်သည်။

“သုံး….သုံး….သုံး ဘီလီယံ ဟုတ်လား။”

ထိုအခါ မုရှောင်လည်း ပို၍ စိတ်ရှုပ်ထွေးသွားခဲ့သည်။ ထို တိရိစ္ဆာန်ကုမ္ပဏီသည် အရမ်းကြီးသည့်အပြင် ကမ္ဘာ့ထိပ်တန်းဝင်ဖြစ်ကာ သူတို့က သူ့ကို ပေးခဲ့သည်။ အခု သူက ၁၅ နှစ်ပဲရှိသေးတဲ့ ကလေးလေးဆိုတာကို မေ့နေကြပြီလား။ သူ့အရင်ဘဝတုန်းကတောင် ၁၈ နှစ်ပဲရှိသေးတာ။ ဒါက ဘယ်လိုဖြစ်တာလဲ။ ဒါက ဘယ်လိုဖြစ်နိုင်မလဲ။ သူတကယ် နားမလည်တော့ပေ။

မုရှောင်သည် ထိတ်လန့်တုန်လှုပ်နေသေးပြီး သူ့အာရုံများ မရောက်သေးသကဲ့သို့၊ ဤကြီးမားသောအကြောင်းအရာတွင် နှစ်မြှုပ်နေဆဲဖြစ်သည်။

အခန်းထဲရှိ AI စက်ရုပ်၏ alarm မှာ ရုတ်တရက် ထမြည်တော့သည်။ အခန်းထဲရှိ ကြမ်းပြင်တွင် ပြေးလွှားကာဆော့ကစားနေသော ထောင်ဇီလေးသည် ရွှီယန်ယုဆီ ရုတ်တရက် မြန်မြန်ပြေး သွားတော့သည်။

ကြောင်ကလေး၏ မာန်ဖီသံနှင့်အတူ ထိုကြောင်ဖြူလေးသည် သူမ မရှောင်လိုက်ခင်မှာပဲ ရွှီယန်ယု၏ စျေးကြီးသော စကပ်လေးကို ဖြဲလိုက်တော့သည်။

ထိုစကပ်မှာ ယွမ် တစ်သိန်းကျော်သည်ကို သူ မှတ်မိနေသည်။ အတိတ်က ဖြစ်ရပ်အတိုင်းပင် သူ၏မိထွေးမှာ ကြောင်ကို ဒေါသတကြီးဖြင့် ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်မည် ဖြစ်သည်။

ထိုသို့အတွေးများသည် မုရှောင်၏ စိတ်ထဲသို့ ဝင်ရောက်လာကာ လွန်စွာကြောက်လန့်သွားပြီး လိပ်ပြာလွင့်မတက် ဖြစ်လာခဲ့သည်။ သူ အထိတတ်တလန့်ဖြင့် အနားနားကို တိုးလာတော့သည်။ သူ၏ စိတ်ထဲတွင်လည်း ထိုကဲ့သို့ ကိစ္စမျိုးထပ်ဖြစ်ကာ သူတို့၏ ဆက်ဆံရေး ထပ်ပျက်စီးရမည်ကို တွေးပူနေမိတော့သည်။ ထိုဆက်ဆံရေးသည် အလွယ်တကူပင် ပျက်စီးတော့မည်လား။

ထိုအချိန်မှာပင် သူသည် တုန်လှုပ်စွာဖြင့် ရွှီယန်ယု၏ မျက်နှာကိုကြည့်လျက် ထောင်ဇီကို လက်ထဲသို့ မသိစိတ်က ခေါ်ယူမိသွားသည်။

သူ နောက်စက္ကန့် အနည်းငယ်လေးအတွင်း တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်တော့မည်ကို စိုးရွံ့မိတော့သည်။

အချိန်တွေကို ဒီနေရာတွင် ရပ်တန့်နေဖို့ရန်သာ သူ ဆုတောင်းနေမိသည်။

All Chapters